FCS Group Of Companies

Website

FCS Group Of Companies Your Growth is Our Goal!

ကုန်သွယ်မှုလောကသို့ ခြေလှမ်းစတင်ချင်သူများအတွက် သတင်းကောင်း! 🚀လက်ရှိ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနဲ့ တိုးတက်မှုအမြန်...
05/10/2026

ကုန်သွယ်မှုလောကသို့ ခြေလှမ်းစတင်ချင်သူများအတွက် သတင်းကောင်း! 🚀

လက်ရှိ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးနဲ့ တိုးတက်မှုအမြန်ဆုံးဖြစ်တဲ့ Export/Import & Supply Chain Management နယ်ပယ်ထဲကို ဘယ်ကစလို့ စတင်ရမလဲ မသိဖြစ်နေပါသလား?

ဒါဆိုရင်တော့ နားလည်ရလွယ်ကူပြီး စနစ်တကျ လေ့လာနိုင်မယ့် "Fundamental Export Import Class" အထူး Zoom Class လာပါပြီခင်ဗျာ

💡 သင်တန်းမှ ပို့ချသွားမည့် သင်ခန်းစာများ (Course Outline)
၃ ရက်တည်းနဲ့ ကုန်သွယ်မှုဆိုင်ရာ အခြေခံအုတ်မြစ်များကို ပြည့်ပြည့်စုံစုံ သိရှိသွားစေမည့် ခေါင်းစဉ်များ -

Introduction to International Trade
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး မိတ်ဆက်

Basic Export Import Procedures
ပို့ကုန်/သွင်းကုန် လည်ပတ်လုပ်ကိုင်မှု အခြေခံအဆင့်ဆင့်

Export Import‘s (3P)
မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဥ်များ

Documents Handling
ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်း ပြုစုခြင်းနှင့် စီမံကိုင်တွယ်ခြင်း

Introduction to Logistics Management
ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှု မိတ်ဆက်

What is Supply Chain?
ကွင်းဆက်ထောက်ပံ့ချိတ်ဆက်မှု သင်ခန်းစာများ

🎯 မည်သူတွေ တက်ရောက်သင့်သလဲ?

အခြေခံလိုအပ်သူများ
ကျောင်းသား / ကျောင်းသူများ
လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ

📅 သင်တန်းအသေးစိတ် (Schedule Details)
ရက်စွဲ: ၂၀၂၆ အောက်တိုဘာ ၂၈၊ ၂၉၊ ၃၀ ရက် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)

အချိန်: ည ၇:၀၀ နာရီမှ ၉:၀၀ နာရီအထိ

သင်တန်းကြေး: ၂၀၀,၀ဝ၀ ကျပ်
🎁 (ဦးဆုံး အပ်နှံသူ အယောက် ၂၀ အတွက် Early Bird 50% Off discount)

သင်ကြားမည့်နေရာ - Zoom Online Class

📞 ဆက်သွယ်ရန်နှင့် စုံစမ်းရန်
ဖုန်း: 09 698 229 022, 09 698 228 022
Hotlines: 09 965 250 401, 09 880 896 159

ရုံးခန်းလိပ်စာ: အမှတ်(၈)၊ အခန်း(၅၀၅၊ ၅၀၆)၊ (၅)လွှာ၊ ပန်းခြံတာဝါ၊ ဗားကရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ မြေနီကုန်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Export လုပ်ငန်းရှင်များ အဓိက သတိထားရမယ့်အချက်တွေကတော့—၁။ Buyer ကို Due Diligence လုပ်ပါBuyer က တကယ်ရှိတဲ့ Company ဖြစ်မဖ...
04/10/2026

Export လုပ်ငန်းရှင်များ အဓိက သတိထားရမယ့်အချက်တွေကတော့—

၁။ Buyer ကို Due Diligence လုပ်ပါ

Buyer က တကယ်ရှိတဲ့ Company ဖြစ်မဖြစ် စစ်ဆေးပါ။

Company Registration၊ Website၊ Trade References ရယူပါ။

အကြီးစား Order ဆိုရင် Credit Report စစ်ပါ။

Sanction List (OFAC, UN စသည်) ထဲမှာ မပါကြောင်း စစ်ဆေးပါ။

၂။ Sales Contract ကို သေချာချုပ်ပါ

Contract ထဲမှာ အနည်းဆုံး ပါသင့်တာတွေက

Product Specification
Quantity
Price
Incoterms (FOB, CIF, CFR, EXW…)
Shipment Date
Payment Terms
Inspection
Arbitration
Force Majeure

၃။ Payment Risk ကို လျှော့ချပါ

အစပိုင်း Customer အသစ်တွေနဲ့
LC (Letter of Credit)
Advance TT
DP (Documents against Payment)တို့လို ပိုလုံခြုံတဲ့ Payment Method ကို အသုံးပြုသင့်ပါတယ်။

၄။ Export Documents မှန်ကန်ရမယ်

စာရွက်စာတမ်းတစ်ခုခု မှားရင် Customs Delay ဖြစ်နိုင်ပါတယ်။

Commercial Invoice
Packing List
Sales Contract
Bill of Lading (BL)
Certificate of Origin (CO)
Export Declaration
Export License (လိုအပ်လျှင်)
SPS / Phytosanitary / Health Certificate (ကုန်ပစ္စည်းအလိုက်)
Insurance Certificate (လိုအပ်လျှင်)

၅။ HS Code ကို မှန်အောင်သတ်မှတ်ပါ

HS Code မှားရင်
Duty မှားနိုင်တယ်
Customs Fine ရနိုင်တယ်
Import Country မှာ Clearance Delay ဖြစ်နိုင်တယ်။

၆။ Import Country Regulations ကို စစ်ပါ

နိုင်ငံတိုင်းမှာ စည်းမျဉ်းမတူပါ။

FDA Registration
Food Safety
Halal
CE Mark ( European Conformity)
REACH ( Registration, Evaluation, Authorization and Restriction of Chemical )
Phytosanitary
Labeling Requirement

တို့လို သတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်။

၇။ Packaging ကို စံနှုန်းအတိုင်းလုပ်ပါ

Export Carton Quality
Pallet Standard
Moisture Protection
Shipping Marks
Barcode
Country of Origin Label

၈။ Freight Forwarder ကောင်းရွေးချယ်ပါ

Forwarder ကောင်းတစ်ယောက်က

Booking
Customs Clearance
BL
Shipping Schedule
Insuranceတွေကို ကူညီပေးနိုင်ပါတယ်။

၉။ Cargo Insurance ထားရပါမည်

Sea Freight မှာContainer ပျောက်ခြင်း ၊ မီးလောင်ခြင်း ၊ ရေဝင်ခြင်း ၊ Damageဖြစ်နိုင်တဲ့အတွက် Insurance ထားသင့်ပါတယ်။

၁၀။ Currency Risk

USD, EUR, JPY Rate ပြောင်းလဲနိုင်တဲ့အတွက် Exchange Rate , Payment Date ,Bank Chargesတွေကို ကြိုတင်တွက်ချက်ထားပါ။

၁၁။ Export Compliance

မြန်မာနိုင်ငံက Export လုပ်မယ်ဆိုရင်

Exporter/Importer Registration
လိုအပ်သည့် Export License
Customs Declaration (CUSDEC)
Supporting Documents တွေကို သတ်မှတ်ချက်အတိုင်း တင်ပြရပါတယ်။

၁၂။ Record Keeping

ED
IL
Contract
Invoice
Packing List
BL
Payment Slip
Email
Inspection Report

Exporter တစ်ယောက်ရဲ့ Golden Checklist ✅

* Buyer ကို Verify လုပ်ပြီးပြီလား။
* Contract လက်မှတ်ရေးထိုးပြီးပြီလား။
* Payment Method လုံခြုံလား။
* HS Code မှန်လား။
* Export License လိုသလား။
* Commercial Invoice နဲ့ Packing List ကိုက်ညီလား။
* Certificate of Origin လိုသလား။
* Freight Forwarder Confirm ဖြစ်ပြီးလား။
* Cargo Insurance ရှိလား။
* Shipment Tracking လုပ်နေသလား။

❗️သတိထားရမှာက Export လုပ်ငန်းစဉ် လက်ရှိEarnings Policyကို သေချာအတည်ပြုပြီးမှ လုပ်ငန်းကိုစတင်စီမံအကောင်အထည်ဖော်ကြဖို့အကြံပြုချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

သင်တန်းစုံစမ်းချင်သူများအနေနဲ့…

https://www.facebook.com/share/p/19hyQH1M4X/?mibextid=wwXIfr

Thu Ra Kyaw ( FCS )
Let’s Grow Together

free webinar
30/09/2026

free webinar

🔹🔹🔹 C . S . R Program Free Webinar 🔸🔸🔸

FCS Logistics Academy သင်တန်းသားဟောင်းများ မိတ်ဆက်တွေ့ဆုံပွဲ 😇

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

FCS Logistics Academy မှ သင်တန်းသားဟောင်းများအတွက် သီးသန့် Online ဆွေးနွေးပွဲလေး တစ်ခု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 🤝

ဒီဆွေးနွေးပွဲမှာ လုပ်ငန်းရှင်များအနေနဲ့ လက်ရှိလုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့—

🔹 အကောက်ခွန်ဒဏ်ကြေးများ

🔹 ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ

🔹 ပို့ကုန်/သွင်းကုန်လုပ်ငန်းများမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများ

🔹 လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ ပြဿနာများ

စတဲ့ အကြောင်းအရာတွေကို အတူတူဆွေးနွေးပြီး အတွေ့အကြုံများ အပြန်အလှန်မျှဝေကာ အဖြေရှာသွားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် FCS Logistics Academy ရဲ့ သင်တန်းသားဟောင်းအချင်းချင်း မိတ်ဆက်ပြီး Business Network တည်ဆောက်နိုင်ဖို့ အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။ 🤝🌐

📌 Register လုပ်ရန်

🔗 https://forms.gle/v432fwrzzyNkBpEh7

👉 အပေါ်ပါ Register Link မှာ စာရင်းပေးသွင်းပြီးနောက် Comment မှာ “Register လုပ်ပြီးပါပြီ” လို့ မန့်ပေးခဲ့ပါခင်ဗျာ။ ✅

အချင်းချင်း ဆွေးနွေးကြမယ်၊
အတွေ့အကြုံတွေ မျှဝေကြမယ်၊
Network တည်ဆောက်ကြမယ်။ 🤩

လုပ်ငန်းများ အဆင်ပြေတိုးတက်ကြပါစေခင်ဗျာ။ 🙏






30/09/2026
26/09/2026

🌍 EIBD Batch-40 — သင်တန်းတစ်ခုထက်ပိုတဲ့ အတွေ့အကြုံ

EIBD Batch-40 မှာ စာသင်ခန်းထဲက သင်ခန်းစာတွေအပြင် အမေးအဖြေ၊ Interview၊ Open Book Exam စတဲ့ Activities တွေကနေတစ်ဆင့် ကိုယ်တိုင်ပါဝင်ပြီး လေ့လာခဲ့ကြပါတယ်။

🔹 အတွေ့အကြုံမျှဝေခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်း
🔹 PESTEL Analysis & Business Network Concept ဆွေးနွေးခြင်း
🔹 Export Guideline, Trade Cycle & Integrated Logistics လေ့လာခြင်း
🔹 လက်တွေ့ Case Study များဖြင့် မေးခွန်းများ ဆွေးနွေးဖြေရှင်းခြင်း
🔹 Interview Activity
🔹 Open Book Exam
🔹 Scholarship ဆုပေးပွဲ

သင်ယူခြင်း၊ ဆွေးနွေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်းနဲ့ အတွေ့အကြုံရယူခြင်း — ဒါကတော့ EIBD Batch-40 ရဲ့ ဖြတ်သန်းမှုတစ်စိတ်တစ်ပိုင်းပါ။ ❤️

🚀 EIBDအတန်းကို တက်ထားပြီသူတွေအနေနဲ မိမိရဲ့ level ကို upgrade ထပ်လုပ်ချင်တဲ့သူတွေ
🚀export import အတွေ့အကြုံ ရှိသူတွေအတွက် ဒီလိုမျိုး အတွေ့အကြုံတွေနဲအတူ
သင်ယူနိုင်မဲ့ အခွင့် အရေး တစ်ခု ပေါ်ပေါက်လာပါပြီး ❗️

INTERNATIONAL TRADE’s SUPPLY CHAIN
(Advance Level)

ဒီတစ်ကြိမ်မှာတော့ စာသင်ခန်းထဲမှာ လေ့လာရုံသာမက ဆိပ်ကမ်း၊ လေဆိပ်နဲ့ Dry Port တွေကို ကိုယ်တိုင်ဝင်ရောက်လေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။

🎁 Special Offer
အစောဆုံးစာရင်းပေးသွင်းသူများနှင့် သင်တန်းသားဟောင်း အယောက် ၂၀ အတွက် ၁၀၀,၀၀၀ ကျပ် Discount

📅 ၂၀၂၆ နိုဝင်ဘာ ၇၊ ၈ နှင့် ၁၄ ရက်
⏰ မနက် ၁၀ နာရီ – ညနေ ၄ နာရီ
📍 Inya Lake Hotel

☎️ 09-698 228 022
☎️ 09-698 229 022

EIBD မှာ အတွေ့အကြုံရခဲ့သလို…
Next Level မှာ ပိုမိုနက်ရှိုင်းတဲ့ အတွေ့အကြုံတွေနဲ့ ဆက်တွေ့ကြမယ်။ 🚀

“ခံစားချက်ကို အခြေပြုထားတဲ့ ဆုံးဖြတ်ချက်တွေဟာ မှားဖို့များတယ်”🔳 ဘဝဆိုတာကို ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတယ်။ ဘယ်တက္ကသို...
24/09/2026

“ခံစားချက်ကို အခြေပြုထားတဲ့ ဆုံးဖြတ်ချက်တွေဟာ မှားဖို့များတယ်”

🔳 ဘဝဆိုတာကို ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတယ်။ ဘယ်တက္ကသိုလ်တက်ပြီး ဘာအလုပ်လုပ်မယ်ကနေစလို့၊ ဒီနေ့ ဘာစားမလဲ၊ အလုပ်ကို ဘာဝတ်သွားမလဲ ဆိုတာအဆုံး အားလုံးက ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ ဘာစကားပြောမလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ ဒီပို့စ်တင်သင့် မတင်သင့်၊ ဒီကွန်မန့် ပေးသင့် မပေးသင့် စတာတွေဟာလည်း ဆုံးဖြတ်ချက်တွေပါပဲ။

🔳 အားလုံးရဲ့ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ မှားဖူးကြမယ် ထင်ပါတယ်။ ဒီလိုမပြောလိုက်သင့်ဘူး၊ ဒီလိုမလုပ်လိုက်သင့်ဘူး၊ ဒီလိုမတုံ့ပြန်လိုက်သင့်ဘူး စသဖြင့်ပေါ့။

ဘာလို့ မှားလဲ ပြန်စဉ်းစားကြည့်လိုက်ပါ။ စိတ်ခံစားချက်နောက်ကို လိုက်ပြီး ဆုံးဖြတ်မိတာကြောင့်ပဲ ဖြစ်ပါတယ်။

အချက်အလက် စုံစုံလင်လင် မသိခင်၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်တဲ့ အပိုင်းက အလုပ်မလုပ်သေးခင် စိတ်ခံစားချက်အလျောက် အရင်တုံ့ပြန်လိုက်ကြတယ်။ Emotion-based decisions တွေ ချလိုက်ကြတယ်။

🔳 လူ့ဦးနှောက်မှာလည်း စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေက ပိုမြန်မြန် အလုပ်လုပ်လေ့ ရှိတယ်။ နောက်ပြီး ပညာရေးစနစ် အားနည်းခဲ့တော့ စဉ်းစားတွေးခေါ်တဲ့ အပိုင်းတွေက ပိုတောင် နှေးကွေးကုန်တယ်။ တချို့ဆို အလုပ်တောင် သိပ်မလုပ်ချင်တော့ဘူး။

ဒီအခါ ခံစားချက်အလျောက် တုံ့ပြန်မိဖို့က ပိုများလာတယ်။ ခံစားချက်ကို ဆွပေးလိုက်ရင် တစ်ဖက်လူ လိုချင်တဲ့အတိုင်း ကွက်တိတုံ့ပြန်မိတာတွေ ဖြစ်ကုန်တယ်။ အဲဒီလိုနဲ့ ကိုယ်ပဲ လူဆိုး၊ ကိုယ်ပဲ အမှား၊ ကိုယ်ပဲ ခင်မို့မို့အေး ဖြစ်သွားတတ်တယ်။

ဒါကြောင့်မို့ တစ်ခုခုဆို ဝုန်းကနဲ၊ ဒိုင်းကနဲ မတုံ့ပြန်ပါနဲ့။ အွန်လိုင်းပေါ်မှာဆိုလည်း အချိန်စောင့်ပါ။ ပြင်ပဘဝမှာဆိုလည်း အသက်ရှူသွင်း ရှူထုတ် လုပ်လိုက်ပါ။ စိတ်ခံစားချက်တွေ ငြိမ်လာတာနဲ့အမျှ စဉ်းစားတွေးခေါ်တာတွေလည်း ပိုမှန်လာလိမ့်မယ် ဆိုတာ အမြဲသတိရပါ။

🔳 တကယ်တော့ ဒါတွေက အလေ့အကျင့်ပါပဲ။ ဦးနှောက်ဆိုတာက လူခန္ဓာကိုယ်တစ်ခုလုံးမှာ လေ့ကျင့်ပေးလို့ အကောင်းဆုံးနေရာ ဖြစ်တယ်။

စိတ်ခံစားချက်ကို ဦးစားပေးပါများရင် အဲဒါနဲ့ ပတ်သက်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေက အလုပ်လုပ်တာ ပိုမြန်လာမယ်။

ထိန်းသိမ်းပါများရင်လည်း သူ့နေရာမှာ Logical Brain က ပိုအလုပ်လုပ်လာပါလိမ့်မယ်။

လူဆိုတော့ ခံစားချက်တွေ မရှိအောင် လုပ်လို့ မရပါဘူး။ ဒါတွေရဲ့ လွှမ်းမိုးမှု မခံရအောင်သာ လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီဘက်ခေတ်မှာ Mindfulness ရဲ့ အရေးကြီးမှုကို အပြောများလာကြတာပါ။

🔳 စိတ်ခံစားချက်တွေကို သတိမထားမိရင် သူက တိုက်တွန်းတဲ့အတိုင်း လိုက်လုပ်ရတဲ့ သားကောင်တွေ ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ဘဝမှာလည်း အမှားတွေ များနေမှာ အသေအချာပါပဲ။

Learn with PT Team

What is Jetty?⚓ Jetty (ဂျက်တီ / သင်္ဘောဆိပ်တံတား) ဆိုတာဘာလဲ။Jetty ဆိုတာ ကမ်းခြေမှ ရေထုအတွင်းသို့ ထိုးထွက်၍ တည်ဆောက်ထားသေ...
20/09/2026

What is Jetty?
⚓ Jetty (ဂျက်တီ / သင်္ဘောဆိပ်တံတား) ဆိုတာဘာလဲ။

Jetty ဆိုတာ ကမ်းခြေမှ ရေထုအတွင်းသို့ ထိုးထွက်၍ တည်ဆောက်ထားသော အဆောက်အအုံတစ်ခု ဖြစ်သည်။ ရေယာဉ်များနှင့် သင်္ဘောများ အနီးသို့ ကပ်နိုင်ရန်၊ ဆိုက်ကပ်ထားနိုင်ရန်နှင့် အခြား ရေကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နေရာတစ်ခုအဖြစ် ဖန်တီးပေးထားခြင်းဖြစ်သည်။
🚢 Jetty ၏ ပင်မအသုံးပြုမှုများ
⚓ ဆိုက်ကပ်ခြင်း (Berthing) – ရေယာဉ်များ အနီးသို့ကပ်၍ ဘေးကင်းစွာ ဆိုက်ကပ်ထားနိုင်သည်။
📦 ကုန်စည်တင် သင်္ဘောတင်/ဆင်း ပြုလုပ်ခြင်း (Cargo Handling) – ကုန်ပစ္စည်းများ တင်ဆောင်ခြင်းနှင့် ချယူခြင်းတို့အတွက် အသုံးပြုသည်။
🛢️ စက်သုံးဆီနှင့် အရည်များ ပို့လွှတ်ခြင်း (Fuel & Liquid Transfer) – အချို့သော ဂျက်တီများကို စက်သုံးဆီ၊ ဆီ သို့မဟုတ် အခြားအရည်များကို ထုတ်ယူ ပို့လွှတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
👥 ခရီးသည်အတက်အဆင်း ပြုလုပ်ခြင်း (Passenger Access) – ခရီးသည်များ သင်္ဘောပေါ်သို့ တက်နိုင်၊ ဆင်းနိုင်သည်။
🔧 ရေကြောင်းဆိုင်ရာ လုပ်ငန်းများ (Marine Operations) – ရေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် အခြားဆိပ်ကမ်း လုပ်ဆောင်ချက်များကို အထောက်အကူပြုနိုင်သည်။
🌊 Jetty နှင့် Port ကွာခြားချက်
Port (ဆိပ်ကမ်း) ဆိုသည်မှာ ဂျက်တီများ၊ သင်္ဘောဆိုက်ကပ်ရာနေရာများ (berths)၊ တာမီနယ်များ၊ ကုန်ဂိုဒေါင်များနှင့် ရေကြောင်းပြ အဆောက်အအုံများကဲ့သို့သော အစိတ်အပိုင်းများစွာ ပါဝင်သည့် ပိုမိုကျယ်ဝန်းသော ဧရိယာတစ်ခု ဖြစ်သည်။

🔰“Change Or Be Changed”🔰🔹ကိုယ့်ကိုကိုယ်ပြောင်းလဲမလား? 🔹ဒါမှမဟုတ်... တစ်ခြားသူပြောင်းလဲတာခံမလား?မိမိအခြေအနေကိုမိမိသိရှိဖိ...
16/09/2026

🔰“Change Or Be Changed”🔰

🔹ကိုယ့်ကိုကိုယ်ပြောင်းလဲမလား?

🔹ဒါမှမဟုတ်... တစ်ခြားသူပြောင်းလဲတာခံမလား?

မိမိအခြေအနေကိုမိမိသိရှိဖို့ဘဝမှာအရေးကြီးပါတယ်...

💡ငါဘာတွေလုပ်နေတာလဲ?

💡ငါဘာဖြစ်ချင်တာလဲ?

💡ငါဘယ်လိုဘဝမျိုးကိုပိုင်ဆိုင်ချင်တာလဲ?

Self awareness ဆိုတာ..
မိမိကိုယ်ကိုကိုယ်သိရှိခြင်းလို့အဓ္ဓိပါယ်ရပါတယ်...
ဘယ်အချိန်မှာကိုယ့်ကိုကိုယ်ပြောင်းလဲရမလဲဆိုတာမသိရင် တခြားသူတွေရဲ့အစားထိုးခြင်းကိုခံရပါလိမ့်မယ်...

▪️YBS ပေါ်လာတယ်...
▫️ယာဉ်အကူတွေအတွက်အလုပ်မရှိတော့ဘူး။

▪️Internetတွေပေါ်လာတယ်...
▫️စာတိုက်ပုံးတွေအတွက်နေရာမရှိတော့ဘူး...

▪️Computerတွေပေါ်လာတယ်...
▫️လက်နှိပ်စက်တွေမလိုအပ်တော့ဘူး...

▪️Smart Phone တွေပေါ်လာတယ်...
▫️Keypad တွေနေရာပျောက်သွားတယ်...

▪️E-Commerce တွေဖွံ့ဖြိုးလာတယ်...
▫️စာရွက်စာတမ်းတွေလျော့ပါးသွားတယ်...

▪️Online Shop ၊ Market တွေပေါ်လာတယ်...
▫️Cashier ၊ waiter ၊ Operator စဖြင့်Serviceပေးတဲ့သူတွေနည်းပါးသွားလိမ့်မယ်...

▪️Roadside & Internet Marketအားကောင်းလာတယ်...

▫️Retail & Wholesales Market ပျက်စီးလာတယ်...

🔺လက်ရှိပျက်စီးသွားနိုင်တဲ့စီးပွါးရေးစနစ်ဆိုတာအဆိုးဆုံးအခြေအနေတစ်ရပ်တော့မဟုတ်သေးဘူး...

လေ့လာသင်ယူဖို့အတွက် အခွင့်အရေးရှိနေပါသေးတယ်...

🔺ကမ္ဘာဦးခေတ်ကတည်း ယနေ့အချိန်ထိ ကျင့်သုံးလာတာ...

ကုန်သွယ်မှုနဲ့ဘာသာစကား ဖြစ်ပါတယ်... ဘယ်တော့မှလည်းမပျက်စီးသွားပါဘူး...

ဒါကြောင့်...

🔺ပြည်တွင်း ၊ ပြည်ပကုန်သွယ်မှုအကြောင်းနဲ့

မိမိဘာသာစကားနှင့်မတူသောဘာသာစကားအသစ်တစ်ခုကိုလေ့လာပါ...

ဘယ်တော့မှမပျောက်ပျက်သွားပါဘူး။အစားထိုးခြင်းမခံရအောင် မိမိကိုယ်ကိုကိုယ်ပဲ ပြောင်းလဲလိုက်ပါ...

🔹NEVER TO LATE STUDY FOR A NEW THINGS🔹

🔸"အသစ်အဆန်းသော အကြောင်းအရာတွေကိုလေ့လာသင်ယူဖို့ ဘယ်တော့မှနောက်ကျတယ်မရှိဘူး"🔸

U Thu Ra Kyaw( FCS )


Information for GACC
14/09/2026

Information for GACC

🌍 ကုန်သွယ်မှုလောကရဲ့ အပြောင်းအလဲတွေကြားမှာ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်ပြီလား? 🚀အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုန...
12/09/2026

🌍 ကုန်သွယ်မှုလောကရဲ့ အပြောင်းအလဲတွေကြားမှာ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်ပြီလား? 🚀

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး (Logistics) လောကဟာ အမြဲတမ်း အသစ်အသစ်တွေ ပြောင်းလဲနေပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ မူဝါဒအသစ်တွေ၊ ရှုပ်ထွေးလှတဲ့ အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေနဲ့ ဘဏ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခက်ခဲနေပါသလား?…🤔

👉🏻သင့်လုပ်ငန်းကို ပိုမိုချဲ့ထွင်ပြီး သင့်ရဲ့ Customer တွေအတွက် အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံး ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ Advanced Certificate Course တစ်ခု လိုအပ်နေပြီဆိုရင်တော့... 'INTERNATIONAL TRADE’s SUPPLY CHAIN (Next Level)' သင်တန်းကြီးက သင့်ကို အမြဲစောင့်ကြိုနေပါတယ်… 😉

ဒီသင်တန်းမှာ ဘာတွေ ထူးထူးခြားခြား လေ့လာရမလဲဆိုတော့... 📦
✅ ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းခြင်း (Export / Import) လုပ်ငန်းစဉ်များ
✅ အသစ်ပြင်ဆင်ထားတဲ့ မူဝါဒများ၊ အခွန်အခ ကောက်ခံခြင်းနဲ့ MACCS လုပ်ငန်းစဉ်များ
✅ ဆိပ်ကမ်းနဲ့ လေဆိပ်တွေမှာ ကွန်တိန်နာ စီမံခန့်ခွဲမှုများ
✅ ပို့ကုန်၊ သွင်းကုန် ငွေလွှဲ/ငွေထုတ် ဘဏ်လုပ်ငန်းစဉ်များ
✅ သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် လုပ်ငန်းစီမံကိန်း ရေးဆွဲခြင်း
✅ မူဆယ်၊ မြဝတီ အစရှိတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းစဉ်များ

အခြေခံအဆင့်ထက် ကျော်လွန်ပြီး လက်တွေ့ကျကျ ပို့ချပေးသွားမှာဖြစ်လို့ သင်တန်းပြီးဆုံးတာနဲ့ လုပ်ငန်းခွင်မှာ တိုက်ရိုက်အသုံးချနိုင်မယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိစေမှာ သေချာပါတယ်။

🎁 အထူးအခွင့်အရေး - အစောဆုံး စာရင်းပေးသွင်းသူနဲ့ သင်တန်းသားဟောင်း အယောက် (၂၀) အတွက် (၁)သိန်းကျပ်တိတိ Discount ရရှိမယ့်အပြင်၊ သင်တန်းသားတိုင်းအတွက် port visit trip နဲ့အတူ ဟိုတယ်မှာ facilities အပြည့်နှင့် အေးအေးလူလူသင်ကြားရမယ့်အပြင်ကိုမှ လေ့လာရလွယ်ကူစေမယ့် Lecture Documents တွေကိုပါ အခမဲ့ ရရှိမှာဖြစ်ပါတယ်ခင်ဗျာ

📅 သင်တန်းရက် - ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၇၊၈)ရက်နှင့် (၁၄)ရက် (စနေ၊ တနင်္ဂနွေ)သုံးရက်

⏰ အချိန် - မနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ
📍 နေရာ - Inya Lake Hotel
💰 သင်တန်းကြေး - ၉၀၀,၀၀၀ ကျပ်

ကုန်သွယ်ရေးလောကမှာ သူများထက် ခြေတစ်လှမ်းဦးချင်တယ်ဆိုရင်တော့ နေရာအကန့်အသတ်ရှိတာမို့ အခုပဲ အောက်ပါဖုန်းနံပါတ်များကို အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ။ 👇

☎️ 09- 698 228 022
☎️ 09- 698 229 022

Address

No. 8, Room 306, Pan Chan Tower, Corner Of Bagaya Road & Dhammazedi Road, Myaynigone Quarter, Sanchaung Township
Yangon
11011

Alerts

Be the first to know and let us send you an email when FCS Group Of Companies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share