Overseas Burma Advisory

Overseas Burma Advisory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Overseas Burma Advisory, Consulting Agency, 10 ANSON ROAD #10-11. INTERNATIONAL Plaza, Singapore.

PR လျှောက်တဲ့အခါ “Consistency” က ဘာလို့ အရေးကြီးတာလဲ? 🤔🇸🇬နိုင်ငံခြားမှာ PR လျှောက်ဖို့ စဉ်းစားနေတယ်ဆိုရင် “Consistency” ...
07/09/2026

PR လျှောက်တဲ့အခါ “Consistency” က ဘာလို့ အရေးကြီးတာလဲ? 🤔🇸🇬

နိုင်ငံခြားမှာ PR လျှောက်ဖို့ စဉ်းစားနေတယ်ဆိုရင် “Consistency” ဆိုတဲ့အချက်ကို သေချာဂရုစိုက်ဖို့လိုပါတယ်။

PR လျှောက်တဲ့အခါ စာရွက်စာတမ်းတွေ ပြည့်စုံရုံနဲ့ မပြီးပါဘူး။ ကိုယ့်ရဲ့ Profile တစ်ခုလုံးမှာ အချက်အလက်တွေက တစ်ခုနဲ့တစ်ခု ကိုက်ညီပြီး တည်ငြိမ်မှုရှိနေတာကလည်း အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့ 👇

✅ အလုပ်အကိုင်နဲ့ ဝင်ငွေ တည်ငြိမ်မှု
အလုပ်အကိုင်၊ လစာနဲ့ ဝင်ငွေတွေမှာ တည်ငြိမ်မှုရှိနေတာက ကိုယ့်ရဲ့ Career Profile ကို ပိုပြီးကောင်းမွန်စွာ ပြသနိုင်စေပါတယ်။

✅ အခွန်နဲ့ သက်ဆိုင်ရာတာဝန်တွေကို ပုံမှန်လုပ်ဆောင်ထားခြင်း
အခွန်ပေးဆောင်မှုလိုမျိုး ကိုယ့်ရဲ့ သက်ဆိုင်ရာတာဝန်တွေကို ပုံမှန်နဲ့ စနစ်တကျ လုပ်ဆောင်ထားတာကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။

✅ အချက်အလက်တွေ တစ်ခုနဲ့တစ်ခု ကိုက်ညီမှုရှိခြင်း
PR လျှောက်တဲ့အခါ တင်ပြတဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ အလုပ်အကိုင်နဲ့ ကိုယ်ရေးအချက်အလက်တွေမှာ မကိုက်ညီတာတွေ မဖြစ်အောင် သေချာစစ်ဆေးထားဖို့လိုပါတယ်။

အရေးကြီးတာက ပြောင်းလဲမှုတွေရှိရင်လည်း အချက်အလက်တွေ မှန်ကန်ပြီး စနစ်တကျရှိနေဖို့ပါ။

PR ဆိုတာ တစ်ရက်နှစ်ရက်အတွင်း Profile တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ အခွန်နဲ့ နေထိုင်မှုအခြေအနေတွေကို ရေရှည်စနစ်တကျ တည်ဆောက်ထားတာက ပိုအရေးကြီးပါတယ်။ 💪

PR လျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းချင်တာတွေရှိရင် "Overseas Burma Advisory" ကို လွတ်လပ်စွာ Message ပို့ပြီး တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ 😊

📞 ဆက်သွယ်ရန်
(WhatsApp/Call): +65 90690316
🌐 Website: www.overseasburmaadvisory.com

အားလုံးပဲ PR လေး မြန်မြန်ရကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်!

🇸🇬 PR Rejected ဖြစ်ပြီးရင် ဘာဆက်လုပ်သင့်လဲ?PR Rejected ဖြစ်တာနဲ့ ချက်ချင်းတူညီတဲ့ information တွေနဲ့ PR ပြန်တင်တာထက် ကို...
05/09/2026

🇸🇬 PR Rejected ဖြစ်ပြီးရင် ဘာဆက်လုပ်သင့်လဲ?

PR Rejected ဖြစ်တာနဲ့ ချက်ချင်းတူညီတဲ့ information တွေနဲ့ PR ပြန်တင်တာထက် ကိုယ့် profile ကို သေချာ review လုပ်နိုင်ခြင်းက ပိုအရေးကြီးပါတယ်။

အဓိကစစ်သင့်တာတွေက 👇

1️⃣ Rejection Letter ကို သေချာစစ်ပါ
Outcome date နဲ့ ICA ကပေးထားတဲ့ instructions တွေကို အရင်ကြည့်ပါ။

2️⃣ Appeal လုပ်မလား စဉ်းစားပါ
ICA ရဲ့ current guidance အရ PR rejection ကို online appeal လုပ်နိုင်ပြီး rejection letter date ကနေ 12 months အတွင်း submit လုပ်ရပါတယ်။

ဒါပေမယ့် အရင် application နဲ့ ဘာမှမပြောင်းဘဲ same documents တွေကိုပဲ ပြန်တင်ရင် outcome ပြောင်းနိုင်ချေ မများပါဘူး။ ဒါကြောင့် …

3️⃣ Profile မှာ ဘာတွေတိုးတက်လာလဲ စစ်ပါ
ဥပမာ —
✅ Salary increase / Promotion
✅ Longer employment history
✅ New qualification or professional certificate
✅ Family situation change
✅ Meaningful community involvement
✅ Other updated supporting documents

4️⃣ Appeal မလုပ်ခင် “New Evidence” ရှိမရှိ စဉ်းစားပါ
Appeal တစ်ခုက “Please reconsider” လို့ပြောရုံထက် previous application ရဲ့နောက်ပိုင်း ဘာတွေပြောင်းလဲတိုးတက်လာလဲ ဆိုတာရှင်းပြနိုင်ဖို့ ပိုအရေးကြီးပါတယ်။

5️⃣ Fresh Application ပြန်တင်မယ်ဆိုရင် Application ကို အရင်information တွေနဲ့ပဲ တပုံစံတည်း ပြန်တင်တာ ရှောင်ပါ
Career, financial situation, qualifications, family profile နဲ့ Singapore မှာ long-term commitment ကို update လုပ်ထားသင့်ပါတယ်။

💡 အရေးကြီးတာက — PR rejection က “Never” လို့ဆိုလိုတာမဟုတ်ပါဘူး။
အရင် application ကနေ ဘာတွေပြင်ဆင်နိုင်လဲ၊ ဘာတွေတိုးတက်လာလဲဆိုတာ review လုပ်ပြီးမှ နောက်တစ်ဆင့်ကို ဆုံးဖြတ်တာက ပိုResult ကောင်းစေပါတယ်

သင့်ရဲ့ PR လျှောက်လွှာကို Success Rate ပိုမိုအားကောင်းစေဖို့အတွက် Overseas Burma Advisory Page ရဲ့ Message Box ကနေတစ်ဆင့် အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ယူလိုက်ပါ။ 📩

📞 ဆက်သွယ်ရန်
📱 WhatsApp/Call: +65 90690316
🌐 Website: www.overseasburmaadvisory.com

🇸🇬 Singapore ရဲ့ လူနေမှုဘဝက ဘာကြောင့် စနစ်တကျဖြစ်နေရတာလဲ?Singapore မှာ နေထိုင်ဖူးသူတွေ အများစု သတိထားမိတာက သွားလာရေးက လွ...
03/09/2026

🇸🇬 Singapore ရဲ့ လူနေမှုဘဝက ဘာကြောင့် စနစ်တကျဖြစ်နေရတာလဲ?

Singapore မှာ နေထိုင်ဖူးသူတွေ အများစု သတိထားမိတာက
သွားလာရေးက လွယ်တယ်၊ Public Services တွေ အသုံးပြုရတာ ရှင်းတယ်၊ နေ့စဉ်ဘဝက စနစ်ကျတယ် ဆိုတာပါ။

ဒါက Infrastructure ကောင်းလို့တစ်ခုတည်း မဟုတ်ပါဘူး။ အောက်ကအချက်တွေ ပေါင်းစပ်ထားတာကြောင့်ပါ 👇

1️⃣ Rules ရှင်းပြီး လိုက်နာမှုကောင်းခြင်း
Public cleanliness, road safety, queueing culture, shared spaces အသုံးပြုမှုတွေမှာ လူတိုင်းအတွက် တူညီတဲ့ စည်းမျဉ်းတွေရှိပါတယ်။

2️⃣ Public Transport ချိတ်ဆက်မှုကောင်းခြင်း 🚇
MRT, Bus နဲ့ walking routes တွေကို ချိတ်ဆက်စီမံထားတာကြောင့် ကိုယ်ပိုင်ကားမရှိဘဲလည်း နေ့စဉ်သွားလာနိုင်ပါတယ်။

3️⃣ Digital Government Services အသုံးပြုရလွယ်ခြင်း 💻
Singpass လို digital identity system တွေကြောင့် Government Services အများစုကို online ကနေ စစ်ဆေး၊ လျှောက်ထား၊ payment လုပ်နိုင်ပါတယ်။

4️⃣ Long-term Urban Planning 🏙️
Housing, transport, parks, schools, healthcare facilities တွေကို တစ်ခုချင်းမစီဘဲ မြို့ပြဖွံ့ဖြိုးမှုအတွက် ချိတ်ဆက်စဉ်းစားထားပါတယ်။

5️⃣ လူတစ်ဦးချင်းစီရဲ့ Responsibility 🤝
စနစ်ကောင်းတစ်ခုရှိရုံနဲ့ မလုံလောက်ပါဘူး။ Rules ကိုလိုက်နာခြင်း၊ shared spaces ကိုဂရုစိုက်ခြင်းနဲ့ အများအကျိုးကို ထည့်စဉ်းစားခြင်းကလည်း အရေးကြီးပါတယ်။

Singapore မှာ ရေရှည်နေထိုင်ဖို့စဉ်းစားနေသူဆိုရင် Government Services သုံးနည်း၊ workplace culture, transport system, tax, housing နဲ့ immigration processes တွေကို တဖြည်းဖြည်းနားလည်ထားတာက နေ့စဉ်ဘဝကို အများကြီးလွယ်ကူစေပါတယ်။

Singapore မှာနေထိုင်မှု၊ PR၊ Citizenship နဲ့ Financial ဆိုင်ရာ practical knowledge တွေကို OBA က ဆက်လက်မျှဝေပေးသွားမှာမို့ Follow လုပ််ထားနော်

📞 ဆက်သွယ်ရန်
📱 WhatsApp/Call: +65 90690316
🌐 Website: www.overseasburmaadvisory.com

💍 Marriage ပြီးရင် Singapore PR Application ကို Update လုပ်သင့်လား?Yes — PR Application တင်ထားပြီး processing ဖြစ်နေချိန...
02/09/2026

💍 Marriage ပြီးရင် Singapore PR Application ကို Update လုပ်သင့်လား?

Yes — PR Application တင်ထားပြီး processing ဖြစ်နေချိန်မှာ အိမ်ထောင်ပြုလိုက်ပါက marital status ကို ICA မှာ update လုပ်ပေးသင့်ပါတယ်။

ICA ရဲ့ guidance အရ PR application pending ဖြစ်နေစဉ် marital status ပြောင်းလဲမှု ရှိလာရင် application information ကို လက်ရှိအခြေအနေအတိုင်း မှန်ကန်အောင် update လုပ်ထားသင့်ပါတယ်။

📌 ဘာတွေ Update လုပ်သင့်လဲ?

✅ Marital Status
✅ Spouse Information
✅ Marriage Certificate
✅ Application နဲ့သက်ဆိုင်တဲ့ အခြားအရေးကြီးပြောင်းလဲမှုများ

ICA ရဲ့ PR document checklist မှာလည်း applicable ဖြစ်ပါက Marriage Certificate ကို supporting document အဖြစ် တင်ပြရန် သတ်မှတ်ထားပါတယ်။

👩‍❤️‍👨 Spouse ကို Pending PR Application ထဲ ထည့်လို့ရလား?

Eligible ဖြစ်ပါက ICA e-Service မှာ spouse သို့မဟုတ် child ကို existing PR application ထဲ add လုပ်နိုင်တဲ့ option ရှိပါတယ်။ သို့သော် eligibility နဲ့ application circumstances ပေါ်မူတည်တာကြောင့် case တစ်ခုချင်းစီအလိုက် စစ်ဆေးဖို့လိုပါတယ်။

💡 Marriage ဖြစ်သွားရုံနဲ့ PR Approval Chance သေချာတိုးလာမလား?

မသေချာပါဘူး။ Marriage တစ်ခုတည်းက PR approval ကို guarantee မပေးပါဘူး။

ICA က PR application ကို စိစစ်ရာမှာ family profile, economic contribution, qualifications, age, length of residency နဲ့ Singapore မှာ ရေရှည်အခြေချနိုင်မှု စတဲ့ အချက်အမျိုးမျိုးကို အခြေအနေတစ်ခုချင်းအလိုက် စဉ်းစားသုံးသပ်ပါတယ်။

ဒါကြောင့် PR application pending ဖြစ်နေစဉ် Marriage, Job Change, Salary Increase, New Qualification စတဲ့ အရေးကြီးတဲ့ပြောင်းလဲမှုတွေရှိလာရင် application information ကို update လုပ်ထားတာ အရေးကြီးပါတယ်။

📩 Singapore PR Application ပြင်ဆင်နေပြီး ဘာတွေ Update လုပ်သင့်လဲ မသေချာဘူးဆိုရင် OBA မှာ သင့်ရဲ့ application profile ကို review လုပ်ပြီး လိုအပ်တဲ့ documents နဲ့ updates တွေကို ကူညီပြင်ဆင်ပေးနိုင်ပါတယ်။

📞 ဆက်သွယ်ရန်
📱 WhatsApp/Call: +65 90690316
🌐 Website: www.overseasburmaadvisory.com

OBA – Overseas Burma Advisory
Your journey, properly prepared.

စင်္ကာပူရောက် မြန်မာမောင်နှမများအတွက် 🇸🇬✨စင်္ကာပူမှာ အလုပ်လုပ်ရင်း လစာလေး အဆင်ပြေအောင် စုဆောင်းချင်ပေမယ့် ဘယ်လိုစရမလဲ ဝေ...
01/09/2026

စင်္ကာပူရောက် မြန်မာမောင်နှမများအတွက် 🇸🇬✨

စင်္ကာပူမှာ အလုပ်လုပ်ရင်း လစာလေး အဆင်ပြေအောင် စုဆောင်းချင်ပေမယ့် ဘယ်လိုစရမလဲ ဝေခွဲမရဖြစ်နေလား? 🤔
အဲ့ဒီအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်တဲ့ "50/30/20 Rule" လေးကို ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းလေးက ငွေကြေးစီမံခန့်ခွဲဖို့ တကယ်ကို အသုံးဝင်ပါတယ်။ လစာထဲက ပိုက်ဆံတွေကို ဒီလိုမျိုး သုံးကြည့်လိုက်ပါ -

✅ 50% - Needs (မဖြစ်မနေ လိုအပ်တဲ့စရိတ်)
အိမ်လခ၊ ရေ/မီးဖိုး၊ အစားအသောက်စရိတ်၊ သွားလာရေးစရိတ်၊ ဒါမှမဟုတ် အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေအတွက် သုံးရမယ့် အစိတ်အပိုင်းပါ။

✅ 30% - Wants (ပျော်ရွှင်ဖို့အတွက် သုံးစွဲမယ့်စရိတ်)
သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ Shopping ထွက်တာ၊ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ စားတာ၊ ဒါမှမဟုတ် ဝါသနာပါတဲ့ အရာတွေအတွက် သုံးတဲ့အပိုင်းပါ။ အလုပ်ပင်ပန်းတဲ့ စင်္ကာပူမှာ စိတ်ကြည်လင်ဖို့ ဒီလိုလေးလည်း သုံးပေးသင့်ပါတယ်။

✅ 20% - Savings (စုဆောင်းငွေ)
ဒါကတော့ အရေးကြီးဆုံးပါပဲ! အနာဂတ်အတွက်၊ အရေးပေါ်ကိစ္စတွေအတွက် ဒါမှမဟုတ် မြန်မာပြည်ကို ပြန်ဖို့အတွက် မဖြစ်မနေ စုဆောင်းထားရမယ့် အစိတ်အပိုင်းပါ။ လစာရတာနဲ့ ဒီ (20%) ကို အရင်ဆုံး ဖယ်ထားလိုက်ပါ။

💡 အကြံပြုချက်:
စင်္ကာပူမှာဆိုရင် အပြင်စာတွေ အများကြီးစားမိရင် ပိုက်ဆံပိုကုန်တတ်ပါတယ်။ ကိုယ်တိုင်ချက်စားတာမျိုးက 50% Rule ထဲမှာ ငွေအများကြီး သက်သာစေပါတယ်။🙏💰

ဒီနည်းလမ်းလေးက စမ်းသုံးကြည့်ဖို့ လွယ်လား?
မိတ်ဆွေတို့ကရော ကိုယ့်ဝင်ငွေကို ဘယ်လို စီမံခန့်ခွဲလဲ?
Comment မှာ ဝေမျှပေးသွားပါဦး။ 😊

🇸🇬 Singapore PR ကနေ Citizen လျှောက်ဖို့ စိတ်ကူးနေတဲ့ မိတ်ဆွေများအတွက် အချက်အလက်ကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨Sin...
31/08/2026

🇸🇬 Singapore PR ကနေ Citizen လျှောက်ဖို့ စိတ်ကူးနေတဲ့ မိတ်ဆွေများအတွက် အချက်အလက်ကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင်။ ✨

Singapore မှာ အခြေချနေထိုင်ရင်း
နောက်တစ်ဆင့်ဖြစ်တဲ့ နိုင်ငံသား (Citizenship) လျှောက်ထားဖို့ဆိုတာ စနစ်တကျ ပြင်ဆင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာ အနှစ်ချုပ်လေး မျှဝေပေးလိုက်ပါတယ်။

✅ ၁။ နေထိုင်မှုကာလနှင့် တည်ငြိမ်မှု
PR ရပြီးတဲ့နောက် အနည်းဆုံး (၂) နှစ်နှင့်အထက် နေထိုင်ပြီးမှ လျှောက်ထားတာ အကောင်းဆုံးပါ။ ဒီကာလအတွင်း အခွန်ဆောင်တာ၊ CPF စနစ်တကျသွင်းတာနဲ့ စင်္ကာပူမှာ အမြဲတမ်းနေထိုင်သူဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။

✅ ၂။ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များ
ကိုယ်ပိုင်ဝင်ငွေ၊ အခွန်ပေးဆောင်မှု မှတ်တမ်း (IR8A) နဲ့ CPF ငွေစုဆောင်းမှုတွေက အဓိက ကျပါတယ်။ စင်္ကာပူနိုင်ငံအတွက် စီးပွားရေးအရ အကျိုးပြုနိုင်သူလို့ သတ်မှတ်ခံရအောင် ပြင်ဆင်ထားပါ။

✅ ၃။ လူမှုရေး ပေါင်းသင်းဆက်ဆံမှု
စင်္ကာပူလူ့အဖွဲ့အစည်းမှာ ဘယ်လောက်အထိ ပါဝင်လှုပ်ရှားလဲဆိုတာကလည်း အရေးကြီးပါတယ်။ Community အလုပ်တွေ၊ Volunteer လုပ်တာတွေက ကိုယ့်ရဲ့ Profile ကို ပိုအားကောင်းစေပါတယ်။

✅ ၄။ စာရွက်စာတမ်း အပြည့်အစုံ
Identity Card တွေ၊ ပညာအရည်အချင်း၊ အလုပ်အကိုင်နဲ့ မိသားစုဝင်တွေရဲ့ အချက်အလက်တွေကို အမှားအယွင်းမရှိအောင် သေချာစစ်ဆေးပါ။

💡 အရေးကြီးဆုံး အကြံပြုချက် -
လျှောက်ထားတဲ့အခါ ကိုယ်တိုင်သေချာလေ့လာဖို့ အကြံပေးချင်ပါတယ်။ စိတ်ရှည်ဖို့လည်း လိုအပ်သလို အချက်အလက်မှန်ကန်မှုကလည်း အောင်မြင်ဖို့အတွက် အဓိကသော့ချက်ပါပဲ။

Singapore မှာ အိမ်မက်တွေ အကောင်အထည်ဖော်နေကြတဲ့ မိတ်ဆွေများ အားလုံးပဲ Citizenship လျှောက်တဲ့အခါ အဆင်ပြေချောမွေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🍀

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထပ်သိချင်တာလေးတွေရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်နော်။ 👇

📞 ဆက်သွယ်ရန်
(WhatsApp/Call): +65 90690316

🌐 Website: www.overseasburmaadvisory.com


🇸🇬✨

🇸🇬 စင်္ကာပူမှာ အလုပ်လုပ်နေသူတွေအနေနဲ့ Tax ကိစ္စ စိတ်ပူနေပြီလား? 📊စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတို့ရေ…နှစ်စဉ်ရောက်လာ...
30/08/2026

🇸🇬 စင်္ကာပူမှာ အလုပ်လုပ်နေသူတွေအနေနဲ့ Tax ကိစ္စ စိတ်ပူနေပြီလား? 📊

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတို့ရေ…

နှစ်စဉ်ရောက်လာတဲ့ Tax Season ဆိုရင် “Tax ဘယ်လိုဆောင်ရမလဲ?” “ဘယ်အချိန်အတွင်း လုပ်ဆောင်ရမလဲ?” “ကိုယ့်ဝင်ငွေအပေါ် ဘယ်လောက်အခွန်ကျမလဲ?” ဆိုပြီး မေးခွန်းတွေ အများကြီးရှိတတ်ပါတယ်။ 🧐

အရမ်းစိတ်မပူပါနဲ့နော်။ ဒီနေ့တော့ Overseas Burma Advisory (OBA) ကနေ စင်္ကာပူ Income Tax နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို ရိုးရိုးရှင်းရှင်း မျှဝေပေးလိုက်ပါတယ်။

✅ စင်္ကာပူ Income Tax ဆိုတာဘာလဲ?

စင်္ကာပူမှာ အလုပ်လုပ်ပြီး ဝင်ငွေရရှိသူတွေအတွက် Income Tax က အရေးကြီးတဲ့ကိစ္စတစ်ခုပါ။

ကိုယ့်ရဲ့ နှစ်စဉ်ဝင်ငွေ၊ Tax Resident ဖြစ်/မဖြစ်နဲ့ သက်ဆိုင်ရာ အခြေအနေတွေ ပေါ်မူတည်ပြီး ပေးဆောင်ရမယ့် အခွန်ပမာဏက ကွာခြားနိုင်ပါတယ်။

✅ ဘယ်သူတွေ Tax ဆောင်ရမလဲ?

စင်္ကာပူမှာ အလုပ်လုပ်နေသူတိုင်း အခွန်ပေးဆောင်ရမယ်လို့ မဆိုလိုပါဘူး။

နှစ်စဉ်ဝင်ငွေ၊ Tax Residency နဲ့ ကိုယ့်ရဲ့အခြေအနေအပေါ်မူတည်ပြီး Income Tax Return တင်ရန် လိုအပ်ခြင်း ရှိ/မရှိ ကွာခြားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်အခြေအနေကို သေချာသိချင်ရင် IRAS ရဲ့ တရားဝင်အချက်အလက်တွေကို စစ်ဆေးတာ အကောင်းဆုံးပါ။

✅ Tax ကိစ္စတွေကို ဘယ်လိုလုပ်ဆောင်ရမလဲ?

1️⃣ Singpass နဲ့ အွန်လိုင်းကနေ စစ်ဆေးနိုင်ပါတယ်

Singpass ရှိသူတွေအနေနဲ့ IRAS ရဲ့ Online Services မှာ Login ဝင်ပြီး ကိုယ့်ရဲ့ Tax Information နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို စစ်ဆေးနိုင်ပါတယ်။

2️⃣ Auto-Inclusion Scheme (AIS)

အလုပ်ရှင်က ဝန်ထမ်းတွေရဲ့ ဝင်ငွေအချက်အလက်တွေကို IRAS ထံ တင်ပြပေးထားတဲ့အခြေအနေမှာ Tax Return တင်တဲ့အခါ အချက်အလက်အချို့ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

3️⃣ ရနိုင်တဲ့ Tax Relief တွေကို စစ်ဆေးပါ

ကိုယ့်အခြေအနေအရ ရရှိနိုင်တဲ့ Tax Relief / Deduction တွေရှိမရှိကို သေချာစစ်ဆေးထားတာက အရေးကြီးပါတယ်။

ဒါပေမယ့် Tax Relief တစ်ခုချင်းစီမှာ သတ်မှတ်ချက်တွေရှိတာကြောင့် ကိုယ့်အခြေအနေနဲ့ ကိုက်ညီမှုရှိ/မရှိကို သေချာစစ်ဆေးပြီးမှ တင်ပြသင့်ပါတယ်။

⚠️ သတိထားသင့်တာလေးတွေ

⏰ Deadline ကို မလွတ်ပါစေနဲ့။
Tax Return တင်ဖို့ လိုအပ်သူတွေက သတ်မှတ်ထားတဲ့ Deadline အတွင်း အချိန်မီ လုပ်ဆောင်ထားသင့်ပါတယ်။

🔐 တရားဝင် Website ကနေသာ အချက်အလက်ယူပါ။
Tax နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မသေချာတဲ့ Social Media Post တွေထက် IRAS ရဲ့ တရားဝင် Website မှာ စစ်ဆေးတာ ပိုစိတ်ချရပါတယ်။

ဒီလောက်ဆိုရင် စင်္ကာပူ Income Tax နဲ့ပတ်သက်ပြီး အခြေခံသဘောတရားလေးတွေကို နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။ 🇸🇬✨

Tax နဲ့ပတ်သက်ပြီး ကိုယ့်အခြေအနေအလိုက် ဘာတွေသိထားသင့်လဲဆိုတာ သိချင်ရင် Comment မှာ မေးမြန်းနိုင်ပါတယ်နော်။

အားလုံးပဲ စင်္ကာပူမှာ အလုပ်အကိုင်အဆင်ပြေပြီး အနာဂတ်ကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️🇸🇬

#စင်္ကာပူရောက်မြန်မာများ

စင်္ကာပူရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် PR လျှောက်ထားရာမှာ အရေးပါတဲ့ အချက်လေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ✨🇸...
29/08/2026

စင်္ကာပူရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် PR လျှောက်ထားရာမှာ အရေးပါတဲ့ အချက်လေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ✨🇸🇬

PR Application မှာ Cover Letter က မဖြစ်မနေ လိုအပ်ပါတယ်။

စင်္ကာပူ PR လျှောက်ထားတဲ့အခါ လိုအပ်တဲ့ Documents တွေတင်ရုံနဲ့တင် လုံလောက်ပြီလို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ Cover Letter ဟာ ကိုယ့်ရဲ့ Application ကို ပိုပြီး ထူးခြားစေမယ့် "Key" တစ်ခုဖြစ်ပါတယ်။

ဘာကြောင့် Cover Letter က အရေးကြီးတာလဲ?

✅ ကိုယ့်ရဲ့တန်ဖိုးကို ပြသနိုင်ခြင်း - ကိုယ်က စင်္ကာပူအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ၊ ဘယ်လောက်ကြာကြာ နေထိုင်လုပ်ကိုင်နေပြီလဲဆိုတာကို အချက်အလက်နဲ့ ခိုင်ခိုင်မာမာ တင်ပြနိုင်ပါတယ်။

✅ Application ကို ပိုမိုရှင်းလင်းစေခြင်း - ICA အရာရှိတွေအနေနဲ့ ကိုယ့်ရဲ့ နောက်ခံအကြောင်းအရာတွေကို အလွယ်တကူ နားလည်သဘောပေါက်စေဖို့ ကူညီပေးပါတယ်။

✅ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်ခြင်း - စာရွက်စာတမ်းတွေမှာ မပါဝင်တဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထား၊ စင်္ကာပူလူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပေါင်းစပ်နေထိုင်နေလဲဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။

Cover Letter ရေးတဲ့အခါ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှုတွေ၊ စင်္ကာပူမှာ ပေးဆပ်နေတဲ့ အခွန်အခတွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ မိသားစုအကြောင်းအရာတွေကို ရိုးရှင်းပြီး စနစ်တကျ ရေးသားဖို့ လိုအပ်ပါတယ်။

ဒီအချက်တွေကြောင့် PR application အတွက် cover letter ဟာမဖြစ်မနေ လိုအပ်တာဖြစ်ပါတယ်။ 🔑

PR လျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး သိလိုသမျှကို ကျွန်ုပ်တို့ရဲ့ Overseas Burma Advisory မှ လိုအပ်တဲ့ အကြံဉာဏ်တွေကို အမြဲကူညီပေးနေတာမို့ Page Messenger ကနေ အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

📞 ဆက်သွယ်ရန် (WhatsApp/Call): +65 90690316
🌐 Website: www.overseasburmaadvisory.com

အားလုံးပဲ PR အမြန်ဆုံး ရကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်! 🇲🇲🤝🇸🇬

#စင်္ကာပူရောက်မြန်မာများ

🇸🇬 Singapore မှာ အလုပ်လုပ်နေတဲ့ Myanmar Professionals တွေ Long-Term Career & Future အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ?Singapor...
28/08/2026

🇸🇬 Singapore မှာ အလုပ်လုပ်နေတဲ့ Myanmar Professionals တွေ Long-Term Career & Future အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ?

Singapore မှာ Professional အဖြစ် အလုပ်လုပ်နေပြီး ကိုယ့်ရဲ့ Career ကို ရေရှည်တည်ဆောက်ချင်တယ်၊ နောင်တစ်ချိန် Singapore PR သို့မဟုတ် Citizenship လျှောက်ဖို့ စဉ်းစားထားတယ်ဆိုရင် အလုပ်ရှိနေခြင်းတစ်ခုတည်းထက် ကိုယ့်ရဲ့ Overall Profile ကို စနစ်တကျတည်ဆောက်ထားဖို့ ပိုအရေးကြီးပါတယ်။

✅ Stable Career & Professional Growth
ကိုယ့်ရဲ့ လက်ရှိအလုပ်မှာ တည်ငြိမ်မှုရှိခြင်း၊ Responsibility ပိုတိုးလာခြင်း၊ Promotion ရရှိခြင်း၊ Salary တိုးတက်လာခြင်းနဲ့ Relevant Experience ဆက်လက်တိုးပွားနေခြင်းတွေက Professional Profile အတွက် အရေးကြီးတဲ့အချက်တွေပါ။

✅ Relevant Skills & Qualifications
ကိုယ့် Industry နဲ့သက်ဆိုင်တဲ့ Professional Skills, Certifications, Training နဲ့ Qualifications တွေကို ဆက်လက်တိုးတက်အောင် လုပ်ထားသင့်ပါတယ်။ Certificate အများကြီးရှိတာထက် ကိုယ့် Career နဲ့ တကယ်သက်ဆိုင်ပြီး လက်တွေ့အသုံးချနိုင်တဲ့ Skills တွေရှိခြင်းက ပိုတန်ဖိုးရှိပါတယ်။

✅ Keep Your Employment Records Organized
Employment Contract, Promotion Letter, Salary Revision Letter, Payslips, Tax Records, Certificates နဲ့ အလုပ်အတွေ့အကြုံကို သက်သေပြနိုင်တဲ့ Documents တွေကို စနစ်တကျသိမ်းဆည်းထားသင့်ပါတယ်။

နောင် PR သို့မဟုတ် Citizenship Application ပြင်ဆင်တဲ့အခါ အချက်အလက်တွေကို ပြန်ရှာရတာ ပိုလွယ်ကူစေပြီး ကိုယ့် Career Progression ကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပါတယ်။

✅ Financial Stability
လစဉ်ဝင်ငွေရှိတာတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရဲ့ Financial Planning ကိုလည်း စနစ်တကျထားဖို့ကောင်းပါတယ်။

Regular Savings, Responsible Financial Management, Insurance Coverage နဲ့ Long-Term Financial Planning တွေက ကိုယ့်အနာဂတ်အတွက်သာမက Singapore မှာ ရေရှည်နေထိုင်ဖို့ စီမံထားတဲ့ Lifestyle ကိုလည်း ပိုခိုင်မာစေပါတယ်။

✅ Build Genuine Community Connections
Singapore မှာ အလုပ်လုပ်ရုံသာမက ကိုယ့်နေထိုင်ရာ Community နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတည်ဆောက်တာလည်း အရေးကြီးပါတယ်။

Volunteer Activities, Community Programmes, Professional Networks နဲ့ Social Contributions တွေမှာ ကိုယ်တကယ်စိတ်ဝင်စားတဲ့အပိုင်းကနေ စတင်ပါဝင်နိုင်ပါတယ်။

အဓိကက Application အတွက်သာ လုပ်ထားတာမျိုးမဟုတ်ဘဲ ကိုယ့်ဘဝနဲ့သဘာဝကျကျ ဆက်စပ်နေတဲ့ Genuine Contribution ဖြစ်ဖို့ပါ။

✅ Think Beyond the Next Job
Singapore မှာ Long-Term Future တည်ဆောက်မယ်ဆိုရင် “နောက်အလုပ်ဘာလုပ်မလဲ” ဆိုတာတင်မကဘဲ—

👉 ကိုယ့် Career က ဘယ်လိုတိုးတက်နေသလဲ
👉 Singapore Economy နဲ့ Workplace ကို ဘယ်လို Value ပေးနိုင်သလဲ
👉 ကိုယ့်ရဲ့ Financial & Family Future ကို ဘယ်လိုတည်ဆောက်နေသလဲ
👉 Singapore Community နဲ့ ဘယ်လိုချိတ်ဆက်နေသလဲ

ဆိုတာတွေကိုလည်း အချိန်နဲ့အမျှ စဉ်းစားသင့်ပါတယ်။

💡 PR သို့မဟုတ် Citizenship Application က စာရွက်စာတမ်းတင်တဲ့နေ့ကမှ စတင်တာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ Career, Financial Stability, Family Plans, Social Integration နဲ့ Long-Term Commitment တွေကို နှစ်နဲ့ချီပြီး တစ်ဆင့်ချင်းတည်ဆောက်လာတဲ့ Journey တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် Singapore မှာ အလုပ်လုပ်နေတဲ့ Myanmar Professionals တွေအနေနဲ့ နောင်တစ်ချိန် PR သို့မဟုတ် Citizenship ကို စဉ်းစားထားတယ်ဆိုရင် ကိုယ့် Profile ကို စောစောစီးစီး စနစ်တကျပြင်ဆင်ထားတာ ပိုကောင်းပါတယ်။

Overseas Burma Advisory မှ Singapore မှာ အလုပ်လုပ်နေတဲ့ Myanmar Professionals တွေအတွက် Singapore PR & Citizenship Application Preparation, Profile Review နဲ့ Supporting Document Preparation ပိုင်းတွေမှာ လိုအပ်သလို အကြံပြုကူညီပေးနေပါတယ်။ 🤝🇸🇬

သိချင်တဲ့အကြောင်းအရာတွေရှိရင် Comment မှာ မေးထားခဲ့လို့ရပါတယ်နော်။ ✨

📞 ဆက်သွယ်ရန် (WhatsApp/Call): +65 90690316
🌐 Website: www.overseasburmaadvisory.com

27/08/2026

🇸🇬 Singapore PR ရပြီးရင် Healthcare ပိုင်းမှာ ဘာတွေ အကျိုးခံစားခွင့်ရနိုင်လဲ?

PR တွေအနေနဲ့ Healthcare Subsidy၊ MediSave နဲ့ MediShield Life တို့ကို သတ်မှတ်ချက်တွေအရ အသုံးပြုနိုင်ပါတယ်။ 🏥💳

ဒါပေမယ့် ဆေးကုသစရိတ်အားလုံးကို 100% အခမဲ့ရတာတော့ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ Hospital၊ Treatment နဲ့ Coverage ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။

🎥 အသေးစိတ်ကို Video မှာ ကြည့်ရှုနိုင်ပါတယ်။

Address

10 ANSON ROAD #10-11. INTERNATIONAL Plaza
Singapore
079903

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+6590690316

Alerts

Be the first to know and let us send you an email when Overseas Burma Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Overseas Burma Advisory:

Shortcuts

Share