Myo Hein - MES

Myo Hein - MES Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Hein - MES, Business consultant, Yangon.

The Executive Brief (28/8/2026)**********************************Investor Readiness Score အ​ကြောင်း​လေး ရှင်းပြချင်ပါတယ်...
28/08/2026

The Executive Brief (28/8/2026)
**********************************

Investor Readiness Score အ​ကြောင်း​လေး ရှင်းပြချင်ပါတယ်။ IRS ဆိုတာ Company တစ်ခုဟာ Investor ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ဘယ်လောက်အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာကို Financial Performance တစ်ခုတည်းမကြည့်ဘဲ Business တစ်ခုလုံးကို စနစ်တကျ အကဲဖြတ်တဲ့ Investment Diagnostic Framework တစ်ခုအ​နေနဲ့ သုံးကြတာပါ။

ကျွန်​တော်တို့ Firm မှာက​တော့ အဓိကအားဖြင့် 100 Points နဲ့ သတ်မှတ်ပြီး Financial Performance, Revenue Quality, Growth Potential, Management & Founder Risk, Governance, Financial & Tax Readiness, Legal & Corporate, Capital Structure နဲ့ Regulatory/ESG Risks စတဲ့ အချက်တွေကို အဓိကထားစစ်ဆေး​ပေးပါတယ်။

ဥပမာ Company တစ်ခုက အမြတ်ကောင်းတယ် ဆိုပေမယ့် Founder မရှိရင် လုပ်ငန်းမလည်နိုင်ဘူး၊ Customer တစ်ယောက်တည်းက Revenue 60% ရှိတယ်၊ Audited Financial Statements မရှိဘူး၊ Tax Exposure မရှင်းဘူးဆိုရင် Investor Readiness Score က နိမ့်နိုင်ပါတယ်။

တစ်ဖက်မှာ အမြတ်တူတဲ့ Company တစ်ခုက Recurring Revenue ကောင်းတယ်၊ Management Team ခိုင်မာတယ်၊ Governance နဲ့ Internal Control ရှိတယ်၊ Financial/Tax/Legal records တွေရှင်းပြီး Due Diligence Ready ဖြစ်နေတယ်ဆိုရင် Score ပိုမြင့်နိုင်ပါတယ်။

Score ကို အကြမ်းဖျင်းအားဖြင့် 85–100 = Highly Investable, 70–84 = Investable, 55–69 = Improvement Required, 40–54 = High Risk, Below 40 = Not Investment Ready ဆိုပြီး ခွဲနိုင်ပါတယ်။

ဒီ​နေရာမှာ အရေးကြီးဆုံးက Investor Readiness Score ဟာ Credit Rating မဟုတ်သလို Company Valuation ကို တိုက်ရိုက်တွက်ပေးတဲ့ formula လည်း မဟုတ်ပါဘူး။ Investor က မြင်နိုင်မယ့် Risk, Quality, Sustainability နဲ့ Due Diligence Readiness ကို ကြိုတင်တိုင်းတာပေးတဲ့ Management Tool တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်​ဆွေ လုပ်ငန်းရှင်​တွေကို ​ပြောပြချင်တာက ဒီ Score ရဲ့ တကယ့်အသုံးဝင်မှုက—
“ကျွန်တော့် Company ဘယ်လောက်တန်လဲ?” ဆိုတာမမေးခင် “Investor တစ်ယောက်က ကျွန်တော့် Company ကို ဘယ်လောက်ယုံကြည်ပြီး ပိုက်ဆံထည့်ရဲမလဲ?” ဆိုတာကို စမ်းစစ်ကြည့်သင့်ပါတယ်။
Score နိမ့်နေတဲ့ Area တွေကို 12–24 လအတွင်း ပြင်ဆင်နိုင်ရင် Investment Readiness တိုးခြင်း → Risk Discount လျော့ခြင်း → Investor Confidence တိုးခြင်း → Valuation Multiple ပိုကောင်းလာနိုင်ခြင်း ဆိုတဲ့ Value Creation Chain ဖြစ်​အောင် ကျွန်​တော်တို့ အကြံ​ပေးပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (27/8/2026)*************************************အမြတ်ကောင်းပေမယ့် Investor မဝင်ရဲတဲ့ Company လုပ်ငန်...
27/08/2026

The Executive Brief (27/8/2026)
*************************************

အမြတ်ကောင်းပေမယ့် Investor မဝင်ရဲတဲ့ Company လုပ်ငန်းရှင်တစ်ယောက်အ​ကြောင်း....

သူက လုပ်ငန်းကို အနှစ် ၂၀ နီးပါး ကိုယ်တိုင်တည်ထောင်ပြီး ကြိုးစားလာတာ။ စက်ရုံရှိတယ်၊ မြေရှိတယ်၊ Brand ရှိတယ်၊ Customer ရှိတယ်။ တစ်နှစ် တစ်နှစ် ဝင်​ငွေလည်း ​ကောင်းသလို အမြတ်လည်းကောင်းကောင်းရ​နေတယ်။

တစ်နေ့မှာ နိုင်ငံခြား Investor တစ်ယောက်က သူ့လုပ်ငန်းကို စိတ်ဝင်စားလာတယ်။
ဒါ​ကြောင့် Investor က ခင်ဗျားရဲ့
“Company ရဲ့ 30% ကို ကျွန်တော်တို့ ဝယ်ချင်ပါတယ်။”

လုပ်ငန်းရှင် က ဝမ်းသာသွားတယ်။ ပြီး​တော့ သူ့စိတ်ထဲမှာလည်း—
“ငါ့လုပ်ငန်းက ဒီလောက်အမြတ်ရနေတာ။ ဒီဈေးလောက်တော့ တန်မှာပေါ့။”
ဆိုပြီး Valuation တစ်ခုခန့်မှန်းတွက်လိုက်တယ်။ ၁၀ဘီလီယံ​ပေါ့။

Investor နဲ့ အစပိုင်း Meeting တွေက အဆင်ပြေပါတယ်။

Sales ဘယ်လောက်ရှိလဲ?
Profit ဘယ်လောက်ရလဲ?
Market ဘယ်လောက်ကြီးလဲ?
နောက်ငါးနှစ် ဘယ်လောက်တိုးချဲ့နိုင်မလဲ?

နှစ် ၂၀ ​လောက် ကျင်လည်ခဲ့တဲ့ လုပ်ငန်းရှင်က ​အေး​ဆေးပဲ အားလုံး Good တယ်။

Investor ကလည်း အရမ်းစိတ်ဝင်စား​နေပြီ။

နောက်တစ်ဆင့် Due Diligence စလုပ်တဲ့အချိန်မှာတော့ လုပ်ငန်းရှင်အတွက် နည်းနည်းအခက်​တွေ့​စေတဲ့ မေးခွန်းတွေ စလာတယ်။

“စက်ရုံတည်ထားတဲ့မြေက Company ပိုင်လား?”

“မဟုတ်ဘူး။ ကျွန်တော့်နာမည်နဲ့ပါ။ Company က သုံးနေတာပါ။”

“ဒါဆို Company နဲ့ Owner ကြား Lease Agreement ရှိလား?”

“မရှိပါဘူး။ ကိုယ့် Company ပဲလေ။”

နောက်တစ်ခုထပ်မေးတယ်။

“ဒီ Brand နဲ့ Trademark က Company ပိုင်လား?”

“Trademark ကို အရင်တုန်းက ကျွန်တော့်နာမည်နဲ့ Register လုပ်ထားတာပါ။”

နောက်တစ်ခု။

“ဒီ Related Company ကို နှစ်တိုင်းပေးနေတဲ့ Payment တွေက ဘာအတွက်လဲ?”

“Group Company အချင်းချင်းဆိုတော့ လိုသလို ငွေလွှဲထားတာပါ။”

နောက်တစ်ခု။

“Tax Assessment တွေ အကုန်ရှင်းပြီးပြီလား။ Outstanding Tax Exposure ဘယ်လောက်ရှိလဲ?”

ဒီတစ်ခါတော့ Accountant ကို ပြန်မေးရတယ် Accountant ကလည်း​အေး​ဆေးပဲ ပြန်​ဖြေတယ် လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး အခွန်​တော့တင်ထားတယ် အခွန်ရုံးက တစ်ခါလားနှစ်ခါးလား မသိ​ခေါ်တယ် ကျွန်မလည်း မအား​သေးလို့ မသွားရ​သေးဘူး

Investor က ဒီလိုဆို​တော့ အခွန်​တော့ မရှင်းရ​သေးတဲ့ သ​ဘော​ပေါ့ ဟုတ်လား။

အင်းဟုတ်တယ်​လေ ဘာဖြစ်လို့လဲတဲ့။

နောက်ဆုံး Financial Statements တောင်းတော့—

Management Account ရှိတယ်။
Tax Account ရှိတယ်။
Bank ​ချေး​ငွေတုန်းက ဆရာတစ်​ယောက်ဆွဲ​ပေးထားတဲ့ Account တစ်မျိုးရှိတယ်။

ဘာပြ​ပေးရမလဲ ....?

Investor က ထပ်​မေးတယ် ကုမ္ပဏီရဲ့ Audited Financial Statements ရှိလား

Owner က ဝင်​ပြောတယ်။ အာ ကျွန်​တော် တစ်​ယောက်ထဲပိုင်တာ​လေ က​လေး​တွေကလည်း ကျွန်​တော့် လူယုံ​တွေချည်းပဲ ဘာစာရင်းစစ်မှ မလိုဘူး သူတို့က ရိုးသားတယ်။

Investor - 😵‍💫😵‍💫😵‍💫

Investor က အစကပြောထားတဲ့ Valuation ကို ပြန်စဉ်းစားတယ်။

ပြဿနာက—

Business မကောင်းတာ မဟုတ်ဘူး။

အမြတ်လည်း ရတယ်။
Customer လည်း ရှိတယ်။
Asset လည်း ရှိတယ်။

ဒါပေမယ့် Investor ရဲ့ မေးခွန်းက ပြောင်းသွားတယ်။

“ကျွန်တော်တို့ ပိုက်ဆံထည့်လိုက်ရင် တကယ်တမ်း ဘာကိုပိုင်ရမှာလဲ?”

မြေက Company မပိုင်ဘူး။

Brand က Company မပိုင်ဘူး။

Related-party transactions တွေ မရှင်းဘူး။

Historical Tax Exposure ကို quantify မလုပ်နိုင်ဘူး။

Shareholding records နဲ့ actual ownership arrangement တွေမှာလည်း clarification လိုနေတယ်။

Financial Statements ရဲ့ reliability ကိုလည်း independently verify မလုပ်ထားဘူး။

ဒါကြောင့် Investor က Business ရဲ့ Profit ကိုပဲ မကြည့်တော့ဘူး။

Risk ကို ဈေးချတွက်ပါတော့တယ်။

Owner က သူ့လုပ်ငန်းကို MMK 10 billion တန်တယ်လို့ ထင်ထားပေမယ့် Investor က

“ဒီ Risks တွေကို ကျွန်တော်တို့ ယူရမှာဆိုတော့ ဒီဈေးမပေးနိုင်ဘူး”

ဆိုပြီး MMK 6 billion လောက်ပဲ Valuation ပေးတယ်။

MMK 4 billion အလိုလို​နေရင်းပျောက်သွားတယ်

Sales မကောင်းလို့ မဟုတ်ဘူး။

Profit မရှိလို့လည်း မဟုတ်ဘူး။

Company ကို Investment-ready ဖြစ်အောင် နှစ်ပေါင်းများစွာ မလုပ်ထားခဲ့လို့ ဖြစ်တယ်။

ဒီလို Valuation လျော့သွားတာကို Due Diligence Discount လို့ ​ခေါ်တယ်။

ပိုဆိုးတာက Risk တချို့က Valuation Discount နဲ့တောင် မလုံလောက်ပါဘူး။

အဆိုးဆုံးက Investor က—
“Deal မလုပ်တော့ပါဘူး” လို့ ထွက်သွားနိုင်ပါတယ်။

ဒါကြောင့် SME Owner တစ်ယောက်အတွက် Business Valuation တိုးအောင်လုပ်တယ်ဆိုတာ Sales တိုး၊ Profit တိုး လုပ်ရုံလုပ်​နေရုံနဲ့ မလုံ​လောက်ပါဘူး။

ကိုယ်မရောင်းသေးခင်ကတည်းက—

Land ကို ဘယ်သူပိုင်လဲ။
IP/Trademark ကို ဘယ်သူပိုင်လဲ။
Tax Exposure ဘယ်လောက်ရှိလဲ။
Related-party transactions တွေ Arm's Length ဖြစ်လား။
Shareholding နဲ့ Corporate Records တွေ ကိုက်ညီလား။
Financial Statements တွေ ယုံကြည်စိတ်ချရလား။
Owner မရှိရင် Company ဆက်လည်နိုင်လား။

ဆိုတာတွေကို တစ်ခုချင်းရှင်းထားရပါတယ်။

ဒါကို Informal SME မှသည် Investable Company ပြောင်းတယ်လို့ ခေါ်ပါတယ်။

တကယ်တော့ Investor ဝင်မယ့်နေ့မှ Company ကို ပြင်ဆင်တာ အလွန် နောက်ကျပါတယ်။

Investment-ready Company တစ်ခုကို Deal မဖြစ်ခင် ၂ နှစ်၊ ၃ နှစ်ကတည်းက တည်ဆောက်ထားရပါတယ်။

ဘာကြောင့်လဲဆိုတော့—

Investor က အမြတ်ကို ဝယ်တာတစ်ခုတည်း မဟုတ်ပါဘူး။

အဲဒီအမြတ်ကို ထုတ်ပေးနေတဲ့ Company Structure, Assets, Contracts, Governance, Compliance နဲ့ Future Cash Flow ကို ယုံကြည်စိတ်ချစွာ ပိုင်ဆိုင်နိုင်ခြင်း ကိုပါ ဝယ်တာဖြစ်ပါတယ်။

အမြတ်က Business ကို ကြီးစေတယ်။
စနစ်က Business ကို တန်ဖိုးရှိစေတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (26/4/2026)*************************************Business Valuation ဆိုတာ လက်ရှိ Profit ကို တန်ဖိုးဖြ...
26/08/2026

The Executive Brief (26/4/2026)
*************************************

Business Valuation ဆိုတာ လက်ရှိ Profit ကို တန်ဖိုးဖြတ်တာထက် အနာဂတ် Cash Flow ရဲ့ Quality, Sustainability နဲ့ Risk ကို တန်ဖိုးဖြတ်တာဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းတန်ဖိုးမြှင့်ချင်တဲ့ Owner တစ်ယောက်အတွက် Profit တိုးအောင်လုပ်ခြင်းတစ်ခုတည်း မလုံလောက်ပါဘူး။ Multiple တက်အောင်လုပ်ဖို့လည်း လိုပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (24/8/2026)**************************************ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာနိုင်ငံရင်းန...
24/08/2026

The Executive Brief (24/8/2026)
**************************************
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် ၅ / ၂၀၂၆
​၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်)

📌 အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖွဲ့စည်းပုံ
🏛️ ကော်မတီဖွဲ့စည်းခြင်း: တိုင်းဒေသကြီး/ပြည်နယ် ကော်မတီများကို နည်းဥပဒေ ၁၅၁ အရ ဖွဲ့စည်းပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသည်။ 🤝
1️⃣ အစည်းအဝေးကျင်းပခြင်း ကော်မတီသည် တစ်လလျှင် အနည်းဆုံး တစ်ကြိမ် အစည်းအဝေးကျင်းပရမည်။ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ဦးရေ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေး အထမြောက်ပြီး အများဆန္ဒဖြင့် ဆုံးဖြတ်သည်။
2️⃣ကော်မတီရုံး၏ တာဝန်: လျှောက်လွှာများကို လက်ခံစိစစ်ခြင်း၊ ကော်မတီ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တိုးတက်မှု အခြေအနေများကို ကော်မရှင်သို့ သုံးလလျှင် တစ်ကြိမ် အစီရင်ခံစာ တင်ပြရသည်။
3️⃣အတည်ပြုလျှောက်ထားလွှာ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း နှင့် စိစစ်မှု လုပ်ငန်းစဉ်:
အတည်ပြုလျှောက်ထားလွှာ ရရှိပါက ဥပဒေ ပုဒ်မ ၃၆/၃၈ နှင့် နည်းဥပဒေ ၁၅၅/၁၅၆/၇၉ တို့နှင့် ကိုက်ညီမှု ရှိမရှိ စိစစ်ရမည်။ ⏱️ အချိန်ကာလ: ⚠️ ပြုပြင်ပြောင်းလဲရန် ရှိပါက အလုပ်လုပ်ရက် ၁၅ ရက်အတွင်း အကြောင်းကြားရမည်။ (အကြောင်းမကြားပါက လက်ခံသည်ဟု မှတ်ယူမည်)။ ✅ လျှောက်လွှာကို ရက်ပေါင်း ၃၀ အတွင်း စိစစ်ပြီး အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ပါက အလုပ်လုပ်ရက် ၁၀ ရက်အတွင်း အတည်ပြုမိန့် ထုတ်ပေးရမည်။
4️⃣ အတည်ပြုမိန့် ပြင်ဆင်ခြင်း၊ ရပ်ဆိုင်းခြင်းနှင့် လုပ်ငန်းပမာဏ တိုးမြှင့်ခြင်း ✏️
လုပ်သားခန့်ထားမှု၊ အခွန်ကင်းလွတ်ခွင့်/သက်သာခွင့်၊ တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း၊ နိုင်ငံခြားသား စာစုပုံပိုင်ဆိုင်မှု လွှဲပြောင်းခြင်းနှင့် ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းထက်ပို၍ လွှဲပြောင်းခြင်းများ ပါဝင်သည်။
5️⃣ 📈 လုပ်ငန်းပမာဏ တိုးမြှင့်ခြင်း: သတ်မှတ် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ကျော်လွန်ပါက ကော်မရှင်သို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။
6️⃣ မြေအသုံးပြုခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုများ ကြီးကြပ်ခြင်း 🏞️
နည်းဥပဒေ အခန်း (၉) နှင့်အညီ စိစစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့၏ သဘောထား၊ မြေပိုင်ဆိုင်မှု အထောက်အထားများကို စိစစ်ရမည်။ ကြီးကြပ်ရေးအဖွဲ့သည် တည်ဆောက်ရေးကာလ သို့မဟုတ် စီးပွားဖြစ် စတင်သည့် နောက်ပိုင်း လုပ်ငန်းများကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် စိစစ်စစ်ဆေးရမည်။ လိုအပ်ပါက ရှောင်တခင် သို့မဟုတ် အခါအားလျော်စွာ စစ်ဆေးနိုင်သည်။
7️⃣ အထွေထွေ: ယခင် ၁၅-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၁ ကို ဤလုပ်ထုံးလုပ်နည်းများဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။



Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (21/8/2026)*************************************ဒီလတွေထဲမှာ မနက်၇ နာရီ​လောက်က​နေစပြီး ​နေ့တိုင်း မိတ...
21/08/2026

The Executive Brief (21/8/2026)
*************************************

ဒီလတွေထဲမှာ မနက်၇ နာရီ​လောက်က​နေစပြီး ​နေ့တိုင်း မိတ်​ဆွေ အသစ်​တွေ အ​ဟောင်း​တွေနဲ့ Meeting ​တွေ ​တောက်လျှောက်ဖြစ်နေတယ်။ ရုံးလဲ မကပ်နိုင်ဘူး။ အိမ်ပြန်ချိန်က ၉ နာရီ။ The Executive Brief ​တောင် အရင်လို မှန်မှန်မ​ရေးနိုင်​တော့ဘူး။

ဟို​နေ့က ရုံးမှာ ခဏ​လေး​နေရတဲ့​နေ့က ရုံးက ညီမ​လေးက International Youth Day အတွက် လူငယ်​တွေကို အား​ပေးစကား ဆုံးမစကား ​ပြော​ပေးပါတဲ့။ ကိုယ်လဲ စိတ်ထဲ ရှိတာ အားရပါးရ​ပြောလိုက်တယ်

ဒီမှာ လူငယ်​တွေကိုမှာချင်တာက မင်းတို့​တွေ လူငယ်ဘဝမှာ အိမ်မက်ကြီးကြီးမက်ပါလို့ ဘာလို့လဲဆို​တော့ မင်းတို့တွေမှာ မနက်​ရောက်ရင် Alarm ပိတ်ပြီး ပြန်အိပ်လို့ရပါတယ်ကွ။ 😜

ကိုယ်​တွေဘဝက လွန်ခဲ့တဲ့ ၁၀နှစ် အသက် ၃၀ ကိုယ်ပိုင် Consulting Firm စလုပ် တဲ့ အချိန်က​တည်းက ညဖက် အိပ်မ​ပျော်ရတာနဲ့ မနက်အ​စောကြီးထပြီး ခရီး​တွေသွားရတာနဲ့ Report ​တွေဖတ်ရတာနဲ့ အိပ်မက်ကြီးကြီးမက်ဖို့ အိပ်ချိန်​တောင်​ကောင်း​ကောင်းမရ​တော့လို့ လူငယ်ဘဝ​လေးကို နှ​မျော်မိရင်း လူပျို ပြန်ဖြစ်ချင်မိသွားတယ်။ 😜

ဘဝနဲ့ရင်းပြီးမှရတဲ့ ​နောင်တ အဲ​လေ ​သင်ခန်းစာ 😁

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

19/08/2026

The Executive Brief (19/8/2026)
**************************************

အသက် ၂၂ နှစ် အရွယ်မှာ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ပြင်ဆင်​နေတဲ့ သမီးလေးဆီက ကျွန်​တော်တို့​တွေ ဘာတွေသင်ယူရမလဲ၊ သူဘာတွေ ကြံစည်နေတာလဲ၊ သူ့လုပ်ငန်းအောင်မြင်ဖို့ ဘယ်လို စီမံထားသလဲ ?

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (17/8/2026)*************************************မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆)...
17/08/2026

The Executive Brief (17/8/2026)
*************************************

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှာ
​လုပ်ငန်းအသစ်: ၁၄ ခု (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၂ ခု) ခွင့်ပြုခဲ့ပါတယ်။
​ရင်းနှီးမြှုပ်နှံမှုပမာဏ: အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းနှင့် ကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်း
​အလုပ်အကိုင်အခွင့်အလမ်း: ၃,၃၃၆ နေရာ ဖန်တီးပေးနိုင်မည် ဖြစ်သည်။
​ပါဝင်သည့် ကဏ္ဍများနှင့် လုပ်ငန်းအမျိုးအစားများမှာ ​နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ရာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ လျှပ်စစ်သုံး နှစ်ဘီး/သုံးဘီး၊ မော်တော်ယာဉ်နှင့် ထော်လာဂျီ တပ်ဆင်ထုတ်လုပ်ခြင်း၊ CMP ပလတ်စတစ်၊ ဖိနပ်၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပါသည်။

ကော်မရှင် ခွင့်ပြုမိန့်/အတည်ပြုမိန့် ရရှိပြီးနောက်ပိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ကော်မရှင်သို့တင်ပြရန်ကိစ္စများနှင့်စပ်လျဥ်းပြီး DG မှ အ​သေးစိတ်ရှင်းလင်း​ပြောပြ​ပေးပါတယ်။
(က) ဥပဒေပုဒ်မ ၇၄ အရ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်လျှောက်ထားခြင်း (ပုံစံ-၆)
(ခ) နည်းဥပဒေ ၁၉၇ အရ သုံးလပတ်အစီရင်ခံစာတင်ပြခြင်း (ပုံစံ-၁၀)
(ဂ) နည်းဥပဒေ ၁၉၆ အရ နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း (ပုံစံ-၁၁)
အခြားအချက်​တွေအများကြီးရှိ​ပေမယ့် အဓိကအချက်က -
MIC Company ​တွေအ​နေနဲ့ အစုရှယ်ယာလွဲ​​ပြောင်းမယ်ဆို နည်းနည်းများများ MIC ကို အရင်တင်ပြပြီးမှ Myco DICA မှာ ချိန်းခွင့်ပြုမှာပါ။
သုံးလပတ် အစီရင်ခံစာ​တွေကိုလည်း မပျက်မကွက် တင်ပြကြဖို့ အသိ​​ပေးထားပါတယ်။
ကော်မရှင် ခွင့်ပြုမိန့်/အတည်ပြုမိန့် ရရှိဖို့ တံစိုးလက်​ဆောင်​ပေးရန်မလို​ကြောင်း ပြုပြင်​ပြောင်းလဲမှု​တွေမှာ ပူ​ပေါင်း​ပေးဖို့ မှာကြားပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (16/8/2026)**************************************ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို အာဆီယံလမ်း​ကြောင်း၊...
16/08/2026

The Executive Brief (16/8/2026)
**************************************

ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို အာဆီယံလမ်း​ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်တွန်းတင်​ပေး​နေတာ ​တွေ့ရပါတယ်။ ဒီအ​ခြေအ​နေမှာ ထိုင်းနဲ့ မြန်မာ ကုန်သွယ်မှု အ​ခြေအ​နေဘာ​တွေဖြစ်​နေသလဲ ဘာ​တွေ​တောင်းဆိုထားသလဲ ဘယ်လောက်​မျှော်မှန်းထားသလဲ ​လေ့လာကြည့်ရ​အောင်

1️⃣ အဓိက ကုန်သွယ်ရေး မက်ထရစ်နှင့် ကိန်းဂဏန်း မျှော်မှန်းချက်များ
​၂၀၂၅ ခုနှစ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၃၉ ဘီလီယံ သို့မဟုတ် ထိုင်းဘတ် ၂၄၄.၀၅ ဘီလီယံ ရှိခဲ့သည်။
ယင်းအနက်—
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး — ဘတ် ၁၄၆.၇၅ ဘီလီယံ
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်သွင်းမှု — ဘတ် ၉၇.၃၀ ဘီလီယံ

၂၀၂၅ ခုနှစ်တွင် ကုန်သွယ်မှု ၇.၄% ကျဆင်းခဲ့ရသည်။ ယင်းကျဆင်းမှုတွင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်၌ မြန်မာနိုင်ငံ၏ သွင်းကုန်ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာခြင်းက အကြောင်းရင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ထိန်းချုပ်မှုများသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် ကာလရှည်ကြာ စိုးရိမ်စရာဖြစ်နေပြီး ထိုင်းဘက်၏ ထိပ်တန်းဦးစားပေးကိစ္စဖြစ်လာသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုစုစုပေါင်းမှာ ဘတ် ၉၂.၇၃ ဘီလီယံ ရှိခဲ့သည်။
ယင်းအနက်—
ထိုင်းပို့ကုန် — ဘတ် ၅၇.၁၇ ဘီလီယံ
မြန်မာနိုင်ငံမှ တင်သွင်းမှု — ဘတ် ၃၅.၅၆ ဘီလီယံ
ထိုင်း၏ နယ်စပ်ကုန်သွယ်ရေးပိုငွေ — ဘတ် ၂၁.၆၁ ဘီလီယံ ဖြစ်​သော​ကြောင့် ၂၀၂၆ ပထမနှစ်ဝက်တွင် ပြန်လည်ဦးမော့လာသည့် လက္ခဏာများ တွေ့ရှိရသည်။
မြန်မာနိုင်ငံမှ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ သဘာဝဓာတ်ငွေ့၊ သတ္တုရိုင်းနှင့် သီးနှံများ ဖြစ်ပြီး ထိုင်းနိုင်ငံမှ အဓိကပို့ကုန်များမှာ မိုဘိုင်းဖုန်း၊ ဒီဇယ်နှင့် စိုက်ပျိုးရေးအခြေပြု စက်မှုထုတ်ကုန်များ ဖြစ်သည်။

2️⃣ထိုင်းနိုင်ငံတွင် JTC ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ကျင်းပမည်

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဝန်ကြီးအဆင့် JTC ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများအပေါ် အဟန့်အတားဖြစ်နေသည့် အချက်များကို ဖယ်ရှားနိုင်ရေး အဓိကဆွေးနွေးမည်ဟု မျှော်မှန်းထားသည်။

JTC ပြန်လည်အသက်သွင်းခြင်း၏ အဓိကရည်ရွယ်ချက်နှင့် ဘန်ကောက်ဘက်မှ အဓိကတောင်းဆိုလိုသည့်အချက်မှာ မြန်မာနိုင်ငံ၏ သွင်းကုန်လိုင်စင်စနစ်ကို ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိစေရန်နှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုရှင်းလင်းစေရန် ဖြစ်သည်။
နှစ်နိုင်ငံအစိုးရများအကြား—
သွင်းကုန်လိုင်စင်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း၊ နယ်စပ်ဂိတ်များ၊ သယ်ယူပို့ဆောင်ရေး ဆက်လက်လည်ပတ်နိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတားအဆီးများ
ကို တရားဝင် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနိုင်မည့် ယန္တရားတစ်ခု ပြန်လည်တည်ဆောက်ရန်ဖြစ်သည်။

မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မေလမှစ၍ ယင်းလမ်းကြောင်းမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံက သွင်းကုန်လိုင်စင်များ ပြန်လည်ထုတ်ပေးခဲ့သော်လည်း သွင်းကုန်ထိန်းချုပ်မှုသည် အရေးကြီးသော ကုန်သွယ်ရေးအဟန့်အတားတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးအာဏာပိုင်များက သတ်မှတ်ထားသည်။

3️⃣ထိုင်းဘတ်ငွေ အသုံးပြုမှုကို ရင်းနှီးမြှုပ်နှံမှုအထိ တိုးချဲ့လို
ထိုင်းနိုင်ငံ၏ အဆိုပြုချက်များတွင်—
✨️ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး
✨️အခြေအနေပေးပါက နယ်စပ်ဖြတ်ကျော်ဂိတ်များ ထပ်မံဖွင့်လှစ်ရေး
✨️နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေး
လက်ရှိနှင့် အနာဂတ် စွမ်းအင်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး တို့လည်း ပါဝင်သည်။

ထို့အပြင် နှစ်နိုင်ငံရှိ နိုင်ငံအဆင့်နှင့် ဒေသအဆင့် ကုန်သည်စက်မှုအသင်းချုပ်များနှင့် ကုန်သည်အသင်းများ ကို ပုဂ္ဂလိကကဏ္ဍ စီးပွားရေးချိတ်ဆက်မှုများတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်စေလိုသည်။

အထူးသဖြင့် ထိုင်းနိုင်ငံသည် လက်ရှိ ကုန်သွယ်မှုငွေပေးချေမှုများတွင် အသုံးပြုနေသည့် ထိုင်းဘတ်ငွေကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများအထိ တိုးချဲ့အသုံးပြုရန် အဆိုပြုထားသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေနိုင်သလို အမေရိကန်ဒေါ်လာကဲ့သို့သော တတိယနိုင်ငံသုံးငွေကြေး (third currency) အပေါ် မှီခိုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ မြန်မာနိုင်ငံက သွင်းကုန်လိုင်စင်ကန့်သတ်ချက်များ ဖြေလျှော့ပေးနိုင်ပါက ထိုင်းကုန်ပစ္စည်းများ၏ မြန်မာဈေးကွက်ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
အထူးသဖြင့်—
စက်ယန္တရား၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဘိလပ်မြေ တင်ပို့သူများအတွက် အခွင့်အလမ်းပိုမိုရရှိနိုင်သည်။
ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး ပိုမိုခိုင်မာလာပါကလည်း
စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တွင် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သည်။

ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ငန်းတည်ထောင်မှုများ တိုးလာပါက ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ထားသည့် Supply Chain များမှတစ်ဆင့် ထိုင်းကုန်ကြမ်း၊ စက်ပစ္စည်း၊ အစိတ်အပိုင်းနှင့် ဝန်ဆောင်မှုများအတွက် ထပ်ဆင့်ဝယ်လိုအား ဖြစ်ပေါ်လာနိုင်သည်။

4️⃣မြန်မာနှင့်​ဆောင်ရွက်မည်ဆိုပါက ထိုင်းစီးပွားရေးလုပ်ငန်းများ သတိထားရမည့် အဓိကအန္တရာယ်များကိုလည်း ထုတ်ပြန်​ထား

❗️စည်းမျဉ်းမတည်ငြိမ်မှု (Regulatory Uncertainty) — သွင်းကုန်ထိန်းချုပ်မှုနှင့် ကုန်သွယ်ရေးစည်းမျဉ်းများ မကြာခဏ ပြောင်းလဲပါက ကုန်ကျစရိတ်နှင့် Business Planning ကို ခန့်မှန်းရန် ခက်ခဲနိုင်​ကြောင်း။

❗️ဘဏ္ဍာရေးနှင့် ငွေလဲနှုန်းအန္တရာယ် (Financial & FX Risk) — ငွေလဲနှုန်းအတက်အကျ၊ ငွေလွှဲကန့်သတ်ချက်များနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကြောင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ ရှုပ်ထွေးနိုင်မှုများ။

❗️နယ်စပ်လမ်းကြောင်းပြတ်တောက်မှု (Border Disruption Risk) — လုံခြုံရေးနှင့် အခြားအခြေအနေများကြောင့် နယ်စပ်ဂိတ်များ သို့မဟုတ် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ထိခိုက်ပါက Logistics Cost မြင့်တက်ခြင်းနှင့် ပို့ဆောင်ချိန်နှောင့်နှေးခြင်းများ ဖြစ်ပေါ်နိုင်​ကြောင်းကိုလည်း သတိ​ပေးထား။

မည်သို့ပင်ဆို​စေကာမှု ဘန်​ကောက်က​တော့ ၂၀၃၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ အထိ တိုးမြှင့်ရန် ရည်မှန်းထား​တယ်လို့ဆိုပါတယ်။

ကျွန်​တော်က​တော့ US$12 billion ရည်မှန်းချက်ထက် စီးပွားရေးလုပ်ငန်းရှင်တွေ အမှန်တကယ်စောင့်ကြည့်ရမှာက Import Licensing ဘယ်လောက်ဖြေလျှော့မလဲ၊ THB Settlement ကို ဘယ်လောက်အထိ ခွင့်ပြုမလဲ၊ Border Trade Routes တွေ ဘယ်လောက်တည်ငြိမ်လာမလဲဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။ ဒီသုံးချက် တကယ်ပြောင်းလဲလာမှသာ JTC ဆွေးနွေးမှုဟာ ကိန်းဂဏန်းရည်မှန်းချက်ကနေ လက်တွေ့စီးပွားရေးအခွင့်အလမ်းအဖြစ် ပြောင်းလဲလာမှာဖြစ်ပါတယ်လို့ မြင်မိပါတယ်။

အနုထင်ရဲ့ ဆွဲ​ဆောင်မှု​အောက် မြန်မာက . . . .

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (15/8/2026)*************************************နိုင်ငံတော်မှ MSMEs အတွက် ၁၅၀ ဘီလီယံ ချေးငွေ ထုတ်ချေ...
15/08/2026

The Executive Brief (15/8/2026)
*************************************

နိုင်ငံတော်မှ MSMEs အတွက် ၁၅၀ ဘီလီယံ ချေးငွေ ထုတ်ချေးပေးရန် ပြင်ဆင်နေသည်ကို အားလုံးသိရှိပြီးဖြစ်ပြီး ယင်းကြေညာချက်တွင် လူအများ စိတ်ဝင်စားမှု မြင့်တက်နေသည့် ကိစ္စမှာ အပေါင်ပစ္စည်း မလိုပဲ ချေးငွေ လျှောက်ထားခြင်း CGI စနစ် ဖြစ်ပါသည်။
ဒါပေမယ့် လတ်တလော မြေပြင် အခြေအနေအရ -
မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ (၃) ခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၆) တို့မှ CGI စနစ်ဖြင့် ဆောင်ရွက်ပေးမည်လို့ ကြေညာထားပေမယ့် မြန်မာ့အာမခံလုပ်ငန်း နှင့် ကျန်အာမခံကုမ္ပဏီများအနေဖြင့် CGI စနစ်ဖြင့် ချေးငွေ ပြုလုပ်ပေးနိုင်ရန် ညှိနှိုင်းနေဆဲ အဆင့်သာ ရှိပါသေးသည်။

သို့သော် ယခင်က SME CGI Loan လျှောက်ထားပုံလုပ်ငန်းအဆင့်များ (ယခင် နည်းလမ်း)
• Customer မှ SME ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ SME Member Card နှင့် SME အသိမှတ်ပြုထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း။
• SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Customer သို့ SME အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
• Customer မှ Bank သို့ SME CGI ချေးငွေလျှောက်ထားခြင်း။
• Bank မှ မြန်မာ့အာမခံလုပ်ငန်းသို့ချေးငွေ အာမခံ (CGI) ထုတ်ပေးခြင်း။
• မြန်မာ့အာမခံလုပ်ငန်းမှ Bank သို့ချေးငွေအာမခံ (CGI) ထုတ်ပေးခြင်း။
• Bank မှ Customer သို့ SME ချေးငွေထုတ်ပေးခြင်း။
• လုပ်ငန်းသက်တမ်း (၂) နှစ် ရှိရမည်။

CGI စနစ်ဖြင့် ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် မိမိတို့ ဆောင်ရွက်မည့် Business Plan တင်ပြရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် MSMEs CGI စနစ်ဖြင့် ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် ယလုပ်ငန်း၏ အခြေအနေ နှင့် Business Plan များ၊ SMEs အသိအမှတ်ပြု ထောက်ခံချက်များ လျှောက်ထားရယူခြင်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါသည်။

အသေးစိတ် Update သတင်းများကို ထပ်မံ မျှဝေပေးသွားပါမည်။

​မေးမြန်းသူများလွန်းသည့်အတွက်တစ်​ယောက်ချင်းစီတိုင်းကို မ​ဖြေကြား​ပေးနိုင်သည့်အတွက်လည်း ​တောင်းပန်ပါသည်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

The Executive Brief (13/8/2026)*************************************1️⃣ ရရှိနိုင်သည့် ချေးငွေပမာဏ✨️အသေးစား/အငယ်စား လုပ်င...
13/08/2026

The Executive Brief (13/8/2026)
*************************************
1️⃣ ရရှိနိုင်သည့် ချေးငွေပမာဏ
✨️အသေးစား/အငယ်စား လုပ်ငန်းများ: ကျပ် သိန်း ၅၀၀ အထိ
✨️အလတ်စား လုပ်ငန်းများ: ကျပ် သိန်း ၁,၀၀၀ အထိ
✨️အာမခံပစ္စည်းမရှိဘဲ လျှောက်ထားခြင်း (CGI စနစ်): ကျပ် သိန်း ၅၀၀ အထိ

​2️⃣ချေးငွေအမျိုးအစား၊ သက်တမ်းနှင့် အတိုးနှုန်း
➡️ပုံသေပစ္စည်း (Fixed Capital - အနည်းဆုံး ၃၀% သုံးစွဲရန်):
◦ ​သက်တမ်း - အများဆုံး ၃ နှစ်
◦ ​အတိုးနှုန်း - ၃%
➡️လုပ်ငန်းလှည့်ပတ်ငွေ (Working Capital - ၁၀၀% သုံးစွဲရန်):
◦ ​သက်တမ်း - အများဆုံး ၁ နှစ် ၆ လ
◦ ​အတိုးနှုန်း - ၄%
➡️ အာမခံမဲ့ CGI စနစ်ဖြင့် ချေးယူခြင်း:
◦ ​အတိုးနှုန်း - ၅%(CGI အာမခံကြေး ထပ်ဆောင်းပေးဆောင်ရန်လိုပါသည်)

​3️⃣လျှောက်ထားနိုင်သည့် စနစ် (၂) မျိုး
• ​အာမခံပစ္စည်းဖြင့် လျှောက်ထားခြင်း:
• ချေးငွေအတွက် တင်ပြနိုင်သည့် အာမခံပစ္စည်းများ
◦ ​မြေနှင့် အဆောက်အအုံ
◦ ​စက်၊ ယာဉ်ယန္တရား
◦ ​ငွေစုလက်မှတ်
◦ ​အစိုးရငွေတိုစာချုပ်
◦ ​စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)
◦ ​အပေါင်းပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ
◦ ​ချေးငွေအာမခံ Credit Guarantee
• ​အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် မြေအမျိုးအစား
◦ ​ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ (၃)(ခ) မြေ၊ လယ (၂၀)(က) (ခ) မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)၊ စက်မှုဇုန်ဂရန်။
• ​အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် အဆောက်အအုံအမျိုးအစား
◦ ​ကွန်ကရစ်တိုက် (RC)၊ အုတ်ညှပ်အဆောက်အအုံ၊ တိုက်သစ်အိမ်၊ အုတ်ပတ် ကားတိုက်အဆောက်အအုံ၊ Steel Structure ၊ (၆) ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်း။

• ​အာမခံပစ္စည်းမရှိဘဲ လျှောက်ထားခြင်း: အာမခံပစ္စည်း မတင်ပြနိုင်ပါက ချေးငွေအာမခံ CGI (Credit Guarantee Insurance) စနစ်ဖြင့် လျှောက်ထားနိုင်သည်။

​4️⃣လျှောက်ထားရမည့်နေရာ
• ​သက်ဆိုင်ရာ မြို့နယ်/ခရိုင် MSME အေဂျင်စီများ တွင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။
• ​ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် သတ်မှတ်ထားသော ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တို့မှတစ်ဆင့် ထုတ်ချေးပေးမည်ဖြစ်သည်။
• CGI စနစ်အား မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၃) ခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၆) ခုတို့မှ ဆောင်ရွက်ပေးမည်။

ဘယ်ဘဏ်​တွေမှာ​လျှောက်လို့ရမလဲ၊ ဘယ်လို​လျှောက်ထားရမလဲ၊ ဘယ်လိုစာရွက်စာတမ်း​တွေတင်ပြရမလဲ၊ ဘယ်လို လုပ်ငန်း​တွေ အကျုံးဝင်သလဲ အစရှိတဲ့ အ​သေးစိတ် လုပ်ထုံးလုပ်နည်းများအား ထပ်မံ ​တင်ပြ​ပေးသွားပါမည်။

စိတ်ဝင်တစား ​မေးမြန်း​ပေးကြတဲ့အတွက် ​​ကျေးဇူးတင်ပါတယ်။ ​မေးမြန်းသူအရမ်းများပြား​နေတာမို့ တစ်​ယောက်ချင်းမ​ဖြေ​ပေးနိုင်တာကို ​တောင်းပန်ပါတယ် 🙏🙏🙏

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

Address

Yangon
11171

Alerts

Be the first to know and let us send you an email when Myo Hein - MES posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share