Ma Yu

Ma Yu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Yu, Singapore.

08/01/2022

ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့
ကျွန်တော် မိတ်ဆွေဖြစ်ဖူးတယ်...

သူ လောကကြီးကနေ ထွက်သွားတာ
သုံး လေးနှစ်လောက်ရှိနေပြီ...

သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာ..

တစ်နေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြ
ရအောင်တဲ့..

အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့...
ညနေ ခြောက်နာရီလောက် ရွှေတိဂုံဘုရား
ရောက်သွားတယ်..

ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တစ်နေရာမှာ
ထိုင်နေရင်း..

ဆရာကျော်... ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့...

ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီး.. အစ်ကို
ဒီနေ့ ဝတ်ထားတာ တော်တော်လေး ကြည့်ကောင်း
ပါတယ်လို့ ပြန်ဖြေလိုက်တယ်...

သူက ထပ်ပြောတယ်... သူ အတည်ပြောနေတာ..
သူ့ကို ဘယ်လိုမြင်လဲ... စိတ်နေသဘောထား..
စသည်ဖြင့် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့..

ကျွန်တော်လဲ.. အစ်ကိုက ချမ်းသာတယ်၊ သူတပါးကို
ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊ဘာသာရေး
လဲ ကိုင်းရှိုင်းတယ်.....

ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်...

ခဏကြာတော့ ခေါင်းခါတယ်...

မဟုတ်ဖူး.. ဆရာကျော်တဲ့....
ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက်..

လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့
ဖူးတယ်တဲ့..

လုပ်ဖော်ကိုင်ဖက်တွေတဲ့.... စီးပွားရေး partner
တွေပေါ့...

ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊
သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့
တယ်တဲ့...

လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိ.....
ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ
ထင်နေခဲ့တာတဲ့...

အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း
သိလာတယ်၊

နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဖူးတဲ့...

အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ်...
ခဏဘဲ အိပ်လို့ရတယ်...

ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်
လာဖြစ်တယ်တဲ့.....

အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန်..

ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရ
လာတယ်.... တစ်စုံတစ်ယောက်ကို ဖွင့်ပြောဖို့ ကြိုး
စားပေမယ့် ပြောမထွက်ခဲ့ဖူး....

ကျွန်တော် သိပ်မှားသွားတယ်ဗျာ...
ငွေကြေး၊ ချမ်းသာမှုဆိုတာ တကယ်တော့ ကိုယ်
သေရင် ထားခဲ့ရမယ့်အရာတွေ...

ကျွန်တော့်ကို ယုံကြည်ပြီး ကျွန်တော်နဲ့ အလုပ်တွဲ
လုပ်ခဲ့တဲ့ လူနှစ်ယောက်ကို.... ဘဝပျက်တဲ့အထိ
လုပ်ခဲ့တဲ့အမှားကြီးကို....

ကျွန်တော် သံသရာတလျောက်လုံး သယ်သွားရ
တော့မယ်တဲ့...

ကျွန်တော်လဲ အက

07/11/2021

ဘယ်လောက်ပဲ
ခင်မင်ရင်းနှီးနေပါစေ
အားနာပြီး ငွေမချေးလိုက်ပါနဲ့။

ချေးလိုက်တဲ့ ငွေတိုင်းဟာ
ရက်ချိန်းမှန်မှန်နဲ့ပြန်ဆပ်ဖို့
မလာနိုင်တာများတယ်............

အားနာပြီး ........
စေတနာနဲ့အကူအညီပေးလိုက်ပေမယ့်
အချိန်တန်ရင် ပြန်လာတတ်တာက
" အမုန်းတရား"တွေပဲ။

ငွေချေးတော့ ပြုံးပြုံး
ပြန်တောင်းတော့ မုန်း..ဆိုတဲ့စကားဟာ
စေတနာနဲ့ပေးလိုက်လို့
ဝေဒနာတွေ ရောင်ပြန်ဟပ်ခဲ့တာပဲ။

ငွေချေးတုန်းက
ကျေးဇူးတင်မတတ် မျက်နှာတွေဟာ
ပြန်တောင်းတဲ့အခါ
အာဃာတမျက်နှာနဲ့
ကျေးဇူးတွေကန်းတော့တာပဲ။

ကိုယ့်ဖက်က ချေးလိုက်တုန်းမှာ
လွယ်လွယ်လေး ပေးလိုက်ပေမယ့်
ကိုယ်ပြန်တောင်းတဲ့အခါမှာ
ဘယ်တော့မှ လွယ်လွယ်နဲ့
ပြန်မရတတ်ခဲ့ဘူး....
ဆင်ခြေအမျိုးမျိုးကြားရ
မျက်နှာချိုသွေးနဲ့တောင်းခဲ့ရ..
ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရမယ့်ဘ၀....အဲ့ဒါ
"အကြွေး" က "၀ဋ်ကြွေး"ဖြစ်တာပဲ။

အားနာတတ်တဲ့ တဒင်္ဂစိတ်ကို
အခွင့်အရေးအဖြစ်....
အသုံးချနေရင်
မိတ်ဆွေက ရန်သူဖြစ်တာ
အဲ့ဒီအကြွေးပဲ။

Dr.Brain 2021 Ep1
07/11/2021

Dr.Brain 2021 Ep1

Jirisan ep5
07/11/2021

Jirisan ep5

Jirisan 2021 Ep4
01/11/2021

Jirisan 2021 Ep4

Jirisan 2021 Ep2
01/11/2021

Jirisan 2021 Ep2

Jirisan 2021 EP3
01/11/2021

Jirisan 2021 EP3

Address

Singapore

Telephone

+6584273204

Website

Alerts

Be the first to know and let us send you an email when Ma Yu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share