ငှါးရန်ရှိသည်

ငှါးရန်ရှိသည် Buy, Sell, Rent In MYANMAR. Buy, Sell, Rent MYANMAR Real-Estate and Properties.

30/10/2014

ရုံးခန်း (သို့) ဆိုင်ခန်း အတွက် မြေနီကုန်း (သို့) လှည်းတန်း ဧရိယာ အနီးပတ်ဝန်းကျင်တွင် ငှားရန်းလိုပါသည်။လက်ဝယ်ရှိ (သို့) အဆက်အသွယ် ရှိသူများ ကျေးဇူးပြု၍ ဆက်သွယ်ပေးပါရန်။ကျေးဇူးတင်ပါသည်။

29/10/2014

Hi, I am looking to rent office/shop space at MyayNeGone or Hledan area.Please message me if you (all) know....Thanks....

Listing By Agents...
26/08/2014

Listing By Agents...

27/04/2014

ဖိုင်များကို အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်မည့် Streem Cloud Storage
-
Dropbox, OneDrive, iCloud နဲ့ Google Drive တို့လို Cloud Storage တစ်ခေတ် ဆန်းပွင့်နေချိန်မှာ ယင်းတို့နဲ့ အပြိုင်ချဲမယ့် Cloud Storage တစ်ခု ထွက်ပေါ်လာပြန်ပါပြီ။ သူကတော့ Streem အမည်ရတဲ့ တက်သစ်စ Cloud Storage တစ်ခုပဲ ဖြစ်ပါတယ်။
Streem ရဲ့ ထူးခြားချက်လို့ဆိုနိုင်တဲ့ အချက်ကတော့ အခြားတစ်ပါးသော Cloud Storage များလို သိုမှီးနိုင်တဲ့ ပမာဏကို ကန့်သတ်ထားခြင်းမရှိဘဲ မိမိအလိုရှိတဲ့ ဖိုင်များကို အကန့်အသတ်မဲ့ သိုမှီးထားနိုင်တဲ့ အချက်ပဲ ဖြစ်ပါ တယ်။ ယင်းဟာ Mac OS X, Windows, Linux OS သုံး ကွန်ပျူ တာများနဲ့ တွဲဖက်အသုံးပြုနိုင်သလို၊ iOS နဲ့ Android သုံး ကိရိယာများနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ Streem ကို စမ်းသပ်အသုံးပြုနိုင်တဲ့ Beta အဆင့်အနေနဲ့သာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ သုံးစွဲသူအနေနဲ့ မိမိရဲ့ အသိမိတ်ဆွေ သူငယ်ချင်းများကို Streem Cloud Storage ကို အသုံးပြုဖို့ Email နဲ့ အကြံပြုဖိတ်ခေါ်မယ်ဆိုရင်တော့ စမ်းသပ်ကာလအတွင်းမှာပဲ အခမဲ့ အသုံးပြုခွင့်ရမှာဖြစ်သလို မိမိသိမ်းဆည်းလိုတဲ့ ဖိုင်များကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်ကာလ ကုန်ဆုံးလွန်မြောက်တဲ့ အချိန်မှာတော့ လပေးစနစ်အနေနဲ့ တစ်လကို ဒေါ်လာ ၂ဝ ပေး ဆောင် ရမှာဖြစ်ပါတယ်။
Streem Cloud Storage ကို စာရေးသူ ထင်မြင်ယူဆချက် ပေးရရင်တော့ ဒီစနစ်ဟာ သီချင်းနဲ့ ဖျော်ဖြေရေး ဂဏ္ဍ၊ ဗီဒီယိုနဲ့ အသံလွှင့် လုပ်ငန်းဂဏ္ဍ၊ သတင်း မီဒီယာဂဏ္ဍ၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ စတဲ့ ဒေတာအချက် အလက်ပေါင်း များစွာနဲ့ လုပ်ငန်းအတွက် ရပ်တည်လည်ပတ်ရတဲ့ အဖွဲ့ အစည်းများနဲ့ ယင်း လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းနေ တဲ့ တစ်ဦးတစ်ယောက် အတွက်သာ အလွန်အမင်း အသုံးဝင်ဖွယ်ရှိပါတယ်။ ရိုးရိုးသာမန် ကြုံရာကျပန်း သုံးစွဲမည့်သူ များကတော့ သီချင်းဖိုင်၊ ဗီဒီယိုဖိုင် နဲ့ အခြားဖိုင်ကို သုံးစွဲသူရဲ့ ကွန်ပျူ တာ၊ laptop နဲ့ အခမဲ့ ဝန်ဆောင်မှုပေးနေတဲ့ Dropbox နဲ့ OneDrive တို့လိုနေရာတွေမှာ သိမ်းဆည်းထားနိုင်မှာဖြစ်တာမို့ တစ်လကို ဒေါ်လာ ၂ဝ ပေးပြီး အသုံးပြုဖွယ်တော့ မရှိပါဘူး။ အကယ်၍သာ Streem က 20GB သို့မဟုတ် 30GB သို့မဟုတ် ယင်းတို့ထက်ပိုတဲ့ နေရာ လွတ်ပမာဏကို အခမဲ့ အသုံးပြုခွင့် ပေးခဲ့မယ်ဆိုပါက အတိုင်းထက် အလွန်ဖြစ်ပြီး သုံးစွဲသူဦးရေ တစ်မုဟုတ်ချင်း တိုးပွားလာ မှာဖြစ်ပါတယ်။ ဒါဆိုရင် Streem ဟာ ခဏတာ အချိန်အတွင်းမှာပဲ နာမည်ကျော်ကြား လူကြိုက်များလာဖွယ်ရှိပါတယ်။

https://streem.com/r/xrU1rP

TZ (MCG)

23/04/2014
23/04/2014

ေ၇ာင်း၊ဝယ်၊ငှား - ကွန်ဒို၊အိမ်ခြံမြေ၊ရုံးခန်းဆိုင်ခန်း၊စက်ရုံဂိုဒေါင်၊ကား

Address

Yangon
11131

Telephone

420220378

Alerts

Be the first to know and let us send you an email when ငှါးရန်ရှိသည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share