LightHarvest Myanmar -LHM

LightHarvest Myanmar -LHM LightHarvest Myanmar is a forward-thinking solar energy company committed to delivering clean.

11/02/2026

👉 လူကြီးမင်းတို့လိုအပ်ချက်များအတွက် Sun Suriya မှ အသင့်ရှိနေပါပြီ 🫶

🤩🤩🤩 အမှောင်ကိုခွင်း အလင်းကိုဆောင်ဖို့ Sun Suriya ကိုသုံးကျစို့ 🤩🤩🤩မကြာခင် ကျွန်တော်တို့ Page မှ နိုင်ငံတကာအဆင့်မှီနည်းပည...
08/02/2026

🤩🤩🤩 အမှောင်ကိုခွင်း အလင်းကိုဆောင်ဖို့ Sun Suriya ကိုသုံးကျစို့ 🤩🤩🤩

မကြာခင် ကျွန်တော်တို့ Page မှ နိုင်ငံတကာအဆင့်မှီနည်းပညာများနဲ့ ထုတ်လုပ်ဖြန့်ချီထားတဲ့ 640 watt Bifacial Solar Panel များ ရောင်းချသွားမှာ ဖြစ်ပါတယ်။

👉 လူကြီးမင်းတို့ရဲ့ စက်ရုံ ၊ အလုပ်ရုံ နှင့် အိမ်သုံး အင်ဗာတာများနှင့်ပါ တွဲဖတ်အသုံးနိုင်ပါတယ် ခင်ဗျာ 🫶

လူကြီးမင်းတို့အတွက် ချိုသာသော ဈေးနှုန်း မှန်ကန်သောအရေအသွေး စိတ်ချယုံကြည်ရသော အာမခံချက်များနှင့်အတူ လက်လီ/လက်ကား ရောင်းချပေးလျှက်ရှိပါတယ် ခင်ဗျာ

ဆက်သွယ်ဝယ်ယူမှု့များအား အောက်ပါဖုန်းနံပါတ် သို့ CB မှတဆင့် စုံစမ်းဝယ်ယူနိုင်ပါသည်။

၀၉ ၆၉၀၈၈၀၈၇၄



🙍‍♂️လိုအပ်ချက်များပြည့်စုံဖို့ SunSuriya Brand ကိုသုံးကြစို့🙍‍♂️✍️N Type , Mono - 590watt ပါဝါအထွက်အကောင်းဆုံး Solar Pan...
19/12/2025

🙍‍♂️လိုအပ်ချက်များပြည့်စုံဖို့ SunSuriya Brand ကိုသုံးကြစို့🙍‍♂️

✍️N Type , Mono - 590watt ပါဝါအထွက်အကောင်းဆုံး Solar Panels များ လက်လီ / လက္ကား ရောင်းချနေပါပြီနော်၊

🗣️ဈေးနှုန်းများကို Chatbox မှတဆင့် မေးမြန်းနိုင်ပါသည်။🧑‍💻




05/09/2025

ကျွန်တော်ဒီနေ့ Sharing လုပ်သွားမှာကတော့ Type Of Solar System ဖြစ်ပါတယ်

Solar System ကတော့ (၄) မျိုးရှိပါတယ်၊ ဘာတွေလည်းဆိုတော့ 👇

1. Direct Connected Solar Power System
2. On-Grid Solar Power System
3. Off-Grid Solar Power System
4. Hybrid Solar Power System တွေပဲဖြစ်ပါတယ်။

1/. Direct Connect Solar Power System - လို့ပြောရမယ်ဆိုရင်တော့ Solar နှင့် Load ကိုတိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုရတာပဲဖြစ်ပါတယ်။ သူ့မှာတော့ အခြား Protection Device တွေအနေနဲ့ Fuse တွေ Dis-Connecting Device တွေနဲ့တွဲဖတ်အသုံးပြီးတော့ Solar ကနေထွက်လာတဲ့ Power တွေကို Load စီကိုတိုက်ရိုက်ပို့ပေးတာဖြစ်ပါတယ်။ ဘယ်လိုအရာတွေကိုသုံးလည်းဆိုရင်တော့ 👇

ဥပမာ - DC Motor Water Pump (လယ်ကွင်းတွေမှာရေတင်စနစ်) တွေဖြစ်ပါတယ်။

အဲ့တော့ DC ရေမော်တာတွေကို မောင်းမယ်ဆိုရင် DC Voltage သက်မှတ်ချက်အတိုင်းဖြစ်အောင် Solar Panel တွေကို Series (or) Parallel ချိတ်ဆက်ပြီး လိုအပ်သလို Install လုပ်ပေးရပါမယ်။ ဒါပေမယ့် နောက်ပိုင်းမှာက ရေတင်ဖို့ Solar Inverter DC Pump တွေထွက်ရှိနေပါပြီ။

2/. On-Grid Solar Power System - ဆိုတာကတော့ Solar Power နဲ့ချိတ်ဆက်ထားသလို EPC နဲ့လည်းချိတ်ဆက်လို့ရတဲ့ စနစ်ဖြစ်တယ်။ Battery နဲ့တော့ပါဝင်ချိတ်ဆက်ထားခြင်းမရှိပါဘူး။

သူမှာအဓိကပါဝင်တဲ့ Component တွေကတော့ 👇
1/. Solar panel
2/. On-Grid Inverter သီးသန့်ပါ ပါ့မယ်
3/. By-Directinal တွေပါဝင်မှာဖြစ်ပါတယ်။

သူ့ System အလုပ်လုပ်ပုံကတော့ ပုံမှန်အသုံးပြုမယ့် Power တွေကို Solar ကနေယူသုံးမယ်၊ Solar ကနေမနိုင်လို့ လိုအပ်မယ့် Power တွေကို EPC ကနေဆွဲသုံးမယ်။ နောက်တစ်ခုက ကိုယ်သုံးမယ့် Load ထက် Solar ကထွက်လာတဲ့ Power တွေက ပိုနေမယ်ဆိုရင် Net-Meter တွေကတဆင့် EPC ကိုပြန်ရောင်းချလို့ရတယ်။ (ထွက်လာမယ့် ယူနစ်တွေကို ပြန်ရောင်းလို့ရတယ်ပေါ့)

အဓိက On-Grid Solar Power System ရဲ့ ရည်ရွယ်ချက်က လစဉ်ပေးဆောင်နေရတဲ့ မီတာခတွေကို / မီတာဆောင်ရတာ သက်သာအောင် အသုံးပြုတဲ့ စနစ်ပဲဖြစ်ပါတယ်။

3/. Off-Grid Solar Power System - ကတော့ EPC နဲ့ချိတ်ဆက်ထားခြင်းမရှိဘူး၊ သူကတော့ သီးချားရပ်တည်နေတဲ့ Solar System ပဲဖြစ်တယ်။ နောက်တစ်မျိုးခေါ်တာတော့ "Stand Alone Solar Power System" လို့ခေါ်ပါတယ်။

သူ့မှာအဓိကပါဝင်တဲ့ Component တွေကတော့👇
1/. Solar Panel
2/. Solar Controller
3/. Off-Grid Inverter
4/. Battery တွေပါဝင်မှာဖြစ်ပါတယ်။

Off-Grid နဲ့ Hybrid ကတူနေပေမယ့် ကွဲပြားတာတွေရှိပါတယ်။ Off-Grid ကတော့ EPC မီးနဲ့ချိတ်ဆက်စရာမလိုသလို။ ချိတ်ဆက်တဲ့ဟာလည်းမပါပါဘူး။ သူကတော့ DC ကနေ AC ကိုပြောင်းပေးတဲ့ Inverter အမျိုးအစားတွေပေါ့နော်။
Off-Grid System ကိုတော့ လုံးဝ EPC မီး မရတဲ့ နေရာ / ဒေသတွေမှာ အသုံးပြုကျပါတယ်။ တနေကုန် ဆိုလာကနေရတဲ့ Power ကို Battery ကို အားသွင်းမယ်။ Load သုံးချိန် Solar Power နည်းနေပြီ AC Power လိုအပ်လာမယ်ဆို Battery ကနေထုတ်သုံးမယ်ပေါ့။

4/. Hybrid Solar Power System - ကတော့ ကျွန်တော်တို့ နိုင်ငံမှာ အများဆုံးအသုံးပြုနေတဲ့ System ပဲဖြစ်ပါတယ်။ သူကိုဘာလို့ Hybrid Solar Power System လို့ခေါ်ရလည်းဆိုရင်တော့ Off-Grid ပုံစံကော / On-Grid ပုံစံကော နှစ်မျိုးလုံးအလုပ်လုပ်ပေးတဲ့စနစ်မလို့ Hybrid လို့ခေါ်ကျတာဖြစ်ပါတယ်။

Hybrid မှာတော့ Solar Controller စနစ်ကို Build-in ပါဝင်ပြီးသားဖြစ်ပါတယ်။ သူကိုတော့ Solar နဲ့လည်းချိတ်ဆက်တယ် / EPC နဲ့လည်းချိတ်ဆက်တယ် / Battery နဲ့လည်းချိတ်ဆက်အသုံးပြုလို့ရပါတယ်။

သူရဲ့ System အလုပ်လုပ်ပုံကတော့ 👇
နေ့ဘက်မှာ အဓိကကိုယ်သုံးမယ့် Load ကို Solar ကနေယူသုံးသွားမယ်ပေါ့၊ နောက်ပြီးတော့ နေ့ဘက်မှာ ကိုယ်သုံးမယ့် Load ထက် Solar Power ကနည်းနေပြီး Power လိုအပ်နေဦးမယ်ဆိုရင် အဲ့ချိန်အချိန်မှာ EPC နဲ့ချိတ်ထားမယ် EPC မီးလာနေတယ်ဆိုရင်၊ လိုအပ်နေမယ် Power ကို EPC မီးနေဆွဲသုံးသွားမှာဖြစ်ပါတယ်။

အဲ့တော့ အတိုချုံးပြောရရင် ...... လိုအပ်မယ့် Load ကို Solar ကသုံးမယ် မလောက်ရင် EPC ကလည်းသုံးမယ်ပေါ့၊

အဲ့တော့ နောက်ဆုံး Solar Power ကလည်း မရ (ဥပမာ - မိုးအုံ့လို့ / တိမ်ထူလို့ / မိုးရွာလို့)၊ EPC မီးကလည်း မလာ ဖြစ်နေတယ်ဆိုရင်တော့၊ သူက ချိတ်ဆက်ထားတဲ့ Battery ကနေ လိုအပ်မယ့် Power ကိုယူသုံးတော့မှာ၊ ပြောရမယ်ဆိုရင် Off-Grid ပုံစံနဲ့တူသွားပြန်ရော။

ဒါပေမယ့် ဒီနေရာတစ်ခုရှိတာက On-Grid မှာပိုနေတဲ့ Power တွေကို Net-Meter တွေကတဆင့် EPC ကိုပြန်ရောင်းချလို့ရပေမယ့်၊ ဒီ Hybrid System မှာက ပိုနေတဲ့ Power တွေက Battery ထဲရောက်သွားမှာဖြစ်ပါတယ်။ Solar ကနေပဲဖြစ်ဖြစ်၊ EPC ကနေပဲဖြစ်ဖြစ် ပိုနေတဲ့ Power တွေကို Battery ထဲ Charging စနစ်အဖြစ်အားသွင်းပေးနေမှာပဲဖြစ်ပါတယ်။

သင်ဆရာ, မြင်ဆရာ, ကြားဆရာများအား ဦးခိုက်ရင်း 🙏🙏🙏

ရေးသားသူ

LHM




Which it Can & Can’t use in Solar System၁) Battery ကိုအားသွင်းဖို့ဘာတွေလိုမလည်း?Solar Panel ကထွက်တဲ့ Voltage / Current က...
05/09/2025

Which it Can & Can’t use in Solar System

၁) Battery ကိုအားသွင်းဖို့ဘာတွေလိုမလည်း?

Solar Panel ကထွက်တဲ့ Voltage / Current ကို Solar Charger Controller (MPPT (Maximum Power Point Tracking) / PWM (Pulse Width Modulation)) နဲ့ ချိန်ပြီး LifePO4 Battery ထဲကိုအားသွင်းနိုင်တယ်။

Battery က LifePO4 ဖြစ်လို့ Controller မှာ Lithium Setting သေချာထည့်ပေးရပါမယ်။

၂) Load ကို တိုက်ရိုက်သုံးလို့ရလား?

Controller တချို့ က (Specially MPPT) တွေမှာ DC Load Output ရှိတယ် → အဲ့ဒီကနေ 12V / 24V DC Light, CCTV, Router တို့ကိုတိုက်ရိုက်အသုံးပြုလို့ရတယ်။
ဥပမာ → DC to DC Load ဖြစ်နေလို့ရယ်၊ DC ဖြစ်တဲ့ပစ္စည်းတွေသုံးလို့ရတယ်‌‌ပြောတာပါ။

ဆိုလိုရင်းက AC Load (Fridge, Aircon, Laptop Charger, TV) တွေကိုတော့ တိုက်ရိုက်အသုံးပြုလို့မရဘူး × → အဲ့ဒါအတွက်ဆိုရင်တော့ Inverter လိုအပ်ပါမယ်။

အကျဥ်းချုပ်အနေနဲ့ ပြောရရင် →

֍ Solar Panel + Controller + LifePO4 Battery → ဒီအတွက် Battery အားသွင်းရုံ
֍ DC Load သေးသေး (12V / 24V) → Controller မှ Load Port ကနေတိုက်ရိုက်အသုံးပြု
֍ AC Load (220V) ဆိုလျှင် → Inverter မပါလျှင် မရပါ။

သင်ဆရာ, မြင်ဆရာ, ကြားဆရာများအား ဦးခိုက်ရင်း 🙏🙏🙏

ရေးသားသူ

LHM




05/09/2025

ကျွန်တော်ဒီနေ့တော့ Solar ပိုင်းမှာလိုအပ်မည့်အကြောင်းအရာလေးကိုမျှဝေချင်ပါတယ်။

🔋Battery အိုးတစ်လုံးကို အားသွင်းလျှင် မည်မျှကြာနိုင်မည်နည်း?

Ampere မည်မျှဖြင့်အားသွင်းလျှင် အချိန်မည်မျှကြာနိုင်မည်နည်း?

ဥပမာ - 200Ah x 51.2V Lithium LifePO4 Battery အိုးတစ်လုံးကိုအသုံးပြုမည်ဆိုပါစို့

200Ah x 51.2V = 10,240 w/hrကိုရရှိပါမယ်

👉 Battery အိုးတစ်လုံးကို ပုံမှန်အားဖြင့် 100% သုံးမယ်လို့တွက်ချက်လို့မရပါဘူး။ အမြဲ Depth of Discharge (DOD) 20% ကိုချန်ပေးထားရပါမယ်။

အဲ့တော့ .......

Battery ရဲ့ ရလာတဲ့ watt/hr ကို 20% နုတ်ယူလိုက်ပါ

10,240 x 0.8 = 8190 watt/hr ရရှိပါလိမ့်မယ်။

👉 Ampere မည်မျှဖြင့်အားသွင်းလျှင် အချိန်မည်မျှကြာနိုင်မည်နည်း?

Watt/hr á battery Voltage
8192 á 51.2
= 160 ampere (တစ်နာရီ အားသွင်းရန် 160 amp လိုအပ်မှာဖြစ်ပါတယ်)

အဲ့တော့ ကျွန်တော်တို့ ၄ နာရီအားသွင်းမည်ဆိုပါက ၎င်းရရှိလာသော Amp ကို လိုအပ်သည့်နာရီဖြင့် စားလိုက်ပါ။ 👇

Example:-

- Amp á hours
- 160 á 4
= 40 Amp လိုအပ်မှာဖြစ်ပါတယ်။

👉 Solar Panel နဲ့ အားသွင်းရင်ကော အချိန်ဘယ်လောက်ကြာမှာလည်း / Capacity မည်မျှလိုမှာလည်း?

Lithium LifePO4 Battery (80% DOD) - 8,192 Watt/hr

✍️ မိမိအသုံးပြုမည့် ဆိုလာရဲ့ watt နှင့် quantity ကိုသိရပါမယ်

ဥပမာ - Jinko mono 500 watt ကိုသုံးမည်ဆိုပါစို့ 👇

Lithium LifePO4 Battery (watt/hr) á Solar Capacity (Watt)

👉 8,192 ÷ (500 x 4 = 2000)
👉 8,192 ÷ 2000
👉 4.1 hours အားသွင်းရန် လိုအပ်မှာဖြစ်ပါတယ်။

✍️ ယခု တွက်ချက်ထားတဲ့ theory ကတော့ Solar မှ တိုက်ရိုက်ထွက်လာတဲ့ DC Power ကို Battery သို့အားသွင်းမှာဖြစ်ပါတယ်။

တစ်ခုသတိထားရမှာက ......

မိမိ အိမ်မှာ အခြားသောသုံးစွဲမှု့များရှိပါက ထွက်ရှိလာမည့် DC Power သည် သုံးစွဲနေသည့် Load များကိုပါ မျှပေးရသည့်အတွက် အထက်ပါ တွက်ချက်ချိန်ထက် အားသွင်းချိန်မှာ ပိုပြီး ကျန့်ကြာနိုင်မှာဖြစ်ပါတယ်။

သင်ဆရာ, မြင်ဆရာ, ကြားဆရာများအား ဦးခိုက်ရင်း 🙏🙏🙏




ဘိလပ်မြေ 50KG များ၊ Sanitary Ware များ နှင် Gypsum Board 8' x 4' (9ml) Regular type / Moisture type များ ရရှိနိုင်ပါသည်။...
05/08/2025

ဘိလပ်မြေ 50KG များ၊ Sanitary Ware များ နှင် Gypsum Board 8' x 4' (9ml) Regular type / Moisture type များ ရရှိနိုင်ပါသည်။

E-Scooter များလည်းမှာယူနိုင်ပါပြီ

လိုအပ်ပါက CB မှဆက်သွယ်မှာယူနိုင်ပါသည်။

02/08/2025
01/08/2025

🔜🔜🔜 SOLAR PANELS 🔜🔜🔜

* 💯 Quality မှာဆိုကောင်း ✔️
* 💯 အာမခံဆိုလည်း သေချာ ✔️
* 💯 After Sales လည်းယုံကြည်ရမည့် ✔️

✴️ Solar Panels ✴️

- Mono crystallline N type solar panel (590 watts & 610 watts)
- Bifacial (630 watts) များကို လူကြီးမင်းတို့ Project များ၊ Retail နှင့် Wholesaler များအတွက် မကြာမှီ တင်သွင်းရောင်းချပေးမှာဖြစ်ပါတယ်။

ဈေးနှုန်း နှင့် Project အတွက်လိုအပ်မည့် Solar Accessoires မှာကိုလည်း CB တွင်မေးမြန်းစုံစမ်းနိုင်ပါသည်။ 📥📥📥

Address

Thingyangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when LightHarvest Myanmar -LHM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share