14/09/2026
“Good numbers don’t always mean low risk.” 📊⚠️
(ကိန်းဂဏန်းတွေ ကောင်းနေတိုင်း Risk နည်းနေတာ မဟုတ်ပါဘူး)
လုပ်ငန်းတော်တော်များများမှာ Incidents တွေ နည်းနေတယ်၊ Targets တွေကလဲ ပြည့်မှီနေတယ်၊ Dashboard တွေမှာ GREEN ပြနေရင် အားလုံး အဆင်ပြေနေပြီလို့ ယူဆတတ်ကြပါတယ်။
ဒါပေမဲ့ Metric တစ်ခုဟာ Target ဖြစ်လာတဲ့အခါ၊ ဝန်ထမ်းတွေရဲ့ Behaviour က အဲဒီ Metric ကို ပြည့်မီအောင် ပိုမိုဦးတည်လာနိုင်ပြီး၊ အောက်ခြေမှာရှိနေတဲ့ Risk တွေက ပိုပြီး မမြင်သာတာတွေဖြစ်နိုင်ပါတယ် — Goodhart’s Law ရဲ့ အဓိကသဘောတရားတစ်ခုပါ။
ဒီလို အပြင်မှာ GREEN ဖြစ်နေပေမယ့် အတွင်းမှာ Risk က RED ဖြစ်နေတဲ့အခြေအနေကို Risk Management မှာ “Watermelon Effect” 🍉 လို့လည်း ခေါ်ကြပါတယ်။
🔹 KPIs (Key Performance Indicators): Business Performance နဲ့ Progress ကို တိုင်းတာပေးသည်။
🔹 KRIs (Key Risk Indicators): Risk Exposure, Trends နဲ့ Warning Signals တွေကို စောင့်ကြည့်ပေးသည်။
Surface-level metrics တွေကိုပဲ ကြည့်ပြီး စိတ်အေးနေရင် False Sense of Security (လုံခြုံနေပြီဟု ထင်မြင်မိခြင်း) ကို ဖြစ်စေနိုင်ပါတယ်။
ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့က ကိန်းဂဏန်းတွေလှနေရုံတင် မဟုတ်ဘဲ True Risk Visibility (Risk ကို အမှန်တကယ် မြင်သာနိုင်စွမ်း) ကို မြှင့်တင်ဖို့ လိုပါတယ်။
📌 Key Takeaways from this carousel:
1️⃣ Metrics shape behaviour — What you reward shapes what people optimise.
2️⃣ Better numbers ≠ Better risk management.
3️⃣ Better risk visibility = Better decisions.
💭 Question for leaders & managers:
သင့်အဖွဲ့အစည်းမှာ Dashboard တွေ အားလုံး “Green” ပြနေပေမယ့် မထင်မှတ်ထားတဲ့ ပြဿနာကြီးတွေ ကြုံဖူးပါသလား?
ဘယ် Metric သို့မဟုတ် Warning Signal ကို စောစောစီးစီး မြင်တွေ့ချင်ပါသလဲ?
Comment မှာ အတွေ့အကြုံလေးတွေ ဆွေးနွေးခဲ့ကြပါဦး။ 👇