Healthy Solutions

Healthy Solutions Consultancy firm to find solutions for your health and development!

လိုချင်တာ နဲ့ လိုအပ်ချက်ကို ခွဲခြားသိနိုင်ဖို့ (Needs Vs Wants)ပိုက်ဆံမကျန်တာ ဝင်ငွေနည်းလို့လား?လိုချင်တာနဲ့ လိုအပ်ချက်က...
01/09/2026

လိုချင်တာ နဲ့ လိုအပ်ချက်ကို ခွဲခြားသိနိုင်ဖို့
(Needs Vs Wants)

ပိုက်ဆံမကျန်တာ ဝင်ငွေနည်းလို့လား?
လိုချင်တာနဲ့ လိုအပ်ချက်ကို မခွဲခြားနိုင်လို့လား? 💡💸

ဝင်ငွေ ဘယ်လောက်ပဲရရ လကုန်ရင် ပိုက်ဆံမကျန်တော့ဘူး ဖြစ်နေပါသလား?

ဒါဆိုရင် ကိုယ့်ရဲ့သုံးစွဲမှုမှာ လိုအပ်ချက် (Needs) နဲ့ လိုအင်ဆန္ဒ (Wants) အကြား စည်းခြားဖို့ လိုအပ်နေပါပြီရှင့်

၁။ လိုအပ်ချက် (Needs) ဆိုတာ ဘာလဲ ?
အသက်ရှင်နေထိုင်ဖို့နဲ့ နေ့စဉ်ဘဝ လည်ပတ်ဖို့အတွက် မရှိမဖြစ် အရာတွေ ဖြစ်ပါတယ်။
🏠 အိမ်လခ / နေထိုင်စရိတ်
🍲 နေ့စဉ် အစားအသောက်
💊 ကျန်းမာရေးနှင့် ဆေးဝါး
⚡ လျှပ်စစ်နှင့် ရေဖိုး၊ မီးဖိုး
🚌 သွားလာရေး စရိတ်

၂။ လိုအင်ဆန္ဒ (Wants) ဆိုတာဘာလဲ ?
မရှိရင်လည်း အသက်ဆက်ရှင်နိုင်ပေမယ့် ဘဝကို ပိုမို အဆင်ပြေ ၊ ပျော်ရွှင်ချင်လို့ သုံးစွဲချင်တဲ့ အရာတွေ ဖြစ်ပါတယ်။
☕ နေ့စဉ် အပြင်ထွက် သောက်သည့် ကော်ဖီ/အချိုရည်
👗 မလိုအပ်ဘဲ ဝယ်ယူသည့် အဝတ်အစား၊ အသုံးအဆောင်များ
🎬 ရုပ်ရှင်ကြည့်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်း
📱 နောက်ဆုံးပေါ် နည်းပညာ ပစ္စည်းများ လဲလှယ်ခြင်း

ပစ္စည်းတစ်ခု မဝယ်ယူမီ “ ၂၄ နာရီ စည်းမျဉ်း” ကိုသုံးပါ။ ဝယ်ချင်တဲ့ စိတ်ဖြစ်လာရင် ၂၄ နာရီ စောင့်ကြည့်ပါ။

အချိန်ပြည့်သွားလို့မှ မရှိမဖြစ် လိုအပ်တုန်းပဲဆိုရင်မှ ဝယ်ပါရှင့်

👉 ဒါဆိုရင် ဒီနေ့ ကိုယ်ဝယ်ယူလိုက်တဲ့ အရာတွေထဲမှာ Needs နဲ့ Wants ဘာတွေပါသွားလဲ Comment မှာ မျှဝေခဲ့ပါအုံးနော်......

“SMART SOLUTION,STRONGER COMMUNITIES”





24/08/2026

ဆီးချိုရောဂါရှိသူများအတွက် အစားအသောက်
စီမံခန့်ခွဲမှု လမ်းညွှန်

ဆီးချိုရောဂါရှိသူများအတွက် အစားအသောက် စီမံခန့်ခွဲခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အလွန်အရေးကြီးပါတယ်။
အဓိကအားဖြင့် ဘာတွေကို ရှောင်ရမလဲ နဲ့ ဘယ်လို
စားသောက်ရမလဲ ဆိုတာကို Healthy Solutions မှ အောက်ပါအတိုင်း အကြံပြုလိုပါတယ် -

၁။ အဓိက ရှောင်ကြဉ်ရမည့် အစားအစာများ

✅ သကြားနှင့် အချိုဓာတ်များသော အစားအစာများ: သကြားဖြူ၊ ထန်းလျက်၊ ပျားရည်၊ အချိုရည်များ၊ မုန့်လုံးရေပေါ်နှင့် အခြားအချိုပွဲများ။

✅သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ် (Refined Carbs): ဆန်လုံးဖြူ၊ ပါမုန့်ဖြူ၊ ဂျုံမှုန့်ဖြင့် လုပ်သောမုန့်များ
(ဥပမာ - ကိတ်မုန့်၊ ဘီစကစ်)။

✅အချိုဓာတ်များသော သစ်သီးများ: သရက်သီးမှည့်၊ ဒူးရင်းသီး၊ ဖရဲသီးနှင့် စပျစ်သီးတို့ကို အလွန်အကျွံ
စားခြင်းမှ ရှောင်ကြဉ်ရပါမယ်။

✅အဆီများသော အစားအစာများ: ဆီကြော်မုန့်များ၊ အဆီများသော အသားများ၊ ပြည့်ဝဆီ (Saturated fat) များသော အစားအစာများ။

၂။ စားသုံးရန် သင့်တော်သော အစားအစာများ

✅အမျှင်ဓာတ်များသော အစားအစာများ: ဟင်းသီးဟင်းရွက် စိမ်းစိမ်းစိုစိုများ၊ ပဲမျိုးစုံ။

✅Complex Carbohydrates: ဆန်လုံးညို၊ ဂျုံကြမ်းပါမုန့်၊ အုတ်ဂျုံ (Oats)။ ၎င်းတို့သည် သကြားဓာတ်ကို ဖြည်းဖြည်းချင်းသာ တက်စေပါတယ်။

✅အသားဓာတ် (Protein): အဆီနည်းသော အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် တို့ဟူး။

✅အချိုနည်းသော သစ်သီးများ: ပန်းသီး၊ ဂရိတ်ဖရု (Grapefruit)၊ မာလကာသီး။

၃။ အထူးသတိပြုရန် အချက်များ

✅အစာကို အချိန်မှန်စားပါ: အစာနပ်ကျော်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို မတည်မငြိမ် ဖြစ်စေနိုင်ပါတယ်။

✅ရေများများသောက်ပါ: အချိုရည်များအစား ရေသန့်ကိုသာ အဓိက သောက်ပေးပါ။

✅ကိုယ်လက်လှုပ်ရှားမှု: အစားအသောက်အပြင်
တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းက ဆီးချိုကို
ကောင်းစွာ ထိန်းချုပ်နိုင်ပါတယ်။

✅ပုံမှန်ဆေးစစ်ပါ: မိမိ၏ သွေးတွင်းသကြားဓာတ် အတက်အကျကို သိရှိစေရန် ဆရာဝန်နှင့် ပုံမှန်ပြသပြီး စစ်ဆေးပါ။

ဆီးချိုရောဂါကို ထိန်းချုပ်ခြင်းဆိုသည်မှာ မိမိကြိုက်နှစ်သက်သည့် အစားအစာများကို လုံးဝဖြတ်တောက်လိုက်ရခြင်း မဟုတ်ဘဲ 'ဘာကို၊ ဘယ်လောက်၊ ဘယ်လိုစားမလဲ' ဆိုသည့် မှန်ကန်သော ရွေးချယ်မှု
ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။

ယခုဖော်ပြပါ အလေ့အကျင့်ကောင်းများကို နေ့စဉ်ဘဝတွင် အသုံးချရင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Healthy Solutions မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်

"SMART SOLUTIONS, STRONGER COMMUNITIES"

ဆီးချိုသွေးချိုရောဂါရှိသူများ (သို့မဟုတ်)ဆီးချိုဖြစ်နိုင်ခြေရှိသူများအတွက် သွေးတွင်းသကြားဓာတ် (Blood Glucose) မြင့်တက်လာ...
22/08/2026

ဆီးချိုသွေးချိုရောဂါရှိသူများ (သို့မဟုတ်)
ဆီးချိုဖြစ်နိုင်ခြေရှိသူများအတွက် သွေးတွင်း
သကြားဓာတ် (Blood Glucose) မြင့်တက်လာစေ
နိုင်သည့် အကြောင်းရင်းများစွာရှိပါသည်....

Healthy Solutions ကနေ ဆီးချိုတက်စေနိုင်တဲ့
အဓိကအကြောင်းရင်းတွေကို စုစည်းဖော်ပြပေး
လိုက်ပါတယ် 👇

၁။ အစားအသောက်နှင့် ပတ်သက်သောအချက်များ

▪️ကာဗိုဟိုက်ဒရိတ် (Carbohydrates) များလွန်းခြင်း: ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်နှင့် ကစီဓာတ်များသော အစားအစာများကို အလွန်အကျွံစားခြင်း။

▪️သကြားနှင့် အချိုရည်များ: အချိုရည်များ၊ မုန့်များ၊ သကြားလုံးများနှင့် အချိုဓာတ်ကဲသော အသီးအနှံများ (ဥပမာ- ဒူးရင်းသီး၊ သရက်သီးမှည့်) စားသုံးခြင်း။

▪️အမျှင်ဓာတ်နည်းခြင်း: အသီးအရွက်စားသုံးမှု နည်းပါးခြင်းက သကြားဓာတ်စုပ်ယူမှုကို မြန်ဆန်စေပြီး ဆီးချိုကို ရုတ်တရက်တက်စေသည်။

၂။ လူနေမှုဘဝပုံစံ

▪️ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း: လေ့ကျင့်ခန်းမလုပ်ခြင်း သို့မဟုတ် တစ်နေကုန် ထိုင်နေခြင်းက ခန္ဓာကိုယ်မှ
အင်ဆူလင် (Insulin) ကို ထိရောက်စွာအသုံးမချနိုင်အောင် တားဆီးထားသလို ဖြစ်စေသည်။

▪️အိပ်စက်မှုမလုံလောက်ခြင်း: အိပ်ရေးပျက်ပါက ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းများ ထုတ်လုပ်ပြီး
သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါသည်။

၃။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ

▪️စိတ်ဖိစီးမှု (Stress): စိတ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်း သို့မဟုတ် အလုပ်ပင်ပန်းခြင်းတို့ကြောင့် ခန္ဓာကိုယ်မှ Cortisol နှင့် Adrenaline ဟော်မုန်းများ ထွက်လာပြီး သွေးတွင်းသကြားဓာတ်ကို တက်စေသည်။

▪️နေမကောင်းဖြစ်ခြင်း (Illness): ဖျားနာခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်နေစဉ် ခန္ဓာကိုယ်က ရောဂါကိုပြန်တိုက်ရန် ကြိုးစားရင်း ဆီးချိုတက်တတ်ပါသည်။

၄။ ဆေးဝါးနှင့် ကုသမှုဆိုင်ရာများ

▪️ဆေးသောက်ရန် ပျက်ကွက်ခြင်း: ဆီးချိုကျဆေး သို့မဟုတ် အင်ဆူလင်ထိုးဆေးများကို သတ်မှတ်ချိန်အတိုင်း မသောက်ခြင်း သို့မဟုတ် ဆေးပမာဏ လိုအပ်ချက်ထက် နည်းနေခြင်း။

▪️အခြားဆေးဝါးများ: အချို့သောဆေးဝါးများ
(ဥပမာ - Steroids ဆေးများ၊ သွေးတိုးကျဆေးအချို့) သည် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆီးချိုတက်စေနိုင်ပါသည်။

⚠️ သတိပြုရန် လက္ခဏာများ
(High Blood Sugar Symptoms)

သွေးတွင်းသကြားဓာတ် မြင့်တက်လာပါက အောက်ပါလက္ခဏာများ ပြတတ်ပါသည် -

▪️ရေငတ်လွန်းခြင်း။

▪️ဆီးခဏခဏသွားခြင်း (အထူးသဖြင့် ညဘက်)

▪️ပင်ပန်းနွမ်းနယ်ခြင်း။

▪️မျက်စိဝေဝါးခြင်း။

▪️အနာကျက်နှေးခြင်း။

မိမိရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး၊ အစားအသောက် ဆင်ခြင်ကာ၊ စိတ်ကို ပျော်ရွှင်အောင်ထားခြင်းဖြင့် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ
❤️

"SMART SOLUTIONS, STRONGER COMMUNITIES"

#ဆီးချိုသွေးချို #ကျန်းမာရေးဗဟုသုတ

စစ်မှန်တဲ့ "ကျန်းမာပျော်ရွှင်ခြင်း (Well-being)" ဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်ရုံတင်မကဘဲ... စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး စိတ...
20/08/2026

စစ်မှန်တဲ့ "ကျန်းမာပျော်ရွှင်ခြင်း (Well-being)" ဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်ရုံတင်မကဘဲ... စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး စိတ်အေးချမ်းရမယ်၊ လူမှုစီးပွားဘဝတွေ အဆင်ပြေပြီး ဟန်ချက်ညီနေမှ ပြည့်စုံတာပါ 🌿

ဒီနေ့ခေတ်ရဲ့ ရုန်းကန်ရမှုတွေကြားထဲမှာ သင့်ဘဝရဲ့ လိုအပ်တဲ့ ဟန်ချက်ညီမှုကို ပြန်လည်ရရှိဖို့ Healthy Solutions က အမြဲအသင့်ရှိနေပါတယ်။

ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျကျ အကူအညီပေးမယ့် ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ် 👇

🤝 Healthy Solutions က သင့်အတွက် အဆင်သင့်ရှိနေမယ့် ဝန်ဆောင်မှုများ

✅ နာတာရှည်ရောဂါ စီမံခန့်ခွဲခြင်း
ဆီးချို၊ သွေးတိုး ကဲ့သို့သော နာတာရှည် ရောဂါဝေဒနာများကို စနစ်တကျ စီမံခန့်ခွဲပေးပြီး ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေခြင်း။
✅ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုခြင်း
နေ့စဉ်ဘဝရဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးမယ့် ထိရောက်တဲ့ အထောက်အကူပြုပစ္စည်းများနှင့် နည်းလမ်းများ မျှဝေပေးခြင်း။
✅ ငွေကြေးဆိုင်ရာ လမ်းညွှန်မှု
ငွေကြေးစနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် စိတ်အေးချမ်းရမည့် Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ရရှိအောင် လေ့ကျင့်ပေးခြင်း။
✅ Consultancy Services (အဖွဲ့အစည်းများအတွက်)
လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို
ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။

ကျန်းမာရေး ဗဟုသုတတွေကို ဖတ်ရှုရုံတင်မကဘဲ မိမိသိချင်တာတွေကို အပြန်အလှန် မေးမြန်းဆွေးနွေးလို့ရမယ့် Telegram Channel လည်း ရှိပါတယ်ရှင့် 🥳

🔗Telegram channel link
https://t.me/c/2810865259/29

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger (သို့မဟုတ်) အောက်ပါ ရုံးလိပ်စာအတိုင်း လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🏡 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

ပြင်းထန်ဝမ်းလျော (ကာလဝမ်း) ရောဂါကာလဝမ်းရောဂါ (Cholera) ဟာ Vibrio cholerae ဘက်တီးရီးယားပိုး စွဲကပ်ထားတဲ့ ရေနဲ့ အစားအသောက်...
17/08/2026

ပြင်းထန်ဝမ်းလျော (ကာလဝမ်း) ရောဂါ

ကာလဝမ်းရောဂါ (Cholera) ဟာ Vibrio cholerae
ဘက်တီးရီးယားပိုး စွဲကပ်ထားတဲ့ ရေနဲ့ အစားအသောက်တွေကို စားသောက်မိရာမှတစ်ဆင့် ကူးစက်တတ်တဲ့ ကူးစက်မြန်
အူလမ်းကြောင်းရောဂါတစ်ခု ဖြစ်ပါတယ်။

ရောဂါပိုးဝင်ရောက်ပါက ရေဓာတ်နဲ့ ဆားဓာတ်များ အလျင်အမြန် ဆုံးရှုံးပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတာကြောင့် အောက်ပါ လက္ခဏာတွေကို အထူးသတိပြုဖို့ လိုအပ်ပါတယ်-

✅ဗိုက်နာခြင်း မရှိဘဲ ဆန်ဆေးရေလို အရောင်ဖျော့ဖျော့
ဝမ်းများ မကြာခဏ အမြောက်အမြား သွားခြင်း။
✅ရောဂါစတင်ချိန်တွင် ဝမ်းသွားခြင်းနှင့်အတူ မကြာခဏ အန်ထွက်ခြင်း။
✅ခန္ဓာကိုယ်မှ ဆားဓာတ် (Sodium, Potassium, Chloride) များ အလျင်အမြန် ဆုံးရှုံးမှုကြောင့်ခြေသလုံးနှင့် ခြေလက်များ ကြွက်တက်ခြင်း။
✅မျက်ကွင်းများ ချိုင့်ဝင်ခြင်း၊ အသားအရေ ရေဓာတ်ခန်းခြောက်၍ တွန့်ခေါက်သွားခြင်း၊
✅ပါးစပ်နှင့် လျှာ ခြောက်သွေ့ပြီး ရေအလွန်ဆာခြင်း။
✅ဆီးသွားနည်း လာခြင်း သို့မဟုတ် ဆီးလုံးဝ မသွားတော့ခြင်း။
✅သွေးပေါင်ချိန် ရုတ်တရက် ကျသွားခြင်း၊ သွေးခုန်နှုန်း
မြန်ခြင်း၊ ကယောက်ကတန်းဖြစ်ခြင်း နှင့် သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါသည်

🚨 အရေးပေါ် သတိပေးချက်
ဆန်ဆေးရေကဲ့သို့ ဝမ်းသွားပြီး ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ တွေ့ရှိပါက မိနစ်/နာရီပိုင်းအတွင်း အသက်အန္တရာယ် ရှိနိုင်ပါသည်။ ဓာတ်ဆားရည် (ORS) ကို ချက်ချင်း တိုက်ကျွေးရင်း အနီးစပ်ဆုံး ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသပါရန် နှိုးဆော်အပ်ပါသည်။

"SMART SOLUTIONS, STRONGER COMMUNITIES"

#ကာလဝမ်းရောဂါသတိပြု #ကျန်းမာရေးအသိပညာ

ဒီနေ့ ဆီးချိုထိန်းဖို့ ဒါတွေ လုပ်ပြီးပြီလား? (Daily Checklist) 🩺1.သွေးတွင်းသကြားဓာတ် တိုင်းတာပြီးပြီလား? 🩸2.ဆေးပုံမှန်သေ...
13/08/2026

ဒီနေ့ ဆီးချိုထိန်းဖို့ ဒါတွေ လုပ်ပြီးပြီလား?
(Daily Checklist) 🩺

1.သွေးတွင်းသကြားဓာတ် တိုင်းတာပြီးပြီလား? 🩸
2.ဆေးပုံမှန်သောက်/ထိုးပြီးပြီလား? 💊
3.ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ စားပြီးပြီလား? 🥗
4.ရေလုံလောက်အောင် သောက်ပြီးပြီလား? 💧
5.ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးပြီလား? 🏃‍♂️
6.ခြေထောက်ကို စစ်ဆေးပြီးပြီလား? 🦶
7.စိတ်ဖိစီးမှု လျှော့ချပြီး အိပ်ရေးဝဝ အိပ်ပြီလား? 😴

💬 ဒီနေ့အတွက် ဘယ်နှချက် ခြစ်ပြီးပြီလဲ?
(၃) ချက်ထက် ကျော်ရင်တော့ သင်ဟာ
ကိုယ့်ကျန်းမာရေးကို တကယ်ဂရုစိုက်သူပါပဲ ။

မန့်မှာ ပြောပြခဲ့ပါဦးနော် 👇

" Smart Solutions, Stronger Communities"

#ဆီးချိုထိန်းသိမ်းနည်း

မိမိတွင် ဆီးချိုရောဂါ ဖြစ်နေပြီလား ????🤔 ဆီးချိုရောဂါရဲ့ အဓိက လက္ခဏာရပ်တွေကို အောက်ပါအတိုင်း သတိထားနိုင်ပါတယ်၁။ အဓိကပြသလ...
10/08/2026

မိမိတွင် ဆီးချိုရောဂါ ဖြစ်နေပြီလား ????

🤔 ဆီးချိုရောဂါရဲ့ အဓိက လက္ခဏာရပ်တွေကို
အောက်ပါအတိုင်း သတိထားနိုင်ပါတယ်

၁။ အဓိကပြသလေ့ရှိသော လက္ခဏာများ (Symptoms)

✅ ရေငတ်ခြင်း: ပုံမှန်ထက် ပိုပြီး ရေငတ်လာတတ်ပါတယ်။

✅ဆီးခဏခဏသွားခြင်း: အထူးသဖြင့်
ညဘက်တွေမှာ ဆီးခဏခဏ ထသွားရတတ်ပါတယ်။

✅အလွန်အမင်း ဆာလောင်ခြင်း: အစား စားထားသော်လည်း ခဏခဏ ပြန်ဆာနေတတ်ပါတယ်။

✅ကိုယ်အလေးချိန် ကျဆင်းခြင်း: အစားတွေ အများကြီး စားသော်လည်း အကြောင်းအရင်းမရှိဘဲ ဝိတ်ကျသွားတတ်ပါတယ်။

✅မောပန်းနုံးနယ်ခြင်း: ခန္ဓာကိုယ်က သကြားဓာတ်ကို စွမ်းအင်အဖြစ် ကောင်းကောင်းမပြောင်းလဲနိုင်လို့ အမြဲနုံးနေတတ်ပါတယ်။

✅အမြင်အာရုံ ဝေဝါးခြင်း: သွေးတွင်းသကြားဓာတ်
မြင့်မားမှုကြောင့် မျက်စိကြည့်ရတာ မှုန်ဝါးလာနိုင်ပါတယ်။

✅အနာကျက်နှေးခြင်း: ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် အနာတွေ ဖြစ်လာရင် အရင်ကထက် ပိုကြာမှ ကျက်တတ်ပါတယ်။

✅လက်ဖျားခြေဖျား ထုံကျင်ခြင်း: သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်မှုကြောင့် ထုံတာ၊ ကျဉ်တာ သို့မဟုတ် အပ်နဲ့ထိုးသလို ခံစားရတာမျိုး ရှိနိုင်ပါတယ်။

📌 အရေးကြီး‌သောအချက်: ဒီလက္ခဏာတွေဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ် (Blood Sugar)ကို စနစ်တကျ စစ်ဆေးဖို့ နဲ့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။

၂။ သွေးစစ်ဆေးခြင်း (Blood Tests)

သေချာသိရှိနိုင်ဖို့ ဆေးရုံ၊ ဆေးခန်းမှာ အောက်ပါအတိုင်း စစ်ဆေးနိုင်ပါတယ်။

✅Fasting Blood Sugar (FBS): အစာမစားမီ သွေးစစ်ခြင်း ဖြစ်ပါတယ်။ ညဘက် အနည်းဆုံး ၈ နာရီမှ ၁၂ နာရီခန့် အစာဖြတ်ထားပြီးမှ မနက်စောစော စစ်ဆေးရပါမယ်။(အနည်းဆုံး ၈နာရီ အစာ မစားဘဲ စစ်ပြီး
FBS - 126mg/dl ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်)

✅HbA1c (A1C): လွန်ခဲ့တဲ့ ၂ လ သို့မဟုတ် ၃ လအတွင်း သင့်ရဲ့ ပျမ်းမျှ သွေးတွင်းသကြားဓာတ် အခြေအနေကို ပြတာပါ။ အစာဖြတ်ထားဖို့ မလိုဘဲ အချိန်မရွေး စစ်ဆေးနိုင်ပြီး ဆီးချိုထိန်းချုပ်မှု ရှိ/မရှိ သိနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ HbA1C - 6.5% ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်

✅Random Blood Sugar (RBS): အစား စားထားသည်ဖြစ်စေ၊ မစားထားသည်ဖြစ်စေ အချိန်မရွေး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ရုတ်တရက် လက္ခဏာပြလာတဲ့ အရေးပေါ် အခြေအနေမျိုးမှာ စစ်ဆေးလေ့ရှိပါတယ်။
RBS - 200mg/dl ကျော်ရင် ဆီးချို ဖြစ်နိုင်ပါတယ်

✅Oral Glucose Tolerance Test (OGTT): ကိုယ်ဝန်ဆောင် ဆီးချို စစ်ဆေးတဲ့နေရာမှာ အသုံးများပါတယ်။ သကြားရည် တိုက်ပြီးနောက် အချိန်အပိုင်းအခြားအလိုက် သွေးပြန်စစ်တဲ့ နည်းလမ်းပါ။

၃။ ဘယ်သူတွေ ဆီးချိုစစ်ဆေးသင့်သလဲ??

အဓိကအားဖြင့် အောက်ပါအုပ်စုဝင်တွေဟာ ဆီးချိုရောဂါ ရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးသင့်သူတွေ ဖြစ်ပါတယ်။

✅အသက် ၃၅ နှစ် အထက်ရှိသူများ : အရင်က ၄၅ နှစ်လို့ သတ်မှတ်ထားသော်လည်း ယခုအခါ နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် အသက် ၃၅ နှစ် ပြည့်တာနဲ့ အနည်းဆုံး တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ရလဒ်ကောင်းရင်တောင် ၃ နှစ်တစ်ကြိမ် ပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။

✅ကိုယ်အလေးချိန်များသူများ (Overweight): မိမိရဲ့ အရပ်နဲ့ အလေးချိန် မမျှတဘဲ ဝနေသူများ၊ အထူးသဖြင့် ခါးအတိုင်းအတာ ကြီးမားသူများ (ဗိုက်ပူသူများ) ဟာ
ဆီးချိုဖြစ်နိုင်ခြေ အရမ်းများပါတယ်။
BMI (Body Mass Index) ၂၃ နှင့် အထက်ရှိရင်
သတိထားရပါမယ်။

✅မျိုးရိုးရှိသူများ: မိဘ၊ ညီအစ်ကို မောင်နှမထဲမှာ ဆီးချိုရောဂါ အခံရှိသူတွေဟာ အခြားသူတွေထက်
ဖြစ်နိုင်ခြေ ပိုများတာကြောင့် အသက်ငယ်ရင်တောင် ကြိုတင်စစ်ဆေးသင့်ပါတယ်။

✅ရောဂါအခံရှိသူများ: သွေးတိုးရောဂါ ရှိသူများ (သွေးပေါင်ချိန် 140/90 mmHg နှင့် အထက် ရှိသူများ)။

✅ သွေးတွင်းအဆီဓာတ် များသူများ (Cholesterol သို့မဟုတ် Triglycerides များနေသူများ)။

✅ နှလုံးနှင့် သွေးကြောရောဂါ အခံရှိသူများ။

✅ကိုယ်ဝန်ဆောင် အမျိုးသမီးများ: ကိုယ်ဝန်ရှိစဉ် ဆီးချိုတက်ဖူးသူတွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအလေးချိန် (၉) ပေါင်ထက် ပိုကြီးတဲ့ ကလေးမွေးဖူးတဲ့ မိခင်တွေဟာ နောင်တစ်ချိန်မှာ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

✅သားဥအိမ် အရည်ကြည်အိတ် တည်ခြင်း (PCOS): အမျိုးသမီးတွေမှာ PCOS လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်ကြည်အိတ် တည်တဲ့ပြဿနာ ရှိနေရင် အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်တော့ဘဲ ဆီးချိုဖြစ်လာနိုင်ပါတယ်။

✅လှုပ်ရှားမှု နည်းသူများ: တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရသူများ၊ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိသူများဟာ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။

ဆီးချိုရောဂါဆိုတာ ကြိုတင်သိရှိပြီး စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် ပုံမှန်လူတစ်ယောက်လိုပဲ
ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်တဲ့ ရောဂါမျိုးပါ။

📌 ဒါကြောင့် အထက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကျန်းမာရေးကို ကြိုတင်စောင့်ရှောက်ချင်လို့ပဲဖြစ်ဖြစ် ဆီးချိုစစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေ။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပိုမိုသိရှိနိုင်ဖို့ Healthy Solutions Page ကို Follow လုပ်ထား‌ကြဖို့
မမေ့နဲ့နော် 🤗

"SMART SOLUTIONS, STRONGER COMMUNITIES"

ဆီးချိုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ဆိုတာ ဆေးသောက်ရုံတင် မလုံလောက်ပါဘူးတစ်နေ့တာအတွင်း ကိုယ်စားလိုက်တဲ့ အစားအသော...
08/08/2026

ဆီးချိုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ဆိုတာ
ဆေးသောက်ရုံတင် မလုံလောက်ပါဘူး

တစ်နေ့တာအတွင်း ကိုယ်စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ် အတက်အကျကို သေချာသိဖို့
လိုပါတယ်

ဒါကြောင့် Healthy Solutions ကနေ (၆) လစာ အပြည့်အဝ မှတ်တမ်းတင်နိုင်မယ့် Diabetes Log Book လေးကို ထုတ်ဝေလိုက်ပါတယ်ရှင့် 💯💯

ဒီစာအုပ်လေးထဲမှာ ဘာတွေ မှတ်လို့ရမလဲ?
🔹 သွေးတွင်းသကြားဓာတ် (အစာမစားမီ/စားပြီး)
🔹 အင်ဆူလင် ထိုးရတဲ့ ပမာဏနဲ့ ဆေးသောက်ချိန်
🔹 နေ့စဉ်စားသုံးတဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်း
🔹 သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း

ဒီမှတ်တမ်းလေးရှိနေရင် ဆရာဝန်နဲ့ ပြတဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို တိတိကျကျ ဆွေးနွေးနိုင်လို့ ပိုပြီး ယုံကြည်မှုရှိစေမှာပါ။ 🩺

💦 တန်ဖိုး ၉၅ဝဝ ကျပ်

📩 မှာယူလိုပါက CB မှာ အမည်၊ ဖုန်း၊ လိပ်စာလေး ပေးပို့ပေးပါရှင်။

🚚 Royal deli ဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါတယ်

#ဆီးချိုသွေးချို #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး

ကျန်းမာခြင်းဆိုတာ ရောဂါမရှိရုံနဲ့တင် ပြည့်စုံပါသလား???? 🤔🤔🤔ကျွန်တော်တို့အများစုက ဖျားနာမှုမရှိရင် ကျန်းမာတယ်လို့ ထင်တတ်က...
31/07/2026

ကျန်းမာခြင်းဆိုတာ ရောဂါမရှိရုံနဲ့တင် ပြည့်စုံပါသလား???? 🤔🤔🤔

ကျွန်တော်တို့အများစုက ဖျားနာမှုမရှိရင်
ကျန်းမာတယ်လို့ ထင်တတ်ကြပါတယ်

တကယ်တော့ စစ်မှန်တဲ့ "ကျန်းမာခြင်း" ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပတ်ဝန်းကျင်ပါ အဘက်ဘက်က ဟန်ချက်ညီညီ ကောင်းမွန်နေခြင်းကို ဆိုလိုတာပါ....

Healthy Solutions အဖွဲ့က သင့်ဘဝရဲ့
ဒီဟန်ချက်တွေကို ထိန်းညှိပေးဖို့ အသင့်ရှိနေပါတယ်

ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနေပါတယ် -

✅ ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါများကို စနစ်တကျ စီမံခန့်ခွဲ‌ပေးခြင်းလုပ်ငန်းများ။

✅ စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုတွေကို လျော့ချပေးမည့် အထောက်အကူပြုပစ္စည်းများနဲ့ နည်းလမ်းများ။

✅ ငွေကြေးစနစ်တကျစီမံခန့်ခွဲခြင်းဖြင့် financial freedom ဖန်တီးနိုင်ရန် လေ့ကျင့်ပေးခြင်းလုပ်ငန်းများ။

✅ လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို Consultancy Services အနေဖြင့် ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။

"Smart Solutions, Stronger Communities"
ဆိုတဲ့အတိုင်း ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းဖြစ်ဖို့ Healthy Solutions နဲ့ လက်တွဲလိုက်ပါ 🤝

💥 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် သိရှိလိုပါက Page Messenger (သို့ ) အောက်ပါ ရုံးလိပ်စာသို့လည်း လူကိုယ်တိုင်လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ ✅

📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900

📧 Email - [email protected]

🏡ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ

28/07/2026

Home Gardening ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူး
(၃) ခု-

🌱 အိမ်မှာ ဟင်းသီးဟင်းရွက်လေးတွေ စိုက်တာက ပျော်စရာ ဝါသနာတစ်ခုတင် မဟုတ်ပါဘူး....

👩‍❤️‍👨👭 ကိုယ့်မိသားစုရဲ့ ကျန်းမာရေးနဲ့ ပိုက်ဆံအိတ်ကိုပါ သိသိသာသာ အကျိုးပြုနိုင်ပါတယ်

၁။ ၁၀၀ % လတ်ဆတ်ဘေးကင်းမှု
စျေးထဲက ဝယ်စားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ
ဓာတုဆေးဝါးနဲ့ ပိုးသတ်ဆေးတွေ ဘယ်လောက်
ထိပါမလဲဆိုတာ မသိနိုင်ပါဘူး 😌

ကိုယ်တိုင်စိုက်ပျိုးတဲ့အခါ ဓာတုကင်းစင်ပြီး ဘေးကင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ချက်ချင်းခူးဆွတ် ချက်ပြုတ်စားသောက်နိုင်ပါတယ်😃

၂။ မိသားစုအသုံးစရိတ် ချွေတာနိုင်ခြင်း
🗓️ နေ့စဉ် ဟင်းသီး/ရွက်ဖိုး ကုန်ကျစရိတ်တွေကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။
ဒါတင်မကသေးပါဘူးနော်...... ပိုလျှံတဲ့ ဟင်းသီး/ရွက်တွေကို အိမ်နီးနားချင်းတွေကို ပြန်လည် မျှဝေခြင်း ဒါမှမဟုတ် ရောင်းချပြီး မိသားစုအပိုဝင်ငွေတောင် ရရှိနိုင်ပါသေးတယ်

၃။ ပတ်ဝန်းကျင်ကောင်းမွန်ပြီး အမှိုက်လျော့နည်းခြင်း
မီးဖိုချောင်ကထွက်တဲ့ ဟင်းသီး/ရွက်အခွံတွေ သစ်သီးခွံတွေကို လွှင့်မပစ်ဘဲ အပင်တွေအတွက် သဘာဝ မြေဆွေးအဖြစ် ပြန်လည်အသုံးပြုနိုင်တာမို့ ကိုယ့်အိမ်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကိုလျှော့ချ‌ပေးရာ ရောက်ပါတယ်။

ကျန်းမာရေးလည်း ညီညွတ်၊ ပိုက်ဆံလည်း ချွေတာနိုင်တဲ့အပြင် စိတ်ကိုလည်း အပန်းပြေစေမယ့် အိမ်ခြံဝန်းစိုက်ပျိုးခြင်းကို အတူတူ စတင်လိုက်ကြရအောင်နော်......

“Smart Solutions, Stronger Communities”





Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when Healthy Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share