12/08/2026
✨ Inclusive Education
ကလေးတစ်ယောက်ချင်းစီရဲ့ ကွဲပြားခြားနားမှုတွေကို နားလည်လက်ခံပေးနိုင်တဲ့ ပညာရေးစနစ်ဟာ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။
ကလေးဘဝမှာကတည်းက ကွဲပြားခြားနားမှု (Diversity) တွေကို တန်ဖိုးထားတတ်အောင်နဲ့ အားလုံးပါဝင်မှု (Inclusion) ရဲ့ အရေးကြီးပုံကို သေချာနားလည်အောင် သင်ကြားပေးနိုင်ခဲ့ရင် ခွဲခြားဆက်ဆံမှုတွေ နည်းပါးလာပါလိမ့်မယ်။ ဒါ့အပြင် အချင်းချင်း အနိုင်ကျင့်စော်ကားတာ (Bullying) တွေ လျော့နည်းသွားပြီး၊ လူမှုသဟဇာတဖြစ်မှုနဲ့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝန်းတစ်ခုကို အတူတကွ တည်ဆောက်လာနိုင်မှာပါဖြစ်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ Inclusive Education ကနေ စတင်ကြပါစို့။ 🤝✨