Swel Taw Colour Offset Printing

Swel Taw Colour Offset Printing Since 1996

စွယ်တော် ပုံနှိပ်တိုက်ရဲ့စာမူ ပေး - စာအုပ်အပ် စနစ်ဖြင့်ဝန်ဆောင်မှု တစ်ခု အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါပြီ…။ဒီစာအုပ်လေး...
19/08/2026

စွယ်တော် ပုံနှိပ်တိုက်ရဲ့

စာမူ ပေး - စာအုပ်အပ် စနစ်ဖြင့်

ဝန်ဆောင်မှု တစ်ခု

အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါပြီ…။

ဒီစာအုပ်လေးကို

၁။ အဖုံးဆွဲပေးခြင်း

၂။ စာစီ Layout လုပ်ပေးခြင်း။

၃။ ပုံနှိပ်ခြင်း နှင့်

၄။ စာအုပ်ချုပ်ခြင်း

၅။ စာပေစိစစ်ရေး ကိစ္စ အဝဝတို့ကို

စနစ်ကျစွာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။

ဒီလို ဝန်ဆောင်မှုမျိုးနဲ့

အလုပ်လုပ်လိုပါက

စွယ်တော်ပုံနှိပ်တိုက် ကို
ဆက်သွယ်ချင်လိုက်ပါ …📲

📍 - 147 / 51 Street (Middle Block), No. 1 Ward, Pazundaung Tsp, Yangon.

☎️- 09428187937
☎️- 09786291877

အမြန်ဆုံး စွယ်‌တော်ပုံနှိပ်တိုက်ကို
ဆက်သွယ်လိုက်တော့နော် …
------------------------------------

စာမြည်းလေးနဲ့ မိတ်ဆက်ပေးရပါစေ….။

`ပန်းပဲသမားလေးဘဝမှသည် သံအမတ်ကြီးဘဝဆီသို့´
💠💠💠💠💠💠💠💠

သံအမတ်ကြီးဒေါက်တာလှမောင်၏
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

သံအမတ်ကြီးဒေါက်တာလှမောင်(ဘောဂ)

🔴🔴🔴🔴🔴🔴🔴🔴

ဒီစာအုပ်ကို ဖတ်ရင်း ရင်ထဲမှာ ပန်းပဲဖိုက လျှံတက်လာတဲ့ မီးတောက်မီးလျှံတွေရဲ့ ဘဝတေးသံကို၊ ကြားနေရတယ်။ လေယူရာယိမ်းနွဲ့နေတဲ့ ကြံခင်းကြီးတွေရဲ့ အားမာန်ကို ခံစားနေရတယ်။ ကြံသကာချက်လုပ်ငန်းခွင်က ဆုံလည်နွားရဲ့ ဘဝသံသရာကို ရှုငေးနေရတယ်။လယ်တောယာမြေထဲမှာ နွားနဲ့ ထယ်နဲ့ ဖက်ရုန်းနေရတဲ့ လူသားရဲ့ မိုးအောက်မြေပြင်အလှကို မြင်တွေ့နေရတယ်။

ပြီးတော့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ရုပ်ပုံလွှာတွေထဲက တစ်ရိပ်တစ်လွှာဖြစ်တဲ့ စစ်ပြေးမိသားစုရဲ့ ဘဝအမောတွေကိုလဲ လိုက်ပါခံစား လှိုက်မောနေမိတယ်။ စစ်အတွင်းမှာ အစာရေစာ ရှားပါးလာတော့ လူကုံထံတွေအတွက် မပြောပလောက်ပေမဲ့ လူလတ်တန်းစားနဲ့ အခြေခံလက်လုပ်လက်စား လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သူတွေအတွက် ဆန်မဆိုထားနဲ့ ဆန်ကွဲချက်နိုင်ဖို့တောင် မရှူနိုင်မကယ်နိုင် ဖြစ်လာတယ်။အဲဒီတော့ အန္တရာယ်ထူပြောလှတဲ့ စစ်ကြီးအတွင်းမှာ အသက်စွန့်ပြီး ဆန်အဝယ်ထွက်ရတယ်။ ဒီလိုနဲ့ အန္တရာယ်ကို အန်တုပြီး ကုန်ရောင်းကုန်ဝယ် ကုန်သည်ဘဝ ရောက်ရပြန်တယ်။

ဒီအတွေ့အကြုံတွေဟာ အသက် ဆယ့်လေးငါးနှစ်အရွယ် ကောင်လေးတစ်ယောက်၊ နောင်တစ်ချိန်မှာ သံအမတ်ကြီး ဖြစ်လာမဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြတ်သန်း လျှောက်လှမ်းခဲ့ရတဲ့ဘဝခရီးလမ်းဆိုရင် အံ့သြနေမလားပဲ။ ဟုတ်ပါတယ်၊ လူကြီးတစ်ယောက်တောင် ခက်ခက်ခဲခဲ ဖြတ်သန်းရမဲ့ အဲဒီ ဘဝအတွေ့အကြုံဟာ `သံအမတ်ကြီးဒေါက်တာလှမောင်´ရဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ငယ်ဘဝအတွေ့အကြုံပဲ ဖြစ်ပါတယ်။ အဲဒီ ဘဝအတွေ့အကြုံတွေဟာ နောင်အခါ မိသားစုဘဝ၊ နိုင်ငံဝန်ထမ်းဘဝ တာဝန်တွေ ထမ်းဆောင်ရာမှာ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ပေါင်းသင်းဆက်ဆံရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးတို့အတွက် ကြီးစွာ အထောက်အကူဖြစ်ခဲ့ရပါတယ်လို့ `သံအမတ်ကြီးဒေါက်တာလှမောင်( ဘောဂ)က သူ ရေးသားတဲ့ `သံအမတ်ကြီးဒေါက်တာလှမောင်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ´စာအုပ်ကြီးထဲမှာ ဖွင့်ဟ လက်ဆင့်ကမ်းထားပါတယ်။ ဒီလို လက်ဆင့်ကမ်းတာဟာ နောင်လာနောက်သား မျိုးဆက်သစ်လူငယ်တွေအတွက် စိတ်ခွန်အား ဖြစ်စေလိုတဲ့ စေတနာကြောင့်ပဲ ဆိုတာ မြင်သာလှပါတယ်။

`ဇာတိချက်ကြွေ၊ရန်အောင်မြေနှင့်၊သွန်းရေခံရာ၊ခန်းဝါထင်ရှား၊ဤသုံးပါး၊မေ့ငြားမရှိရာ´ဆိုစကားအရ သံအမတ်ကြီးဒေါက်တာလှမောင်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဟာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှာ တည်ရှိတဲ့ `ပျဥ်းမနားမြို့´ဖြစ်ပါတယ်။ဒီကနေ့ သတ်မှတ်တည်ရှိပုံအရ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ပါဝင်တဲ့မြို့ ဖြစ်ပါတယ်။ ပျဥ်းမနားမြို့ကို ရှေးအခါက နယ်ကျန်၊ နင်းကြမ်းလို့ ခေါ်တွင်ခဲ့ကြောင်း ဒီစာအုပ်ထဲမှာ ဖော်ပြထားပြီး နယ်ကျန်၊နင်းကြမ်း၊ ပျဥ်းမနား ဝေါဟာရသုံးမျိုးရဲ့ ဇာစ်မြစ်ကိုလဲ ရှင်းပြထားပါတယ်။

သံအမတ်ကြီး ဖြစ်လာမဲ့ မောင်လှမောင်ဟာ အသက် ခုနစ်နှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးနဲ့ ကြုံတွေ့ခဲ့ရပုံကတော့ တကယ့်စွန့်စားခန်းပါပဲ။ စာဖတ်သူရဲ့ စိတ်မျက်စိ၊ စိတ်နားထဲမှာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ မြင်ကွင်းကို မြင်ယောင်၊ကြားယောင်လာအောင် ခြယ်မှုန်းထားပါတယ်။

မောင်လှမောင်ရဲ့ ပညာရေးခရီးဟာ ပျဥ်းမနားမြို့ ကန်နားကျောင်း ဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ စတင်ခဲ့တယ်။ အဲဒီကတစ်ဆင့် ရန်ကုန်မြို့တက်ပြီး စာသင်တယ်။ ရန်ကုန်က ဦးလေးအိမ်မှာ နေထိုင်ပြီး ဦးလေးရဲ့ နွားမွေးမြူရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ရင်း အလွတ်ပညာသင်ကျောင်း တက်ရတယ်။ ၁၉၄၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(မက်ထရစ်)ကို နှစ်ချင်းပေါက် အောင်တယ်။ တစ်ရာမှာ သုံး လေးယောက်သာ အောင်နိုင်တဲ့ မက်ထရစ်စာမေးပွဲကြီးကို နှစ်ချင်းပေါက်အောင်ခဲ့ပေမဲ့ မိဘစီးပွားရေး အခြေအနေကြောင့် တက္ကသိုလ် ဆက်မတက်နိုင်ဘဲ မိဘရပ်ထံ ပြန်ခဲ့ရတယ်။ ပြန်တော့လဲ ပြည်တွင်းစစ်မီးလျှံကြားကနေ စွန့်စွန့်စားစား ပြည်တော်ပြန်ခဲ့ရတာပါ။ ၁၉၅၁ ခုနှစ်ရောက်ခါမှ ဦးလေး၊ အဒေါ်နှစ်ယောက်နဲ့ ဆွေမျိုးတွေ ဝိုင်းထောက်ပံ့လို့ မြကျွန်းညိုညို တက္ကသိုလ်ကို ရောက်ခဲ့ရတယ်။

သံအမတ်ကြီးဒေါက်တာလှမောင်(ဘောဂ)ဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားတဲ့အထဲမှာ သုတတွေ၊ရသတွေ ပြည့်နှက်နေပါတယ်။ အထူးသိမြင်ခွင့်ရတဲ့ အနှစ်သာရကတော့ ရိုးသားခြင်း၊ကြိုးစားခြင်း၊ကျေးဇူးသိတတ်ခြင်း၊ မဆုတ်မနစ် ဇွဲသတ္တိရှိခြင်း၊တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်း စတဲ့ လူ့အရည်အသွေးတွေပါပဲ။

တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံဝန်ထမ်းဘဝ စတဲ့ အဆင့်ဆင့်မြင့်တက်လာတဲ့ ဘဝအဆစ်အပိုင်းတွေကတော့ ကျယ်ပြန့်နက်ရှိုင်းတာနဲ့အမျှ တန်ဖိုးတွေနဲ့ ပြည့်လျှံနေပါတယ်။ ဒီနေရာကနေ ပြည့်စုံအောင် ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။ စာအုပ်ထဲမှာ ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်။ဒီစာအုပ်ကို အစကနေ အဆုံးတိုင် ဖတ်ရှုပြီးသွားတဲ့အခါ စာဖတ်သူအတွက် တစ်ခုထက်မကတဲ့ အတွေးသစ်၊ အမြင်သစ်တွေ ရရှိသွားမှာ အသေအချာပါပဲ။
(THK)

ဒီစာအုပ် ကလေးကို ဖတ်ရှု
ဝယ်ယူချင်တယ် ဆိုရင်…

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

အင်းဝ စာပေတိုက်များ တွင် ရရှိနိုင်ပြီး

တစ်အုပ်လျှင် - ၄၅,၀၀၀ ကျပ်ဖြင့်

ဝယ်ယူအားပေးနိုင်ပါသည်။

29/07/2026

ဝမ်းနည်းကြေကွဲခြင်း
ဆရာကြီး စည်သူ ဦးသော်ကောင်း(၁၉၃၇-၂၀၂၆)

မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့ပြီး စာကြည့်တိုက်ပညာရှင်များနှင့် စာဖတ်သူများအတွက် အဖိုးတန်သော အမွေအနှစ်များ ချန်ရစ်ပေးခဲ့သည့် ဆရာကြီး ဦးသော်ကောင်း သည် ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၅:၂၇ နာရီတွင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသဖြင့် မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA) အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပါသည်။

ဆရာကြီး၏ စာကြည့်တိုက်ပညာ၊ စာပေနှင့် ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုများ၊ မျိုးဆက်သစ်များအား ပညာမျှဝေ လမ်းညွှန်ပေးခဲ့မှုများသည် မြန်မာနိုင်ငံ၏ စာကြည့်တိုက်နှင့် စာပေလောကတွင် မမေ့နိုင်သော အမွေအနှစ်များအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၏ နာယကကြီး၊
ဆရာကြီး၏ ကျေးဇူးပြုမှုများနှင့် ပညာအမွေအနှစ်များကို လေးစားစွာ အောက်မေ့ဂုဏ်ပြုရင်း၊ ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာစာကြည့်တိုက်အသင်း (MLA) မှ မှတ်တမ်းတင်အပ်ပါသည်။

ဆရာကြီး ဦးသော်ကောင်း ကောင်းရာသုဂတိလားပါစေ။

မဂ္ဂဇင်း စာအုပ်စီစဉ်တဲ့ဆရာတော်များအားနေ့ဆွမ်း ဆက်ကပ် 🙏🏻🙏🏻🙏🏻
25/07/2026

မဂ္ဂဇင်း စာအုပ်စီစဉ်တဲ့ဆရာတော်များအား
နေ့ဆွမ်း ဆက်ကပ် 🙏🏻🙏🏻🙏🏻

14/05/2026
14/05/2026

ဆရာမ ရာသက်ပန် ( တောင်ငူဆောင်) ရဲ့
ကျော်ဖြတ်ခဲ့သော တောင်တန်းများ
(သေးသေးလေးတွေ) ခံစားမှု စာစုများ
အမှတ်တရ လက်မှတ်ထိုးပွဲ

မင်္ဂလာ ရှိသောနှစ်သစ်လေး ဖြစ်ကြပါစေဗျား…
15/04/2026

မင်္ဂလာ ရှိသောနှစ်သစ်လေး ဖြစ်ကြပါစေဗျား…

14/04/2026
မြန်မာနှစ်သစ်ကူး ပိတ်ရက်များကိုစွယ်တော် ပုံနှိပ်တိုက် မှ လေးစားစွာ အသိပေးအပ်ပါသည်။
11/04/2026

မြန်မာနှစ်သစ်ကူး ပိတ်ရက်များကို
စွယ်တော် ပုံနှိပ်တိုက် မှ
လေးစားစွာ အသိပေးအပ်ပါသည်။

Address

No(116), 51st Street(middle Block), Pazundaung Tsp, Myanmar
Yangon
11171

Website

Alerts

Be the first to know and let us send you an email when Swel Taw Colour Offset Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share