03/06/2026
Employee Data Base Management System
=================================
လုပ်ငန်းတစ်ခု ရေရှည်တိုးတက်ဖို့နဲ့ စနစ်တကျ
လည်ပတ်နိုင်ဖို့ဆိုရင် ဝန်ထမ်းတွေရဲ့ ဒေတာ
အချက်အလက်တွေကို တိတိကျကျ စီမံခန့်ခွဲနိုင်ဖို့က
အဓိက သော့ချက်ပါပဲ။ အထူးသဖြင့် HRIS (HR
Information System) စနစ်တစ်ခုမှာ ဝန်ထမ်းဒေတာတွေ
ကို စက္ကူဖိုင်တွေ၊ Excel တွေနဲ့ပဲ သိမ်းမထားတော့ဘဲ
Employee Data Management System (EDMS)
တစ်ခုတည်းအောက်မှာ စုစည်း သိမ်းဆည်းလာကြပါတယ်။
စနစ်ကျပြီး အလုပ်တွင်စေမယ့် Employee Data
Management System တစ်ခုမှာ မဖြစ်မနေ ပါဝင်ရမယ့်
အဓိက အစိတ်အပိုင်း (၆) ခု က ဘာတွေဖြစ်မလဲဆိုတာ
လေ့လာလို့ရအောင် BCS ကနေမျှဝေပေးလိုက်ပါတယ်။
🗂️ EDMS စနစ်တစ်ခုတွင် ပါဝင်ရမည့် Core Modules တွေ
ထဲမှာ ပထမဦးဆုံးကတော့ Profile Management
ကိုယ်ရေးအချက်အလက် ကဏ္ဍ ပဲဖြစ်ပါတယ်။
ဒါကတော့ ဝန်ထမ်းတစ်ယောက်ရဲ့ အခြေခံ အုတ်မြစ်
ဒေတာတွေ ဖြစ်ပြီးတော့။
* ကိုယ်ရေးအချက်အလက် (အမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန် လိပ်စာ)
* အရေးပေါ်ဆက်သွယ်ရန် ပုဂ္ဂိုလ် (Emergency Contact)
* ပညာအရည်အချင်းနှင့် ယခင်လုပ်ငန်းအတွေ့အကြုံ (Education & Work History)
* ဘဏ်အကောင့် အချက်အလက်များနှင့် အခွန်ဆိုင်ရာ နံပါတ်တွေပါဝင်ပါတယ်။
ဒုတိယကတော့ Employment & Career Lifecycle
လုပ်ငန်းခွင် ဖြတ်သန်းမှု မှတ်တမ်းပါ။ဝန်ထမ်းတစ်ယောက်
ကုမ္ပဏီကို စတင်ဝင်ရောက်ချိန်ကနေ နှုတ်ထွက်သွားတဲ့အထိ
ခရီးစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားတဲ့ နေရာပါ။
* အလုပ်ခန့်အပ်လွှာ (Employment Contract) နဲ့ ရာထူးအလုပ် (Job Description)
* ဌာနခွဲခြားမှုနှင့် အထက်လူကြီး Reporting လိုင်းတွေ (Org Structure & Reporting Line)
* ရာထူးတိုးခြင်း၊ ဌာနပြောင်းရွှေ့ခြင်း မှတ်တမ်းတွေ (Promotions & Transfers)
* အလုပ်ထွက်ခြင်းဆိုင်ရာ မှတ်တမ်းနှင့် Exit Interview အချက်အလက်တွေပါဝင်ပါတယ်။
တတိယကတော့ Time, Attendance & Leave
ရုံးတက်စနစ်နဲ့ ခွင့်စီမံခန့်ခွဲမှု Data တွေပဲဖြစ်ပါတယ်။
နေ့စဉ် လုပ်ငန်းလည်ပတ်မှုအတွက် တိုက်ရိုက် သက်ရောက်မှုရှိတဲ့
အပိုင်းဖြစ်ပြီး၊ Payroll စနစ်နဲ့ တန်းစီချိတ်ဆက်ရမယ့် ဒေတာတွေ
ဖြစ်ပါတယ်။
* နေ့စဉ် ရုံးတက်/ထွက် အချိန် မှတ်တမ်း (Biometric/App-based Clock-in Data)
* ခွင့်အမျိုးအစားအလိုက် ခံစားခွင့်နှင့် ကျန်ရှိခွင့် အရေအတွက် (Leave Balance Tracking)
* အချိန်ပိုဆင်းမှု မှတ်တမ်းများ (OT Tracking) တွေပဲဖြစ်ပါတယ်။
နောက်ထပ်အချက်တစ်ခုကတော့ Performance &
Training Records ဆိုတဲ့ စွမ်းဆောင်ရည်နဲ့ သင်တန်း မှတ်တမ်း
တွေပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့နဲ့
အကဲဖြတ်ဖို့အတွက် ဒီဒေတာတွေက မရှိမဖြစ် လိုအပ်ပါတယ်။
* နှစ်ချုပ် သို့မဟုတ် သုံးလပတ် Performance Review နဲ့ KPI/OKR ရလဒ်တွေ
* တက်ရောက်ခဲ့တဲ့ သင်တန်းများနဲ့ ရရှိထားတဲ့ Certificates တွေ
* အကျင့်စာရိတ္တဆိုင်ရာ သတိပေးချက်တွေ သို့မဟုတ်
ချီးကျူးဂုဏ်ပြုလွှာတွေ (Rewards & Disciplinary Actions) ပါပဲ။
ပြီးတော့မှ Compensation & Benefits လစာနဲ့
အကျိုးခံစားခွင့် ဒေတာ တွေပါ။ဒေတာ လုံခြုံရေး အမြင့်ဆုံး
ထားရမယ့် ကဏ္ဍဖြစ်ပြီးတော့လစာတွက်ချက်မှုကို
မြန်ဆန်စေပါတယ်။
* အခြေခံလစာနဲ့ ကွဲပြားတဲ့ ထောက်ပံ့ကြေးတွေ (Base Salary & Allowances)
* လူမှုဖူလုံရေး (SSB) နဲ့ အခွန် (Tax) ဆက်တင်တွေ
* ကုမ္ပဏီက ပေးထားတဲ့ အကျိုးခံစားခွင့်တွေ (ဥပမာ - ကျန်းမာရေးအာမခံ၊ ဖုန်းဘေလ်) တွေပဲဖြစ်ပါတယ်။
နောက်ဆုံးကတော့ Document Management & Security
(စာရွက်စာတမ်း သိမ်းဆည်းမှုနှင့် လုံခြုံရေး) စနစ်ပါ။
ဒစ်ဂျစ်တယ်စနစ် ဖြစ်သွားတဲ့အတွက် စာရွက်စာတမ်းတွေကို
Server သို့ Cloud ပေါ်မှာ လုံလုံခြုံခြုံ သိမ်းထားဖို့ လိုပါတယ်။
* မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံ၊ ဘွဲ့လက်မှတ်တွေကို Scan ဖတ်ပြီး
စနစ်ထဲမှာ တွဲတင်ထားနိုင်ဖို့ (Digital Locker)
* ရာထူးအလိုက် ဒေတာကြည့်ရှုခွင့် ကန့်သတ်ချက်
(Role-Based Access Control) ထားရှိဖို့ တွေလိုအပ်ပါတယ်။
စနစ်ကောင်းတစ်ခုရဲ့ အားသာချက်တွေကတော့
အချက်အလက်တွေ အားလုံးကို စနစ်တစ်ခုတည်း
(Centralized Database) ထဲမှာ သိမ်းဆည်းထားနိုင်ရင်
HR Team အနေနဲ့ ဒေတာတစ်ခု ရှာဖွေဖို့ အချိန်ကုန်သက်သာ
သွားမယ့်အပြင်၊ ဝန်ထမ်းထွက်နှုန်း (Turnover Rate)၊
ပျက်ကွက်မှုနှုန်း (Absenteeism Rate) စတဲ့ HR Analytics တွေ
ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တိတိကျကျ တွက်ချက်ထုတ်
ယူနိုင်မှာ ဖြစ်ပါတယ်။
💡 မိတ်ဆွေတို့ လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မယ့်
Employee Data Management System တည်ဆောက်ပုံ
အဆင့်ဆင့်နဲ့ Digital HR Transformation လုပ်ငန်းစဉ်တွေ
အတွက် Bagan Consultancy Service က အမြဲတမ်း
အကြံပေး လမ်းညွှန်ပေးဖို့ အသင့်ရှိနေပါတယ်။
09 4 222 88 703
09 4 222 88 734