MC Finance & Accounting Learning Hub

MC Finance & Accounting Learning Hub Trainer for finance and accounting subject

26/02/2026

IAS 21 — Lack of Exchangeability (Amendments)🤌

2025 January မှာ စပြီး effective ဖြစ်တဲ့ Lack of Exchangeability ဆိုတာဘာလဲ🤔

Lack of Exchangeability ဆိုတာ Company တစ်ခုရဲ့ financial reporting မှာ foreign currencies ကနေ functional currency ကိုတန်ဖိုးသင့်တဲ့အခါမှာ အသုံးပြုထားတဲ့ exchange rate က exchangeable မဖြစ်တဲ့ rate တွေ နဲ့ သင့်ထားတယ်ဆိုရင် Lack of Exchangeability လို့ယူဆလို့ရပါတယ်။👌

ဘယ်လိုအခြေအနေတွေမှာဖြစ်တက်လဲဆိုတော့ Company တစ်ခုဟာ အောက်ပါအချက်တွေနဲ့ ရင်ဆိုင်နေပြီဆို ဖြစ်တက်ပါတယ်-👉

➢ Legal FX restrictions
➢ Multiple exchange markets အစရှိသဖြင့်ပေါ့၊

IAS 21 — Lack of Exchangeability (Amendments) ဟာ ဘယ်လိုအခြေအနေ တွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ guideline ပေးထားတာပဲဖြစ်တယ်။

Standard အရ -
➢ Step 1 — Assess Whether Currency Is Exchangeable လုပ်ရမယ်

➢ Step 2 — Estimate the Spot Exchange Rate
Company အနေနဲ့ Spot Rate ကိုဘယ်လိုခန့်မှန်းမလဲ?

Possible estimation approaches ကတော့ general အနေနဲ့ အောက်ပါ approaches တွေကနေရနိုင်တယ်,👇
• Observable parallel market rates
• Adjusted official rates
• Model-based estimates
• Recent transaction rates

➢ Step 3 — Apply the Estimated Rate :-
• ​Foreign currency transactions
• Translation of monetary items
• Consolidation of foreign operations

➢ Step 4 — New Disclosure Requirements
ဘာတွေ Noted to the financial statements မှာ disclose လုပ်ရမလဲ?👉

Qualitativeအနေနဲ့👇

• Nature of restrictions
• Currencies affected
• Description of estimation method
• Risks arising

Quantitative အနေနဲ့👇
• Carrying amounts affected
• Estimated rates used
• Sensitivity information (if material)
အစရှိတာတွေ disclose လုပ်ရမယ်

IFRS 1 – First-time Adoption 🏦 ဒီနေ့တော့ IFRS first-time adoption လုပ်မဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတိပြုသင့်တဲ့အချက်လေး တစ်ခ...
06/01/2026

IFRS 1 – First-time Adoption 🏦

ဒီနေ့တော့ IFRS first-time adoption လုပ်မဲ့ အဖွဲ့အစည်းတွေအနေနဲ့ သတိပြုသင့်တဲ့အချက်လေး တစ်ချက်လောက် ဆွေးနွေးကျရအော်ဗျာ🧓

အဲ့ဒါဘာလဲဆိုတော့ အဖွဲ့အစည်းအနေနဲ့ First-time adoption လုပ်တဲ့အခါမှာ Previous year comparative figures တွေကို IFRS နဲ့အညီ Retrospective Application အရ restatement တွေလုပ်ဖို့တွေ လိုအပ်ပါတယ်🤗

ဥပမာ။ Financial year 2027-2028 မှာ Company အနေနဲ့ IFRS first-time adoption လုပ်မယ်ဆိုရင် Comparative Financial year 2026-2027 ရဲ့ Figures တွေကိုလည်း IFRS နဲ့အညီ restatement‌ တွေလုပ်ရပါမယ်။ (comparable information ဖြစ်ဖို့)🫰
အထူးအားဖြင့် Financial Year 2027-2028 ရဲ့ Statement of Cash Flows Comparative Figures IFRS နဲ့ အညီဖြစ်ဖို့ဆိုရင် Statement of Financial Position ကို Financial year 2026-2027 တင် မဟုတ်ဘဲ Financial year 2025-2026 ended figures ကိုတောင် restatement လုပ်ရဖို့ရှိ တယ်။
နည်းနည်းများ ရှုပ်သွားလား မသိဘူး။ 😀

အကြောင်းအရင်းက ရှင်းပါတယ် Comparative Financial year 2026-2027 အတွက် Statement of Cash Flows ဆွဲမယ်ဆိုရင် Financial year 2025-2026 နဲ့ 2026-2027 တို့ရဲ့ Statement of Financial Position နှစ်ခု ရဲ Increase/decrease ကိုစဉ်းစားကြလို့ပါ။🤔

👉အဲ့ဒါကြောင့် Financial year 2025-2026 နဲ့ 2026-2027 တို့ရဲ့ Statement of Financial Position နှစ်ခုဟာ IFRS နဲ့အညီ restated လုပ်ထားတဲ့ figures တွေဖြစ်ဖို့ လိုမယ်။ 👍🏼အဲ့ဒါကြောင့် IFRS adoption process မှာ Financial year 2025-2026 ended (31 Mar 2026/1 April 2026) ကို Date of transition to IFRS လို့ခေါ်ကြတယ်။🤗

အဓိကဆွေးနွေးချင်တဲ့အချက်က ဒီလိုဗျ၊🤌🏻

IFRS-1 အရ Retrospective Application (Restatement) လုပ်ရတဲ့အခါမှာ 👉

1) Compulsory Retrospective Application,
2) Optional Retrospective Application နဲ့
3) Mandatory Exceptions for Retrospective

ဆိုပီး ရှိနေတယ်ဆိုတာ သတိပြုရမယ်🤗

1) Compulsory Retrospective Application က 👉မဖြစ်မနေ ကို comparative figure ကို restatement လုပ်ရမည်။ ဥပမာအနေနဲ့ -
• Property, plant and equipment (PPE) recognition and depreciation
• Revenue recognition (IFRS 15 principles)
• Provisions under IAS 37
• Lease accounting (unless using IFRS 1 exemptions)
• Account receivable and Payable (unless using IFRS 1 exemptions) အစရှိသည်တို့ တို့ဆိုရင် comparative figure ကို မဖြစ်မနေ restatement လုပ်ရမည်။ 🤗

2) Optional Retrospective Application က 👉comparative figure ကို restatement လုပ်မယ် /မလုပ်ဘူးဆို တာ Company Choice ပဲ Cost & Benefit ကိုကြည့်ပြီး restatement လုပ်မည်/မလုပ်ဘူး ဆိုတာ ဆုံးဖြတ်ဆောင်ရွက်နိုင်တယ်လို့ဆိုတယ်
ဥပမာအနေနဲ့ -
• PPE, Investment Property တို့ကို ပထမ Cost model နဲ့သွားပီး IFRS စသုံးတဲ့ နှစ် မှာ Fair Value Model နဲ့စသုံးတာတို့,
• Business Combinations (IFRS 3)
• Share-based payments အစရှိသည်တို့ဖြစ်တယ်🤗

3) နောက်တစ်ခုရှိတာက Mandatory Exceptions ဆိုတာပဲ👉
အဲ့ဒါကတော့ Retrospective (restatement) လုပ်စရာကိုမလိုပဲ IFRS ကကို exception ပေးထားတာတွေပဲ
ဥပမာအနေနဲ့ -
• Changes in accounting estimates (IAS-8)
• Derecognition of financial assets/liabilities
• Hedge accounting and
• Non-controlling interests
အစရှိသည်တို့ ပါဝင်ပါတယ်

အောက်ကပုံက WaterBoom ပိုင်ရှင်များ IFRS adoption များ လုပ်ချင်မလားလို့ 🫢🫢🫢🫢

22/12/2025

IFRS Adoption🤘

မြန်မာနိုင်ငံက Public Interest Entities (PIE) တွေဖြစ်တဲ့ Banks တွေ၊ Non-Bank Financial Institution တွေ၊ Insurance Companies တွေ၊ Public & Listed Companies တွေ အစရှိတဲ့ PIE တွေဟာ Financial Year 2027-2028 စပြီး IFRS standard ကို Adoption လုပ်ရတော့မယ်ဆိုတာ သိပြီး ကျပီး ဖြစ်မှာပါ🤗

ဒီနေရာမှာ ကျွန်တော်အနေနဲ့ နိုင်ငံတော်တော်များများ IFRS Adoption/ convergence ကိုဘယ်လိုတွေ သွားနေကျလည်းဆိုတာ လေ့လာ ကြည့်ရအောင်ဗျာ၊🤔

ပထမ Method ကတော့- Full Adoption (Direct Adoption) နဲ့ သွားကျတယ်🤌

Full Adoption (Direct Adoption) ကတော့ Local accounting standards ကနေ IFRS standards ကို တမ်းပြောင်းသုံးခိုင်းတာပါ (အခုမြန်မာနိုင်ငံမှာ Public Interest Entities (PIE) တွေ IFRS Adoption သွားမဲ့ ပုံစံက Full Adoption ပုံစံနဲ့ အလားတူနေပါတယ်။ ပြီးတော့ Sectoral Adoption (Only PIE) လို့လည်းသတ်မှတ် လို့ရမယ်)

Full adoption ကို သုံးခြင်းအားဖြင့် financial statements ရဲ့ reporting quality တွေကောင်းမွန်မှုနဲ့၊ Investors တွေရဲ့ယုံကြည်မှုကို ကာလတိုအတွင်းရရှိနိုင်သည်ဆိုသော်ငြားလည်း အဲ့နိုင်ငံမှာ IFRS နဲ့ပတ်သက်ပြီး စာတွေ့လက်တွေ့ အမှန်တကယ် တက်သိနားလည်သော Consultants တွေ/Trainers တွေ/ Professional Accountants & Auditors တွေ လုံလောက်တဲ့ပမာဏ အထိရှိနေဖို့လိုမယ်။ 👨🏼‍💼👨🏼‍💼👨🏼‍💼

အဲ့လိုမှုမဟုတ်ရင်တော့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်နဲ့ ဆင်တစ်ကောင် ပုံပြင် လိုဖြစ်နေလိမ့်မယ်။ (မှတ်ချက် အဲ့ထဲမှာ ကျွန်တော်က သုံးယောက်မြောက် ပုဏ္ဏားပေါ့ဗျာ ဆင်က ယပ်တောင်နဲ့တူတယ် 🫢)

အကယ်၍ တက်သိနားလည်သော Consultants တွေ/Trainers တွေ/ Professional Accountants & Auditors တွေ လုံလောက်တဲ့ပမာဏ အထိရှိ နေတယ်ဆိုလည်း Adopt လုပ်တဲ့နှစ်မှာ adoption process အတွက် ကုန်ကျစရိတ်ကလည်း အတော် များနေလိမ့်မယ်။

ဒုတိယ Method ကတော့ - Convergence / Gradual Alignment နဲ့ သွားကျတယ်၊🤌🏻

Convergence / Gradual Alignment ကတော့ Local accounting standards ကနေ IFRS standards တဖြည်းဖြည်းခြင်း/တဆင့်ပြီးတဆင့် Timeline ပြင်ဆင်ရေးဆွဲပြီး သတ်မှတ်ကာလအပြီးမှာ IFRS fully အသုံးပြုပြီး ဖြစ်အောင်သွားတဲ့ ပုံစံပါ👍🏼

သွားတဲ့ပုံစံ အဆင့်ဆင့်ရဲ့ အကြမ်းဖျင်းအားဖြင့်တော့

👉ပထမအဆင့်မှာ-​ Local accounting standards နဲ့ IFRS standards ကြားက ကွာခြားချက်တွေကို​​​သုံးသပ်မယ် (Gap analysis)

👉ဒုတိယဆင့်မှာ- ဘယ်လို Standards တွေကို အဓိကထား ပြင်ဆင်မလဲ သတ်မှတ်မယ် (e.g., IFRS 9, IFRS 15, IFRS 16) ၊

👉တတိယနေနဲ့- Local accounting standards နဲ့ IFRS standards ကိုပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ Guidance တွေပြင်ဆင်ထုတ်ပြန်မယ်၊ အဆင့်ဆင့်ပြောင်းလဲမှု အချိန်သတ်မှတ်ချက်တွေထား ဆောင်ရွက်မယ်။
သတ်မှတ်အချိန်အတွင်း လိုအပ်တဲ့ Skill Workers( Consultants/Trainers/ Accountants & Auditors) တွေပြည့်စုံ နိုင်ဖို့ ဖြည့်ယူမယ်၊🧑‍🏫🧑‍🏫🧑‍🏫

နောက်ဆုံးမှာတော့ ဦးစာပေးပြောင်းလဲလိုတဲ့ Sector တွေအလိုက် ပြောင်းလဲယူလိုက်မယ်ဗျာ👌👌

ကျွန်တော့အမြင်အရ ဆိုရင်တော့ ဒီ Methodက IFRS နဲ့ပတ်သက်ပြီး စာတွေ့လက်တွေ့ မမှန်တကယ် တက်သိနားလည်သော Consultant တွေ/Trainer တွေ/ Professional Accountants & Auditors တွေ မလုံလောက်တဲ့ နိုင်ငံတွေ သုံးရင် ပိုအဆင်ပြေမယ်ထင်တာပဲ၊🤔 ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ဘူး🫢

တတိယ Method ကတော့ - Dual Reporting🤌

Dual reporting ကတော့ တချို့နိုင်ငံတွေမှာ Local accounting standards ကိုပဲအသုံးပြုနိုင်ပြီး၊ အကယ်၍ IFRS အသုံးပြုတဲ့ Multi-international Group of Companies က အဲ့နိုင်ငံမှာ Subsidiary ရှိနေမယ်ဆိုရင်တော့၊ Local filing အတွက် Financial Statements ကို Local accounting standards နဲ့ ဆွဲပြီး၊ Foreign Holding Company – Consolidated Financial Statements ပြင်ဆင်နိုင်ဖို့ Holding Requirement အတွက် IFRS နဲ့အညီဆွဲရပြန်တယ်ဗျ၊
အဲ့လိုဆို ရင်တော့ Dual Reporting လို့ဆိုတယ်။ 🤗

👉တကယ့်လက်တွေ့မှာ ဆိုရင် အများအားဖြင့် Company က accounting records တွေကို Local accounting standards နဲ့ အညီပဲ ပြင်ဆင် ထိမ်းသိန်းထားပြီး၊ Year end ‌ရောက်မှ Local accounting standards နဲ့ IFRS အကြား ခြားနားချက် တွေအတွက် Manual Journal Entries နဲ့ Adjustment လုပ်ပီး IFRS report ကို‌ရေးဆွဲပြီး Holding Company ကို ပေးပို့ကျတယ်ဗျ၊🧑‍🏫

နောက် Method ကတော့ - Voluntary IFRS Adoption🤌

Voluntary IFRS Adoption ကတော့ တချို့နိုင်ငံတွေမှာ Local accounting standards ကိုပဲ အသုံးပြုနိုင်သော်လည်း၊ IFRS ကို Company အနေနဲ့ သူရဲ့ Financial Statements ကို reporting quality တွေကောင်:မွန်ဖို့၊ transparency ဖြစ်ဖြစ်နဲ့ Investors တွေရဲ့ယုံကြည်မှုကိုပိုရနိုင်ဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ် IFRS ကို Adopt လုပ်သုံးကျတာကို ဆိုလိုတာပါ၊🤗

အခြား Methods/Approaches တွေတော့ရှိသေးပါတယ် အဓိက အသုံးပြုနေတဲ့ Methods တွေကို တင်ပြလိုက်တာပါ👨🏻‍💻

Thank you! Very Very Good Night 🫢🫢😀

IPSAS 32 va IFRIC 12 (အဆက်)👨🏻‍💻ဒီနေ့တော့ IFRIC 12  – Service Concession Arrangements Operator အရ သင့်ရဲ့ Company က Highw...
09/12/2025

IPSAS 32 va IFRIC 12 (အဆက်)👨🏻‍💻

ဒီနေ့တော့ IFRIC 12 – Service Concession Arrangements Operator အရ သင့်ရဲ့ Company က Highways construction and toll fee collection လုပ်ဖို့ နှစ် ၅၀ (Construction period က ၅ နှစ် Concession period: ၄၅ နှစ် )BOT စနစ်အနေနဲ့ government permit ရတယ်ဆိုကြပါဆို့ကွယ် 🫢

Construction Cost အနေနဲ့ USD 5 million ကုန်မယ်ပေါ့ Construction Margin (အပြင်မှာ Construction Cost အပေါ်မှာ ယူတဲ့ Profit Margin) က 25 % ဆိုပါတော့ company အနေနဲ့ လုပ်ပိုင့်ခွင့် သက်တမ်း အတွင်း toll fee ကောက်ယူခွင့်ရပြီး၊ ခွင့်ပြုသက်တမ်းကျော်ရင်တော့ BOT စနစ်ရဲ့ ထုံးစံအတိုင်း Government ကို ပြန်လွဲရမယ်

ဘယ်လိုစာရင်းသွင်းမလဲ🤔

1) Initial Recognition အနေနဲ့ Construction ကာလမှာ

(i) Record construction costs

Dr Construction Costs (P/L) USD 5mill
Cr Cash / Bank USD 5 mill

(ii) Recognize construction revenue and corresponding intangible asset
at fair value (USD 5mill x 125 %) USD 6.25 mil

Dr Intangible Asset – Concession Right 6.25 mi
Cr Construction Revenue (P/L) 6.25 mi

2. During Operating Period (Concession periods 45 years) toll fee collection

(i) Recognize operating revenue (ဥပမာ အနေနဲ့ toll fee collection က တစ်နှစ်ကို USD 0.2 mil ရတယ်ဆိုပါဆို့)

Dr Cash / Bank USD 0.2 mil
Cr Operation Revenue USD 0.2 mill

(ii) Amortize the intangible asset- Concession Right (USD 6.25 mill /45 yr for concession period)= USD 0.139 mil

Dr Amortization Expense (P/L) USD 0.139 mil
Cr Accumulated Amortization –USD 0.139 mil
Intangible assets

အဲ့လို ပုံမှန်/နှစ်စဉ် toll fee collected amount ကို operating revenue အဖြစ် စာရင်းသွင်းပီး Intangible Asset – Concession Right ကို amortized လုပ်သွားခြင်း အားဖြင့်🫰

concession periods ကုန်ချိန်မှာတော့ highway project က BOT ရဲ့ အနှစ်သာရ အရ government control အောက်ပြန်လွှဲပေးရမယ် -Intangible Asset – Concession Right လည်း fully amortized လုပ်ပီးဖြစ်သွားမယ် 🤗

ကဲရှုပ်သွားပီလား 😆
Appeton တစ်နေ့ တစ်ဇွန်းသောက် 🫢

မှတ်ချက် ။ MC learning center ရဲ့ ပင်တိုင် Model 🫰

03/12/2025

IPSAS 32 va IFRIC 12 🤗

ကဲဒီနေ့တော့ IPSAS 32 – Service Concession Arrangements: Grantor နဲ့ IFRIC 12 – Service Concession Arrangements Operator တို့ရဲ့ အကြောင်းလေး လေ့လာကြည့်ရအောင် ဗျာ🤔

IPSAS က Public Sector excludes Government Business Enterprises (GBEs) မှာ apply လုပ်ဖို့ဆိုတာတော့ ပထမ post မှာ ရှင်းပြီး ဆိုတော့ သိပီးပီလို့ယူဆတယ် 🤘
IFRIC ကတော့ International Financial Reporting Interpretations Committee ဖြစ်ပီး IFRS ကို လက်တွေမှာ အသုံးပြုနိုင်ဖို့ interpretations လုပ်ပေးတဲ့ Standards တွေဘဲဖြစ်တယ်
ဉပမာ အနေနဲ့ အခွန် ညွှန်ကြားချက် တွေအတွက် interpretation statements တွေထုတ်သလိုပေါ့👌

IPSAS 32 ကိုရှင်းရမယ်ဆိုရင် 👉
ဥပမာ အနေနဲ့ Government က private company တစ်ခုကို BOT (Build–Operate–Transfer) စနစ်နဲ့ လုပ်ပိုင်ခွင့် တစ်ခုခွင့်ပြုတဲ့ အချိန် Government -Grantor side အနေနဲ့ စာရင်းသွင်းရာမှာ apply လုပ်ဖို့ ပြဌာန်းထားတာဖြစ်တယ် -

၁) Highways and toll roads တွေခွင့်ပြုတာ
၂) Airports (BOT) စနစ်နဲ့ ခွင့်ပြုတာတို့ ပါဝင်မယ်

IFRIC 12 ကတော့ လုပ်ပိုင်ခွင့်ရတဲ့ Operator- Company side ကနေ စာရင်းသွင်းရာမှာ apply လုပ်ဖို့ ထုတ်ပြန်ထားတာပဲ ဖြစ်ပြန်တယ်-

ဘယ်လိုတွေ စာရင်းသွင်းကြမလဲ 🤔🤔🤔

ဥပမာ - နိုင်ငံတစ်ခုရဲ့ Government က ABC ဆိုတဲ့ Company တစ်ခုကို Highways construction and toll fee collection လုပ်ဖို့ နှစ် ၅၀ (Construction period က ၅ နှစ် Concession period: ၄၅ နှစ် )အနေနဲ့ BOT စနစ်နဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တယ် Construction Cost အနေနဲ့ USD 5 million ကုန်မယ်ပေါ့ Construction Margin (အပြင်မှာ Construction Cost အပေါ်မှာ ယူတဲ့ Profit Margin) က 25 % ဆိုပါတော့
Operator ABC company အနေနဲ့ လုပ်ပိုင့်ခွင့် သက်တမ်း အတွင်း toll fee ကောက်ယူခွင့်ရပြီး၊ ခွင့်ပြုသက်တမ်းကျော်ရင်တော့ BOT စနစ်ရဲ့ ထုံးစံအတိုင်း Government ကို ပြန်လွဲရမယ်

ကဲ့ Government Side ကနေ IPSAS 32 အရ ဘယ်လိုစာရင်းသွင်းမလဲ 🫢

1) Initial Recognition အနေနဲ့ Construction ကာလမှာ -Recognize service concession asset (at fair value (USD 5mill x 125 %) USD 6.25 mill

Dr Service Concession Asset – Road 6.25 mil
Cr Deferred Revenue – SC Liability 6.25 mill

2) After Construction period မှာတော့ Concession period အလိုက် Service Concession Assets အပေါ် မှာ နှစ်အလိုက် depreciation တွက်မယ်
(USD 6.25 million / 45 years) = USD 0.1389 mill

Dr Depreciation Expense – SC Asset
Cr Accumulated Depreciation – SC Asset

3. Concession Period အတွင်း revenue အနေနဲ့ စာရင်းသွင်းဖို့ deferred revenue အပေါ် concession periods အလိုက် amortized ချမယ်
(USD 6.25 million / 45 years) = USD 0.1389 mill

Dr Deferred Revenue – SC Liability
Cr SC Revenue / Other Income

အဲ့လိုနှစ်စဉ် စာရင်းသွင်းပီး concession periods ကုန်ချိန်မှာတော့ highway project က BOT ရဲ့ အနှစ်သာရ အရ government control အောက်
ပြန်ရောက်သွားမယ် -Service Concession Asset နဲ့
Deferred Revenue – SC Liability လည်း amount nil ဖြစ်သွားမယ်🤫

Okay ရှင်းလားတော့ မသိဘူး မရှင်းရင် နောက်တခါပြန်ဖတ်🫢

နောက်နေ့မှ Operator Company Sideက IFRIC 12အရ ဘယ်လိုစာရင်းသွင်းလဲရှင်းတော့မယ် 👌

IPSAS 9 & 23ကျွန်တော် မနေ့က တင်ပြခဲ့တဲ့ International Public Sector Accounting Standards ထဲကထူးခြားတဲ့ အချက်ဖြစ်တဲ့👐IPSA...
02/12/2025

IPSAS 9 & 23

ကျွန်တော် မနေ့က တင်ပြခဲ့တဲ့ International Public Sector Accounting Standards ထဲကထူးခြားတဲ့ အချက်ဖြစ်တဲ့👐

IPSAS 9 – Revenue from Exchange Transactions နဲ့
IPSAS 23 – Revenue from Non-Exchange Transactions ကိုအကဲဖြတ်သုံးသပ်ကြည့်ရအော်ဗျာ🫰

IFRS မှာဆိုရင် IFRS 15 Revenue from Contracts with Customers အနေနဲ့ ပဲ revenue recognition ကို Point in time or over time အနေနဲ့ပဲ စားသွင်းရင် ok 👌

Public Sector excludes Government Business Enterprises (GBEs) ဆိုရင်တော့ IPSAS 9 နဲ့ IPSAS 23 ဆိုပီး Revenue from exchange transactions & non-exchange transactions ဆိုပီး Standards နှစ်ခု ခွဲ စာရင်းသွင်းရမယ် 👍🏼

IPSAS 9 Revenue from Exchange Transactions🤞

IPSAS 9 ဆိုရင် IFRS 15 နဲ့ အလားတူပီး revenue ဟာ sale of goods and services နေ ရရှိလာတဲ့ revenue transactions တွေဖြစ်တယ်🤘
ဥပမာအနေ နဲ့👇

Government ကနေ ပြည်သူကို လမ်းတံတားကြေး တွေကောက်ခံတာ၊ ရေမီတာ မီးမီတာကြေးတွေကောက်တာ၊ အစိုးရဆေးရုံ တက်ခ အခကြေးငွေကောက် တာ အစရှိ တာတွေပါဝင်တယ်🤲

IPSAS 23 – Revenue from Non-Exchange Transactions 🫰

IPSAS 23 ကတော့ revenue ဟာ government က sale of goods and services to public မဟုတ်ပဲ (without giving equal value in return) မရှိ ပဲ ရရှိလာတဲ့ revenue transactions တွေဖြစ်တယ်🤘
ဥပမာအနေ နဲ့👇

Government ကနေ အခွန် ကောက်ခံရငွေတွေ၊ အခြားနိုင်ငံက လှူဒါန်းထောက်ပံ့ငွေတွေ၊ Fines & Penalties ကောက်ခံ ရရှိတာတွေပါမယ်🤲

ကဲအဲ့လောက်ဆို အကြမ်းအားဖြင့်ရှင်းလောက်ပီ
Details သိချင်ရင် ကိုယ့်ဟာကို ရှာဖက် 🫢
မှားတာရှိရင်လဲ ပြောအုန်း 🤔

အောက်ကပုံကတော့ အစစ်ထည့်ပေးလိုက်တာ😶

IPSAS 🤌 IPSAS ဆိုတာ International Public Sector Accounting Standards (IPSAS) ဖြစ်ပီး Standards တွေကို International Publ...
01/12/2025

IPSAS 🤌
IPSAS ဆိုတာ International Public Sector Accounting Standards (IPSAS) ဖြစ်ပီး

Standards တွေကို International Public Sector Accounting Standards Board (IPSASB) (under IFAC ) က အောက်ဖော်ပြပါ အဖွဲ့ အစည်းတွေ Financial Reporting တွေပြင်ဆင်ရာမှာ transparency, accountability, and efficiencyဖြစ်ဖြစ် ပြင်ဆင် နိုင်ဖို့ လိုက်နာအသုံးပြု နိုင်ရန် ထုတ်ပြန်ထားတာဖြစ်တယ်🫡

ဘယ်အဖွဲ့အစည်းတွေလဲ👇

✔ National governments

✔ Regional/state/provincial governments

✔ Local governments (municipalities)

✔ Ministries, departments & public agencies

✔ Public universities, hospitals & non-profits

✔ International organizations (UN, NATO, OECD, etc.)

✔ Donor-funded programs

✔ Public social security and pension funds

⛑️ဒီနေရာမှာ သတိချက်ရမှာက Government Business Enterprises (GBEs) လို့ခေါ်တဲ့ အောက်ဖော်ပြပါအဖွဲ့ အစည်းတွေကတော့
IPSAS ကိုသုံးလို့ မရပဲ IFRS ကိုသာ အသုံးပြုရမယ်ဆိုတာ သတိပြုရမယ် 👌

GBEs တွေက👉
• State-owned banks
• Utility companies (electricity, water) operating commercially
• National airlines
• State-owned telecom companies

🫰ကဲအလိုဆို IPSAS နဲ့ IFRS ဘာတွေကွာလဲ??

👇

30/11/2025

ဒီ page လေး က
ကျွန်တော် သင်ယူ မှတ်သား ခဲ့သော Accounting and Finance Subject နဲ့ ဆိုင်တဲ့ Knowledge Sharing များကို ပုံမှန် လေး တင်ပြသွားဖို့ ရှိပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MC Finance & Accounting Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share