Win Moh Moh Ko

Win Moh Moh Ko Insights | Stories | Growth I love to share the insights, experiences and stories that I've been experiences.

Passion on People and Organizational Development, Interested in Psychology and Organizational behaviors, culture and transformational change.

21/08/2026

Leadership is an energy လို့ ပြောရင်
Leader ဆိုတာ အားလုံးကို ပျော်အောင် entertain လုပ်ပေးနဲ့ cheerleader လိုမျိုး
Team members တွေကြတော့လည်း Leader ဆိုတာ ကိုယ့်ကို အလိုလိုက်ရင် ခေါင်းဆောင်ကောင်း လို့ သတ်မှတ်ကြတတ်တယ်။
To be continued…..

Just for fun….Actual Photo from studio Vs AI generated outfits photo Do you know which one is AI ? 🤗🤗Whatever you say, n...
18/08/2026

Just for fun….

Actual Photo from studio Vs AI generated outfits photo

Do you know which one is AI ? 🤗🤗

Whatever you say, no need to go photo studio to have your photo in AI era, I love having my pictures taken.

AI ခေတ်မှာ အထူးတလည် ဓာတ်ပုံဆိုင် သွားရိုက်စရာ မလိုတော့ဘူး ဆိုသော်လည်း ကိုယ်ကတော့ ခုထိ ဓာတ်ပုံဆိုင်မှာ သွားရိုက်တာကို ကြိုက်တုန်းဘဲ…..

15/08/2026

We are looking for talented people to join the team of our activewear and fitness client!Are you creative, fitness-obses...
14/08/2026

We are looking for talented people to join the team of our activewear and fitness client!
Are you creative, fitness-obsessed and ready to bring your best energy to work?
Check out our open positions below and apply today.

13/08/2026
Leadership is an energy" (ခေါင်းဆောင်ဆိုတာ စွမ်းအင်တစ်မျိုးပါပဲ)မကြာသေးခင်က ကျမဖတ်လိုက်ရတဲ့ ဒီစာသားလေးက အတွေးနယ်ချဲ့စေပါ...
12/08/2026

Leadership is an energy" (ခေါင်းဆောင်ဆိုတာ စွမ်းအင်တစ်မျိုးပါပဲ)

မကြာသေးခင်က ကျမဖတ်လိုက်ရတဲ့ ဒီစာသားလေးက အတွေးနယ်ချဲ့စေပါတယ်။ တွေးကြည့်လေလေ၊ သဘောကျလေပါဘဲ။

Corporate မှာ (၁၅) နှစ်ကျော် လုပ်ကိုင်လာခဲ့တဲ့ကာလအတွင်း အမျိုးမျိုးသော ခေါင်းဆောင်တွေနဲ့ ဆုံဖူးပါတယ်။

ဒီခရီးလမ်းတစ်လျှောက်မှာ " ပြီးပြည့်စုံတဲ့ ခေါင်းဆောင်" ဆိုတာမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ခေါင်းဆောင်တွေမှာ ကိုယ်ပိုင်ခေါင်းဆောင်မှုစတိုင်လ်တွေ အမျိုးမျိုး ရှိကြတာကို တွေ့ခဲ့ရပါတယ်။

အဲ့ဒီခေါင်းဆောင်မှု တွေထဲမှာမှ အားလုံးကို ကွဲပြားသွားစေတဲ့ တစ်ခုတည်းသော အဓိကအချက်ကတော့ သူတို့ရဲ့ "ခေါင်းဆောင်၏ စွမ်းအင် (Energy of leader)" ပါပဲ။

စွမ်းအင်ပြည့်ဝတဲ့ ခေါင်းဆောင်တွေက - team members တွေကို အမြဲလှုံ့ဆော်ပေးပြီး ရှေ့ကိုရောက်ဖို့ ဆွဲတင်တွန်းတင်ပေးကြပါတယ်။
စွမ်းအင်စုပ်ယူတတ်တဲ့ ခေါင်းဆောင်တွေက တချို့ကျတော့လည်း အဖွဲ့အစည်းနဲ့ လူတွေကိုပါ မောပန်းနွမ်းနယ်စေတဲ့ Energy Vampire တွေဖြစ်နေတတ်ပါတယ်။

တစ်ချိန်တုန်းက ကျမ ကိုယ်တိုင်လည်း ကိုယ့်ရဲ့အဲ့လို draining climate တခုမှာ ရှိခဲ့ပြီး အဲ့လို ခေါင်းဆောင်မှုမျိုး လုပ်ခဲ့နိုင်တယ်။ ဒါကို သတိထားမိလိုက်တဲ့အခါ ကိုယ့်ကိုယ်ကို လန့်သွားပြီး အဲ့လို အလေ့အထတွေ မရှိအောင် ပြုပြင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ကျမအတွက်တော့ Energy Vampire ခေါင်းဆောင်မျိုးနဲ့ တွေ့ရတာလည်း သင်ခန်းစာ တခု ဖြစ်သလို ကိုယ့်ကိုယ်ကို အမြန် ပြုပြင်လိုက်နိုင်ခြင်းကလည်း milestone တခုလို့ သတ်မှတ်ပါတယ်။

ခေါင်းဆောင်မှုဆိုတာ သင်ယူလို့ မကုန်နိုင်တဲ့ ခရီးရှည်တခုမို့လို ကိုယ့်ကိုယ်ကို အမြဲ ပိုကောင်းတဲ့ ခေါင်းဆောင်ကောင်း ဖြစ်အောင် ကြိုးစားနေပါတယ်။

သင်ရော အဲ့လို Energy Vampire ခေါင်းဆောင်မျိုးနဲ့ တွေ့ဖူးပါသလား?
အဲ့လိုတွေ့ရင် ဘယ်လိုမျိုး professional ဆန်ဆန်နဲ့ ရင်ဆိုင်ခဲ့လဲဆိုတာ မျှဝေပေးသွားအုန်းနော်။

09/07/2026

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

18/05/2026

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

P.S  *** ၂၀၂၃ တုန်းက Shared by Moh page မှာ ရေးခဲ့ဖူးတာလေး…..အခုတလော လူတွေ တံဆိပ်ကပ်နေကြတာ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါ...
17/05/2026

P.S *** ၂၀၂၃ တုန်းက Shared by Moh page မှာ ရေးခဲ့ဖူးတာလေး…..
အခုတလော လူတွေ တံဆိပ်ကပ်နေကြတာ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်….’’

Labeling (တံဆိပ်တပ်ခြင်း)နဲ့ ကျမတို့ နေ့စဉ်ဘဝ

ကျမတို့တွေ ငယ်စဉ်ကတည်းက မိဘပေးတဲ့ နာမည်အပြင် ကျမတို့ရဲ့ ဝိသေသ လက္ခဏာတွေ အကျင့်စရိုက်တွေ ပေါ် မူတည်ပြီး တံဆိပ်တွေ ကပ်လေ့ ရှိတယ် ဝဝ ကစ်ကစ် တုတ်တုတ်လေး ဆို ဝတုတ်လေးတို့ သွက်သွက်လက်လက် ကလေးလေးဆို အသွက်တို့ အစွာတို့ အမျိုးမျိုးပေါ့လေ
ကျမငယ်ငယ်ကဆိုလည်း အဲ့လိုဘဲ ကျမ ငယ်ငယ်တုန်းက သိုင်းကားတွေ တရုတ် သိုင်းကွက်တွေကို သဘောကျပြီး မှန်ကြည့်ပြီး လျောက်လုပ်တာပေါ့ Cousin တွေထဲမှ ကျမက အသားအညိုဆုံး၊ကြိုက်တာက လိုက်လုပ်တာက တရုတ်သိုင်းကွက်ဆိုတော့ အဒေါ်တယောက်က ကျမကို ခေါ်တယ် တရုတ်ငချိတ်ပေါ့ (တရုတ်သိုင်းရူး အမဲကောင်မလေး) ပေါ့လေ
ကျောင်းမှာဆို မျက်နှာကလည်း အမြဲ ရုပ်တည်နဲ့ ဆိုတော့ ဝင်းမို့မို့ကို ဆိုတာနဲ့ “မာနကြီးတယ်” တခါထဲပါပြီးသားဘဲ အဲ့လိုတွေ ပြောခံရလည်း စိတ်မဆိုးကြဘူး
ဘာလို့လဲဆို ဒါတွေက လူနေမှုဘဝရဲ့ တစိတိတပိုင်း ပြောဆို ခေါ်ဆိုနေကြတာလေ
ကျမ အသက်ကြီးလာတဲ့ အခါ အထူးသဖြင့် ကျမ အသက်မွေးဝမ်းကျောင်းကို လုပ်လာတဲ့ အခါမှာ လူတွေဟာ တစ်ဦးအပေါ်တစ်ဦး အမြင်နဲ့ အထင်နဲ့ (တံဆိပ်ကပ်)labeling တွေ ပိုများလာတာ တွေ့ရတယ်။
ဒါပေမယ့် လူ့သဘောသဘာဝ အရ ကိုယ့်ကို အမြင်တစ်ခုနဲ့ တံဆိပ်ကပ်ခံရရင် မကြိုက်ကြပေမဲ့ သူများကိုဆို label တံဆိပ်တွေ ကပ်နေကြတုန်းဘဲ။ အထူးသဖြင့် ကောင်းတဲ့ တံဆိပ်ကပ်ရင် ဘာမှ မဖြစ်ပေမဲ့ မကောင်းတဲ့ တံဆိပ်ဆို မခံနိုင်ကြတော့ဘူး
တခါ မှတ်မိသေးတယ် ကျမ consulting လုပ်တဲ့ ကုမ္ပဏီတခုက HR က သူ့ရုံးကဝန်ထမ်းကို “စုန်းပြူး” တဲ့ ။
OMG ကျမတို့ HR ကိုယ်တိုင်က အဲ့လို မြင်နေမှတော့ သူများတွေ အဲ့တယောက် ကို ဘယ်လို မြင်မလဲ နော်…
တော်တော် ပြောပြလိုက်ရတယ် အဲ့လို တံဆိပ်တွေ မကပ်ဖို့… လူတွဟာ behavior တွေ characteristics တွေပေါ်မှာ လိုက်ကြည့်ပြီး တံဆိပ်ကပ်တယ် ဆိုပေမဲ့ တကယ်တမ်းမှာ တချို့လူတွေက အဲ့တံဆိပ်တွေကြောင့် ဘဝ သေသွားတာတွေ ရှိတယ်။
ကျမကတော့ အဲ့လိုတံဆိပ်ကပ်ခံထားရတဲ့ သူတွေ အများကြီးနဲ့ ပေါင်းဖူးတယ်။ သေချာလည်း အဲ့လို ရွေးပေါင်းတယ် ။
အခုရုံးမှာလည်း ဘယ်သူနဲ့မှ မတည့်တဲ့ ပွကြီး ဆရာကြီး ဆိုပြီး တံဆိပ်ကပ်ခံရတဲ့ ကျမတို့လို level တူ ဥရောပက နိုင်ငံခြားသား တယောက်ရှိတယ်။
ကျမနဲ့တော့ အဆင်ပြေတယ် မိတ်ဆွေတွေလိုဘဲ ကိုယ့်အပေါ်မှာလည်း လေးစားတယ် …
ဆိုလိုချင်တာက ကျမက အဲ့လို တံဆိပ်တွေကို တတ်နိုင်သလောက် ခွါကြည့်တယ် တကယ်တော့ လူသားချင်းတူတူပါဘဲ
အာ့ကြောင့် open-minded လေးနဲ့ စိတ်လေး ဖွင့်ပြီး ကြည့်တတ်ဖို့ဘဲ လိုတာပါ နော်…
ဒီအပတ်တော့ စာတွေဆို ပျင်းနေမှာဆိုးလို့ လူသဘော လူမနောလေး တင်ပေးချင်လို့ ရေးလိုက်မိပါတယ်။
ပေါ့ပေါ့ပါးပါး တစ်နေ့တာစာစုလေးပါပဲ။




Photo credit....

Last week was truly special. I facilitated a workshop titled "Beyond Teamwork" for PS Medical Hub and Travels at the Asi...
07/05/2026

Last week was truly special. I facilitated a workshop titled "Beyond Teamwork" for PS Medical Hub and Travels at the Asia Hotel Bangkok. It wasn't just about the theory of working together, but about how we can actually live those values in our daily work lives.

This was my first project back after my maternity break, and I couldn't have asked for a better experience. The room was filled with so much positive energy and engagement!

Thank you, Dr Yeemon Thant , for trusting me for this project. And a huge thanks to Ma Mandy for being an amazing guest speaker and supporting me through the session.
Grateful for this journey! ❤️

ပြီးခဲ့တဲ့ အပတ်က Client ဖြစ်တဲ့ PS Medical Hub and Travel အဖွဲ့အစည်းအတွက် Beyond Teamwork Mini Workshop သင်တန်းလေးပေးဖြစ်တယ်။
Teamwork ဆိုတာ နေ့တဓူဝ အလုပ်အတူ လုပ်တာထက် ပိုပါတယ်။
Maternity break ပြီး first project လေးလည်း ဖြစ်ပြီး ကျမကို ယုံကြည်စိတ်ချစွာ အပ်နှံတဲ့ ဒေါက်တာ ရည်မွန်သန့်နဲ့ guest speaker အဖြစ် ပါဝင်အားဖြည့်ပေးတဲ့ မသန့်သန့်ဇင် @ မMandy ကိုလည်း ကျေးဇူးတင်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Win Moh Moh Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share