Yoe Thu

Yoe Thu Yoe Thu
Fashion & Designer👗
by Khine Khine San✨
Phone: 09251035446

14/05/2026

ပွဲသွားဖို့အတွက် Fitting ချကြည့်နေတဲ့ အလှလေး👗♥️
ကိုယ်လုံးကိုယ်ပေါက်နဲ့ အံကိုက်ဖြစ်ပြီး ဝတ်လိုက်ရင် စမတ်ကျနေစေဖို့က Yoe Thu ရဲ့ အဓိက စေတနာပါရှင်😍
#မြန်မာဝတ်စုံ #မြန်မာရိုးရာ

17/10/2020

Odoo Developer
Nilar holdings company limited

We are currently looking for these jobs for working (full-time or part-time ) Odoo developers ( 2 open positions ) Job Requirements – 1-3 years of experience in Odoo is a MUST….

Inbox Us for details
Please sent email to [email protected]

နီလာဒံပေါက်မှ လမ်းသစ်ဖေါက် ကမ်းလှမ်းမှုလေးပါ...လူကြီးမင်းများ စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါဗျ .....
20/06/2019

နီလာဒံပေါက်မှ လမ်းသစ်ဖေါက် ကမ်းလှမ်းမှုလေးပါ...လူကြီးမင်းများ
စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါဗျ .....

အချိန်ပိုင်းလုပ်ကိုင်လိုသူများအတွက်အစားအသောက်ပြင်ဆင်သူ အနေဖြင့်part time လုပ်ကိုင်လိုသူများအတွက်....အသက် ၂၀ နှစ် မှ ၄၀ န...
10/06/2019

အချိန်ပိုင်းလုပ်ကိုင်လိုသူများအတွက်

အစားအသောက်ပြင်ဆင်သူ အနေဖြင့်
part time လုပ်ကိုင်လိုသူများအတွက်....
အသက် ၂၀ နှစ် မှ ၄၀ နှစ်အတွင်းဖြစ်ရမည်။
ပညာအရည်အချင်း အထက်တန်းအဆင့်ရှိရမည်
ရန်ကုန် မြို့ အတွင်းနေထိုင်သူဖြစ်ရမည်
လုပ်ငန်းခွင်အတွင်းသွက်လတ်တက်ကြွမှုရှိရမည်

စသည့်အချက်များဖြင့် ပြည့်စုံပြီး လုပ်ကိုင်လိုပါက
ဖုန်းနံပါတ်- ၀၉၉၇၇၂၂၃၂၃၅
အီးမေးလ်- [email protected]
လိပ်စာ - အမှတ် (၂၁၉/၂၂၀)၊ မြခွာညိုလမ်း၊ သာကေတ မြို့နယ်၊
သာကေတစက်မှုံဇုံ။ (ကျောင်းကွေ့မှတ်တိုင်၊ ၃၆၀ ဓာတ်
ဆီဆိုင်အနီး)။
သို့ CV လျှောက်လွှာဖြင့် လာရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျ..

ဗဟုသုတအနေ နဲ့ ပေါ့ ဘယ်လို အစားသောက်လေးတွေက ဘာအတွက်...
23/05/2019

ဗဟုသုတအနေ နဲ့ ပေါ့ ဘယ်လို အစားသောက်လေးတွေက ဘာအတွက်...

23/05/2019

လူတိုင်းဖတ်သင့်တဲ့ Comfort Zone


တစ်ခါက ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာတပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..

အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဥ့်အမှောင်ဟာ တဖြည်းဖြည်း ၀င်ရောက်လာပါသတဲ့

ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်
"တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။
ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး"

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်

အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုပ်တစ်လုံးကိုတွေ့ခဲ့တယ်။
အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်

အဲဒီလို စုတ်ချာလှတဲ့တဲပုတ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်
အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားရရှာတယ်
ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်

"ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ" လို့ တပည့်က ခွင့်တောင်းလိုက်တယ်။
အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က
"အိုး..ခရီးသွားဧည့်သည်တွေပဲဗျ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။
တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ" လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်

အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။

အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်
သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်

အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်
"ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။
ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ"

အဲဒီအခါ အိမ်ရှင်ယောက်ျားက "ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်

သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အ၀တ်အထည် ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး"

အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်
ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်

ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်
တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်။ "ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား" လို့မေးလိုက်တယ်။

အဲဒီအခါ ပညာရှိကြီးက "မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား"လို့ပြန်မေးလိုက်တယ်
အဲဒီအခါ တပည့်က
"ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ" လို့ပြန်ပြောလိုက်တယ်။

အဲဒီအခါ ဆရာပညာရှိက "ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်" လို့ပြန်ပြောတယ်။

အဲဒီအခါ တပည့်က "မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့" လို့ပြောလိုက်တယ်

အဲဒီအခါ ဆရာက "တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ" လို့ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်

အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်
အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်
ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်

အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်

အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အ၀တ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်

ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်

ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်
"အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို" လို့မေးလိုက်တယ်

အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်
"ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။

ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်
ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။

ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်
နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။
တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။

အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။
ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ၀ယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။
အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘ၀ရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။
ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ"

ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zoneလို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘ၀ကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။

ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘ၀ကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့
သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘ၀ရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်

အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘ၀ထက် ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။

လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို့၊ လောကလူသားတိုင်းဟာ "ဘ၀တဏှာ"လို့ခေါ်တဲ့ လက်ရှိဘ၀ကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘ၀ရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့ သဘာဝကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်

လူသားတွေဟာ မိမိရဲ့ဘ၀၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာဝနာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘ၀သံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်..

လောကီအမြင်အရလည်း လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘ၀နဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘ၀ကိုဖောက်ထွက်ဖို့အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။

ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်
"ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘ၀ကို ဦးတည်နေသူလား
ဒီဘ၀နဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား" ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။

အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်
အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်

"Comfort zone is a beautiful place, but nothing ever grows there"

"သက်တောင့်သက်သာနေထိုင်ရတဲ့ဘ၀ဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်

ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး" ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘ၀နေထိုင်မှုဟာ
ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘ၀ကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။
ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ်
ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘ၀မှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်

တကယ်တော့လည်း ကျွန်တော်တို့ဟာ "နွား"ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်။



ပြန်လည်မျှဝေပေးပါသည်။

23/05/2019

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
“ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ”တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက

မယုံမရှိပါနဲ့

တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

“ဒါဆို သင် ရင့်ကျက်လာပြီ”

ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိက်တဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။

ဆရာကြီးဦးအောင်သင်းအား
အစဉ်လေးစားလျက်

23/05/2019

”အမေရိကန်တို့ရဲ့ သားသမီးတွေ ထိန်းကျောင်းနည်းက ပညာရနိုင်ပါတယ်။
---------------------------------------
အကြိမ်ကြိမ် အခါခါ တွန်းချလိုက်ပါ…”
———————————————-

တစ်ခါတုန်းက သိန်းငှက်မ တစ်ကောင် ရှိတယ်။
သူမဟာ ဥ ဥ ဖို့အတွက် တောင်ပေါ် မှာ ပေါက်တဲ့သစ်ပင်ရှာတယ်။
အဲဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်။
ပထမတော့ အသိုက်ကို ကြီးတဲ့ သစ်ကိုင်းသစ်ခက်တွေ နဲ့ ဆောက်လုပ်ပါတယ်။
အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။
နောက်တော့မှာ သူမရဲ့ အမွှေးနုတွေကို နုတ်သီးနဲ့ ဆွဲနုတ်ပြီး ထည့်တယ်။
နောက်တော့ အဲဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ်။
ဥက များများ မဥပါဘူး။ တစ်လုံး နှစ်လုံးပါပဲ။
အဲဒီဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။

###xx

အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ်။
သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက်အစာရှာကျွေးပါတယ်။
သိန်းငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီးဆိုရင်သိန်းငှက်မကြီးက အသိုက်ထဲမှာရှိတဲ့ အမွှေးနုတွေကို ဖယ်ရှားပစ်တယ်။

###xx

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွှေးတွေ ရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားပစ်လိုက်တယ်။

သဘောကတော့ ကြမ်းတမ်းတဲ့သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့�ကြီးပြင်းစေချင်လို့ပါ…။

###xx

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အတောင်ပံတွေကရှည်သထက် ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကိုရောက်ပြီလို့ သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်။

သိန်းငှက်ကလေးတွေက ယက်ကန်၊ယက်ကန်နဲ့
တောင်ပေါ် အသိုက်ထဲက ပြုတ်ကျသွားတယ်။
မပျံနိုင်သေးဘူးလို့ ထင်ရင် သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်။

###xx

သိပ်မကြာခင်မှာပဲ သိန်းငှက်မဟာ
သူ့ရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်။

ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်…။

သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့…။

သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ။

###xx

အမေရိကန်နိုင်ငံသားတွေဟာ သိန်းငှက်ပုံပြင်လိုပဲ
သူတို့ သားသမီးတွေကို ငယ်ငယ်ကထဲက ကိုယ့်အားကိုယ်ကိုးတတ်အောင်
လေ့ကျင့်ပေးတယ်။

မွေးကင်းစမှာပဲ ကိုယ်ပိုင်အိပ်ခန်းမှာ ကိုယ့်ဘာသာကိုယ်အိပ်၊
လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင် သင်ပေးတယ်။

အရွယ်နဲ့ အမျှ တတ်နိုင်တဲ့ဝန်ကို ထမ်းဆောင်ဖို့
လေ့ကျင့်ပေးတယ်။

###xx

အသက် ( ၁၈ )နှစ်ပြည့်ရင်တော့ သိန်းငှက်မက
အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ။

ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ်၊ တက္ကသိုလ် တက်ပေတော့…။
ဘွဲ့ မရခင်မှာပဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။

ယောကျာ်းရော၊ မိန်းမပါ အရွယ်ရောက်တာနဲ့
ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။
သေနတ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ။
ရေကူးခြင်း အတတ်ပညာကိုလည်း ကောင်းကောင်း ကျွမ်းကျင်နေပြီ။

အခြားအားကစားကို ဝါသနာပါရင် ဝါသနာပါတဲ့အလျှောက် ကောင်းကောင်းကျွမ်းကျင်နေပြီ။
အမေရိကန်အင်္ဂလိပ်ဘာသာစကားအပြင်
အခြားဘာသာစကားတွေကိုလည်း အနည်းဆုံး
တစ်မျိုးထက်ပို တတ်မြောက်နေပြီ။

###xx

အဓိက ဦးတည်ပြီး လေ့ကျင့်ပျိုးထောင်တာက
ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်ဓာတ်ကို ပြုစုပျိုးထောင်တာပါ…။
ဒီအပြင် အားမနာတတ်ခြင်း အတတ်ပညာကိုလည်း
ဒီအရွယ်မှာ တော်တော် ကျွမ်းကျင်နေပြီ။
သူတို့တွေဟာ အားမနာတတ်ပေမယ့်
တခြားသူတွေဖက်က စာနာစိတ်နဲ့ ကြည့်တတ်၊ခံစားတတ် အောင်လည်း တစ်လက်စထဲ သင်ပေးတဲ့အတွက် တတ်မြောက်နေပြီ။

###xx

ကျနော်အကြိုက်ဆုံး လေ့ကျင့်ပျိုးထောင်မှုတစ်ခုကတော့ စာဖတ်ဝါသနာပါအောင်
ငယ်ငယ်ကထဲက မိဘရော၊ ဆရာသမားတွေကပါ
လေ့ကျင့်ပြုစု ပျိုးထောင်ပေးတာပါပဲ…။
အရွယ်ရောက်ချိန်မှာ စာအုပ်အမြောက်အများကို
ဖတ်ပြီးနှင့်ပြီ။
ဘက်ပေါင်းစုံအပေါ် တော်တော်လေးနှံ့စပ်နေပြီ။

ဒီအပြင် ခရီးသွားခြင်းကိုလည်း ငယ်ငယ်လေးထဲက
ဝါသနာအလျှောက် မိဘနဲ့ အတူလျှောက်လည်ခဲ့ပေါင်းများပြီ။
နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ။

###xx

သားသမီးတွေကို မိဘများအနေနဲ့
ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ
တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး…။
ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်း
မဟုတ်ဘူး။
ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။
အိမ်ထောင်ဖက်ကောင်းကောင်းကို
ရွေးပေးတာလည်း မဟုတ်ပါဘူး။

###xx

မိဘများ အနေနဲ့
သားသမီးတွေကို ပေးသင့်တဲ့
အကောင်းဆုံး လက်ဆောင်ကတော့
” ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ်ဓာတ်…”ပါ။

###xx

ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ် ကို ရနိုင်တဲ့
အကောင်းဆုံး နည်းလမ်းတစ်ခုကတော့
သူတို့ ကြောက်နေတဲ့ အလုပ်ကို
သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်…။
မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်…။

သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်…။

###xx
Credit; မူရင်းတင်သူ

23/05/2019

ဘာဘာရာနှင့် ဂျင်နာတိုကလည်း ပျော်ပါတယ်ဆိုလား
=======================================
စာရေးဆရာ မောင်သာချို ၏ ရေကြည်ပြီးတော့မြက်နုစေချင် စာအုပ်ထဲက စာတစ်ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။

ဆရာ၏စာပေများကို အများပြည်သူတို့ ဖတ်မိစေရန် ရည်ရွယ်ချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်သည့် အတွက် ဆရာမောင်သာချိုမှ ခွင့်လွတ်ပေးပါရန် အနူးအညွတ်တောင်းပန်ပါတယ်။

စာဖတ်သူတို့ သိပြီးသားဖြစ်သည့်အတိုင်း ယခု(၄၄)ဦးမြောက် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား(Barrack Obama) ဖြစ်ပါသည်။ သူအရင် (၄၃) ဦးမြောက်သမ္မတ
ဂျော့ဒဗလျူဘုရ်(George W Bush) ဖြစ်ပါသည်။

ဂျော့ဒဗလျူဘုရ် တွင့် ဘာဘရာ( Barbara) ၊ နောက်တစ်ယောက်က (Jenna) ဟူ၍ အမွှာသမီးနှစ်ယောက်ရှိပါတယ်။ တစ်နေ့သမ္မတဘုရ်နှင့် ဇနီးလော်ရာဘုရ်တို့ ကယ်လီဖိုးနီးယားမှ
ဝါရှင်တန်သို့ Air Force One လေယာဉ်ဖြင့် ခရီးသွားကြပါတယ်။ ထိုအချိန်မှာ တက္ကဆက်ပြည်နယ်ကနေ သမ္မတအသက်ထံသို့ တိုင်ကြားမှုတစ်ခုရောက်လာ၍ သမ္မတဘုရ်တို့ တက္ကဆပ်သို့ ခရီးနှင့်ကြရပြန်ပါတယ်
အမှုက သမီးနှစ်ယောက်အမှု။

ထိုနေ့ကား (၂၀၀၁ ခုနှစ် ၊ မေလ ၂၉ ရက်) တက္ကဆက်ပြည်နယ်၊ အော်စတင်အရပ်၌ Chuy's ဟုအမည်ရသော စားသောက်ဆိုင်လေးတစ်ဆိုင်တွင် တွင် သူများမှတ်ပုံတင်ငှားလာပြီး ၎င်းကို ပြကာ အရက်ဝယ်ရန်
ကြိုးစားခြင်းဖြစ်ပါသည်။ ယင်းကို စားသောက်ဆိုင်ပိုင်ရှင်က မကျေနပ်ဖြစ်ကာ ရဲကိုတိုင်ရာမှ ရဲပါရောက်လာပြီး ပြဿနာဖြစ်ကာ သမ္မတကို လှမ်းခေါ်ခြင်းဖြစ်ပါသည်။

တက္ကဆက်ပြည်နယ် ဥပဒေအရ အသက်(၂၁)အောက် လူငယ်များ အရက်၊ ဘီယာ သောက်သုံးခွင့်မရှိပါ။ ထိုထက်ပိုမို၍ တိတိကျကျပြောရလျှင် သောက်သုံးဖို့အသာထား
ဝယ်ပင်ဝယ်၍မရပါ ။ သူတပါးကပဲ ၀ယ်ခိုင်း ၀ယ်ခိုင်း၊ ကိုယ့်ဘာသာကိုယ်ပဲ ၀ယ်ဝယ် မည်သို့မျှ ၀ယ်၍ မရပါ။ ထို့ကြောင့် သမ္မသမီးနှစ်ဦး (ဂျင်နာနှင့် ဘာဘရာ)တို့သူတပါး
မှတ်ပုံတင်ခဏငှားလာကာ အသက်ပြည့်သူအသွင်နှင့် အရက်ဝင်ဝယ်ခြင်းဖြစ်ပါ သည်။ အဖေနှင့်အမေ မရှိခိုက် သောက်မည်၊ စားမည်၊ ပျော်မည်၊ ပါးမည်ဟုဆိုပါတော့။

သို့သော်ထင်တိုင်းမပေါက်ဘဲ ပြဿနာတက်သည်။ ဥပဒေကို တိကျစွာလိုက်နာသောအရပ်မို့ သမ္မတ သမီးဘာညာ နားမလဲဘဲ တိတိကျကျ ကိုင်တွယ်လာရာက အမှုပွေခဲ့ခြင်း ဖြစ်ပါသည်။
တက္ကဆက်ပြည်နယ် ဥပဒေအရ အသက်မပြည့်ဘဲ အရက်၊ ဘီယာ ၀င်ဝယ်သော် ၀ယ်သူ ဒေါ်လာ ၅၀၀ ဒဏ်ဆောင်စေ၊ ရောင်းချသူက ရက်ပေါင်း (၆၀) ဆိုင်ပိတ်စေ။
နောက်ထပ်တစ်ကြိမ် ထိုပြစ်မှုမျိုး ထပ်မံကျူးလွန်သည်ရှိသော် အသင့်စောင်ဆိုင်း၍နေသည်က ပိုမိုပြင်းထန်သည့် ဒဏ်ငွေ၊ အရေးယူမှုများ။

ကျွန်တော်က (ဆရာမောင်သာချို) AFP, AP, BBC တို့က ထုတ်ပြန်သည့်သတင်းကို အခြေခံကာ သရော်စာရေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ၏သမီးနှစ်ယောက် ကျွန်တော်တို့ဆီ(မြန်မာပြည်)ကိုရောက်လာကြပုံ၊
တင်းကြပ်လွန်းသည့် အဖျော်ယမကာ ဥပဒေအရ အမေရိကန်တွင် သူတို့ မပျော်တော့ပုံ၊ ကျွန်တော်တို့အရပ်၌ ပျော်မဆုံး၊ မော်မဆုံးဖြစ်သွားကြပုံ သည်မှာဘဲ အခြေချတော့်မည်ဟု ဆုံးဖြတ်ကြပုံ စသည်တို့ကိုရေးခဲ့ခြင်း ဖြစ်သည်။
တကယ်တော့လည်း ကျွန်တော်တို့ ဆီက အဖျော်ယမကာ လောကကြီးကလည်း လွတ်လွပ်လွန်းလှသည်။

ယခုခေတ် ၌ စားသောက်ဆိုင်နှင့် အဖျော်ယမကာ လုပ်ငန်းများ ထွန်းကားလာခဲ့ရာ ဘီယာဆိုင်၊ အရက်ဆိုင်တို့ဆိုသည်မှာ နေရာတိုင်း၌ ရှောင်၍ မလွတ်လောက်အောင်ဖြစ်လာကြပါသည်။. ယင်းသည် ဆန်းကြယ်လှသည့်ကိစ္စတော့ မဟုတ်ပါ။
ကမ္ဘာနေရာ တော်တော်များများ၌လည်း သည်လိုပဲရှိတတ်ကြမြဲဖြစ်ပါသည်။

သို့သော်ကျွန်တော်တို့က ၀ယ်ယူသောက်သုံးနိုင်သည့် အသက်အရွယ်အပိုင်းအခြားကို တိတိကျကျ ပိုင်းခြားသတ်မှတ်၍မထား၊ ပိုင်းဖြတ်သတ်မှတ်ထားသည့်အတိုင်း အရေးယူမှုကလည်းမရှိသည့်အရပ်ဒေသ ဖြစ်၍နေပေရာ အဖျော်ယမကာနှင့်
ဘီယာမုန်းတိုင်းကြီးကြား၌ နုသစ်ပျိုမျစ်သည့်မျက်နှာပေါင်းများစွာကို တွေ့နေရပြီဖြစ်ပါသည်။ မိန်းမပျိုငယ်ငယ်ကလေးများကပင်လျှင် ခွက်ကိုကိုင်မြှောက်ကာ ချီးယား(Cheer)ဟု ပိုင်ပိုင်နိုင်နိုင် ကောင်းချီးပေးလိုက်ပုံများ မမြင်ချင်အဆုံး တွေ့စပြုလာရပါသည်။

နှပ်ချီးတွဲလောင်းနှင့် ရွှေပန်းကလေးတန်းလန်းနှင့် စကားမပီ့တပီ ကလေးငယ်က '' ဖေကြီးက အရက်တစ်ပိုင်းပေးလိုက်ပါတဲ့ " ဟုလာဝယ်သည်ကိုပင် " လိမ္မာလိုက်တဲ့ကလေး " ဟုဆိုကာ ရောင်းချပေးနေသည့် အရပ်ဒေသပဲ မဟုတ်ပါလား၊

ချောက်မြိုနယ် ဆရာဝန်စာရေးဆရာ တစ်ဦးကလည်း လန်ဒန်မြို့တော်ရောက်ရှိနေသော သမီးဆရာဝန်ဆီကိုအလည်သွားတုန်းက အတွေ့အကြုံကို စကားဝိုင်းလေး တစ်ခု၌ ရင်ဖွင့်ခဲ့ဖူးပါတယ်။ တစ်နေ့သမီးဖြစ်သူနှင့်ဈေးဝယ်စဉ် ၀ီစကီအကောင်းစား
တစ်ပုလင်းကို ၀ယ်ပါတယ်။ ဆိုင်ရှင်က ဘယ်သူပေးမှာလဲဟုမေးရာ ဖခင်က သမီးကို ညွှန်ပြသဖြင့် မျက်နှာနုနုကလေးဖြစ်သော သမီးဆရာဝန်ကို ဆိုင်ရှင်က အရက်ဝယ်နိုင်သည့် အရွယ်မရောက်သေးဟု သံသယ၀င်သဖြင့် ဆရာဝန်မလေး၏ မှတ်ပုံတင်ကို တောင်းပါသတဲ့။

"ပြောရရင် ဆရာရယ် အရွယ်မရောက်သေးသူတွေ အရက်သောက်ဖို့ အလွန်ခက်ပါတယ်။ဝယ်ဖို့တောင် ဒီလောက်ခက်ခဲနေတာကြည့်လေဆရာရေ" လုံခြုံလိုက်တာ ဟု ဆရာမောင်သာချို အသံတိတ် ညည်းညူမိပါတယ်တဲ့။
သည်လို ဥပဒေတွေနဲများ တင်းတင်းကျပ်ကျပ် ပြဌာန်းကိုင်တွယ်နိုင်ခဲ့ရင် ကျွန်တော်တို့ဘယ်လော်ကများ နောက်ကျောလုံလိုက်မလဲ။ ကိုယ့်နောက်ကွယ်မှာပင် ကိုယ့်သား၊ ကိုယ်သမီး ၊ ကိုယ့်တူ/တူမ၊ ဘယ်လိုနည်းနဲမှ သောက်စားလို့ မရအောင် ဥပဒေ၊ စည်းကမ်းတွေ
ခိုင်မာနေမှ တော့ ကိုယ့်နောက်ကွယ် တစ်နေ့ရာရာကိုလည်း စိတ်ချဖို့ ရဲပေမပေါ့။

ဟော-- ညနေခင်းက မှုန်မှုန်မွားမွား ဖြစ်စပြု၍ သွားပြန်ပါပြီ။ အကင်ဆရာက အသားချောင်းတွေ ရဲနေသည့်မီးပေါ်က သံဆန်ခါပေါ်မှာ လိမ့်နေသည်။ မြေပဲပြုတ်၊ လက်ဖက်သုပ်၊ တညင်းသီးပြုတ်ရောင်းသူ ကလေးတစ်ယောက်စ၊ နှစ်ယောက်စက ဆိုင်ထဲမှာ ၀င်ချည် ထွက်ချည်။

သြော်----- ညီမငယ်ကလေးတွေ ဆိုင်ထဲကို ၀င်လာကြပြန်ပြီပေါ့ ၊ ကောင်ကလေးတချို့နဲ့ ၊ ကျောင်းသား၊ ကျောင်းသူလေးတွေ ထင်ပါရဲ့၊ ဒါမှမဟုတ် ကုမ္ပဏီက၀န်ထမ်းလေး တွေလည်း ဖြစ်ကောင်းဖြစ်လေမပေါ့။
ဂျော့ဒဗလျူဘုရ်( Gerorge W Bush) ရဲ့ သမီးနှစ်ယောက် ဘာဘရာနဲ့ ဂျင်နာတို့ ကျွန်တော်တို့ဆီမှာ ပျော်ရှာမပေါ့လို့ ကျွန်တော် သရော်စာ ရေခဲ့မိတာ မလွန်ဘူးထင်ပါရဲ့နော်.....

ဤဆောင်းပါးမှာ စာရေးဆရာမောင်သာချို၏ (ရေကြည်ပြီးတော့ မြက်နုစေချင်လို့) စာအုပ်ထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။

၁။ စာလည်း မဖတ်ဘူးပညာလည်း မတတ်ဘူးစီးပွားရေးလည်း မရှိရင် သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး ကြည့်ခွင့်လည်း မရဘူး၂။ စာေ...
23/05/2019

၁။ စာလည်း မဖတ်ဘူး
ပညာလည်း မတတ်ဘူး
စီးပွားရေးလည်း မရှိရင်
သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး
ကြည့်ခွင့်လည်း မရဘူး

၂။ စာတွေဖတ် ပညာတတ်ပါသော်လည်း
စီးပွားရေးလည်း မရှိရင်
လောကကြီးရဲ့ အောက်ခြေအလွှာ တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်

၃။ စာမတတ် ပေမတတ်နဲ့
စီးပွားရေးပဲ ချမ်းသာကြတဲ့အခါ
သာယာလှတဲ့ လောကကြီးကို အပေါ်စီးက ဘောင်ကျော်သွားပြီး မမြင်နိုင်တော့ဘူး

၎။ စာတတ် ပေတတ် ပညာတတ်သည့်အပြင်
စီးပွားရေးလည်း မျှတသင့်တော်စွာ ရှာနိုင်ပါမှ လောကအလယ် လှပတင့်တယ်စွာ မြင်နိုင် ရှု့နိုင်ပါလိမ့်မည်

Credit: Original uploader

Address

No. 47, Yanpyay 17th Street, West 3rd Quarter, Thaketa Township
Yangon
11231

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30

Telephone

+959977223235

Website

Alerts

Be the first to know and let us send you an email when Yoe Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoe Thu:

Share