PPA-knowledge Sharing

PPA-knowledge Sharing Sharing and Caring

06/09/2025
06/09/2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၆

အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသည်။

Kim Aris က ယနေ့တွင် ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင် အား ဟု အမည်တပ်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်တွေ့ဆုံခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလည်း စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း သတင်းထုတ်ပြန်ထားသည်။

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံ ကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်" ဟု Kim Aris က သတင်းထုတ်ပြန်သည်။

ထို့ပြင် AA စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များ၏ အချိန်တိုအတွင်းရရှိထားသော အောင် မြင်မှုများကို ချီးကျူး ဂုဏ်​ပြုမိပြီး စစ်ဘေးရှောင် ရခိုင်ပြည်သူများ ၏ အခက်အခဲများကို နားလည်ရကြောင်း Kim Aris က ပြောဆိုထားသည်။

Kim Aris နှင့် AA စစ်ဦးစီးချုပ်တို့အကြား ယုံကြည်ရသည့် မိတ်ဆွေအဖြစ် ရှိနေကြရန်နှင့် တစ်ဦးကို တစ်ဦး ကူညီရန် ပြောဆိုခဲ့ကြကြောင်း၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းရန် သဘောတူညီခဲ့ကြောင်း Kim Aris က သတင်းထုတ်ပြန်ထားသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးထူးကုနှင့်ပြသခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း Kim Aris က အမေဖြစ်သူ၏ ကျန်းမာရေးကို ဗီဒီယိုသတင်းစကားဖြင့် အသိပေးထားသည်။

06/09/2025

ဒုတိယမြောက် နှလုံး _ ​ခြေသလုံး ကို ဂရုစိုက်ပါ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ်
ဆိုတာ သိပါသလား?

နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။

ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ❓️❓️❓️

ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။🦵
ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။
(မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ)

နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

💓 နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ❓️❓️❓️

-လမ်းလျှောက်ခြင်း🚶‍♂️🚶‍♀️
-ပြေးခြင်း🏃‍♂️🏃‍♀️
-စက်ဘီးနင်းခြင်း🚴‍♂️🚴‍♀️
-ကြိုးခုန်ခြင်း
-ခြေထောက် အကြောလျှော့ခြင်း(Stretching)
-နှိပ်နယ် ပေးခြင်း
-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်...

အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာ
ကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ်

အကြာကြီး ခြေထောက် မလှုပ်ရှားပဲနေခြင်းက အန္တရာယ်ရှိပါတယ်၊

တရားထိုင်တာတောင်
ပုံစံတမျိုးထဲအကြာကြီးမထိုင်သင့်ပါ၊
လျောင်း ထိုင် ရပ် သွား မျှတသင့်ပါတယ်🙏

ကိုယ်လက် ခြေ လှုပ်ရှားမှုလုပ်ပြီး
သွေးလှည့်ပတ်မှုကောင်းပါစေ😌

နှလုံးက အရေးကြီးသလို
ဒုတိယနှလုံးဖြစ်တဲ့ ခြေထောက်ကိုလည်း ဂရုစိုက်ကြပါ😌

( ဆောင့်ကြောင့်ထိုင်အိမ်သာတက်ပြီး ရုတ်တရက်ထလိုက်တဲ့အချိန် သွေးတွေဆောင့်တက်သွားတတ်လို့ သတိထားကြပါ၊
ဘိုထိုင်အိမ်သာမရှိရင် အိမ်သာအကြာကြီး မထိုင်ပါနဲ့
ထိုင်မိလို့ အထမှာ ရုတ်တရက်မထပါနဲ့ ဖြေးဖြေးထပါ
အထူးသဖြင့် သွေးတိုးသမားများဂရုစိုက်ပါ)

06/09/2025

Address

Blk-320, Jurong East Street 31#10-82, S600320
Singapore
600320

Telephone

+6583421154

Website

Alerts

Be the first to know and let us send you an email when PPA-knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PPA-knowledge Sharing:

Share