SMARTcoreCoaching& Consulting Studio

SMARTcoreCoaching& Consulting Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SMARTcoreCoaching& Consulting Studio, Business Center, Yangon.

"ကျွန်ုပ်တို့သည် ဖောက်သည်တိုင်းကို ၎င်းတို့၏ အမြင့်ဆုံးစွမ်းရည်များ ရရှိစေရန်အတွက် အမြင်ရှင်းလင်းပြတ်သားမှုနှင့် နည်းစနစ်များမှတဆင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကတိပြုပါသည်။"

"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-4 စတင်နေပါပြီ။💪🤩
29/09/2026

"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-4 စတင်နေပါပြီ။💪🤩







28/09/2026

သင့်ရဲ့ စီးပွားရေးက တကယ်ရော ကျန်းမာရဲ့လား…❓

​လူတစ်ယောက် ကျန်းမာရေးကောင်းမကောင်း သိဖို့ ဆေးစစ်ရသလိုပဲ သင့်ရဲ့ စီးပွားရေးဟာလည်း တကယ်ရော ကျန်းမာရေး ကောင်းရဲ့လားဆိုတာ ဓာတ်မှန်ရိုက် စစ်ဆေးကြည့်ဖို့ လိုပါတယ်။

​အောက်ပါ အချက် (၃) ချက်ထဲက တစ်ချက်ချက်ကို သင် ရေရေရာရာ မဖြေနိုင်ဘူးဆိုရင် သင့်လုပ်ငန်းဟာ အန္တရာယ်ဇုန်ထဲ ရောက်နေပါပြီ။

​၁။ ပြီးခဲ့တဲ့ ၃ လအတွင်း ကုန်ကျစရိတ်တွေ အားလုံး နှုတ်ပြီးရင် Net Profit Margin ဘယ်နှစ်ရာခိုင်နှုန်း ကျန်ခဲ့သလဲ?

၂။ လုပ်ငန်းရှင်ဖြစ်တဲ့ သင် မရှိဘဲ ၁၄ ရက်လောက် ခရီးထွက်ကြည့်ရင် လုပ်ငန်းက ပုံမှန်အတိုင်း လည်ပတ်နိုင်ပါ့မလား?

၃။ ဝန်ထမ်းတွေရဲ့ နေ့စဉ် တာဝန်နဲ့ KPI (Key Performance Indicators) တွေကို တိတိကျကျ စာရွက်ပေါ်မှာ ချပြထားနိုင်လား?

​ဒီအချက်တွေကို သေချာ မစစ်ဆေးနိုင်ဘူးဆိုရင် သင့်လုပ်ငန်းဟာ အချိန်မရွေး ပြိုလဲသွားနိုင်ပါတယ်။

​ဒီလို ပြဿနာတွေကို အချိန်မှန် ပြန်လည်စစ်ဆေးပြီး စီးပွားရေးကျန်းမာရေး ပြန်လည်ကောင်းမွန်စေဖို့ Business Check Up Training (Batch-3) Zoom Class ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

​⚠️ သတိပြုရန် - လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းထားမှသာ စိတ်ချရပါမယ်နော်။

💻 Zoom Online Training

👥 နေရာ ၁၀၀ သာ

💰 မူလတန်ဖိုး — ၁၁၈,၅၀၀ ကျပ်

🎁 ပညာကုသိုလ်ပြုအနေနဲ့ — ၂၄,၅၀၀ ကျပ်

စိတ်ဝင်စားရင် Inbox မှာ “CHECKUP” လို့ ပို့ထားလို့ရပါတယ်







"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-3 စတင်နေပါပြီ။💪🤩
28/09/2026

"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-3 စတင်နေပါပြီ။💪🤩







"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-2 အောင်မြင်စွာပြီးဆုံးပါပြီ။"👊
27/09/2026

"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-2 အောင်မြင်စွာပြီးဆုံးပါပြီ။"👊







"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-2 စတင်နေပါပြီ။💪🤩
27/09/2026

"Business Empowerment Quest (BEQ) Batch-3 သင်တန်းကြီး Day-2 စတင်နေပါပြီ။💪🤩







26/09/2026

မနက်ကနေ ညအထိ မနားတမ်း လုပ်နေရပေမဲ့ မိတ်​ဆွေလုပ်ငန်းရဲ့ Net Profit Margin က အမှန်တကယ် ကျေနပ်စရာ ရှိရဲ့လား...❓

​တစ်လလုံး၊ တစ်နှစ်လုံး မနားတမ်း ရုန်းကန်နေရပြီး ခွန်အားတွေ၊ အချိန် နာရီပေါင်းများစွာ ပေးဆပ်နေရပေမဲ့
မေးခွန်းထုတ်စရာတစ်ခု ရှိလာပါတယ်။

​"ဒါ ငါ့အတွက် တကယ် ထိုက်တန်ရဲ့လား?" > "ငါ့ရဲ့ အားထုတ်မှုနဲ့ ရလာတဲ့ အကျိုးအမြတ် (Net Profit) ကော ကိုက်ညီမှု ရှိရဲ့လား?"
​အဖြေက "မကိုက်ညီဘူး" သို့မဟုတ် "မကျေနပ်ရဘူး" ဆိုရင်တော့...

ဒါဟာ သင့်ကြိုးစားမှု နည်းလို့ မဟုတ်ပါဘူး။ လုပ်ငန်းရဲ့ ကျန်းမာရေး (Business Health) မှာ လိုအပ်ချက်တွေ၊ ယိုစီးမှုတွေ ရှိနေလို့ပါ။

​သင့်လုပ်ငန်းမှာ ဒီလိုအချက်တွေ ဖြစ်နေပါသလား?

​လုပ်ငန်းမှာ ဘယ်နေရာက ယိုစီးနေလဲ သေချာ မသိတာ

​ဘယ်နေရာမှာ ငွေ ပိုသုံးမိနေလဲ/လျှော့သုံးရမလဲ ရေရေရာရာ မခွဲခြားနိုင်တာ

​လူပင်ပန်းသလောက် အမြတ်ကျန်နှုန်း နည်းနေတာ

​ဒါတွေကို သေချာ စစ်ဆေးမကြည့်သရွေ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ "လုပ်ငန်းရဲ့ ကျေးကျွန်" ဖြစ်နေဆည်းရှိပြီး အကျိုးအမြတ်အပြည့်အဝ ခံစားရမှာ မဟုတ်ပါဘူး။

​သင့်လုပ်ငန်းရဲ့ ကျန်းမာရေးကို တိတိကျကျ စစ်ဆေးပြီး တိုးတက်ကြီးပွားအောင် လုပ်ဆောင်နိုင်ဖို့အတွက်—

​ Business Check-Up (Batch-3) သင်တန်းကို မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

သင့်လုပ်ငန်းကို စနစ်တကျ လည်ပတ်စေပြီး စစ်မှန်တဲ့ လွတ်လပ်မှုကို ရယူနိုင်ဖို့အတွက် အကောင်းဆုံး လမ်းညွှန်စစ်ဆေးပေးသွားမယ့် သင်တန်းကြီးဖြစ်ပါတယ်။

💻 Zoom Online Training

👥 နေရာ ၁၀၀ သာ

💰 မူလတန်ဖိုး — ၁၁၈,၅၀၀ ကျပ်

🎁 ပညာကုသိုလ်ပြုအနေနဲ့ — ၂၄,၅၀၀ ကျပ်

စိတ်ဝင်စားရင် Inbox မှာ “CHECKUP” လို့ ပို့ထားလို့ရပါတယ်







"လုပ်ငန်းထဲမှာ ဝန်ထမ်းတွေ အချင်းချင်း လက်ညှိုးထိုးတာ ရပ်ပြီး၊ လုပ်ငန်းရှင် မပါဘဲ အလုပ်တွေ စနစ်တကျ လည်ပတ်နိုင်စေဖို့..."စ...
26/09/2026

"လုပ်ငန်းထဲမှာ ဝန်ထမ်းတွေ အချင်းချင်း လက်ညှိုးထိုးတာ ရပ်ပြီး၊ လုပ်ငန်းရှင် မပါဘဲ အလုပ်တွေ စနစ်တကျ လည်ပတ်နိုင်စေဖို့..."

စီးပွားရေးလုပ်ငန်းရှင် အများစု ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲက "စနစ်ချချင်တယ်... ဒါပေမဲ့ မြေပြင် Operation မှာ ဘယ်နေရာကနေ ဘယ်လို လက်တွေ့ စတင်ချရမှန်း မသိတာ" ပါပဲ။

စာအုပ်တွေဖတ်တယ်၊ သင်တန်းတွေတက်တယ်၊ သီအိုရီတွေ သိထားပေမဲ့ ကိုယ့်လုပ်ငန်းထဲ လက်တွေ့ကျင့်သုံးတဲ့အခါ...

SOP ဆိုပြီး ရေးထားပေမဲ့ ဝန်ထမ်းတွေက လိုက်မလုပ်ကြတာ

ဘယ်သူက ဘာတာဝန်ယူရမယ်ဆိုတာ မရှင်းလင်းဘဲ အလုပ်တွေ ပိတ်ဆို့နေတာ

နောက်ဆုံး... လုပ်ငန်းရှင်ကိုယ်တိုင်ပဲ ခေါင်းမဖော်နိုင်အောင် နေ့တိုင်း မီးလိုက်သတ်နေရဆဲ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် စာတွေ့သီအိုရီတွေ ချန်ထားခဲ့ပြီး Business Operation တစ်ခုလုံး စနစ်ကျစ်လျစ်ခိုင်မာလာစေဖို့ " အဆင့်ဆင့်ကို အသေးစိတ် လက်တွေ့ လေ့ကျင့်တည်ဆောက်ပေးမည့်" အထူးတန်းကြီး

🔥 "BEQ (Business Excellence Quotient) — Batch-3" ကို တရားဝင် စတင် ဖွင့်လှစ်လိုက်ပါပြီ။

ဒီ BEQ Batch-3 မှာ Business Operation စနစ်တစ်ခုလုံး အလုပ်ဖြစ်စေဖို့ ဘာတွေကို အသေးစိတ် သင်ကြားလက်တွေ့လုပ်ဆောင်သွားမှာလဲ?

၁။ Operation Architecture & Workflow Mapping

လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တစ်ခုချင်းစီကို အဆင့်ဆင့် စနစ်တကျ ခွဲထုတ်ပြီး ပိတ်ဆို့နေတဲ့ Bottleneck နေရာများကို ဓားခွဲစိတ်သလို တိကျစွာ ရှင်းထုတ်ပုံ။

၂။ Practical SOP (Standard Operating Procedure)

Blueprint
ဘီဒိုထဲ ထည့်သိမ်းထားရမယ့် စာရွက်ပေါ်က SOP မဟုတ်ဘဲ ဝန်ထမ်းအသစ် ဝင်လာရင်တောင် တန်းပြီး အမှားအယွင်းမရှိ လိုက်လုပ်နိုင်မည့် Actionable SOP ရေးဆွဲနည်း။

၃။ RACI Framework & Accountability Matrix

"ဒါ ငါ့အလုပ်မဟုတ်ဘူး" ဆိုတဲ့ ပြဿနာကို အပြီးတိုင် အမြစ်ဖြတ်ဖို့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ဘောင် (Approval Boundaries) များကို စာရွက်ပေါ်မှာ အငြင်းပွားစရာမလိုအောင် တိကျစွာ ချမှတ်ပုံ။

၄။ Daily & Weekly Operation Control System

လုပ်ငန်းရှင်က မျက်စိဒေါက်ထောက် ကြည့်မနေရဘဲ နေ့စဉ်၊ အပတ်စဉ် Operation စစ်ဆေးထိန်းကျောင်းနိုင်မည့် Review Checklist နှင့် Reporting System များ တည်ဆောက်ပုံ။

BEQ Batch-3 သည် မည်သူများ မဖြစ်မနေ တက်ရောက်သင့်သလဲ?

လုပ်ငန်းကြီးထွားလာပေမဲ့ Operation မနိုင်တော့ဘဲ ဝရုန်းသုန်းကား ဖြစ်နေသော လုပ်ငန်းရှင်များ

ဝန်ထမ်းတွေကို အလုပ်လွှဲမပေးနိုင်ဘဲ ကိုယ်တိုင် နေရာတကာ ဝင်ပါနေရသည့် ခေါင်းဆောင်များ

လုပ်ငန်းကို လူပေါ်မှာ မမူတည်ဘဲ "ခိုင်မာတဲ့ စနစ် (System)" ပေါ်မှာ အခြေပြု လည်ပတ်စေချင်သော Operation Managers နှင့် Executives များ

လူကို မောင်းနှင်နေရတဲ့ မောပန်းမှုကနေ ရုန်းထွက်ပြီး၊ စနစ်က အလုပ်ကို အလိုအလျောက် မောင်းနှင်ပေးနိုင်မည့် စစ်မှန်သော Business Architecture ကို အတူတူ တည်ဆောက်ကြပါစို့။

အတန်းတိုင်းတွင် လက်တွေ့ ကွင်းဆင်း စနစ်ချပေးမှုများကို အနီးကပ် ထိရောက်စွာ ပြုလုပ်ပေးနိုင်ရန် လက်ခံမည့် သင်တန်းသား ဦးရေကို ကန့်သတ်ထားရှိပါသည်။

အသေးစိတ် စုံစမ်းမေးမြန်းကာ စာရင်းပေးသွင်းရန်အတွက် SMART Core Hub Page Inbox သို့ "BEQ" ဟု အခုပဲ စာပို့ထားလိုက်ပါရှင်။









"သင်တန်းတွေ ဘယ်လောက်တက်တက် ကိုယ့်လုပ်ငန်းမြေပြင်နဲ့ကျ တိုက်ရိုက်အသုံးချဖို့ ခက်နေသေးတယ်ဆိုရင်..."အများပြည်သူတက်ရောက်တဲ့ ...
25/09/2026

"သင်တန်းတွေ ဘယ်လောက်တက်တက် ကိုယ့်လုပ်ငန်းမြေပြင်နဲ့ကျ တိုက်ရိုက်အသုံးချဖို့ ခက်နေသေးတယ်ဆိုရင်..."

အများပြည်သူတက်ရောက်တဲ့ Group Class တွေဟာ ယေဘုယျ မူဘောင်တွေ၊ စနစ်တွေနဲ့ နည်းဗျူဟာတွေကို လေ့လာဖို့ အလွန်ကောင်းပါတယ်။

ဒါပေမဲ့ လုပ်ငန်းတိုင်းမှာ မတူကွဲပြားတဲ့ စိန်ခေါ်မှုတွေ၊ ရှုပ်ထွေးတဲ့ ငွေကြေး/လူ စာရင်းတွေနဲ့ မည်သူ့ကိုမှ ဖွင့်မပြောနိုင်တဲ့ "အတွင်းပိုင်း နာကျင်မှု" တွေ သီးသန့် ရှိနေတတ်ပါတယ်။

ဒါကြောင့် One-on-One Private Coaching Session ဆိုတာ လူတိုင်း ယူရမယ့်အရာ မဟုတ်ပါဘူး။ အောက်ပါ အခြေအနေ (၄) မျိုးထဲက တစ်ခုခုနဲ့ တိုက်ရိုက် ကြုံတွေ့နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်သာ သီးသန့် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

၁။ လုပ်ငန်းရဲ့ တကယ့် Bottleneck (ပိတ်ဆို့နေသည့်နေရာ) ကို ရှာမတွေ့တော့သည့် အခြေအနေ အရောင်းလည်း လုပ်တယ်၊ ဝန်ထမ်းတွေလည်း ခန့်ထားတယ်၊ ဒါပေမဲ့ လုပ်ငန်းက ရှေ့မတိုးဘဲ နေရာမှာတင် လည်နေတယ်။

ဘယ်နေရာမှာ ယိုပေါက်ဖြစ်ပြီး ဘယ် Sector ကြောင့် ပိတ်နေလဲဆိုတာကို ပြင်ပက ပညာရှင်မျက်လုံးဖြင့် ကိုယ့်လုပ်ငန်းတစ်ခုတည်းကို သီးသန့် ဓာတ်မှန်ရိုက် စစ်ဆေးခွဲခြမ်းစိတ်ဖြာလိုသူများ။

၂။ အများရှေ့မှာ မပြောပြနိုင်သော အတွင်းပိုင်း အရေးကြီး ကိစ္စများ ရှိနေသည့် အခြေအနေ ရှယ်ယာရှင်ပြဿနာ၊ မိသားစုလုပ်ငန်းတွင်း ပဋိပက္ခ၊ ငွေကြေးယိုပေါက် စာရင်းမရှင်းမှု သို့မဟုတ် အရေးကြီးသော Key Staff များ

ထိန်းကျောင်းမှုကဲ့သို့ Public Class တွေထဲ ထုတ်မမေးနိုင်တဲ့ အထိခိုက်မခံသော (Confidential) အကြောင်းအရာများကို လျှို့ဝှက်စွာဖြင့် ထိရောက်တဲ့ အဖြေရှာလိုသူများ။

၃။ စာတွေ့ သီအိုရီ မဟုတ်ဘဲ ကိုယ့်လုပ်ငန်းအတွက် သီးသန့် Custom Roadmap လိုချင်သူများ "စာအုပ်ထဲက အတိုင်းမဟုတ်ဘဲ ငါ့လုပ်ငန်းရဲ့ လက်ရှိ အရင်းအမြစ်၊ ဝန်ထမ်းအင်အားနဲ့ ချက်ချင်း မြေပြင်မှာ အကောင်အထည်ဖော်ရမယ့် Action Plan လိုချင်တယ်" ဆိုသူများအတွက် မိမိလုပ်ငန်းပုံစံအတိုင်း အံဝင်ခွင်ကျ ဗိသုကာဆွဲပေးမည့် စနစ်ကို လိုအပ်သည့်အခါ။

၄။ စမ်းတဝါးဝါး လျှောက်ရင်း အချိန်နှင့် ငွေကြေး မဆုံးရှုံးချင်တော့သည့် ခေါင်းဆောင်များ ကိုယ့်ဘာသာ စမ်းသပ်လုပ်ကိုင်ရင်း အမှားလုပ်မိလို့ ကုန်ကျမယ့် အချိန်၊ နာကျင်မှုနဲ့ သိန်းရာချီတဲ့ ဆုံးရှုံးမှုတွေကို ဖြတ်လမ်းကနေ ကျော်လွှားပြီး တိုက်ရိုက် တိကျတဲ့ ရှင်းလင်းချက် (Clarity) ရယူလိုသူများ။

One-on-One Coaching ဟာ စကားပြောရုံ သက်သက် မဟုတ်ပါဘူး။
လုပ်ငန်းရှင်တစ်ဦးချင်းစီရဲ့ အခြေအနေကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ပြဿနာရဲ့ မူလဇစ်မြစ်ကို ဓားခွဲစိတ်သလို တိကျစွာ ရှင်းထုတ်ပေးမည့် Strategic Solution ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ စီးပွားရေးမှာ တစ်ယောက်တည်း အဖြေရှာရခက်နေတဲ့ အရေးကြီး လမ်းဆုံလမ်းခွကို ရောက်နေပြီဆိုရင်တော့...

SMART Core Hub ရဲ့ One-on-One Executive Coaching Session အတွက် အသေးစိတ် အချက်အလက်များကို Page Inbox သို့ "1 on 1" ဟု စာပို့ကာ ကြိုတင် စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။









25/09/2026

ဝန်ထမ်းသစ် မခန့်ခင် ဒီVideoကို အရင်ပြီးအောင်ကြည့်လိုက်ပါ။

ဝန်ထမ်းသစ်တစ်ယောက်ကို ရွေးချယ်တဲ့အခါ လုပ်ငန်းရှင်အများစု ကြုံတွေ့ရလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

​"အတွေ့အကြုံ ရှိပြီးသားသူကို ရွေးရမလား? ဒါမှမဟုတ် အတွေ့အကြုံ မရှိသေးပေမယ့် သင်ယူလိုစိတ်နဲ့ တာဝန်ယူလိုစိတ် အပြည့်ရှိတဲ့သူကို ရွေးရမလား?"

​အမှန်တော့ "ဘယ်သူ့ကို ရွေးမလဲ" ဆိုတာထက် "ဘာကို အရင်ကြည့်မလဲ" ဆိုတာက ပိုပြီး အရေးကြီးပါတယ်။

​အတွေ့အကြုံ (Experience): အားသာချက်တစ်ခု ဖြစ်ပေမဲ့ အတွေ့အကြုံရှိတိုင်းလည်း သင့်လုပ်ငန်းနဲ့ ကွက်တိကိုက်ညီမယ်လို့ မဆိုနိုင်ပါဘူး။

​သင်ယူလိုစိတ်နဲ့ စိတ်ဓာတ် (Attitude & Mindset): အခြေခံ Skill မရှိသေးရင်တောင် စနစ်တကျ သင်ပြ၊ လမ်းညွှန်ပေးရုံနဲ့ တိုးတက်လာနိုင်ပေမဲ့ သင်ယူလိုစိတ်နဲ့ စိတ်ဓာတ်အခြေခံကိုတော့ လွယ်လွယ်နဲ့ ပြုပြင်လို့ မရပါဘူး။

​ဒါကြောင့် အတွေ့အကြုံတစ်ခုတည်း သို့မဟုတ် Attitude တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘဲ မှန်ကန်တဲ့လူကို မှန်ကန်တဲ့နေရာမှာ ခန့်ထားနိုင်ဖို့ စနစ်တကျ ရွေးချယ်တတ်ရန် လိုအပ်ပါတယ်။

မိတ်ဆွေရဲ့လုပ်ငန်းအတွက်
​ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ?

​KPI တွေကို ဘယ်လို စနစ်တကျ သတ်မှတ်မလဲ?

​ဝန်ထမ်းတွေကို ဘယ်လို Step-by-Step Manage လုပ်မလဲ?

​ဒါတွေကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ Coach Wint War ရဲ့ "People To Profit (P2P)" Video Class မှာ Join ပြီးရာသက်ပန်ဝင်ရောက်လေ့လာနိုင်ပါပြီ။

​👉 စိတ်ဝင်စားပါက Chat box တွင် "P2P" ဟု စာပို့ပြီး သင်တန်းအသေးစိတ်ကို မေးမြန်းစုံစမ်းနိုင်ပါသည်။
​






"အရောင်းတွေ တက်လာလေလေ... ဘာကြောင့် ပိုပြီး မီးလောင်ပြာကျလာရတာလဲ?"လွန်ခဲ့တဲ့ ၆ လလောက်က  လူသုံးကုန် ပစ္စည်းများ ဖြန့်ချိနေ...
24/09/2026

"အရောင်းတွေ တက်လာလေလေ... ဘာကြောင့် ပိုပြီး မီးလောင်ပြာကျလာရတာလဲ?"

လွန်ခဲ့တဲ့ ၆ လလောက်က လူသုံးကုန် ပစ္စည်းများ ဖြန့်ချိနေတဲ့ Distribution လုပ်ငန်းရှင် မိတ်ဆွေတစ်ယောက် ကျွန်မဆီ ရောက်လာပါတယ်။

မြို့နယ်ပေါင်းစုံကို ကားတွေနဲ့ နေ့တိုင်း ဆိုင်တင်ပို့နေရပြီး လစဉ် အရောင်းကိန်းဂဏန်းတွေက သိန်းရာချီ ရှိပါတယ်
အပြင်က ကြည့်ရင် အင်မတန် အောင်မြင်နေတဲ့ လုပ်ငန်းကြီးတစ်ခုပေါ့။

ဒါပေမဲ့ အဲ့ဒီ လုပ်ငန်းရှင် အစ်ကိုကိုယ်တိုင် ရင်ဖွင့်လာတဲ့ အတွင်းပိုင်း အမှန်တရားကတော့ ….

"ဆရာမရေ... မနက် မိုးလင်းတာနဲ့ ဖုန်းတွေ ဆက်တိုက်ဝင်လာတယ်။ ကားတွေ ပစ္စည်းတင်တာ မှားတယ်၊ ဆိုင်တွေဆီ အော်ဒါကျန်ခဲ့တယ်၊ ငွေကောက်တာ မကိုက်ဘူး။ ကျွန်တော် နေ့တိုင်း ကားသမား၊ စာရင်းကိုင်နဲ့ အရောင်းသမားတွေကြားမှာ မီးလိုက်သတ်နေရလို့ သေချင်စိတ်တောင် ပေါက်တယ်" တဲ့

ဒါဟာ Distribution လုပ်ငန်းအများစု စနစ်မရှိဘဲ လူအင်အားချည်း သုံးပြီး တွန်းရုန်းနေရတဲ့အခါ ကြုံရလေ့ရှိတဲ့ သံသရာပါပဲ။

၁။ စနစ်မချခင် မြေပြင်မှာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ

Order Processing ရှုပ်ထွေးခြင်း: Sales Representative (SR) တွေဆီက အော်ဒါတွေကို Viber ထဲကနေ ဟိုတစ်စ ဒီတစ်စ ပို့ကြတယ်။

စာရင်းကိုင်က အော်ဒါစာရွက်လက်ရေး မဖတ်တတ်လို့ ပစ္စည်းမှားထုတ်ပေးမိပြီး ဆိုင်ရောက်မှ ပစ္စည်းပြန်သယ်ရတာတွေ ခဏခဏ ဖြစ်ခဲ့တယ်။

Delivery & Route Planning မရှိခြင်း

ကားသမားတွေက ကြုံသလို သွားကြတဲ့အတွက် ဆီဖိုးကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်ပြီး၊ အချိန်မီ ပစ္စည်းမရောက်လို့ ဖောက်သည်ဆိုင်တွေဆီက အမြဲ အဆူခံရတယ်။

Cash Collection & Credit Control ကမောက်ကမဖြစ်ခြင်း

ဆိုင်တွေဆီက အကြွေးကောက်တဲ့အခါ ဘယ်ဆိုင်က ဘယ်လောက် ပေးပြီးပြီလဲ၊ ဘယ်သူ့လက်ထဲ ငွေဘယ်လောက် ရောက်နေလဲဆိုတာကို ရက်ပေါင်းများစွာကြာမှ စာရင်းတိုက်နိုင်တဲ့အတွက် ငွေကြေးယိုပေါက်တွေ အကြီးအကျယ် ဖြစ်ခဲ့တယ်။

လုပ်ငန်းရှင် ပိတ်မိနေခြင်း

ပစ္စည်းအဝင်အထွက်ကအစ အကြွေးကိစ္စအဆုံး လုပ်ငန်းရှင် ခွင့်မပြုရင် ဘာမှ ရှေ့မဆက်နိုင်ဘဲ လုပ်ငန်းထဲမှာ နေ့စားမီးသတ်သမားဘဝ ရောက်နေခဲ့ရတယ်။

၂။ ကျွန်မတို့ ဘယ်လို Architecture ကို စနစ်တကျ ပြန်လည် ချမှတ်ခဲ့သလဲ?

Standard Order Intake Protocol: စာရွက်တွေ၊ Viber အသံဖိုင်တွေ ရပ်တန့်ပြီး Google Form/Template အခြေခံ Order Confirmation Flow ကို ချမှတ်ပေးခဲ့တယ်။

Route & Delivery SOP မြို့နယ်အလိုက် နေ့ရက်ခွဲခြားပြီး ပို့ဆောင်ရမည့် Fixed Routing Plan နှင့် Loading Sheet စနစ်ကို ထည့်သွင်းခဲ့တယ်။


Credit Limit & Collection Matrix: ဆိုင်တစ်ဆိုင်ချင်းစီ၏ အကြွေးပေးနိုင်သည့် ကန့်သတ်ချက် (Credit Limit) နှင့် ရက်ကျော်ပါက ပစ္စည်းထပ်မချရမည့် တင်းကျပ်သော မူဝါဒကို ချမှတ်ခဲ့တယ်

RACI Framework & Daily Reconciliation: ညနေ ကားပြန်ရောက်တိုင်း စတော့ခ်လက်ကျန်နှင့် ငွေစာရင်းကို ထိုနေ့အတွင်း ရှင်းလင်းတိုက်ဆိုင်ရမည့် တာဝန်ခံမှုဘောင် ချပေးခဲ့တယ်။

၃။ စနစ်ချပြီး ၃ လအကြာ ကြုံတွေ့လာရသည့် သက်သေသာဓကများ။

Order Error Rate (အမှားအယွင်းနှုန်း) ၈၀% ကျဆင်းသွားခြင်း: ပစ္စည်းမှားပို့တာ၊ လွဲချော်တာတွေ လုံးဝနီးပါး မရှိတော့ဘဲ ဖောက်သည်ဆိုင်များ၏ ယုံကြည်မှုကို အပြည့်အဝ ပြန်လည်ရရှိခဲ့တယ်။

Delivery Time နှင့် ဆီဖိုးကုန်ကျစရိတ် ၂၀% သက်သာသွားခြင်း: လမ်းကြောင်းစနစ်တကျ ပြေးဆွဲနိုင်ခဲ့တာကြောင့် ကားတစ်စီးတည်းဖြင့် အရင်ကထက် ပို့ဆောင်နိုင်သည့် ဆိုင်အရေအတွက် ပိုမို များပြားလာခဲ့တယ်။

အကြွေးကျန်ကာလ (Days Sales Outstanding) ရက် ၄၅ မှ ရက် ၂၀ သို့ လျော့ကျသွားခြင်း: လုပ်ငန်းထဲ Cash Flow ချက်ချင်း ပြန်လည် စီးဆင်းလာပြီး လည်ပတ်ငွေသား ပြတ်လပ်မှုဒဏ်မှ အပြီးတိုင် လွတ်မြောက်သွားခဲ့တယ်။


လုပ်ငန်းရှင်၏ လွတ်လပ်ခွင့် ပြန်လည်ရရှိခြင်း: မနက်တိုင်း ဖုန်းသံတွေနဲ့ နိုးထစရာမလိုတော့ဘဲ နေ့စဉ် Operation သည် သတ်မှတ်ထားသော SOP အတိုင်း သူ့အလိုလို ချောမွေ့စွာ လည်ပတ်နိုင်သွားခဲ့ပါတယ်
စီးပွားရေးတစ်ခုမှာ "လူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား... စနစ်မရှိရင် လူပါ ပျက်စီးတတ်ပါတယ်"

အဓိကကတော့ ကွင်းဆက်များပြားပြီး Operation ရှုပ်ထွေးတဲ့ Distribution လုပ်ငန်းတွေမှာ စနစ် (System) ဆိုတာ ရွေးချယ်စရာ မဟုတ်ပါဘူး... ရေရှည် အသက်ရှင် ကြီးထွားဖို့အတွက် မဖြစ်မနေ တည်ဆောက်ရမည့် အခြေခံအဆောက်အအုံ ဖြစ်ပါတယ်။

မိတ်ဆွေရဲ့ လုပ်ငန်းမှာရော... လူကိုပဲ မနားတမ်း မောင်းနှင်နေမိသလား၊ ဒါမှမဟုတ် စနစ်ကို စကားပြောခွင့် ပေးထားပြီးပြီလား?









Address

Yangon

Website

Alerts

Be the first to know and let us send you an email when SMARTcoreCoaching& Consulting Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share