Lex Myanmar Partners - Legal & Business Consultant Firm

Lex Myanmar Partners - Legal & Business Consultant Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lex Myanmar Partners - Legal & Business Consultant Firm, Business consultant, No (990), 3rd Floor, Thumingalar Road, (4) Ward, South Okkalapa Township, Yangon.

Lex Myanmar Partners is providing legal and business consultancy service in Myanmar, providing expert solutions in law, investment, and strategy for local and international clients.

တရားဝင် ပူးပေါင်းဆောင်ရွက်မှု ကြေညာချက် Lex Myanmar Partners Law Firm × Ko Htoo Ant LwinLex Myanmar Partners Law Firm အန...
14/08/2026

တရားဝင် ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်

Lex Myanmar Partners Law Firm × Ko Htoo Ant Lwin

Lex Myanmar Partners Law Firm အနေဖြင့် မြန်မာနိုင်ငံ၏ Pageant နှင့် Talent Management လုပ်ငန်းနယ်ပယ်တွင် ထင်ရှားစွာ ပါဝင်ဆောင်ရွက်လျက်ရှိသူ Ko Htoo Ant Lwin နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုသည် ကျန်ုပ်တို့ ဥပဒေပညာရှင်များ၏ Professional Legal Expertise နှင့် Beauty, Talent, Entertainment နှင့် Creative Industry တို့ကို ပေါင်းစပ်၍ အနုပညာရှင်များ၊ Talent များနှင့် လုပ်ငန်းရှင်များအတွက် ပိုမိုခိုင်မာသော Professional Foundation တစ်ရပ် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုအရ Lex Myanmar Partners Law Firm မှ အောက်ပါကဏ္ဍများတွင် ဥပဒေရေးရာ အကြံပေးခြင်းနှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် —

⚖️ စာချုပ်နှင့် Agreement များ ရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် ဥပဒေရေးရာ အကြံပေးခြင်း
⚖️ Talent / Artist Management Agreement များ
⚖️ Commercial & Business Legal Advisory
⚖️ Intellectual Property နှင့် Brand Protection
⚖️ Endorsement & Sponsorship Agreement များ
⚖️ Legal Compliance နှင့် Risk Management
⚖️ Event နှင့် Entertainment Industry ဆိုင်ရာ ဥပဒေရေးရာ ပံ့ပိုးမှုများ နှင့် မည်သည့် Social Attack က်ုမဆို တည်ဆဲ ဥပဒေနည်းလမ်းနှင့်အညီ ကာကွယ်ပေးသွားမည်ဖြစ်ပါသည်။

အောင်မြင်သော Talent Management လုပ်ငန်းတစ်ခုအတွက် အရည်အချင်း၊ ဖန်တီးနိုင်စွမ်းနှင့် အမြင်ကောင်းများသာမက ခိုင်မာသော ဥပဒေရေးရာအခြေခံရှိမှု၊ မှန်ကန်သော စာချုပ်ဆိုင်ရာ အစီအစဉ်များနှင့် အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှု တို့လည်း အရေးကြီးသည်ဟု ကျွန်ုပ်တို့ မှယုံကြည်ပါသည်။

ထို့ကြောင့် ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ Beauty Queens, Talents, Artists, Creators နှင့် Entertainment Professionals များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ၎င်းတို့၏ Professional Development ကို ဥပဒေရေးရာအရ ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါသည်။

🤝 ပူးပေါင်းမှုအသစ်တစ်ခု။
ပိုမိုခိုင်မာသော Professional Foundation တစ်ရပ်။
အနာဂတ်အတွက် မျှဝေထားသော ရည်မှန်းချက်တစ်ခု။

✨ OFFICIAL COLLABORATION ANNOUNCEMENT ✨

Lex Myanmar Partners Law Firm × Htoo Ant Lwin

We are delighted to officially announce our collaboration with Mr. Htoo Ant Lwin, a prominent figure in Myanmar’s pageant and talent management industry and Manager of Miss Universe Myanmar.

This collaboration brings together professional legal expertise and the beauty, talent, entertainment, and creative industries, with the shared vision of building a stronger professional foundation for talents, artists, creators, and industry professionals.

Through this collaboration, Lex Myanmar Partners Law Firm will provide professional legal support and advisory services in areas including:

⚖️ Contract & Agreement Advisory
⚖️ Talent & Artist Management Agreements
⚖️ Commercial & Business Advisory
⚖️ Intellectual Property & Brand Protection
⚖️ Endorsement & Sponsorship Agreements
⚖️ Legal Compliance & Risk Management
⚖️ Event & Entertainment Industry Legal Support

We believe that successful talent management requires more than creativity and vision. It also requires strong legal foundations, well-structured contractual arrangements, and effective protection of rights and interests.

Through this collaboration, we look forward to supporting the professional development of Myanmar’s Beauty Queens, Talents, Artists, Creators, and Entertainment Professionals, while creating greater opportunities for the future.

🤝 A new collaboration.
A stronger professional foundation.
A shared vision for the future.

Lex Myanmar Partners Law Firm
Your Legal Partner for Business, Talent & Beyond.

ဆက်သွယ်ရန်
Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (990), 3rf FloorThumingalar Road,(4) Watd, South Okkalapa Township, Yangon. Myanmar.

#အိမ်ခြံ #ဝယ်ရောင် #ဥပဒေ #မန္တလေး #𝐘𝐚𝐧𝐠𝐨𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫

14/08/2026

#ဒါရိုက်တာ #ဥပဒေ

🌿 ဝါဆိုသင်္ကန်း အလှူတော်မင်္ဂလာ 🙏ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ် Lex Myanmar Partners မိသားစု မှ သံဃာတော်အား ဝါဆိုသင်္ကန...
13/08/2026

🌿 ဝါဆိုသင်္ကန်း အလှူတော်မင်္ဂလာ 🙏

ဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အဖြစ် Lex Myanmar Partners မိသားစု မှ သံဃာတော်အား ဝါဆိုသင်္ကန်းနှင့် ဆွမ်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို ရိုသေကြည်ညိုစွာ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

🙏 ကုသိုလ်ကောင်းမှုအပေါင်းကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အားလုံးအတွက် မင်္ဂလာရှိသောနေ့ရက်များ ဖြစ်ပါစေ” 🙏💙

#အိမ်ခြံ #ဝယ်ရောင် #ဥပဒေ #မန္တလေး

💔👩‍❤️‍👨 နှစ်ဦးသဘောတူ လင်မယားကွာရှင်းချင်သူတွေအတွက် လိုအပ်သည့် အချက်များလင်မယားကွာရှင်းဆိုတာက အိမ်ထောင်ရေးအတွက်ဆိုလျှင် အ...
11/08/2026

💔👩‍❤️‍👨 နှစ်ဦးသဘောတူ လင်မယားကွာရှင်းချင်သူတွေအတွက် လိုအပ်သည့် အချက်များ

လင်မယားကွာရှင်းဆိုတာက အိမ်ထောင်ရေးအတွက်ဆိုလျှင် အလွန်ကို အရေးကြီးသောဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။
📍တရားဝင်နည်းလမ်း၊ သဘောတူညီချက်နဲ့ လုပ်ဆောင်ချင်ရင်တော့ 👉 အောက်ပါ ၇ ချက်ကို အစုံအလင် သေချာပြင်ဆင်ထားဖို့လိုပါတယ်။

📑 လိုအပ်တဲ့အချက်များ (၇ ချက်)

1. 🧾 ရုံးခွန်တံဆိပ်ခေါင်း (Stamp Duty)
➡️ ကွာရှင်းလွှာပေါ်မှာ ၂၅၀ ကျပ်တန် တံဆိပ်ခေါင်း ထည့်ထားရမယ်။

2. 🪪 မှတ်ပုံတင် မူရင်း (NRC Original)
➡️ လင်၊ မယား နှစ်ဦးစလုံးရဲ့ နိုင်ငံသားစိစစ်ရေးကတ် မူရင်း လိုအပ်ပါမယ်။

3. 🛕 ဘာသာကိုးကွယ်မှု
➡️ ယခုလိုနည်းလမ်းနဲ့ ကွာရှင်းနိုင်တာက ဗုဒ္ဓဘာသာဝင်များပဲ ဖြစ်ပါတယ်။

4. 📃 အိမ်ထောင်အခြေအနေ အထောက်အထား
➡️ အကြင်လင်မယားဖြစ်ကြောင်း သက်သေပြရန်

- 🏘️ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
- 📑 အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုခု

5. 🪖👮 အလုပ်အဖွဲ့အစည်း ခွင့်ပြုချက်
➡️ တပ်မတော်သား/ရဲဝင် ဖြစ်ပါက အကြီးအကဲ၏ ခွင့်ပြုချက် (သို့) အကြောင်းကြားစာ လိုပါမယ်။

6. 👥 အသိသက်သေ ၂ ဦး
➡️ အသက် ၁၈ နှစ် ပြည့်ပြီးသူ ၂ ဦးကို အသိသက်သေအဖြစ် တက်ရောက်စေဖို့လိုအပ်ပါမယ်။

7. 👔👗 ဝတ်စားဆင်ယင်မှု
➡️ လင်၊ မယား နှစ်ဦးစလုံးနဲ့ အသိသက်သေတွေ သင့်လျော်အောင် ဝတ်စားဆင်ယင်လာဖို့လိုအပ်ပါမယ်။

💡 သတိထားရန်

⚠️ စာရွက်စာတမ်း မပြည့်စုံဘဲ လျှောက်ထားပါက တရားရုံးက လက်မခံပါ။
⚠️ မူရင်းနဲ့ မိတ္တူ နှစ်မျိုးလုံး ယူသွားပါက ပိုသေချာပါမယ်။
⚠️ အသိသက်သေတွေက မိမိနီးစပ်သူ၊ တိကျစွာ သိရှိသူ ဖြစ်ဖို့လိုပါမယ်။

ဆက်သွယ်ရန်
Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (990), 3rf FloorThumingalar Road,(4) Watd, South Okkalapa Township, Yangon. Myanmar.

#အိမ်ခြံ #ဝယ်ရောင် #ဥပဒေ #မန္တလေး #𝐘𝐚𝐧𝐠𝐨𝐧𝐌𝐲𝐚𝐧𝐦𝐚𝐫

⚖️ × 🎬 LEX MYANMAR PARTNERS × DEVOUR MEDIA GROUPWhere Law Meets Media, Culture & Creativityယနေ့ခေတ် Digital Ecosystem တွ...
07/08/2026

⚖️ × 🎬 LEX MYANMAR PARTNERS × DEVOUR MEDIA GROUP

Where Law Meets Media, Culture & Creativity

ယနေ့ခေတ် Digital Ecosystem တွင် Media နှင့် Entertainment လုပ်ငန်းများသည် Content ဖန်တီးခြင်းတစ်ခုတည်းမဟုတ်တော့ဘဲ Intellectual Property, Brand Partnership, Creator Rights, Commercial Agreements နှင့် Regulatory Compliance များနှင့် တစ်ပြိုင်နက်တည်း ဆက်စပ်လာနေပါသည်။

ထိုအခြေအနေတွင် LEX Myanmar Partners Law Firm နှင့် DEVOUR Media Group တို့သည် Media, Entertainment, Creative Industry နှင့် Digital Business များအတွက် Legal & Strategic Collaboration တစ်ရပ်ကို ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ပါသည်။

🎬 DEVOUR Media Group သည် Premium Content၊ Strategic Partnerships နှင့် Innovative Digital Experiences များမှတစ်ဆင့် Brands, Creators နှင့် Audiences များအကြား အဓိပ္ပာယ်ရှိသော ဆက်သွယ်မှုများကို ဖန်တီးပေးရန် ရည်ရွယ်ထားသည့် မျိုးဆက်သစ် Digital Media & Entertainment Company တစ်ခုဖြစ်ပါသည်။

Fashion • Travel • Podcast • Food • Education • News • Culture • Philosophy & History
စသည့် ကဏ္ဍများမှတစ်ဆင့် ယနေ့မျိုးဆက်၏ အတွေးအမြင်များကို ထင်ဟပ်စေမည့် Storytelling များကို ဖန်တီးပြီး Creator များနှင့် Brand များအတွက် အခွင့်အလမ်းသစ်များကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

⚖️ LEX Myanmar Partners ၏ အခန်းကဏ္ဍ

DEVOUR ၏ Creative Vision နှင့် Business Growth ကို Legal Framework တစ်ရပ်ဖြင့် ခိုင်မာစေရန်—

• Media & Entertainment Agreements
• Creator & Talent Agreements
• Brand Partnership & Sponsorship Agreements
• Intellectual Property & Copyright Protection
• Content & Creative Rights
• Confidentiality & Non-Disclosure
• Commercial & Strategic Partnership Agreements
• Employment & Consultancy Agreements
• Corporate & Regulatory Compliance
• Dispute Prevention & Legal Advisory

စသည့် Legal Support များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ယုံကြည်သည်မှာ—

«Great Ideas need Great Stories.
Great Stories need Strong Protection.»

Content ကို ဖန်တီးခြင်းသည် Creative Vision ဖြစ်သလို၊ ထို Content၊ Brand နှင့် Creator တို့၏ Rights များကို ကာကွယ်ခြင်းသည် ရေရှည် Business Value တည်ဆောက်ခြင်းပင် ဖြစ်ပါသည်။

Culture ကို လိုက်နာသူများထက်
Culture ကို ဖန်တီးသူများက အနာဂတ်ကို ဦးဆောင်ကြမည်။

ထိုအနာဂတ်ကို ပိုမိုခိုင်မာသော Legal Foundation ဖြင့် အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်။

LEX Myanmar Partners Law Firm × DEVOUR Media Group
Law. Media. Culture. Impact.










ယောကျာ်းတဦးက မိန်းမတယောက်ကို "မင်းနဲ့ငါ  တရားဝင်ထိမ်းမြားပြီးဖြစ်သည်ဟု အယုံသွင်းပြီး ကာမ ဆက်ဆံလျှင်"ထိုယောကျာ်းကိုပြစ်မ...
07/08/2026

ယောကျာ်းတဦးက မိန်းမတယောက်ကို
"မင်းနဲ့ငါ တရားဝင်ထိမ်းမြားပြီးဖြစ်သည်ဟု အယုံသွင်းပြီး ကာမ ဆက်ဆံလျှင်"
ထိုယောကျာ်းကိုပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၄၉၃ အရ အရေးယူ လို့ရပါတယ်။
(ဆိုလို ခြင်တာက တရားဝင်မှတ်ပုံတင်ပြီး ထိမ်းမြားခြင်းမဟုတ်ပဲ တခြားနည်းနဲ့ အယုံသွင်းတာကို ဆိုလိုပါတယ်)တိတ်တိတ် လေး ဘယ်သူမှ မသိအောင် စယချုပ်၀ယ်ပြီးလက်ထပ်တာလည်းပါပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၉၃ အရ အကျုံးဝင်ရန်လိုအပ်‌သော အဂ်ါရပ်များ_
(၁) တရားခံသည်အမျိုးသမီးနှင့် တရားဝင် လက်ထပ်ထိမ်းမြားမှုမရှိခြင်း။
(၂) တရားခံသည် အမျိုးသမီးအား တရားဝင် လက်ထပ်ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း။
(၃) ယင်းသို့ ယုံကြည်စေသဖြင့် အမျိုးသမီးက ကာမ စပ်ယှက်ခွင့် ပြုခြင်း။
(၄) တရားခံက အမျိုးသမီးနှင့် ကာမစပ်ယှက် ခဲ့ခြင်း တို့ဖြစ်သည်။
#ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၉၃ သည်
ရဲအ‌ရေးမပိုင်ပါ။
အာမခံလဲမပေးနိုင်ပါ။
၁၀နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး အပြင် ငွေဒဏ်လဲ ချမှတ်နိုင်သည်။

ဆက်သွယ်ရန်
Phone: 09421745652, 09769483330
Website: https://www.lexmyanmarpartners.com
Email: [email protected]
Address: No (990), 3rf FloorThumingalar Road,(4) Watd, South Okkalapa Township, Yangon. Myanmar.
#အိမ်ခြံ #ဝယ်ရောင် #ဥပဒေ #မန္တလေး

📢 ကျွန်ုပ်တို့  ဥပဒေရေးရာအဖွဲ့နှင့် အလုပ်တွဲလုပ်ရန် ရှေ့နေများ ခေါ်ယူနေပါသည်။ကျွန်ုပ်တို့၏ ဥပဒေရေးရာအဖွဲ့သို့ တာဝန်ယူမှု...
05/08/2026

📢 ကျွန်ုပ်တို့ ဥပဒေရေးရာအဖွဲ့နှင့် အလုပ်တွဲလုပ်ရန် ရှေ့နေများ ခေါ်ယူနေပါသည်။

ကျွန်ုပ်တို့၏ ဥပဒေရေးရာအဖွဲ့သို့ တာဝန်ယူမှုရှိပြီး အချိန်ပေးနိုင်‌သော ရှေ့နေများအား ခေါ်ယူနေပါသည်။

လိုအပ်ချက်များ….

- အသက် (၄၀) နှစ်အောက် (ကျား/မ မရွေး)
- တရားဝင် Lawyer License Holder ဖြစ်ရမည်
- Litigation နှင့် Court procedures တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
- တာဝန်ယူမှုရှိ၍ အဖွဲ့လိုက်လုပ်ကိုင်နိုင်ရမည်

အလုပ်တာဝန်များ (Job Responsibilities)…..

- Litigation matters များကို ပူးတွဲကိုင်တွယ်ဆောင်ရွက်ခြင်း
- တရားရုံးဆိုင်ရာ လုပ်ငန်းစဉ်များ (Court procedures) ကို ပူးတွဲဆောင်ရွက်ခြင်း
- Client များအား ဥပဒေရေးရာအကြံပေးခြင်း
- Case preparation နှင့် legal documentation ပြင်ဆင်ခြင်း

အလုပ်ချိန်
🕘 မနက် ၁၀:၀၀ မှ ညနေ ၅:၀၀ အထိ

ပိတ်ရက်များ
📅 အစိုးရပိတ်ရက်များနှင့် Weekend ပိတ်ပါသည်။

အလုပ်နေရာ
📍 South Okkalapa Township

လစာ
💰 Salary – ညှိနှိုင်းနိုင်ပါသည် + Commission ခံစားခွင့်

လျှောက်ထားရန်
📱 Viber – 09769483330 သို့ CV ပေးပို့နိုင်ပါသည်။
📩 Mail - [email protected]

🌍Know About Henley & Partners – Global Citizenship & Residence Advisory FirmMany of our clients are interested in intern...
03/08/2026

🌍Know About Henley & Partners – Global Citizenship & Residence Advisory Firm

Many of our clients are interested in international business opportunities, global mobility, education, and future planning for their families. Today, we would like to introduce Henley & Partners, one of the world’s leading firms in the field of citizenship and residence advisory services.

Founded in 1997, Henley & Partners has become a global leader in advising individuals and families on Citizenship by Investment (CBI) and Residence by Investment (RBI) programs.

With offices and partners around the world, Henley & Partners works with clients from many countries to explore legal pathways for:
✅ Second citizenship opportunities
✅ Residence options in other countries
✅ International mobility planning
✅ Family wealth and future planning

The firm has supported thousands of families and entrepreneurs worldwide by providing professional guidance on government-approved investment migration programs.

For clients in Myanmar, international mobility, overseas investment, and family planning are becoming increasingly important. Through our professional network and cooperation with international partners, Lex Myanmar Partners Law Firm continues to connect our clients with reliable global advisory resources.

We believe that strong international partnerships create better opportunities for our clients.

🌐Lex Myanmar Partners Law Firm
Trusted Legal Solutions | Myanmar & International Cooperation

🌍 Henley & Partners ဆိုတာဘာလဲ? အကြေနိုင်ငံသားခံယူခွင့်နှင့် နေထိုင်ခွင့်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကြံပေးအဖွဲ့အစည်း ဖြစ်ပါတယ်။

ယနေ့ခေတ်တွင် ကျွန်ုပ်တို့၏ Client များစွာသည် နိုင်ငံတကာစီးပွားရေးအခွင့်အလမ်းများ၊ နိုင်ငံရပ်ခြားတွင် နေထိုင်လုပ်ကိုင်နိုင်ရေး၊ သားသမီးများ၏ ပညာရေးနှင့် မိသားစု၏ ရေရှည်အနာဂတ်အစီအစဉ်များကို ပိုမိုစိတ်ဝင်စားလာကြပါသည်။

ယနေ့တွင် ထိုကဲ့သို့သော လိုအပ်ချက်များအတွက် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားသည့် Henley & Partners ကို မိတ်ဆက်ပေးလိုပါသည်။

Henley & Partners ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားခံယူခွင့် (Citizenship by Investment – CBI) နှင့် ရင်းနှီးမြှုပ်နှံမှုဖြင့် နေထိုင်ခွင့် (Residence by Investment – RBI) ဆိုင်ရာ အကြံပေးဝန်ဆောင်မှုများတွင် ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ရုံးခွဲများနှင့် မိတ်ဖက်ကွန်ရက်များမှတစ်ဆင့် လူပုဂ္ဂိုလ်များနှင့် မိသားစုများအား အောက်ပါကိစ္စရပ်များအတွက် ဥပဒေနှင့်အညီ အကြံပေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

✅ ဒုတိယနိုင်ငံသားခံယူခွင့် အခွင့်အလမ်းများ
✅ အခြားနိုင်ငံများတွင် တရားဝင် နေထိုင်ခွင့် ရရှိနိုင်မည့် နည်းလမ်းများ
✅ နိုင်ငံတကာ သွားလာလှုပ်ရှားမှု (Global Mobility) စီမံကိန်းများ
✅ မိသားစု၏ ပိုင်ဆိုင်မှုနှင့် အနာဂတ်အစီအစဉ်များ ရေးဆွဲခြင်း

Henley & Partners သည် အစိုးရအသိအမှတ်ပြု ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားခံယူခွင့်နှင့် နေထိုင်ခွင့်အစီအစဉ်များအတွက် ကမ္ဘာတစ်ဝှမ်းရှိ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းရှင် ထောင်ပေါင်းများစွာအား ကျွမ်းကျင်သော အကြံပေးဝန်ဆောင်မှုများ ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံရှိ Client များအတွက်လည်း နိုင်ငံတကာတွင် နေထိုင်လုပ်ကိုင်နိုင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် မိသားစု၏ ရေရှည်အနာဂတ်စီမံကိန်းများသည် ပိုမိုအရေးပါလာလျက်ရှိပါသည်။

Lex Myanmar Partners Law Firm သည် နိုင်ငံတကာ မိတ်ဖက်ကွန်ရက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့၏ Client များအား ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။

ကျွန်ုပ်တို့သည် ခိုင်မာသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများက Client များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည်ဟု ယုံကြည်ပါသည်။

🌐 Lex Myanmar Partners Law Firm
ယုံကြည်စိတ်ချရသော ဥပဒေရေးရာ ဝန်ဆောင်မှုများ | မြန်မာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု

31/07/2026

#အလုပ်သမား #၀န်ထမ်း #ဥပဒေ #ရှေ့နေ #မြန်မာ

Address

No (990), 3rd Floor, Thumingalar Road, (4) Ward, South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Lex Myanmar Partners - Legal & Business Consultant Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share