06/01/2026
Leather fileholder ကို မှာရင် ဘာလို့တအုပ်တည်းမှာလို့မရတဲ့အကြောင်း ရေးမယ်ရေးမယ်နဲ့ ခဏခဏမေးကြတဲ့သူတွေအတွက် ရေးပေးလိုက်ရပါတယ်ရှင် ...
ကျွန်မတို့ Carnival က ကျောင်းများသီးသန့်အတွက်သာ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ် . မည်သည့် တစ်ဦးတယောက်အတွက် လိုအပ်တဲ့ ကျောင်းလိုဂိုကို အသုံးပြုပြီး Customized လုပ်ပေးလို့မရပါဘူးရှင် ..
အဲ့တာ ဘာဖြစ်လို့ပြောရတာလဲဆိုတော့ တချို့က မေးကြပါတယ် ကျွန်တော် / ကျွန်မတို့ရဲ့ ဖိုင်ပျောက်သွား ပျက်စီးသွားလို့ တအုပ်လောက်လိုချင်လို့ပါ စီးပွားရေးတက္ကသိုလ်ကပါ ကွန်ပျူတာတက္ကသိုလ်ကပါ ပြင်ပ ပုဂ္ဂလိကကျောင်းတခုခုကပါဆိုပြီး အလွယ်အပ်နှံလို့မရပါဘူး ..
အဲ့ကျောင်းရဲ့ Logo ကို အဲ့ကျောင်းရဲ့ ခွင့်ပြုချက်မရှိပဲ အသုံးပြုခွင့်မရပါဘူး ကျောင်းဘက်ကသာလျင်အပ်နှံလို့ရတာပါ ..
Logo ပေးရာမှာလဲ ကျောင်း logo ကို PSD file အမျိုးအစားနဲ့ပေးမှသာလျှင် ရွှေဇင့်နဲ့ လယ်သာအချိုင့်ဖိမိုလ် ပြုလုပ်ရာမှာ အသုံးပြုလို့ရတာပါ ..
အဲ့လို မိုလ်ပြုလုပ်ရတာဖြစ်တဲ့အတွက် မိုလ်အတွက်ကုန်ကျစရိတ်ပျမ်းမျှအနေထားနဲ့သက်သာမှုရှိအောင် အုပ်ရေ အနည်းဆုံး ၃၀ မှ စတင်အပ်နှံလို့ရကြောင်း အကျယ်တဝင့်ရှင်းပြလိုက်ရပါတယ် ..
အုပ်ရေနည်းလေ ဈေးများလေဖြစ်ပြီး
အုပ်ရေများလေ ဈေးပိုသက်သာလေဖြစ်ပါတယ် ..
လယ်သာအလိပ်အသုံးပြုမှု / မိုလ် ကုန်ကျစရိတ်များမှာ အုပ်ရေအနည်းအများအပေါ်ကွာခြားပြီး ဈေးနှုန်းများကွာခြားမှုရှိသွားတာဖြစ်ပါတယ် ...
မိမိတို့ Carnival မှ University , College , Private School , International School များစွာအတွက် ဘွဲ့အခမ်းအနားများမှာအသုံးပြုရန် Leather Fileholder ပေါင်း များစွာအား ဖန်တီးဝန်ဆောင်မှုပေးနေခဲ့ပြီး ပေးနေဆဲရှိနေပါတယ်..
မိတ်ဟောင်းမိတ်သစ်များအား အထူးပင်ကျေးဇူးတင်ပါတယ်ရှင် ..
ပုံလေးတွေကတော့ ရွှေရောင်စစ်စစ် လင်းလက်တောက်ပစွာ လယ်သာပေါ်ရွှေထိုးပြီး လယ်သာအချိုင့်ပါ သပ်ရပ်စွာဖိပေးထားတဲ့ ပုံလေးတွေပါ
09408661966
09453906400