ထရိုင်မား အကျိုးပြုမှိုဆေး

  • Home
  • Myanmar
  • Yangon
  • ထရိုင်မား အကျိုးပြုမှိုဆေး

ထရိုင်မား အကျိုးပြုမှိုဆေး ထရိုင်ကိုဒါးမား ဇီဝအကျိုးပြု မိတ်ဆွေမှိုဆေး

 #ထရိုင်ကိုဒါးမားအမှုန့်နှင့်အရည်ကွာခြားချက်🌱သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်တွေ ရှိပြီးသားဖြစ်ပါတယ်။ ပိုကောင်းတယ်ဆိုတာ...
21/02/2026

#ထရိုင်ကိုဒါးမားအမှုန့်နှင့်အရည်ကွာခြားချက်
🌱သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက်တွေ ရှိပြီးသားဖြစ်ပါတယ်။ ပိုကောင်းတယ်ဆိုတာလဲ
မရှိသလို ပိုညံ့တယ်လည်း မရှိပါဘူး။

#ထရိုင်ကိုဒါးမားအမှုန့်

♟️ ကြာရှည်အထားခံတယ်(6လ - ၁ နှစ်)
♟️ ထုတ်ပိုးသယ်ယူရလွယ်ခြင်း၊
♟️ ချိုသာသော ဈေးနှုန်းရှိတယ်။
♟️ မျိုးစေ့လူးနယ်ရာတွင် အသုံးဝင်တယ်။
⚠️ အမှုန့်မို့ ရေဖျော်ရတဲ့ ဒုက္ခ ရှိပါမယ်။⚠️
♟️ အရည်ထက် အာနိသင် တည်ငြိမ်မှုရှိတယ်။
♟️မြေဆောင်မှိုရောဂါကို ကြိုတင်ကာကွယ်ရေးအတွက်တော့ အမှုန့် အလွန်သင့်တော်ပါတယ်။
♟️ပြင်းထန်ပြီးသား ရောဂါမှာတော့ အရည်နဲ့ ပေါင်းသုံးလျှင် ပိုထိရောက်နိုင်ပါတယ်။
♟️Spore Concentration မြင့်နိုင်ပါတယ်။
♟️CFU ပမာဏ များစွာပါနိုင်ပြီး မြေထဲထည့်သွင်းချိန်မှာ စုဖွဲ့နိုင်စွမ်းကောင်းစေတယ်။
♟️Organic matter ရှိလျှင် ပိုမြန်စွာပွားတယ်။
♟️Damping off လျော့စေပြီး စိုက်ခင်းစတင်ချိန်ကတည်းက ကာကွယ်နိုင်ပါတယ်။
⚠️စိုထိုင်းစ မရှိပါက ပွားများမှု နည်းနိုင်ပါ​၏။⚠️
⚠️ မှိုဆေးများနှင့် ၅ ရက် တစ်ပတ်ခွာသုံးရမည်။
⚠️ Active ဖြစ်ရန် အချိန်ယူရတတ်သည်။

📊 အသုံးပြုသင့်တဲ့အခြေအနေများ

✔ ကြိုတင်ကာကွယ်ရေး
✔ Seed treatment
✔ Compost ပေါင်းထည့်သုံး
✔ သက်သာစျေးနဲ့ အကြာရှည်သုံးချင်သူများ
✔ လယ်ယာကဏ္ဍ လုပ်ငန်းများ
✔️မြေပြင်ရာတွင် ထိရောက်

#ထရိုင်ကိုဒါးမားအရည်

💧အာနိသင်မြန်
💧ရေဖျော်ပြီး လောင်းလိုက်တာနဲ့ Root zone ထဲကို မြန်မြန်ရောက်ရှိနိုင်ပါတယ်။
💧မှိုရောဂါ ဖြစ်နေပြီဆိုရင် တုန့်ပြန်မှုမြန်တယ်။💧Active Form ဖြစ်နိုင်ပြီး အမှုန့် ထက် စတင်အလုပ်လုပ်ချိန် မြန်နိုင်ပါတယ်။
💧Drip Irrigation (အစက်ချပိုက်စနစ်)မှာ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
💧ရောနှောလွယ်ပြီး ရေထဲ ပျော်ဝင်မှုမြန်​၏။
⚠️ ရက် ၃၀ (၁ လ) အထားခံခြင်း
⚠️ အပူမြင့်ရင် viability လျော့နိုင်ပါတယ်။
⚠️ အရိပ်ထဲ၊ အေးတဲ့နေရာတွင် သိမ်းရန်လို​၏။
⚠️ သယ်ယူသိမ်းဆည်းရ ခက်ခဲခြင်း
⚠️ သယ်ယူရာမှာ အထားအသို အရေးကြီး​၏။
⚠️ စျေးနှုန်းကြီးမြင့်ခြင်း အမှုန့်ထက် ကုန်ကျမှုပို
⚠️တစ်ဧကအသုံးစရိတ် ပိုများနိုင်ပါတယ်။
⚠️ သက်တမ်း (Expiry) နီးလာရင် CFU လျော့နိုင်
အသုံးမပြုခင် label ကြည့်ဖို့လိုပါမယ်။
⚠️ အပူ/နေရောင်ထိခိုက်လွယ်ခြင်းကြောင့်
နေရောင်တိုက်ရိုက်မထိအောင် ဂရုစိုက်ပါ။

🎯 ဘယ်အချိန်သုံးသင့်လဲ?

✔ ရောဂါဖြစ်နေပြီးသား အခြေအနေ
✔ Drip irrigation ရှိ
✔ အစိုဓာတ် မရှိချိန် အမြန်သုံးလိုပါက
✔ Nursery/ပျိုးခင်းမှာ root drench လုပ်ချင်

အဓိက #အရေကြီးတဲ့အချက် သတိထားရမှာက

🔰 ထရိုင်ကိုဒါးမား အမျိုးအစား ပါဝင်မှု
🔰 ထုတ်ပိုးမှု နှင့် spore အခြေအနေများ
🔰 အနံ့ ၊ အရောင် ၊ လုံခြုံမှု ရှိမရှိ
🔰 လက်တွေ့အခြေအနေမှာ ထိရောက်မှု ရှိမရှိ
(အဲဒါ အရမ်းအရေးကြီးတဲ့အချက်ပါ)
(ဝယ်သုံးတယ် ငွေကုန်တယ် ပြီးတော့ အကျိုးမရှိ)
(ဒါမျိုးတွေ အများကြီး ကြုံဖူးကြမှာပါ)
🔰 တာဝန်ယူမှု တာဝန်ခံမှု အပိုင်း
🔰 ထုတ်လုပ်တဲ့ အခြေအနေ?
( ကမ္ဘာ့အဆင့်မီ စက်တွေနဲ့လား?)
( လက်ဖြစ် အိမ်ဖြစ် စနစ်လား? )
🔰 သန့်စင်မှု အခြေအနေအပိုင်း ?!!!
(Auto Clave , Oven , Incubator စသဖြင့်)

သုံးစွဲသူများ ကိုယ်တိုင် သိရှိစေရန် လိုအပ်တဲ့
အတွက် နှိုင်းယှဉ် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
တကယ်တမ်း လေ့လာလို့မကုန်တဲ့ ပညာရပ်ပါ။
ရေရှည်မှာ တောင်သူလယ်သမားတွေ အကျိုးရှိ
စေမယ့် ဇီဝ၊ သဘာဝ ဆိုင်ရာ နည်းပညာများနဲ့
ထုတ်ကုန်များအကြောင်း အလျင်းသင့်သလို
ရေးသားသွားပါဦးမည်။

မရှင်းလင်းသည်များ ရှိခဲပါက
ဗိုက်ဘာနံပါတ် ၀၉၈၉၂၂၆၅၃၂၂ မှာ
အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။
Soe Moe July
ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်
AUNG ZABU အောင်ဇမ္ဗူသဘာဝမြေဩဇာ
ထရိုင်မား အကျိုးပြုမှိုဆေး

ရောဂါကင်းစင်တဲ့  #ကွမ်းခြံ ဖြစ်ဖို့အတွက်ဆောင်ထားသင့်တာ... ထရိုင်ကိုဒါးမား ...အကျိုးပြု ဇီဝမြေဩဇာ ... Soe Moe JulyAUNG ZA...
09/02/2026

ရောဂါကင်းစင်တဲ့ #ကွမ်းခြံ ဖြစ်ဖို့အတွက်
ဆောင်ထားသင့်တာ... ထရိုင်ကိုဒါးမား ...
အကျိုးပြု ဇီဝမြေဩဇာ ...

Soe Moe July
AUNG ZABU အောင်ဇမ္ဗူသဘာဝမြေဩဇာ
ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်

 #ထရိုင်မား ဒီဇိုင်းအသစ် ... နည်းစနစ်အသစ်...ထရိုင်ကိုဒါးမား ဖြင့် စိုက်ခင်းထဲက မှိုတွေကိုတိုက်ဖျက်ကြပါစို့... ✔️တစ်ထုတ် ...
09/02/2026

#ထရိုင်မား ဒီဇိုင်းအသစ် ... နည်းစနစ်အသစ်...
ထရိုင်ကိုဒါးမား ဖြင့် စိုက်ခင်းထဲက မှိုတွေကို
တိုက်ဖျက်ကြပါစို့...

✔️တစ်ထုတ် ၅၀၀ ဂရမ် - 14,000 ကျပ်

🌶️သီးနှံပေါ်မူတည်၍ တစ်ဧက ၂-၅ ထုတ်
အထိ အသုံးပြုနိုင်ပါသည်။

⚠️ဓာတုပိုးဆေး မှိုသတ်ဆေးများဖြင့် ရောမသုံးရ

💊အမှုန့်အတိုင်း ကြဲပက်နိုင်သကဲ့သို့
ရေဖျော်၍လည်း ပက်ဖျန်းနိုင်ပါသည်။

🚚အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ပေးပါသည်။

အသေးစိတ် သိရှိလိုပါက
Viber ဖုန်း ၀၉၈၉၂၂၆၅၃၂၂

Soe Moe July
ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်
AUNG ZABU အောင်ဇမ္ဗူသဘာဝမြေဩဇာ
#ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်

ဓာတ်မြေဩဇာဈေးနှုန်းသတ်မှတ်
01/02/2026

ဓာတ်မြေဩဇာဈေးနှုန်းသတ်မှတ်

01/02/2026

သဘာဝရဲ့ အလှတရား

 #သရက်ပင်ပြုစုနည်း - ၁   သရက်အမျိုးအစား ပေါင်း များစွာ   ရှိသည့်အနက် စိန်တစ်လုံး ၊ ရွှေဟင်္သာ   မချစ်စု၊ ရင်ကွဲ ၊ မစောရင...
28/01/2026

#သရက်ပင်ပြုစုနည်း - ၁

သရက်အမျိုးအစား ပေါင်း များစွာ
ရှိသည့်အနက် စိန်တစ်လုံး ၊ ရွှေဟင်္သာ
မချစ်စု၊ ရင်ကွဲ ၊ မစောရင်၊ အောင်ဒင်
စသော သရက်မျိုးတွေက မြန်မာမျိုးရင်း
ဝင်တွေဖြစ်သည်မို့ သူ့တို့အကြောင်းကို
သီးသန့် ပြောမှ ရပါမည်။
မြန်မာ့သရက် အမျိုးအစား ရာပေါင်းများစွာ
ရှိသည့်အနက် အထက်ဖော်ပြပါ
စျေးကွက်ကြိုက် သရက်အမျိုးအစားများ
အကြောင်း ဦးစွာ ရေးသားသွားပါမည်။

#စပ်မျိုးသရက်တွေဖြစ်ကြတဲ့...
နမ့်တောက်မှိုင်း ၊ စိမ်းချို ၊ R2E2 နှင့်
အခြား နိုင်ငံခြား သရက်အမျိုးအစား
အကြောင်းကို တစ်ကန့်စီ တင်ပြသွားပါမည်။

​စိန်တစ်လုံးသရက်
---------------
အောက်ခံပင်အဖြစ် မစိုက်သင့်ပေ။
အလွန် နုရွလွန်းသောကြောင့် ဖြစ်သည်။
ရေမြေရာသီဥတုဒဏ် ခံနိုင်ရည် မရှိပေ။
ပိုးမွှားတို့ အလွန်ကြိုက်ကြလေသည်။

မြေအမျိုးအစား ရွေးချယ်တတ်သည်။
အမြစ်ဆင်းအား ကောင်းမကောင်း ဆိုသည်ကို
မြေပေါ် မူတည်ပြီး ခွဲခြားလို့ ရပါသည်။
နာမည်နဲ့လိုက်ဖက်အောင် ဆစ်ညှာတစ်ခိုင်
တစ်လုံးသာ သီးလေ့ရှိသည်။

ရေကြောက်ပြီး ရေကြိုက်သည့် အပင်
အမျိုးအစား ဖြစ်သည်။ ပင်စည်ထိုးပိုးတို့သည်
စိန်တစ်လုံးအပင်ကို အနှစ်သက်ဆုံး ဖြစ်သည်။

အစားကောင်း အသောက်ကောင်း ကို
ခုံမင်လေသည်။ တန်ပြန်သက်ရောက်နိုင်စွမ်း
ရှိသော သရက်မျိုး ဖြစ်သည်။ သူ့ကို ချစ်ရင်
သူက ပြန်ချစ်မည် ဖြစ်သည်။

ဝဝလင်လင် ကျွေးရင် လှလှပပ သီးပြ
မည် ဖြစ်ပြီး ဖြစ်ကတတ်ဆန်း ပြုမူရင် တော့
​သူ လုပ်ချင်တာ လုပ်နေမည် ဖြစ်သည်။

ဒါတွေက စိန်တစ်လုံးရဲ့ သဘောတရား
တွေသာ ဖြစ်ပါတယ်။ နည်းစနစ်မှန်သော
အပင်ပြုစုနည်းအား နောက်တစ်ပတ်မှာ
ဆက်လက် တင်ပြသွားပါမည်။

စိုးမိုးဂျူလှိုင် — in Yangon.

28/01/2026

ဖရဲသခွားဈေးကွက်သတင်းများ #ဖရဲ #ထရိုင်မား #စိုးမိုးဂျူလှိုင်

28.1.26 🫘(အချိန်တိုင်း အပြောင်းအလဲရှိ)မတ်ပဲ..97500(20viss)ပဲဒီစိမ်းရွှေဝါ 98500ပဲလွန်းနီ 81000ပဲလွန်းဖြူ81000 ပဲဒီစိမ်းအ...
28/01/2026

28.1.26 🫘

(အချိန်တိုင်း အပြောင်းအလဲရှိ)

မတ်ပဲ..97500(20viss)

ပဲဒီစိမ်းရွှေဝါ 98500

ပဲလွန်းနီ 81000

ပဲလွန်းဖြူ81000

ပဲဒီစိမ်းအနီ 128000

ပဲယင်းနီ 75500

ဝါးခယ်မ 158300

ရန်ကုန်မတ်ပဲ Raw 292500

နယ်မတ်ပဲ 95500/97500

မင်းလှမတ်ပဲ 103500

ခရမ်းသုံးခွ ပဲတီစိမ်း 100,000/-

တောင်သူများ ဈေးကွက် သိရှိစေရန်
ရည်ရွယ်၍ တင်ပြခြင်း ဖြစ်ပါသည်။
ဝယ်ရောင်း မလုပ်ပါဘူးခင်ဗျာ ...
Soe Moe July
ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်
ထရိုင်မား အကျိုးပြုမှိုဆေး

ထရိုင်မားအသုံးပြုနည်းလမ်းညွှန်🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱မစိုက်ပျိုးမီတွင် မျိုးစေ့နို့ဆီဗူး(၄)ဗူးကို ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်...
25/01/2026

ထရိုင်မားအသုံးပြုနည်းလမ်းညွှန်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
မစိုက်ပျိုးမီတွင် မျိုးစေ့နို့ဆီဗူး(၄)ဗူးကို
ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်း(၃)ဇွန်း
+ ရေ(၁၈၀)မီလီလီတာဖြင့် သမမျှတအောင်
နယ်ပြီး အေး၍ခြောက်သွေ့သောနေရာတွင် အခြောက်ခံကာ မျိုးစေ့စီရင်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်း(၁၀)ဇွန်းကို ကောင်းစွာဆွေးမြေ့သော နွားချေး (၄)ပြီရော၍ ၃ပေx၆ပေ ရှိ ပျိုးခင်းတွင် ကြဲပက်၍ အသုံးပြုနိုင်ပါသည်။ စပါးပျိုးထောင်ရန် သမန်းပြင်ချိန်တွင် အသုံးပြုနိုင်သည်။

စိုက်ဘောင် စိုက်ကျင်းများအတွင်းသို့
ဖြူးပေးလိုပါက ဂျစ်ပဆမ်ကျောက်မှုန့်
၂၅ ကီလို (၁) အိတ်လျှင် ထရိုင်မား ၅ ထုတ်
ရောစပ်၍ ၄ နာရီခန့် နှပ်ထားပေးပါ။
ရောစပ်ပြီးသောအမှုန့်များအား ၂ ×၂၀ ပေ
ခန့် ရှိသော ၁၀ ဘောင်ခန့် ကျွေးနိုင်ပါသည်။

ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်း(၂)ဇွန်း နှင့် ကောင်းစွာဆွေးမြေ့သော နွားချေး နို့ဆီဗူး(၄)ဗူးတို့ကို ရေ(၁)လီတာဖြင့်ရော၍ အပင် မစိုက်မီ(၁၀) မိနစ်ခန့် အမြစ်စိမ်ခြင်းကို ပြုလုပ်စီရင်နိုင်ပါသည်။

စိုက်ကျင်း(၆)လက်မ ပတ်လည် တစ်ကျင်းလျှင် ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်း(၂)ဇွန်းကို စိုက်ကျင်းမြေနှင့်ရော၍ ရေအနည်းငယ် ဖျန်းပြီး (၂) ရက်ကြာပါက စိုက်ပျိုးနိုင်ပါသည်။

ထရိုင်ကိုဒါးမားအမှုန့်ထုပ် (၂) ထုပ် နှင့် ကောင်းစွာဆွေးမြေ့သော နွားချေး (၃) တင်းတို့ကို ရေ(၈) လီတာဖြင့်ရော၍ သမအောင်နယ်ပြီး ပလပ်စတစ်ဖြင့် လုံအောင်ဖုံးထားပါ။ (၃-၄) ရက်ကြာလျှင် တစ်ကြိမ် သမစွာမွှေ၍ (၇) ရက်ကြာလျှင် ကွင်းထဲသို့ ကြဲပက် အသုံးပြုနိုင်ပါသည်။

အပင်ကြီးထွားချိန်တွင် ထရိုင်ကိုဒါးမားအမှုန့် ဟင်းစားဇွန်း (၂-၄ ) ဇွန်း နှင့် ရေ (၁) လီတာရော၍ အပင်ပတ်လည်တွင် ပက်ဖျန်းပေးခြင်း ပြုလုပ်နိုင်ပါသည်။
----------------------------
ထရိုင်းမား-အသုံးပြုပုံ
🌱🌱🌱🌱🌱🌱🌱
🩸ထရိုင်းမားသဘာဝဇီဝမှိုသတ်ဆေးအား ရွက်ဖျန်း အနေဖြင့်အသုံးပြုမည်ဆိုလျှင် အနည်းဆုံးတစ်ဧက (၅၀၀) ဂရမ် ၁ ထုတ် အသုံးပြုပေးပါ။ပိုမိုအသုံးပြုနိုင်လျှင် သုံးနိုင်သလို အကျိုးပိုမိုရှိမည်ဖြစ်ပါသည်။
ရောဂါပြင်းထန်ပါက တစ်ဧက (၅-၈)ထုတ်
အထိ အသုံးပြုပေးရပါမည်။

🩸ထရိုင်းမား ကိုဖျော်စပ်ရာတွင်
ထရိုင်းမားတစ်ထုတ်အား မိမိအနေဖြင့် တစ်ဧကအသုံးပြုမည်ဆိုပါစို့။

🩸ပုံးတစ်ခုထဲသို့ ထရိုင်းမားကို
ဖောက်ထည့်ပြီးရေ (၅) ခွက်ထည့်ပါ။
(ရေဖလားကဲ့သို့ခွက်ကြီးဖြင့်ထည့်ပါ) ရေ(၅)ခွက်မှာ တစ်ဧကလျှင် ပျမ်းမျှ (၅)ပုံး
နှုန်းဖြင့်တွက်ချက်ထားချင်းကြောင့်
ဖြစ်ပါသည်။ ရေထည့်ပြီးရင် (၅) နာရီခန့် ကြာအောင်စိမ်ထားပါ။
🩸အာနိသင်ပိုမို​ထိရောက်လိုလျှင်
ထန်းလျှက်အညို (၁၀) ကျပ်သား ခန့်
(သို့) တင်လဲရည် ၁ လီတာခန့် (သို့) သကြား
အညို ၅၀ ကျပ်သားခန့် ထည့်စိမ်ပါ။ပြီးမှ
ဆေးတစ်ပုံးလျှင် ​ထရိုင်းမားဖျော်ရည် တစ်ခွက်နှုန်း နှင့် ရေ ၂၀ လီတာ ရောစပ်၍
ပက်ဖျန်းပါ။ တစ်ဧကလျှင် ဆေးဖျန်းပုံး
၆-၁၀ ပုံးခန့် ရွှဲစိုအောင် ပက်ဖျန်းပေးပါ။
*တစ်ဧကလျှင် ကိုယ်ထည့်မည့်ပမာဏပေါ်မူတည်၍ချဲ့ထွင်အသုံးပြုနိုင်ပါသည်။*

မှတ်ချက်
⚠️⚠️⚠️
#ထရိုင်းမားအားမည်သည့်ဓာတုဆေးနှင့်ရောစပ်ပက်ဖျန်းချင်းမပြုလုပ်ရပါ။
ထရိုင်ကိုဒါးမားအရည်အား ဆေးဖျန်းပုံး
အတွင်းသို့ ရေစစ်ဖြင့် စစ်၍ထည့်ပေးပါ။

အသေးစိတ် မေးမြန်းလိုပါက
09799374414 , +959892265322
#ထရိုင်မား #ထရိုင်ကိုဒါးမား #စိုးမိုးဂျူလှိုင်
#စိမ်းမြနေခြည်
#ပစ်တိုင်းထောင်စိုက်ပျိုးရေးဆေးဆိုင်

25/01/2026

မြေဆောင်မှိုရောဂါအများစုနှင့် မှိုရောဂါတော်တော်များများက်ု တိုက်ခိုက်၍ မှိုအချင်းချင်း ပြန်စားတဲ့ ထရိုင်ကိုဒါးမား #ထရိုင်မား #စိုးမိုးဂျူလှိုင် #စိမ်းမြနေခြည် #ပစ်တိုင်းထောင်စိုက်ပျိုးရေးဆေးဆိုင် #ထရိုင်ကိုဒါးမား

 #ဖားဥမှိုရောဂါ ကျရောက်မှုကို ကြိုတင်လျှော့ချနိုင်ရန် အရေးအကြီးဆုံး ဆောင်ရွက်သင့်သည့် အချက် (၅) ချက်၁။ ရောဂါဒဏ်ခံနိုင်သေ...
25/01/2026

#ဖားဥမှိုရောဂါ ကျရောက်မှုကို
ကြိုတင်လျှော့ချနိုင်ရန် အရေးအကြီးဆုံး ဆောင်ရွက်သင့်သည့် အချက် (၅) ချက်

၁။ ရောဂါဒဏ်ခံနိုင်သော မျိုးကို ရွေးချယ်ပါ (Resistant Varieties)
အထိရောက်ဆုံးနည်းလမ်းမှာ ဖားဥမှိုဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ မိမိဒေသနှင့် ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သော မျိုးသန့်များကို စိုက်ပျိုးရေးဌာန သို့မဟုတ် ယုံကြည်စိတ်ချရသော မျိုးစေ့အရောင်းဆိုင်များမှ ဝယ်ယူစိုက်ပျိုးသင့်ပါသည်။
၂။ အပင်အကွာအဝေး မှန်ကန်ပါစေ (Proper Spacing) အပင်မထူစေရ။
အပင်များကို လိုသည်ထက် ပိုထူထူ
ကြဲပင်ခြင်းမဖြစ်စေရန် အထူးဂရုစိုက်ပါ။ အပင်အနေအထား မထူမပါးစိုက်ပျိုးခြင်းက လေဝင်လေထွက် ပိုကောင်းစေပြီး အပင်ကြား စိုထိုင်းဆကို လျော့ကျစေသဖြင့် မှိုရောဂါဖြစ်ပွားမှုကို သိသိသာသာ လျော့နည်းစေပါသည်။

၃။ မြေသြဇာ အချိုးအစား မျှတပါစေ (Balanced Fertilization)
ယူရီးယား (နိုက်ထရိုဂျင်) မြေသြဇာကို အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
နိုက်ထရိုဂျင်များလွန်းပါက အရွက်များ
ဖားပြီး တစ်ရှူးသားများ နုသွားသဖြင့် ရောဂါဝင်လွယ်စေသည်။ အပင်သန်မာ
စေရန် ပိုတက်ဆီယမ် (Potash)
မြေသြဇာကို အချိုးကျ ထည့်သွင်းပေးခြင်းဖြင့် ရောဂါဒဏ်ခံနိုင်ရည် မြင့်တက်လာစေပါသည်။
၄။ သီးလှည့် စိုက်ပျိုးပါ (Crop Rotation)
ပဲမျိုးရင်းဝင် မဟုတ်သော အခြားသီးနှံများ (ဥပမာ - စပါး၊ ပြောင်း၊ နှမ်း) နှင့် တစ်လှည့်စီ ပြောင်းလဲစိုက်ပျိုးပါ။ စိုက်ခင်းဟောင်းတွင် ကျန်ရစ်ခဲ့သော ရောဂါပိုးမွှား သံသရာပြတ်သွားစေရန် ဤနည်းလမ်းက ကူညီပေးပါသည်။
၅။ စိုက်ခင်း သန့်ရှင်းရေး (Field Sanitation)
စိုက်ခင်းပတ်ဝန်းကျင်နှင့် ကန်သင်းဘောင်များရှိ ပေါင်းမြက်များကို ရှင်းလင်းထားပါ။ အထူးသဖြင့် ပဲရိုင်းပင်များနှင့် ပေါင်းပင်များသည် ရောဂါပိုး ခိုအောင်းရာ (Host plants) ဖြစ်နိုင်သောကြောင့် ၎င်းတို့ကို ရှင်းလင်းထားခြင်းဖြင့် ရောဂါကူးစက်မှုကို တားဆီးနိုင်ပါသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱
ပဲတီစိမ်းတွင် ဖားဥမှိုရောဂါ (Powdery Mildew) ကျရောက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ မှိုရောဂါပိုး၊ ရာသီဥတု နှင့် စိုက်ပျိုးပြုစုပုံ တို့ ပေါင်းစပ်သွားသောကြောင့် ဖြစ်ပါသည်။
၁။ ရာသီဥတု အခြေအနေ (အဓိက အချက်)
ဖားဥမှိုသည် အခြားမှိုရောဂါများနှင့် မတူသည့် ထူးခြားချက်ရှိပါသည်။ မိုးများပြီး ရေဝပ်မှ ဖြစ်တာမျိုး မဟုတ်ဘဲ "ခြောက်သွေ့သော်လည်း စိုထိုင်းဆများသော" အချိန်တွင် အဖြစ်အများဆုံးဖြစ်သည်။
* ပူလိုက်၊ အေးလိုက် ဖြစ်ခြင်း: နေ့ဘက်တွင် ပူနွေးပြီး (၂၈-၃၀ ဒီဂရီ စင်တီဂရိတ်ခန့်)၊ ညဘက်တွင် အေးမြသော (၁၅-၂၀ ဒီဂရီ စင်တီဂရိတ်ခန့်) ရာသီဥတုမျိုးကို အလွန်ကြိုက်သည်။ ထို့ကြောင့် ဆောင်းရာသီနှင့် နွေဦးရာသီများတွင် အဖြစ်များသည်။
* အရွက် ခြောက်သွေ့ခြင်း: ဤမှိုသည် အပင်ပေါက်ပွားရန် အရွက်ပေါ်တွင် ရေတင်ကျန်နေစရာ မလိုပါ။ လေထုစိုထိုင်းဆများလျှင် (ဥပမာ - မြူကျလျှင်) လုံလောက်ပါသည်။ (မိုးသည်းထန်စွာ ရွာသွန်းပါက မှိုစပိုးများ ရေနှင့်ပါသွားပြီး ရောဂါကျရောက်မှု နည်းသွားတတ်ပါသည်။)
၂။ မှိုရောဂါပိုး (Pathogen)
* မျိုးပွားခြင်း: Erysiphe polygoni ဟုခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်ပွားပြီး၊ ၎င်း၏ မှိုစပိုး (Conidia) များသည် လေထဲတွင် လွင့်ပါလာကာ ပဲတီစိမ်းရွက်ပေါ်သို့ ကျရောက်ပြီး အမြစ်တွယ်သည်။
* လက်ခံပင်များ: လေထဲတွင်သာမက စိုက်ခင်းဟောင်းမှ ကျန်ခဲ့သော ပေါင်းပင်များ၊ ပဲရိုင်းပင်များပေါ်တွင် ခိုအောင်းနေတတ်ပြီး ရာသီဥတု ပေးသည်နှင့် ပဲခင်းထဲသို့ ကူးစက်လာတတ်သည်။
၃။ စိုက်ပျိုးပြုစုပုံ လိုအပ်ချက်များ
* နိုက်ထရိုဂျင် များလွန်းခြင်း: ယူရီးယား (ပုလဲ) ကဲ့သို့သော နိုက်ထရိုဂျင် မြေသြဇာကို လိုအပ်သည်ထက် ပိုကျွေးပါက အရွက်များ ဖားပြီး တစ်ရှူးသား နုသွားသောကြောင့် မှိုဝင်ရောက်ရန် ပိုလွယ်ကူစေသည်။
* အပင်စိပ်လွန်းခြင်း: အပင်များကို အရမ်းကပ်စိုက်ထားပါက လေဝင်လေထွက် မကောင်းဘဲ စိုထိုင်းဆများကာ မှိုများ အလွယ်တကူ ကူးစက်ပွားများနိုင်သည်။
* အရိပ်ကျလွန်းခြင်း: နေရောင်ခြည် ကောင်းစွာ မရရှိသော နေရာများ (သစ်ပင်ရိပ်အောက်များ) တွင် ပိုမို ဖြစ်ပွားလေ့ရှိသည်။
အနှစ်ချုပ်ရလျှင် - ဆောင်းရာသီ ကဲ့သို့သော နေ့ပူ ညအေး ရာသီဥတုတွင်၊ လေဝင်လေထွက် မကောင်းသော စိုက်ခင်းများ၌ ပုလဲမြေသြဇာ အကျွေးလွန်မိပါက ဖားဥမှိုရောဂါ အလွယ်တကူ ကျရောက်နိုင်ပါသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အဖြူရောင် အမှုန့်များ: အရွက်၊ ပင်စည်နှင့် အသီးတောင့်များပေါ်တွင် ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ အဖြူရောင် သို့မဟုတ် မီးခိုးရောင် အမှုန့်များ စတင်တွေ့ရှိရမည်။
* ပျံ့နှံ့မှု: ရောဂါပြင်းထန်လာပါက အဖြူရောင်အကွက်များ ပိုမိုကြီးမားလာပြီး တစ်ပင်လုံးသို့ ပျံ့နှံ့သွားတတ်သည်။
* အရွက်များ ပျက်စီးခြင်း: ရောဂါရသော အရွက်များသည် ဝါလာပြီး ခြောက်သွေ့ကာ ကြွေကျသွားနိုင်သည်။
* အသီးတောင့်များ: အသီးတောင့်များတွင် ဖြစ်ပွားပါက အစေ့အဆန် မအောင်ခြင်း၊ အသီးပုံပျက်ခြင်းများ ဖြစ်ပေါ်စေပါသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ရောဂါစတင်တွေ့ရှိပါက အောက်ပါ မှိုသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
* ဆာလဖာ (Sulphur): အမှုန့် သို့မဟုတ် အရည်ဖျော် ဆေးကို ပက်ဖျန်းပေးနိုင်သည်။ ပန်းပွင့်ချိန် သတိထားဖျန်းပါ။
နေပြင်းချိန် မဖျန်းရပါ။ EC ဆေးများနှင့်
ရောစပ်ပါက အပင်လောင်နိုင်သည်။
(အသုံးများဆုံးနှင့် စရိတ်သက်သာသော နည်းလမ်းဖြစ်သည်။)
* Hexaconazole (ဟက်ဇာကိုနဇော)
* Propiconazole (ပရိုပီကိုနဇော)
* Azoxystrobin (အဇိုဇီစထရိုဘင်)
* Difenoconazole စသည့်
ဆေးများကို ပက်ဖျန်းနိုင်ပါသည်။
#ဖားဥမှိုရောဂါ #စိုးမိုးဂျူလှိုင် #ပဲတီစိမ်း

22/01/2026

#ထရိုင်မား ဒီဇိုင်းအသစ် ... နည်းစနစ်အသစ်...
ထရိုင်ကိုဒါးမား ဖြင့် စိုက်ခင်းထဲက မှိုတွေကို
တိုက်ဖျက်ကြပါစို့...

✔️တစ်ထုတ် ၅၀၀ ဂရမ် - 14,000 ကျပ်

🌶️သီးနှံပေါ်မူတည်၍ တစ်ဧက ၂-၅ ထုတ်
အထိ အသုံးပြုနိုင်ပါသည်။

⚠️ဓာတုပိုးဆေး မှိုသတ်ဆေးများဖြင့် ရောမသုံးရ

💊အမှုန့်အတိုင်း ကြဲပက်နိုင်သကဲ့သို့
ရေဖျော်၍လည်း ပက်ဖျန်းနိုင်ပါသည်။

🚚အိမ်ရောက်ငွေချေစနစ်ဖြင့် ပို့ပေးပါသည်။

အသေးစိတ် သိရှိလိုပါက
ဝယ်ယူလိုပါက 09782366399
Viber ဖုန်း ၀၉၈၉၂၂၆၅၃၂၂

ပစ်တိုင်းထောင်စိုက်ပျိုးရေးပစ္စည်းဆိုင်
AUNG ZABU အောင်ဇမ္ဗူသဘာဝမြေဩဇာ
ထရိုင်မား အကျိုးပြုမှိုဆေး
Soe Moe July

Address

Yangon
11311

Alerts

Be the first to know and let us send you an email when ထရိုင်မား အကျိုးပြုမှိုဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share