24/08/2026
မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကအမိန့်ကြော်ငြာစာအမှတ်၅/၂၀၂၆ ကို ထုတ်ပြန်လိုက်သည်။
၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ပြီးတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်တွင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကိုစိစစ်ရန် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ထားသည်။ ၎င်းသည် ယခင်အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၁ ကိုအစားထိုးလိုက်သည်။
အမိန့်ကြော်ငြာစာတွင်ပါဝင်သည့်အကြောင်းအရာများ:
• တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ကော်မတီများ ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
• ကော်မတီအစည်းအဝေးများနှင့်လုပ်ထုံးလုပ်နည်းများ
• ကော်မတီရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ
• အတည်ပြုခွင့်ပြုမိန့်များလက်ခံခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း
• အတည်ပြုမိန့် ပြင်ဆင်ခြင်း၊ ရပ်စဲခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်း
• မြေအသုံးပြုခွင့်လျှောက်ထားလွှာစိစစ်ခြင်း
• ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကြီးကြပ်စစ်ဆေးခြင်း
• အထွေထွေ ပြဋ္ဌာန်းချက်များ
• လုပ်ငန်းစဉ်ပုံစံ – အတည်ပြုမိန့်ရယူရန် အသေးစိတ်လုပ်ငန်းစဉ် မြေပုံဆွဲခြင်း
အသေးစိတ်အမိန့်ကြော်ငြာစာအားပူးတွဲဖိုင်၌ ကြည့်ရှုနိုင်ပါသည်။