16/08/2026
📌 Final Episode | Constraints Businesses Face
Sales တက်နေတယ်… Project တွေများလာတယ်… ဒါပေမယ့် Cash က ဘာကြောင့် အမြဲလိုနေတာလဲ?
လုပ်ငန်းကြီးထွားလာတာနဲ့အမျှ Revenue တက်လာနိုင်ပါတယ်။ Profit လည်း ရှိနေနိုင်ပါတယ်။
ဒါပေမယ့် Profit ရှိတာနဲ့ Cash ရှိတာ မတူပါဘူး။
Customer ဆီမှာ ရရန်ငွေတွေ ပိတ်နေတာ၊ Inventory နဲ့ Project တွေထဲမှာ ငွေတွေ ရင်းနှီးထားရတာ၊ Supplier နဲ့ Operating Expenses တွေကို အရင်ပေးနေရတာတွေကြောင့် Sales ကောင်းနေပေမယ့် Cash Flow အခက်အခဲ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် CEO တစ်ယောက်အနေနဲ့
“ဒီလ Sales ဘယ်လောက်ရလဲ?” ဆိုတာတစ်ခုတည်း မမေးဘဲ
“Cash ဘယ်လောက်ဝင်လဲ?”
“ရရန်ငွေ ဘယ်လောက်ရှိလဲ?”
“Cash က ဘယ်နေရာမှာ ပိတ်နေလဲ?”
“နောက် 30, 60, 90 ရက်မှာ Cash Position ဘယ်လိုရှိမလဲ?”
ဆိုတာတွေကိုပါ သိထားဖို့လိုပါတယ်။
💡 Business Growth ကို Sales တစ်ခုတည်းနဲ့ မတိုင်းတာပါနဲ့။ Growth ကို ထောက်ပံ့နိုင်မယ့် Financial System နဲ့ Cash Flow Management ပါ တစ်ပြိုင်တည်း ကြီးထွားလာဖို့ လိုပါတယ်။
ဒီ Episode ဟာ KING Consulting ရဲ့ “Constraints Businesses Face” Series ရဲ့ Final Episode ဖြစ်ပါတယ်။
ဒီ Series တစ်လျှောက်မှာ လုပ်ငန်းတိုးတက်မှုကို တားဆီးနေတဲ့ Constraints တွေကို ရှာဖွေပြီး လူကိုအပြစ်တင်ခြင်းထက် Root Cause ကိုရှာဖွေခြင်း၊ Process ကိုပြင်ဆင်ခြင်းနဲ့ System တည်ဆောက်ခြင်း ဆိုတဲ့ Management Perspective ကနေ မျှဝေပေးခဲ့ပါတယ်။
Series ကို အားပေးကြည့်ရှုပေးခဲ့ကြတဲ့ Business Owners နဲ့ Management Professionals အားလုံးကို KING Consulting မှ ကျေးဇူးအထူးတင်ရှိပါတယ်။
Business Growth ဆိုတာ ပိုကြိုးစားရုံနဲ့ မလုံလောက်ပါဘူး။
ကြီးထွားမှုကို ထိန်းထားနိုင်မယ့် System တစ်ခုလည်း လိုပါတယ်။
🏆 𝗘𝗺𝗽𝗼𝘄𝗲𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝘁𝗼 𝗚𝗿𝗼𝘄
🚀 မိတ်ဆွေလုပ်ငန်းကို Transform လုပ်ဖို့ အခုပဲ စတင်လိုက်ပါ!
📍 YGN Office: No.311, Tower B, Junction 8, Myaing Hay Wun Condo, MaYanGone Township
📞 095505877 | 095100255
📩 [email protected]
🌐 kingconsultings.com