05/07/2026
Starlink ပိုင်ရှင်လူကြီးမင်းများခင်ဗျား... မြင်ရကြားရ သတင်းများအရ စိတ်မချမ်းပေမယ့် စက်မပိတ်မချင်းတော့ ဘေလ်ဖြည့်သုံးနေရမှာပဲ။
ခုဖြစ်နေတဲ့ Restriction ဟာ သူတို့တရားဝင် ခွင့်ပြုမထားသော နိုင်ငံမှာ စက်ကိုအသုံးပြုနေလို့ internet ကိုဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံက တရားဝင် ခွင့်ပြုမထားသေးသော နိုင်ငံဖြစ်နေလို့ကို စက်တွေပိတ်ခံရတာပါ။
ID အောင်ခြင်း/မအောင်ခြင်း က အဓိကမဟုတ်တော့ပါဘူး(ID မအောင်သေးလို့ တင်ချင်တင် ကိုယ့်သဘောပါ)။ location အရကို ပိတ်ခံရနိုင်ချေ ရှိနေပါပီ။ Starlink ဗန်းမှာ GPS ပါနေတော့ စက်ဖွင့်ထားရင် location ပြနေမှာပဲ။ အဲ့တော့စက်ပိတ်ထားလိုက်ရုံပဲရှိတော့တယ်။ ဒါပေမယ့် systemအရ စက်ပြန်ဖွင့်လိုက်တာနဲ့ location ကပြန်ပြမှာပါ။
ဖြေရှင်းနည်းကလည်းတိတိကျကျမရှိသေးပါဘူး။
ပိတ်ခံရတဲ့စက်တွေရဲ့ အခြေနေကိုစောင့်ကြည့်နေတုန်းမို့ မပိတ်ခံရသေးတဲ့စက်တွေ ယာယီတော့ပိတ်ထားစေချင်ပါတယ်။ အရေးကြီးကိစ္စရှိမှဖွင့်သုံးပေါ့။ပိတ်ခံရပီဆို ဘာမှလုပ်မရမယ့်အတူတူ လက်တလောသုံးလို့ရ နေအောင်လို့ပါ။
ပိတ်ခံရပီဆိုရင် Transfer လုပ်လည်း internetသုံးမရပါ။ Global Room Plan ပြောင်းသုံးလည်း billသာထွက်လာပီး internet သုံးမရပါ။ စက်ကိုပိတ်ထားရမလား? ဖွင့်လို့ရောရလား? ဆိုတာတော့ ကိုယ်ဖာသာဆုံးဖြတ်ကြပါလို့ပြောရင်း...ဒီလောက်ပါပဲ။
# starlink bill service
# starlink ativate
# starlink ID ဆယ်ပေးခြင်း
# starlink error ဖြေရှင်းပေးခြင်း