23/04/2026
မြန်မာ့ MSME လောကကို ဒုက္ခပေးနေတဲ့
'Data မွဲတေမှု' က ပေးတဲ့ လက်တွေ့သင်ခန်းစာ 📈
Data နဲ့ System ကို သိပ်အားမကိုးတတ်တဲ့ MSME လုပ်ငန်းတွေအတွက် လတ်တလောမှာ အတွေ့အကြုံယူစရာ ဖြစ်ရပ်တစ်ခု ရှိနေပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကနေစပြီး ပြည်တွင်း MSME တွေအတွက် ဘီလီယံနဲ့ချီတဲ့ ချေးငွေအထောက်အပံ့တွေ ရှိခဲ့ပေမဲ့
၂၀၂၆ ရောက်တဲ့အထိ လုပ်ငန်းအများစုက ဒါကို လက်လှမ်းမမီကြသေးပါဘူး။
လူအများစုက ဒီအခြေအနေကို
"လုပ်ထုံးလုပ်နည်း ခက်ခဲလို့" ဆိုပြီး ညည်းတွားနေကြပေမဲ့ Adrenaline ကတော့ "Data မွဲတေမှု" ရဲ့ အကျိုးဆက်လို့ပဲ မြင်ပါတယ်။
_________
• ကိန်းဂဏန်းတွေက ပြောနေတဲ့ အမှန်တရား •
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ထုတ်ပြန်ချက်တွေအရ MSME တွေအတွက် ချေးငွေရန်ပုံငွေ
ကျပ် ၁၅၀ ဘီလီယံ သတ်မှတ်ထားပေမဲ့
လက်တွေ့မှာတော့ ကျပ် ၇.၁၅၅ ဘီလီယံ ခန့်ပဲ ထုတ်ချေးနိုင်ခဲ့ပါသေးတယ်။ ဆိုလိုတာက ရန်ပုံငွေစုစုပေါင်းရဲ့ ၅% တောင် မပြည့်သေးပါဘူး။
ချေးငွေဆိုတာ "ယုံကြည်မှု" ကို ဝယ်တာပါ။
ဒါပေမဲ့ Modern Banking မှာ ယုံကြည်မှုကို မျက်နှာကြည့်ပြီး မဆုံးဖြတ်တော့ပါဘူး။
Data ကသာ အဓိက စကားပြောလာပါတယ်။
ဘဏ်တွေဘက်က အပေါင်ပစ္စည်း (Collateral) ကို အတင်းတောင်းနေရတာ၊ စစ်ဆေးမှုတွေ တင်းကြပ်နေရတာဟာ လုပ်ငန်းရှင်တွေဆီမှာ ယုံကြည်စိတ်ချရတဲ့ Credit History နဲ့ Data မရှိလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက SME လုပ်ငန်းအများစုက -
• Input/Output Data မရှိဘူး။
• Digital Transaction History
(ငွေစီးဆင်းမှုမှတ်တမ်း) မရှိဘူး။
•အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မယ့် Internal Recording System ကိုယ်စီမှာ မရှိကြပါဘူး။
_______
တကယ်တော့ MSME Loan အတွက်
သတ်မှတ်ထားတဲ့ အတိုးနှုန်း ၃%၊ ၄% နဲ့ ၅% ဆိုတာ ပြင်ပပေါက်ဈေးထက် အဆမတန် သက်သာလွန်းတဲ့ အခွင့်အရေးပါ။
အပေါင်ပစ္စည်း မလုံလောက်ရင်တောင်
CGI (Credit Guarantee Insurance) စနစ်နဲ့
ချေးပေးမယ်လို့ လမ်းဖွင့်ပေးထားပါတယ်။
ဒါပေမဲ့ အတိုးနှုန်းသက်သာလေလေ၊
အပေါင်ပစ္စည်းမလိုလေလေ... ဘဏ်တွေဘက်က စစ်ဆေးရမယ့် Data Verification က ပိုတင်းကြပ်လေလေပါပဲ။
လုပ်ငန်းရှင်အတော်များများက အခွန် (Tax) ကိစ္စတွေကိုလည်း ဝန်လေးနေတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လေ့လာကြည့်ရင် ဖြေရှင်းလို့ရတဲ့ ကိစ္စတွေပါ။ အခွန်မှတ်တမ်းမရှိတာက ပြဿနာမဟုတ်ပေမဲ့ အချက်အလက် (Data) မရှိတာကတော့ အကြီးမားဆုံးသော ပိတ်ဆို့မှုပါပဲ။
_________
တကယ်တော့ စီးပွားရေးကျပ်တည်းမှုတွေကြားမှာ
အရင်းအမြစ်အားနည်းမှုကြောင့် ဈေးကွက်ထဲက အသံတိတ်ပျောက်သွားရတဲ့ လုပ်ငန်းတွေ
အများအပြား ရှိပါတယ်။
ဒီလုပ်ငန်းတွေဟာ Cashflow အကျပ်အတည်း ဖြစ်လာချိန်မှာ တရားဝင်ချေးငွေတွေကို
လက်လှမ်းမမီတာကြောင့် အချို့က ရပ်တန့်လိုက်ရသလို၊ တချို့ကတော့ ပြင်ပက မတန်တဆ
အတိုးနှုန်းတွေနဲ့ အကြွေးသံသရာထဲ နစ်မွန်း
သွားကြရတာပါ။
ဒါဟာ အခွင့်အလမ်းမရှိလို့ မဟုတ်ဘဲ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်တဲ့ 'အထောက်အထား မရှိခဲ့လို့သာ ဖြစ်ပါတယ်။ အကယ်၍သာ ခိုင်မာတဲ့ Internal Recording System သာ ရှိခဲ့ရင်
ဒီလုပ်ငန်းတွေဟာ ဈေးကွက်ထဲကနေ အရှုံးနဲ့
ထွက်ခွာသွားဖို့မရှိပါဘူး။
______
လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးဟာ အမြတ်အစွန်းပေါ်မှာတင် မဟုတ်ဘဲ အဲဒီအမြတ်ကို သက်သေပြနိုင်တဲ့ System ပေါ်မှာလည်း မူတည်ပါတယ်။
Manual Paperwork တွေကတော့ အလုပ်မဖြစ်တော့တာ ကြာပါပြီ။ သူတို့ကနောက်ကြောင်းလိုက်ဖို့နဲ့ အတည်ပြုနိုင်ဖို့မှာ အရမ်းအားနည်းပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ တကယ့်တန်ဖိုးကို သက်သေပြဖို့လိုအပ်တာက "စကားလုံး" မဟုတ်ဘဲ စနစ်တစ်ခုကနေ ထွက်လာတဲ့ Verified Data တွေပဲ ဖြစ်ပါတယ်။
အရင်းအမြစ်တွေ ရှိနေပါလျက်နဲ့ မရယူနိုင်တာဟာ အပြင်ပန်းအတားအဆီးကြောင့် မဟုတ်ဘဲ ကိုယ့်လုပ်ငန်းရဲ့ Internal Mechanisms တွေ
ခေတ်နောက်ကျနေလို့ပါ။
Digital ခေတ်မှာ ဒေတာမရှိတဲ့ လုပ်ငန်းက စီးပွားရေးဈေးကွက်ရဲ့ အခွင့်အရေးတိုင်းမှာ အလွယ်တကူ ချန်လှပ်ခံရပါလိမ့်မယ်။
But if you're ready, here is the entry point ‼️
သင့်လုပ်ငန်းမှာ Internal System နဲ့ Data Records တွေ အဆင်သင့်ရှိပြီဆိုရင်တော့ အောက်ပါလမ်းကြောင်းတွေကနေ စတင်နိုင်ပါတယ် -
▪️စက်မှုဝန်ကြီးဌာနအောက်ရှိ MSME Development Fund စီမံခန့်ခွဲမှုအဖွဲ့။
▪️မြန်မာ့စီးပွားရေးဘဏ် (MEB) ခွဲများရှိ
SME Loan Section။
▪️MAB, CB Bank, KBZ Bank တို့ရှိ
SME Banking Division များ။
(မှတ်ချက် - Adrenaline သည် Strategic Firm
တစ်ခုသာဖြစ်ပြီး အထက်ပါအဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်းမရှိပါ။ ချေးငွေနှင့်ပတ်သက်၍ တရားဝင်အဖွဲ့အစည်းများကိုသာ တိုက်ရိုက်
ဆက်သွယ်ရန် အကြံပြုပါသည်။)
Data Reference:
▪️ Ministry of Information (MOI)
▪️ The Global New Light of Myanmar (GNLM)
▪️ Eleven Media Group
(Referenced from official reports between
2024 - 2026)