Matura YP Consulting & Audit Co.,Ltd.

Website

Matura YP Consulting & Audit Co.,Ltd. Matura YP: Auditing, accounting & business advisory with local & international standards

📢 ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်ဆီစက်လုပ်ငန်းရှင်များအတွက်အတိုးနှုန်း (၅%...
28/09/2026

📢 ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်

ဆီစက်လုပ်ငန်းရှင်များအတွက်အတိုးနှုန်း (၅%) ဖြင့် ချေးငွေ ရယူနိုင်ပါပြီ။

💡 ချေးငွေ ပမာဏနှင့် သက်တမ်း:
• လှည့်ပတ်ရင်းနှီးငွေ:ကျပ်သိန်း ၁၀၀ မှ သိန်း ၅,၀၀၀ အထိ (သက်တမ်း ၁ နှစ်)
• မတည်ရင်းနှီးငွေ: ကျပ်သိန်း ၂၀၀ မှ သိန်း ၅,၀၀၀ အထိ (သက်တမ်း ၃ နှစ်)

🏦 ထုတ်ပေးမည့် ဘဏ်များ:
• အစိုးရဘဏ်များ: မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ် (MADB)
• ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်

🌐 လျှောက်လွှာရယူရန်ဝက်ဘ်ဆိုက်များ:
• www.mofr.gov.mm
• https://msmewebportal.gov.mm
• http://www.meoma.org
• http://meoda.myanmarwebtraining.com
• www.meb.gov.mm
• www.madb.gov.mm

📌 အသေးစိတ်အချက်အလက်များနှင့်လျှောက်ထားလိုသူများပူးတွဲပါအသိပေးကြေညာချက်တွင်ဖတ်ရှုနိုင်ပါသည်။
#ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ျေးငွေ #အသေးစားနှင့်အလတ်စားစီးပွားရေး #စီးပွားရေးချေးငွေ #မြန်မာ့စီးပွားရေးဘဏ်

27/09/2026

📢 We’re Hiring – Junior Staff

Matura YP Consulting & Audit Co., Ltd. is looking for a Junior Staff to join our team as a permanent staff member.

Requirements
• Basic knowledge of Accounting
• Basic knowledge of Microsoft Excel
• Able to use email for daily work communication
• Able to communicate in basic English
• Willing to learn and develop professional skills
• Responsible, hardworking, and able to work well with the team
• Fresh graduates and candidates with relevant experience are welcome to apply

What you will gain
• Practical experience in Accounting, Audit & Tax
• Learning opportunities from experienced professionals
• Professional working environment
• Long-term career development opportunities

📩 How to Apply
Please send your CV to [email protected]

📍 Office Address
No. 447, 4th Floor, Lower Pazundaung Road,
Pazundaung Township, Yangon Region, Myanmar
Matura YP Consulting & Audit Co., Ltd.

ပြေစာပေါ်မှာကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် ကပ်ရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ သိလား? 👀ကုန်သွယ်လုပ်ငန်းခွန် (CT) ကို လုပ်ငန်းအ...
25/09/2026

ပြေစာပေါ်မှာကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် ကပ်ရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ သိလား? 👀

ကုန်သွယ်လုပ်ငန်းခွန် (CT) ကို လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ပေး ဆောင် ရပါတယ်။ဒါပေမယ့် အထူးလုပ်ငန်း (၆) မျိုးမှာတော့ ကုန်သွယ်လုပ်ငန်းခွန်အမှတ်တံဆိပ် (Tax Stamp) ကို ပြေစာပေါ်တွင် ကပ်၍ ကောက်ခံပေးဆောင်ရတဲ့ စနစ် ကို အသုံးပြုရပါတယ်။

✅ စားသောက်ဆိုင်၊ရုပ်သံလွှင့်မီဒီယာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ — ၅%

✅ ဟိုတယ်နှင့်တည်းခိုခန်း၊ ရွှေစင်/ရွှေတုံး/ရွှေဒင်္ဂါးနှင့် ရွှေထည်လက်ဝတ်ရတနာများ — ၃%

✅ ၁-၁၀-၂၀၂၄ နေ့မှစ၍မသန့်စင်ရသေးသည့် ရွှေစင်/ရွှေသား ရောင်းချခြင်း — ၅%

📌 အခြားလုပ်ငန်းများမှာတော့ ပြေစာပေါ်တွင် CT အခွန်အမှတ်တံဆိပ် ကပ်ရန်မလိုဘဲ၊ သတ်မှတ် ထားတဲ့ လုပ် ထုံးလုပ်နည်းအတိုင်း ကုန်သွယ်လုပ်ငန်းခွန်ကို ပေးဆောင်ရပါတယ်။
📌 အရေးကြီးတာက — CT အားလုံးဟာ သက်ဆိုင်ရာအခွန်စည်းမျဉ်းများအတိုင်းပေးဆောင် ရတာ ဖြစ်ပြီး၊အထက်ဖော်ပြပါ လုပ်ငန်းများမှာသာ ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်ရတဲ့ စနစ် ကို အ ထူးသတ်မှတ်ထားတာ ဖြစ်ပါတယ်။
📌 ဝင်ငွေခွန် (Income Tax) ကတော့ ကုန်သွယ်လုပ်ငန်းခွန်နဲ့ သီးခြားဖြစ်ပြီး၊ သက်ဆိုင်ရာ အခွန်စည်း မျဉ်းများအတိုင်းပုံမှန်ပေးဆောင်ရပါတယ်။

#ကုန်သွယ်လုပ်ငန်းခွန် #အခွန်အမှတ်တံဆိပ် #ပြေစာ #အခွန် #လုပ်ငန်းရှင် #မြန်မာ #စီးပွားရေး #ဘဏ္ဍာရေး

📢 မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များ လိုက်နာရမည့် ညွှန်ကြားချက် (၁/၂၀၂၆) ထုတ်ပြန်ခြင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရ...
22/09/2026

📢 မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်များ လိုက်နာရမည့် ညွှန်ကြားချက် (၁/၂၀၂၆) ထုတ်ပြန်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အဓိကအချက်များမှာ -

• မူပိုင်ခွင့်ဦးစီးဌာန၏သင်တန်းဆင်းလက်မှတ်ရရှိထားသူဖြစ်ရမည်။
• မိမိတာဝန်ယူလျှောက်ထားသည့်ကိစ္စရပ်များအတွက်အပြည့်အဝ တာဝန်ယူဆောင်ရွက်ရမည်။
• မိမိ၏ သင်တန်းဆင်းလက်မှတ်ကိုအခြားသူအား အသုံးပြုခွင့် မပြုရ။

ညွှန်ကြားချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် ယာယီရုပ်သိမ်းခံရမည်ဖြစ်ပါသည်။
အသေးစိတ်ကိုပူးတွဲပါ ပုံများတွင် ဖတ်ရှုနိုင်ပါသည်။
#မူပိုင်ခွင့် #ညွှန်ကြားချက်

📢 CEIR OSS (YGN) ရုံးလိပ်စာအသစ် အသိပေးကြေညာချက်။Ref: Myanmar Automated Cargo Clearance System System (MACCS)September 21...
21/09/2026

📢 CEIR OSS (YGN) ရုံးလိပ်စာအသစ် အသိပေးကြေညာချက်။

Ref: Myanmar Automated Cargo Clearance System System (MACCS)
September 21, 2026

🏆 အစိုးရတင်ဒါ အောင်မြင်ပြီးပြီဆိုရင်… အခွန်ပိုင်းမှာ ဘာတွေ သိထားသင့်လဲ?အစိုးရဌာန၊အဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ဆိုပြီး တင...
12/09/2026

🏆 အစိုးရတင်ဒါ အောင်မြင်ပြီးပြီဆိုရင်… အခွန်ပိုင်းမှာ ဘာတွေ သိထားသင့်လဲ?

အစိုးရဌာန၊အဖွဲ့အစည်းတွေနဲ့ စာချုပ်ချုပ်ဆိုပြီး တင်ဒါလုပ်ငန်းကို စတင်တော့မယ်ဆိုရင် အခွန်ဆိုင်ရာ တာဝန်တွေကိုလည်း မမေ့သင့်ပါဘူး။

ဒီ Post မှာ တင်ဒါအောင်မြင်သူများအနေဖြင့်သိထားသင့်တဲ့ အဓိကအခွန် ၃ မျိုးကို အလွယ်တကူဖော်ပြပေးထားပါတယ် 👇
🧾 တံဆိပ်ခေါင်းခွန် (Stamp Duty)
💰ပင်ရင်းမှ နုတ်ယူခွန် (WHT)
📊ကုန်သွယ်လုပ်ငန်းခွန် (CT)
#အခွန် #တင်ဒါ #တင်ဒါအောင်မြင်သူ #အခွန်ဆိုင်ရာတာဝန်များ #တံဆိပ်ခေါင်းခွန်

မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ ...
10/09/2026

မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှ စတင်၍ စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် ထုတ်ပြန်ခဲ့သော "စုံ/မ" ရက်အလိုက် မော်တော်ယာဉ် ကန့်သတ်မောင်းနှင်မှုစနစ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပါသည်။

• မော်တော်ယာဉ်များကို စုံ/မ ခွဲခြားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင်ပါသည်။

• စက်သုံးဆီ ဝယ်ယူရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ် QR Code စနစ်အတိုင်း ဆက်လက်ဝယ်ယူရမည်ဖြစ်သည်။

09/09/2026

စာရင်းစာအုပ်တွေရဲ့သဘောတရားကို ရိုးရှင်းပြီး မှတ်မိလွယ်အောင် သီချင်းလေးနဲ့ မျှဝေပေးလိုက်ပါတယ်။ 📊🎵

Cash Book, Bank Book, General Journal (GJ), General Ledger (GL), Trial Balance (TB), Profit & Loss (P&L) နဲ့ Balance Sheet တို့ရဲ့ အဓိက ကွာခြားချက်တွေကို ဗီဒီယိုလေးထဲမှာ လေ့လာကြည့်လိုက်ပါ! 👇

📢 အခွန်ကင်းလွတ်ခွင့်နောက်ထပ် (၁) လထပ်မံသက်တမ်းတိုးမြေသြဇာ၊ဒီဇယ် (HSD 500 ppm) နှင့် LNGယခင်လများနည်းတူကုန်ဈေးနှုန်းတည်ငြ...
07/09/2026

📢 အခွန်ကင်းလွတ်ခွင့်နောက်ထပ် (၁) လထပ်မံသက်တမ်းတိုးမြေသြဇာ၊ဒီဇယ် (HSD 500 ppm) နှင့် LNG

ယခင်လများနည်းတူကုန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့်လုပ်ငန်းများအဆင်ပြေစေရန်အတွက်အောက်ပါသွင်းကုန်များအပေါ်အခွန်ကင်းလွတ်ခွင့်ကာလကိုနောက်ထပ် (၁) လထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ပါသည်။

👉 သက်တမ်းတိုးကာလ - 1 September to 30 September 2026

🌱 ဓာတ်မြေဩဇာများ
• ကြိုတင်ဝင်ငွေခွန်(2%) ဆက်လက်ကင်းလွတ်ခွင့်ရရှိပါမည်။

⛽ ဒီဇယ်ဆီ HSD (500 ppm)
• အခွန်(၄) မျိုးစလုံးဆက်လက်ကင်းလွတ်ခွင့်ရရှိပါမည်။(အကောက်ခွန်၊အထူးကုန်စည်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)

⚡ သဘာဝဓာတ်ငွေ့ရည် (LNG)
• အခွန်(၃) မျိုးဆက်လက်ကင်းလွတ်ခွင့်ရရှိပါမည်။(အကောက်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)

📅 အရေးကြီးသည့်သတ်မှတ်ချက်
• ကင်းလွတ်ခွင့်များကို30 September 2026 အတွင်းအကောက်ခွန်ဦးစီးဌာန၌Import Declaration (ID) ဖွင့်လှစ်ပြီးဆောင်ရွက်သည့်သွင်းကုန်များအတွက်သာအကျုံးဝင် မည် ဖြစ် ပါသည်

📌 အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း (Draft Law)MSME လ...
06/09/2026

📌 အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း (Draft Law)

MSME လုပ်ငန်းရှင်များအတွက် သိထားသင့်သော အချက်များ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း (Draft Law) တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ပေးရေးအတွက် အရေးကြီးသော အချက်များကို ထည့် သွင်းဖော်ပြထားပါတယ်။

🔹 MSME လုပ်ငန်းအမျိုးအစားခွဲခြားခြင်း
လုပ်ငန်းများကို အမြဲတမ်းဝန်ထမ်းအရေအတွက် သို့မဟုတ် နှစ်စဉ်အရောင်း/ဝန်ဆောင်မှုဝင်ငွေ အပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

အသေးစားလုပ်ငန်း (Micro)
• ဝန်ထမ်း ၁၀ ဦးအထိ
• နှစ်စဉ်အရောင်း/ဝန်ဆောင်မှုဝင်ငွေ ကျပ်သန်း ၁၀၀ အထိ

အငယ်စားလုပ်ငန်း (Small)
• ဝန်ထမ်း ၁၁ ဦးမှ ၅၀ ဦးအထိ
• ဝင်ငွေ ကျပ်သန်း ၁၀၀ ကျော်မှ ကျပ်သန်း ၅၀၀ အထိ

အလတ်စားလုပ်ငန်း (Medium)
• ဝန်ထမ်း ၅၁ ဦးမှ ၃၀၀ ဦးအထိ
• ဝင်ငွေ ကျပ်သန်း ၅၀၀ ကျော်မှ ကျပ်သန်း ၁,၀၀၀ (၁ ဘီလီယံ) အထိ

🔹 MSME မှတ်ပုံတင်ခြင်း
MSME လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ One-Stop Service (OSS) မှတစ်ဆင့် မှတ်ပုံတင်ခြင်းနှင့် လိုအပ်သော လိုင်စင်၊ ထောက်ခံချက်များကို လျှောက်ထားနိုင်ရန် စီစဉ်ထားပါတယ်။
မှတ်ပုံတင်ခွင့်ပြုရာတွင် အဓိကအားဖြင့် နည်းလမ်း ၂ မျိုးရှိပါတယ် —
1️⃣ လိုင်စင်/ခွင့်ပြုချက်ရှိပြီးသား လုပ်ငန်းများ
အခြားဥပဒေများအရ ထုတ်ပေးထားသော သက်တမ်းရှိ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံ တင် လက်မှတ် ရှိပါက MSME အဖြစ် မှတ်ပုံတင်ခွင့်ပြုရမည်ဟု Draft Law တွင် ဖော်ပြထားပါတယ်။

2️⃣ လိုင်စင်မလိုအပ်သော လုပ်ငန်းများ
အခြားဥပဒေအရ လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ကြိုတင်ရယူရန် မလိုအပ်သော လုပ်ငန်းများအနေဖြင့် အောက်ပါအချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါတယ် —
✅ ကျန်းမာရေး – ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရန်
✅ ပတ်ဝန်းကျင် – သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားပတ်ဝန်းကျင်အပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်
✅ မီးဘေးလုံခြုံရေး – မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ လုံလောက်စွာရှိရန်
✅ လုပ်ငန်းခွင်လုံခြုံရေး – လုပ်ငန်းခွင်အန္တရာယ်များကို ကာကွယ်ရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာ ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အစီအစဉ်ရှိရန်

🔹 မှတ်ပုံတင်ပြီးနောက် လုပ်ငန်းရှင်များ၏ တာဝန်
လုပ်ငန်း၏ ဝန်ထမ်းအရေအတွက် သို့မဟုတ် နှစ်စဉ်အရောင်း/ဝန်ဆောင်မှုဝင်ငွေ ပြောင်းလဲလာပြီး လက်ရှိမှတ်ပုံတင်ထားသည့် MSME အမျိုးအစားနှင့် မကိုက်ညီတော့ပါက သက်ဆိုင်ရာ Agency သို့ အခြေအနေပြောင်းလဲမှုကို အသိပေးရမည်ဖြစ်ပါတယ်။
ထို့အပြင် မှတ်ပုံတင်အမျိုးအစား ပြောင်းလဲရန် လိုအပ်ပါက လက်ရှိမှတ်ပုံတင်သက်တမ်းမကုန်မီ ၃ လကြိုတင် လျှောက်ထားရမည်ဖြစ်ပါတယ်။

🔹 မှတ်ပုံတင်လက်မှတ် ပယ်ဖျက်နိုင်သည့် အခြေအနေများ
အောက်ပါအခြေအနေများတွင် MSME မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်နိုင်ပါတယ် —
• လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်လက်မှတ်ကို ပြန်လည်အပ်နှံခြင်း
• သက်ဆိုင်ရာဥပဒေအရ လုပ်ငန်းရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်း
• MSME အဓိပ္ပာယ်ဖွင့်ဆိုချက်ထက်ကျော်လွန်၍ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲ ဖြစ် ပေါ် မှု သည် ကန့်သတ်ကာလ သုံးနှစ်ထက် ကျော်လွန်ခြင်း။

🔹 MSME များအတွက် အဓိကပံ့ပိုးမှုများ
Draft Law တွင်—
📌 ဘဏ္ဍာရေးအထောက်အပံ့နှင့် အထူးရန်ပုံငွေ
📌 အခွန်ဆိုင်ရာ အထောက်အပံ့နှင့် ညှိနှိုင်းဆောင်ရွက်မှု
📌 လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး
📌 နည်းပညာနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး
📌 ပြည်တွင်း၊ ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ပေးရေး
📌 စွန့်ဦးတီထွင်မှုနှင့် Startup လုပ်ငန်းများ ဖွံ့ဖြိုးရေး
📌 Digital Trading System အသုံးပြုနိုင်ရေး
စသည့် အချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

📌 မှတ်ချက် – အထက်ပါအချက်များသည် ဥပဒေကြမ်း အပေါ်အခြေခံ၍ အနှစ်ချုပ်ဖော် ပြထား ခြင်းဖြစ်ပြီး Draft ဖြစ်သောကြောင့် နောက်ဆုံး အတည်ပြုဥပဒေတွင် အချက် အလက်များ ပြောင်း လဲနိုင်ပါသည်။

🔹 ၂၀၁၅ ခုနှစ် ဥပဒေဟောင်းအား ရုပ်သိမ်းခြင်း
• ဤ ၂၀၂၆ ခုနှစ် ဥပဒေသစ် အတည်ပြုပြဋ္ဌာန်းပြီးပါက ယခင်ကျင့်သုံးခဲ့သည့် ၂၀၁၅ ခုနှစ်၊ "အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ" ကို ပယ်ဖျက်/ရုပ်သိမ်း (Cancel) သွားမည် ဖြစ်ပါတယ်

Address

LOWER PAZUNDAUNG Road, NO. 447, 4TH FLOOR, PAZUNDAUNG TOWNSHIP
Yangon

Alerts

Be the first to know and let us send you an email when Matura YP Consulting & Audit Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share