30/09/2026
The Executive Brief (30/9/2026)
**************************************
MSME ချေးငွေ ကျပ် ၈.၉၇ ထရီလီယံ — ကိန်းဂဏန်းကြီးပေမယ့် SME တကယ်လက်လှမ်းမီသလား?
၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အကုန်အထိ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က MSME ချေးငွေစုစုပေါင်း ကျပ် ၈,၉၇၄.၂၂ ဘီလီယံ—ကျပ် ၈.၉၇ ထရီလီယံခန့် ထုတ်ချေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကလွှတ်တော်မှာ တင်ပြထားပါတယ်။
ဘဏ် ၂၀ ခုမှ MSME ချေးငွေစုစုပေါင်း - 8,974.22 billion
အစိုးရ MSME Fund မှ တိုက်ရိုက်ချေးရန် ခွဲဝေထားငွေ - K150 billion
၂၀၂၆ ဇူလိုင် ၃၁ အထိ လျှောက်ထားသူ
650 ဦး လျှောက်ထား
အတည်ပြုခဲ့သူ 281 ဦး သာရှိသေး
အတည်ပြုချေးငွေ - K10.64 billion
လျှောက်ထားသူအပေါ် Approval Rate
43.2% သာရှိပါသည်။ ဒါကြောင့် အတည်ပြုသူတစ်ဦးလျှင် ပျမ်းမျှချေးငွေ
K37.9 million ရရှိပါသည်။
အဲ့ထဲမှာမှ Dedicated MSME Fund မှ တိုက်ရိုက်ချေးရန် ခွဲဝေထားတဲ့ K150 billion အနက် ဇူလိုင် ၃၁ ရက်အထိ အတည်ပြုထားတာ K10.64 billion ဖြစ်တဲ့အတွက် 7.1% ခန့်သာ အတည်ပြုအသုံးချထားခြင်း ဖြစ်ပါတယ်။ သို့သော် ကျန်လျှောက်လွှာများ စိစစ်ဆဲဖြစ်တယ်လို့ သိရပါတယ်။
SME တွေ ဘာကြောင့် ငွေမရသေးတာလဲ
===========================
ပြဿနာက ချေးငွေရန်ပုံငွေ မရှိလို့လည်း မဟုတ်ပါဘူး။ SME အများစုမှာ—
၁. Audited financial statements မရှိခြင်း
အခွန်တင်ပြချက်နဲ့ စာရင်းဇယား မကိုက်ညီခြင်း
၂. Formal cash-flow records အားနည်းခြင်း
၃. ချေးငွေပြန်ဆပ်နိုင်မှုကို သက်သေမပြနိုင်ခြင်း
၄. ပိုင်ဆိုင်မှုအာမခံပေးနိုင်မှု အားနည်းခြင်း
Company၊ licence နဲ့ regulatory compliance မပြည့်စုံခြင်း
၅. Loan proposal နဲ့ fund-utilisation plan မခိုင်မာခြင်း
တို့ကြောင့် Credit Assessment မကျော်နိုင်တာ အဓိကလို့ အကြောင်းတွေ ဖြစ်ပါတယ်။
Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ