MNA - Business Advisory & Consulting

MNA - Business Advisory & Consulting Empowering businesses with trusted expertise in Financial, Risk, Tax & Governance Advisory for growth and compliance.

20/04/2026

“Accuracy builds credibility. Consistency builds reputation.”

Small details create big trust. Start your week with accuracy, integrity, and purpose — because every number matters.

Audit&Assurance

𝐂𝐫𝐞𝐝𝐢𝐭 𝐑𝐚𝐭𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 𝐟𝐨𝐫 𝐭𝐡𝐞 𝐁𝐚𝐧𝐤𝐬 𝐚𝐧𝐝 𝐍𝐁𝐅𝐈𝐬 - 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫Myanmar Banking & Finance Academy (MBFA) ရဲ့ ပထမဆုံးသော Webin...
19/04/2026

𝐂𝐫𝐞𝐝𝐢𝐭 𝐑𝐚𝐭𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 𝐟𝐨𝐫 𝐭𝐡𝐞 𝐁𝐚𝐧𝐤𝐬 𝐚𝐧𝐝 𝐍𝐁𝐅𝐈𝐬 - 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫

Myanmar Banking & Finance Academy (MBFA) ရဲ့ ပထမဆုံးသော Webinar လေးမှာ Bank တွေနဲ့ NBFI တွေမှာရှိတဲ့ ချေးငွေ Lending Products များအတွက် Internal Credit Rating System (ICRS) ကို အသုံးပြုရင် ဘာတွေ စဉ်းစားရမလဲ၊ ဘယ်လို ဆောင်ရွက်ရမလဲ၊ Internal Credit Rating System က ဘယ်လိုနေရာတွေမှာ အရမ်းကို အရေးကြီး လိုအပ်လဲ ဆိုတာကို သိချင် နားလည်ချင်တဲ့ Banker များ၊ Finance Professional များနဲ့ အခြားသော လေ့လာနေသူများ အတွက် ဒီ Webinar လေး လာပါ့မယ်နော်

စိတ်ဝင်စားသူများ၊ တက်ရောက်ချင်သူများ ဒီ Link မှာ Registration ပြုလုပ်ပြီး Free FOC တက်ရောက်နိုင်ပါပြီခင်ဗျာ


Registration Link

https://docs.google.com/forms/d/e/1FAIpQLScoU4SNYrZFEc1CHAQeHvX-862mod8944XXW7TsX97d6Ss1ag/viewform?usp=publish-editor




💦 မဟာ သင်္ကြန်ကာလအတွင်းမှာ ကျွန်တော်များ MNA / Myat & Associates မိသားစုများရဲ့ လှူဒါန်းခဲ့တဲ့ စတုဒီသာ အလှူလေးတွေပါ ခင်ဗ...
18/04/2026

💦 မဟာ သင်္ကြန်ကာလအတွင်းမှာ ကျွန်တော်များ MNA / Myat & Associates မိသားစုများရဲ့ လှူဒါန်းခဲ့တဲ့ စတုဒီသာ အလှူလေးတွေပါ ခင်ဗျာ

ကျေးဇူးရှင် Clients များ၊ မိတ်ဆွေများနဲ့ လုပ်ဖော်ကိုင်ဘက်များအားလုံး ကုသိုလ်ထပ်တူရကြပါစေ လို့ ကုသိုလ်အမျှဝေပါတယ် ခင်ဗျာ 🙏

နှစ်သစ်ကိုတော့ ခွန်အားအပြည့် အားမာန်အပြည့်နဲ့ Clients တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ဆက်လက်ကြိုးစား ချီတက်ပါ့မယ် ခင်ဗျာ 🙏

#နှစ်ဦးအလှူ

&Associates

04/02/2026

🏢 About Us | MNA Limited & Myat & Associates (M&A)

MNA Limited and Myat & Associates (M&A) are multi-disciplinary professional service firms based in Yangon and Mandalay, delivering coordinated and reliable solutions to support your business growth.

💼 Our Services

We provide comprehensive services in:

✅ Audit & Assurance
✅ Accounting & Financial Reporting
✅ IFRS Implementation & Advisory
✅ Business Taxation
✅ Legal & Corporate Secretarial Services
✅ Governance, Risk & Compliance
✅ Management Consulting & Business Advisory

🌱 Who We Serve
We proudly serve small and medium-sized enterprises, public companies, non-profit organizations, and growing businesses across various industries.

👥 Our Strength
Led by experienced professionals and subject matter experts, supported by a passionate team of well-trained accountants, we are committed to delivering high-quality, practical, and reliable solutions.

🎯 Our Commitment
We help organizations navigate complex business and regulatory environments while driving operational efficiency, sustainable growth, and long-term success — with integrity and professionalism at the heart of everything we do.

☎️Contact Us

📞 Phone: 09 444 809 689 | 09 767 170 613

📧 Email: [email protected]

🌐 Website: www.mna-assurance.com



🎉 MNA Mandalay Branch – Opening Soon!MNA will soon be opening our Mandalay Branch Office, bringing our professional serv...
01/02/2026

🎉 MNA Mandalay Branch – Opening Soon!

MNA will soon be opening our Mandalay Branch Office, bringing our professional services even closer to our clients in Upper Myanmar.

This upcoming expansion reflects our commitment to provide stronger local support, closer engagement, and the same high professional standards you trust.

🙏 We would like to extend our sincere thanks to our clients, partners, and dedicated team for your continued trust and support. Your confidence in us inspires our growth and motivates us to serve you better every day.

🏢Address : No. 55, Tower 10, Ground Floor, Garden City Complex, Near 74 Street & Tanhkyun-Taing Roundabout, PyiGyiTagon Township, Mandalay

📞 Contact: 09 444 809 689 | 09 767 170 613

🌐 www.mna-assurance.com




31/12/2025

✨🎉 Happy New Year 2026 🎉✨

2026 နှစ်သစ်မှစပြီး ကျွန်တော်များ MNA / Myat & Associates - Accounting Firm/ Audit Firm / Advisory Firm ကို
အမြဲတမ်း ယုံကြည်စွာ လက်တွဲပံ့ပိုးပေးခဲ့ကြသော
လေးစားရပါသော ကျေးဇူးရှင် Clients များ၊ မိတ်ဆွေများ အားလုံး

ကိုယ်ကျန်းမာ 💪 စိတ်ချမ်းသာ 😊
ပျော်ရွှင်မှုများ ပြည့်ဝပြီး
လုပ်ငန်းများ တိုးတက်အောင်မြင်တဲ့
အောင်မြင်မှုအပြည့်ရှိသော 2026 နှစ်တစ်နှစ် ကို
ပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်များ MNA / Myat & Associates မိသားစုများမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် 🙏✨




အားလုံးတွက် သာယာပျော်ရွှင်ဖွယ်ရာ Christmas အချိန်အခါလေး ဖြစ်ပါစေ ⛄️🎄
25/12/2025

အားလုံးတွက် သာယာပျော်ရွှင်ဖွယ်ရာ Christmas အချိန်အခါလေး ဖြစ်ပါစေ ⛄️🎄

ဘဏ်တွေနဲ့ အများပိုင် ကုမ္ပဏီတွေမှာ ထုတ်လေ့ရှိတဲ့ Renounceable Right Share Issue ဆိုတာဘာလဲ ?========================၁။ Ri...
21/12/2025

ဘဏ်တွေနဲ့ အများပိုင် ကုမ္ပဏီတွေမှာ ထုတ်လေ့ရှိတဲ့ Renounceable Right Share Issue ဆိုတာဘာလဲ ?

========================

၁။ Right Issue ဆိုတာဘာလဲ?

ကုမ္ပဏီတစ်ခုဟာ လုပ်ငန်းချဲ့ထွင်ရန် သို့မဟုတ် လုပ်ငန်းရန်ပုံငွေလိုအပ်လာသောအခါ Private Placement သို့မဟုတ် Public Offering အနေဖြင့် ရှယ်ယာအသစ်များ ထုတ်ဝေလေ့ရှိပါတယ်။ ထိုသို့ထုတ်ဝေရာတွင် လက်ရှိရှယ်ယာရှင်များကို ၎င်းတို့ပိုင်ဆိုင်သည့် ရှယ်ယာအချိုးအစားအတိုင်း Pro-Rata Basis ဖြင့် ဦးစားပေးဝယ်ယူခွင့်ပေးခြင်းကို Right Issue (သို့) အခွင့်အရေးပေးရှယ်ယာ ဟုခေါ်ပါတယ်။

ပုံမှန်အားဖြင့်ထိုရှယ်ယာများကို ဈေးကွက်ပေါက်ဈေးထက် သက်သာသည့်ဈေး (Discount Price) ဖြင့် ရောင်းချပေးလေ့ရှိပါတယ်။ ယခင်ဈေး Par Value အတိုင်း ရောင်းချခြင်းများလည်း ရှိနိုင်ပါတယ်။

---------------------------------------

၂။ "Renounceable" ဆိုတာဘာလဲ?

"Renounceable" ဆိုသည်မှာ ရရှိထားသော ဦးစားပေးဝယ်ယူခွင့်ကို စွန့်လွှတ်ခွင့် သို့မဟုတ် အခြားသူထံ လွှဲပြောင်းရောင်းချခွင့် ရှိခြင်းကို ဆိုလိုပါတယ်။

ရှယ်ယာရှင်တစ်ဦးအနေဖြင့် Company မှ ထုတ်ဝေသော Renounceable Right Issue နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ရွေးချယ်စရာ Options (၃) မျိုး ရှိလာပါတယ် -

ဝယ်ယူခြင်း (Exercise) : သတ်မှတ်ထားသော သက်သာသည့်ဈေးဖြင့် ရှယ်ယာအသစ်များကို Exercise ဝယ်ယူခြင်း။

ရောင်းချခြင်း (Renounce/Sell) : ငွေမစိုက်ထုတ်လိုပါက (သို့မဟုတ်) မဝယ်ယူလိုပါက ထို "ဝယ်ယူခွင့်" ကို စတော့ဈေးကွက်တွင် အခြားသူများအား ပြန်လည်ရောင်းချနိုင်ခြင်း။

ဘာမှမလုပ်ဘဲ ထားလိုက်ခြင်း(Lapse) : ဤနည်းသည် ရှယ်ယာရှင်၏ ပိုင်ဆိုင်မှု၏တန်ဖိုးကို Dilution လျော့နည်းသွားစေနိုင်ပြီး မိမိ၏ Right ကိုလည်း ဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။

--------------------------------------

၃။ Renounceable Right Shares ၏ ထူးခြားချက်များ

Renounceable Right Shares ၏ ထူးခြားချက်များမှာ

- ရည်ရွယ်ချက် : ကုမ္ပဏီအတွက် အရင်းအနှီးအသစ်ရှာဖွေရန်။
- ဈေးနှုန်း : လက်ရှိပေါက်ဈေးထက် သက်သာစွာ ဝယ်ယူခွင့်ရခြင်း (သို့မဟုတ်) လက်ရှိပေါက်ဈေးအတိုင်း ဝယ်ယူခွင့် ရရှိခြင်း။
- လွှဲပြောင်းနိုင်မှု : မိမိမဝယ်ယူလိုပါက အခြားသူများအား ဈေးကွက်မှတစ်ဆင့် ရောင်းချနိုင်ခြင်း။
- အချိုးအစား : ၁:၁ သို့မဟုတ် ၅:၁ စသည်ဖြင့် မိမိပိုင်ဆိုင်သည့် ရှယ်ယာအရေအတွက်အပေါ် မူတည်၍ Pro-Rata အလိုက် ခွဲဝေရရှိခြင်း။

--------------------------------------

၄။ ဥပမာ ရှင်းလင်းချက်

ကုမ္ပဏီတစ်ခုမှာ ရှယ်ယာ ၁၀၀ ရှိတယ်ဆိုပါစို့။ ကုမ္ပဏီက "၁ for ၁ Renounceable Right Issue" ကို တစ်စုလျှင် ၁,၀၀၀ ကျပ်ဖြင့် ထုတ်ဝေလိုက်ပြီး ထိုအချိန်က ပေါက်ဈေးမှာ ၁,၅၀၀ ကျပ် ဖြစ်နေတယ် ဆိုပါစို့။

ရှယ်ယာ ၁၀ စု ပိုင်ဆိုင်သော အစုရှယ်ယာရှင်သည် တစ်စုကို Pro-Rata Ratio အရ (သို့မဟုတ်) Preemptive Right အရ ၁,၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူပိုင်ခွင့် ရရှိပါမယ်။

သက်ဆိုင်ရာ အစုရှယ်ယာရှင်သည် ငွေမစိုက်ထုတ်လိုပါက သို့မဟုတ် မဝယ်ယူလိုပါက ထို "၁၀ စု ဝယ်ယူခွင့်" ကို ဈေးကွက်တွင် အခြားသူတစ်ဦးအား ရောင်းချလွဲပြောင်းပေးလိုက်နိုင်ပါတယ်။

ဝယ်ယူသူသည် ယခင်ရှယ်ယာရှင်ထံမှ အခွင့်အရေးကို ဝယ်ယူပြီး ကုမ္ပဏီထံတွင် ရှယ်ယာများ ဝယ်ယူရမှာ ဖြစ်ပါတယ်။

--------------------------------------

၅။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိထားသင့်သည်များ

မိမိတို့၏ ပိုင်ဆိုင်မှု အချိုးအစား လျော့နည်းခြင်း (Dilution) : အကယ်၍ အစုရှယ်ယာရှင် အနေဖြင့်Right Shares ကိုမဝယ်၊ အခွင့်အရေးကိုလည်း မရောင်းချဘဲထားပါက ကုမ္ပဏီအတွင်း ပိုင်ဆိုင်မှုအချိုးအစား (မဲပေးပိုင်ခွင့် အစရှိသည့်) Dilution လျော့နည်းသွားမည် ဖြစ်ပါတယ်။

အနှစ်ချုပ် အနေဖြင့် Renounceable Right Shares ဆိုသည်မှာ ရှယ်ယာရှင်ဟောင်းများအတွက် ကုမ္ပဏီမှပေးအပ်သော "ဝယ်ယူခွင့် အခွင့်အရေး" ဖြစ်ပြီး၊ ထိုအခွင့်အရေးကို ကိုယ်တိုင်အသုံးမပြုလိုပါက အခြားသူများအား ပြန်လည်ရောင်းချနိုင်သည့် အမျိုးအစား ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးများနဲ့တစ်ကွ တိုင်းရင်းသား လူမျိုးစုများအားလုံး ကရင်နှစ်သစ်ကူးနေ့မှ စတင်...
19/12/2025

မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးများနဲ့တစ်ကွ တိုင်းရင်းသား လူမျိုးစုများအားလုံး ကရင်နှစ်သစ်ကူးနေ့မှ စတင်၍ ကျန်းမာခြင်းသုခ၊ ချမ်းသာခြင်းသုခများနဲ့ ပြည့်စုံကြပါစေကြောင်း MNA Audit & Assurance မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Address

No. 345, 7 Floor, Pazungdaung Condo, 3 Ward, Lower Pazundaung Road, Pazundaung Township
Yangon

Alerts

Be the first to know and let us send you an email when MNA - Business Advisory & Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share