Study with CFC

Study with CFC Making studying abroad easier (and more fun ) with CFC🎓

✨ ၂၀၂၆ နှစ်သစ်မှာ မဖြစ်မနေကျင့်သုံးသင့်တဲ့ သင့်ဘဝကို ပြောင်းလဲပေးနိူင်မယ့် "၁၅ မိနစ်" အလေ့အကျင့်ကောင်းများ💛📈၂၀၂၆ ခုနှစ်ရ...
10/01/2026

✨ ၂၀၂၆ နှစ်သစ်မှာ မဖြစ်မနေကျင့်သုံးသင့်တဲ့ သင့်ဘဝကို ပြောင်းလဲပေးနိူင်မယ့် "၁၅ မိနစ်" အလေ့အကျင့်ကောင်းများ💛

📈၂၀၂၆ ခုနှစ်ရဲ့ နေ့ရက်တွေက တရိပ်ရိပ်ကုန်ဆုံးနေပါပြီ။ မင်မင်တိူ့ study with CFC pageရဲ့ followers တို့ရော...
ဒီနှစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အတွက် "အချိန်ဖဲ့ပေးဖို့"
မေ့နေမိသလား?

နေ့စဉ်ဘဝရဲ့ အလုပ်တွေ၊ စာတွေနဲ့ ရုန်းကန်နေရတာနဲ့တင် မင်မင်တို့ဘဝက အဓိပ္ပာယ်ရှိနေပြီလို့ ထင်ရပေမဲ့ တကယ်တမ်း တိုးတက်မှု (Growth) ဆိုတာ အလုပ်များနေရုံနဲ့ မရပါဘူး။
အခုစာဖတ်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စေချင်တဲ့ အချက် (၃) ချက်ရှိပါတယ်။

၁။ Skill အသစ်တစ်ခုထက် Mindset အသစ်တစ်ခု

နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ၊ လူတစ်ယောက်ရဲ့ တန်ဖိုးက သူဘယ်လောက် သင်ယူလိုစိတ်ရှိသလဲ (Learnability) ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

• Reminder: ဒီနေ့ သင်ယူလိုက်တဲ့ အရာတစ်ခုက နောက် ၅ နှစ်မှာ သင့်ကို နေရာတစ်ခု ပေးပါလိမ့်မယ်။ အချိန်အများကြီး မပေးနိုင်ရင်တောင် တစ်နေ့ကို (၁၅) မိနစ်လောက် စာဖတ်တာ ဒါမှမဟုတ် သင်ခန်းစာတစ်ခု နားထောင်တာမျိုး လုပ်ဖြစ်အောင် လုပ်ပါ။

၂။ "အနားယူခြင်း" ဆိုတာ အချိန်ဖြုန်းတာမဟုတ်ဘူး

၂၀၂၆ မှာ ဘဝပြိုင်ပွဲတွေ ပိုများလာနိုင်ပါတယ်။ ဒါပေမဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့က "မောရင် နားတတ်ဖို့" လိုပါတယ်။ အားချိန်မှာ ဖုန်းကြည့်နေတာထက်၊ ဖုန်းကိုချပြီး အသက်ဝဝရှူတာ၊ တရားထိုင်တာ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို အာရုံစိုက်လုပ်တာက သင့်ဦးနှောက်ကို ပိုပြီး Refresh ဖြစ်စေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ (Self-Reflection)

ဒီနေ့ လုပ်ခဲ့တဲ့အရာတွေထဲမှာ ဘယ်အရာက အောင်မြင်လဲ? ဘာကို ပြင်ဆင်ရမလဲ? ဆိုတာကို ညမအိပ်ခင် ၅ မိနစ်လောက် အချိန်ပေးပြီး စဉ်းစားပါ။

"မနေ့ကထက် ၁ ရာခိုင်နှုန်း ပိုကောင်းလာဖို့ပဲ လိုပါတယ်။"

💡 အခုပဲ စတင်လိုက်ပါ (Action Plan)

ဒီစာကို ဖတ်ပြီးတာနဲ့ ဖုန်းကို ခဏချလိုက်ပါ။ ပြီးရင်...

1. ဒီနေ့အတွက် ကိုယ်ဂုဏ်ယူခဲ့ရတဲ့အလုပ်တစ်ခုကို ချရေးပါ။

2. မနက်ဖြန်အတွက် မဖြစ်မနေလုပ်ရမယ့် Highlight of the day တစ်ခု သတ်မှတ်ပါ။

3. ကိုယ့်ကိုယ်ကိုယ် "ပင်ပန်းနေပြီလား၊ အဆင်ပြေရဲ့လား" လို့ တစ်ခွန်းလောက် မေးပေးပါ။

💫မင်မင်နဲ့ အတူတူ နေ့စဉ် အလေ့အကျင့်ကောင်းလေးလုပ်ရင်း ကြိုးစားရင်း ၂၀၂၆ ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းကြရအောင်။
✨လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှုရှိကြပါတယ်။
ကိုယ့်ကိုကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အားမလိုအားမရဖြစ်မနေပါနဲ့နော်။😚💛





🙏 “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” 🙏✨၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရာ...
31/12/2025

🙏 “ပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက် နှစ်သစ်ကူးခြင်း” 🙏✨

၁။ ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင်
စတင်၍ ဩကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးခြင်း၊
ငါးပါးသီလခံယူခြင်း၊
နတ်ပင့်ခြင်း၊
မေတ္တသုတ်ရွတ်ခြင်းတို့ကို ၁၁ နာရီ ၅၅ မိနစ်တွင်
ပြီးဆုံးစေရပါသည်။

၂။ ၁၁ နာရီ ၅၅ မိနစ်မှစ၍
ဟေတုပစ္စယော၊ အာရမဏ္ဏပစ္စယော အစချီ၍
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသနှင့် ပစ္စယုဒ္ဒေသတို့ကို
ဆက်လက်ရွတ်ဖတ်ပူဇော်ရပါမည်။

ဆိုလိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့
ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်ထဲသို့ချဉ်းနင်းဝင်ရောက်ခြင်းဖြစ်ပါသည်။

ထိုသို့ပဌာန်းရွတ်ဖတ်ပူဇော်လျက်
နှစ်သစ်သို့ဝင်ရောက်ခြင်းဖြင့်
ထိုနှစ်တစ်နှစ်လုံးတွင် ကျရောက်နေဆဲ
ဒုက္ခမှ လွတ်မြောက်စေခြင်း၊
ကျရောက်လာတတ်သော
ဘေးအပေါင်းမှ လုံခြုံစေခြင်း၊
အကြောက်ကိုပြေစေခြင်း၊
အရှုပ်ကိုရှင်းစေခြင်း၊
အညစ်အကြေးကို ကင်းစင်စေခြင်း၊
အငိုတိတ်စေခြင်း၊
ဆိုးနေသောကံကောင်းစေခြင်း၊
နိမ့်နေသောကံမြင့်စေခြင်း၊
မှားနေသောကံ မှန်စေခြင်းနှင့်
အတိတ်ဘဝကပါလာသော ဝဋ်ကြွေးတို့မှ
ကင်းလွတ်စေကြောင်း
ထေရဝါဒ ဗုဒ္ဓစာပေတို့မှာ ဖော်ပြကြပါတယ်။

Credit

Merry Christmas! 🎄❄️Keep Learning, Keep Growing  ✨💫ခရစ္စမတ်ရဲ့ လက်ဆောင်က'အသိပညာ'တွေနဲ့ အောင်မြင်မှုတွေ ဖြစ်ပါစေ📚ဒီနေ့လို...
25/12/2025

Merry Christmas! 🎄❄️
Keep Learning, Keep Growing ✨💫

ခရစ္စမတ်ရဲ့ လက်ဆောင်က
'အသိပညာ'တွေနဲ့ အောင်မြင်မှုတွေ ဖြစ်ပါစေ📚

ဒီနေ့လို ထူးမြတ်တဲ့နေ့လေးမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
Study with CFC ကလည်း
သင်တို့ရဲ့ ပညာရေးခရီးလမ်းမှာ အမြဲတမ်း အတူရှိနေမှာပါ။ 🤓🫶🏻

20/12/2025

🎅 Jingle & Joy 2025: Amity ရဲ့ ခရစ္စမတ်ပွဲလေးမှာ ပျော်ရွှင်ခဲ့ရတဲ့အကြောင်းလေး... ✨🎄

ပြီးခဲ့တဲ့ Dec 18 ရက်နေ့က Amity Global Institute မှာ ကျင်းပသွားတဲ့ Jingle & Joy 2025 ပွဲလေးကို မင်မင်ကိုယ်တိုင် သွားရောက်ဆင်နွှဲခဲ့ပါတယ်။ တကယ်ကို မသွားလိုက်ရတဲ့သူတွေ နောင်တရလောက်အောင် ပျော်စရာကောင်းလို့ မင်မင်က ကြွားချင်လွန်းလို့ အခုလို ပြန်မျှဝေပေးလိုက်တာပါရှင်! 😍

✨ Amity ကျောင်းသားဖြစ်ရတာ ဒီလောက်တောင် မိုက်တာလား?

ဒီပွဲလေးက Amity ကျောင်းသား/ကျောင်းသူလေးတွေအတွက်ပဲ သီးသန့်စီစဉ်ပေးထားတာပါ။ကျောင်းစာတွေထဲမှာပဲ အချိန်ကုန်နေရတာမဟုတ်ဘဲ နိုင်ငံတကာက သူငယ်ချင်းအသစ်လေးတွေနဲ့ အတူတူ ဆင်နွှဲရင်း ရယ်မောပျော်ရွှင်ခဲ့ရတဲ့ ညနေခင်းလေးပေါ့။🎄

ဒီပွဲမှာ မင်မင် ဘာတွေ သဘောကျခဲ့လဲဆိုတော့ -

• Gourmet Buffet: ကျောင်းက ကျွေးတဲ့ အရသာရှိလှတဲ့ Buffet ကို သူငယ်ချင်းတွေနဲ့အတူ တဝတပြဲ စားခဲ့ရတာ (မင်မင်ဆို တကယ်ကို အားရပါးရ စားခဲ့တာနော်! 😋)

• Free Gifts & Prizes: ပွဲလာတဲ့သူတိုင်း လက်ဆောင်တွေ ရကြတဲ့အပြင် ကံစမ်းမဲ (Lucky Draw) အစီအစဉ်တွေကလည်း ရင်ခုန်စရာကြီးနော်။ မင်မင် မြင်ခဲ့ရသလောက် လက်ဆောင်လေးတွေ တစ်ခုချင်းစီတိုင်း တကယ့် ချစ်စရာလေးတွေကြီးဘဲ။🥰

• Music & Memories: တေးဂီတသံတွေ၊ ခရစ္စမတ်အလှဆင်မှုတွေကြားမှာ ဓာတ်ဖမ်းလို့အကောင်းဆုံး နေရာလေးတွေကလည်း အပြည့်ပါပဲ။

🔥 မင်းလည်း မင်မင်နဲ့အတူ Amity မှာ ကျောင်းတက်ချင်ပြီလား?

Amity ဆိုတာ ပညာရေးတင်မဟုတ်ဘဲ အခုလို Student Life ကို အပြည့်အဝ ခံစားခွင့်ပေးတဲ့ ကျောင်းမျိုးပါ။

နောင်နှစ်တွေမှာ ကျင်းပမယ့် ဒီလိုပွဲမျိုးတွေမှာ မင်မင်နဲ့အတူ "Amity ကျောင်းသားတစ်ယောက်" အနေနဲ့ ပါဝင်ဆင်နွှဲချင်တယ်ဆိုရင်တော့ အခုကတည်းက စတင်ပြင်ဆင်လိုက်ရအောင်! ✨

Study with CFC က ဘာတွေ ကူညီပေးနိုင်မလဲ?🤓

Amity Global Institute မှာ ကျောင်းအပ်ဖို့နဲ့ Scholarship အခွင့်အလမ်းတွေ အကြောင်း သိချင်ရင် Study with CFC ကိုသာ အခုပဲ သတိရလိုက်ပါ။ မင်မင်က အစအဆုံး အခမဲ့
အကြံ​ပေးကူညီ​ဆောင်ရွက်​ပေးဖို့ အမြဲအဆင်သင့်ရှိနေပါတယ်ရှင့်✨

📩 Comment မှာ "Join Amity" လို့ ရေးခဲ့ပါ ဒါမှမဟုတ် Messenger ကနေ အသေးစိတ် လာမေးလို့ ရပါပြီရှင့်။






19/12/2025

Happy Karen New Year! 🎊 🌟

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့မှာ
ချစ်ခင်ရတဲ့ followers လေးတွေအားလုံး
ပျော်ရွှင်စရာ အချိန်လေးတွေ
ပိုင်ဆိုင်နိုင်ပါစေရှင်။ 🙏🏻
နေအိမ်တိုင်းမှာလည်း မင်္ဂလာအပေါင်းနဲ့
ပြည့်စုံကြပါစေလို့
Study with CFC မင်မင်မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 🍎✨



18/12/2025

🏫 Amity Global Institute မှာ တက်ရင် ကျောင်းပြီးတာနဲ့ ဘယ်သွားမလဲ စဥ်းစားနေစရာ မလိုတော့ဘူးနော်! ✨

ဟယ်လို...!
ဒီနေ့မှာတော့ မင်မင်က Amity Global Institute မှာ ကျောင်းတက်ရင်း ရရှိနိုင်မယ့် "Vibe" လန်းလန်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီကျောင်းက ပညာရေးတင်မကဘဲ တည်နေရာကလည်း လုံးဝ (လုံးဝ) ရှယ်ပဲနော်! 📍

📸 ဓာတ်ဖမ်းချင်သူတွေအတွက် Emerald Hill
ကျောင်းဘေးကပ်ရပ်လေးမှာတင် အရမ်းလှတဲ့ Tourist Attraction တစ်ခုဖြစ်တဲ့ Emerald Hill Road ရှိပါတယ်။ ကျောင်းဆင်းရင် သူငယ်ချင်းတွေနဲ့အတူ Classic ဆန်ဆန် ဓာတ်ဖမ်းပြီး Instagram ပေါ် ပုံတင်ရုံပဲ!

🛍️ Shopping နဲ့ အစားအသောက်လား? အေးဆေးပဲ!

ကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာတင် 313@Somerset နဲ့ Orchard Gateway တို့ရှိပါတယ်။

• ကျောင်းပြီးလို့ ဗိုက်ဆာရင် 313 Somerset Level 5 က Food Republic ကိုသာ တန်းသွားလိုက်တော့။

• ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား အစားအစာတွေအပြင် မင်မင်တို့ အသည်းစွဲ မာလာရှမ်းကောနဲ့ မာလာထန် လည်း ရှိတယ်နော်။ (မင်မင်ကတော့ အတန်းပြီးတာနဲ့ အမြဲရောက်နေကျပဲ 🤤)

👗 Fashion Check နဲ့ Game ဆော့မလား?

• Uniqlo မှာ အကျီတွေသွားဝတ်ကြည့်ပြီး Sale စောင့်ဝယ်မလား? 🤭

• ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ Game ပေါင်း (၅၀၀) ကျော်ကို 🤪တစ်နေရာထဲမှာ ဆော့လို့ရတဲ့ Cow Play Cow Moo မှာ အပန်းဖြေမလား? အကုန်အဆင်ပြေတယ်နော်။

🚇 သွားရလာရတာ လွယ်ကူမှု
Somerset MRT နဲ့လည်း အနီးလေးတင်ဆိုတော့ ဘယ်အရပ်မှာပဲနေနေ ကျောင်းလာရတာ လုံးဝအဆင်ပြေ ချောမွေ့စေပါတယ်။ ဒါ့အပြင် အနီးနားမှာ Takashimaya နဲ့ Paragon လို Mall အကြီးကြီးတွေလည်း ရှိသေးတာဆိုတော့ ကျောင်းပြီးရင် လျှောက်သွားလျှောက်စားတတ်တဲ့ မင်မင်တို့လိုလူတွေအတွက်ကတော့ "အံကိုက်" ပါပဲရှင်။

ကျောင်းလည်းတက်၊ လူနေမှုဘဝလည်း လန်းချင်တယ်ဆိုရင်တော့ Amity Global Institute က အသင့်တော်ဆုံးပါပဲ။ 🎓✨


🇸🇬 စင်ကာပူမှာ အတူတူ အောင်မြင်မှု ခရီးကို စလိုက်ရအောင်! ✨Study with cfc Page ကို လာရောက်စုံစမ်းကြတဲ့ ချစ်သော ကျောင်းသား က...
15/12/2025

🇸🇬 စင်ကာပူမှာ အတူတူ အောင်မြင်မှု ခရီးကို စလိုက်ရအောင်! ✨

Study with cfc Page ကို လာရောက်စုံစမ်းကြတဲ့ ချစ်သော ကျောင်းသား ကျောင်းသူ အများစု စိုးရိမ်မေးမြန်းလေ့ရှိတဲ့ အချက်လေးတစ်ခု ရှိပါတယ်...

"Amity Global Institute Singapore မှာ ကျောင်းတက်ရင် English လို သင်တာဆိုတော့ အဆင်ပြေပါ့မလား? ဆရာ/ဆရာမတွေ English လို သင်ပေးတဲ့အခါ နားလည်ပါ့မလား?"🤔🤯

ဟုတ်ပါတယ်၊ ဒီစိုးရိမ်မှုက မင်မင် ကိုယ်တိုင်လဲ ကျောင်းမတက်ခင်က ကြုံတွေ့ခဲ့ရဖူးတဲ့ အရာတစ်ခုပါပဲ။ စာသင်ရာမှာ အဓိကက နားလည်ဖို့ လေနော်။ ဘာသာစကားမတူတဲ့အခါ Communication ပိုင်းမှာ ပြဿနာဖြစ်မှာကို စိုးရိမ်တာ သဘာဝပါပဲ။

ဒါပေမယ့် စိတ်ချပါ! 💯

မင်မင်တို့ Amity Global Institute က ဆရာ/ဆရာမတွေက International Students တွေ အကုန်လုံး နားလည်လွယ်အောင် Basic English နီးပါးလောက်ကို အသုံးပြုပြီး သင်ကြားပြသပေးပါတယ်။ အဓိက အချက်တွေ၊ နည်းပညာပိုင်းဆိုင်ရာ ဝေါဟာရတွေကလွဲရင် အတတ်နိုင်ဆုံး ရိုးရှင်းအောင် ရှင်းပြပေးတာမို့ လုံးဝ မစိုးရိမ်ပါနဲ့နော်။နားမလည်တာရှိရင်လဲ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။ ဆရာ/ဆရာမတွေဟာ ကျောင်းသားတွေအတွက် အမြဲတမ်း Welcome ဖြစ်နေတာပါ​နော်!

⭐ သင့်အတွက် အရေးကြီးဆုံး စကားလုံးများ ⭐

• မကြောက်ပါနဲ့!

• မလုပ်ရသေးတဲ့အရာတွေအတွက် ကြိုပြီး မစိုးရိမ်ပါနဲ့။ စိုးရိမ်စိတ်က အောင်မြင်မယ့် ခရီးလမ်းအတွက် အတားအဆီး တစ်ခု ဖြစ်စေနိုင်ပါတယ်။

• English language မှာလဲ မှားမှာစိုးလို့ စိုးရိမ်ပြီး မပြောလိုက်ရတာတွေ၊ ဘဝခရီးမှာ မှားသွားမလားဆိုပြီး မလုပ်မိခဲ့တဲ့အရာတွေ ဘယ်လောက်တောင် များနေပြီလဲ?

• သင်လုပ်နိုင်တယ်! (U Can Do It!)

• ဒီစာကို ဖတ်ပြီးတဲ့အချိန်ကစလို့ ကိုယ်လုပ်ချင်တဲ့ အရာကို ဖြစ်အောင်လုပ်မယ်၊ "I can do it!" ဆိုပြီး စိတ်ပိုင်းဖြတ်ပြီး လုပ်ချလိုက်ပါ။ (ကောင်းသော/အကျိုးရှိသောအလုပ်ဖြစ်ဖို့တော့ လိုတယ်နော်! 😉)

Amity Global Institute Singapore မှာ ကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဘာမှ စိုးရိမ်မနေဘဲ မင်မင်ကို အခုချက်ချင်း စာလာပို့ပြီး မေးမြန်းနိုင်ပါတယ်ရှင့်!

🚀 ကျည်ဆန်ရထားထက် မြန်ဆန်သော Reply ပြန်ဖို့ မင်မင် အသင့်ရှိနေပါတယ်နော်!

☎️ Phone/ WhatsApp/Viber ☎️
+65-81865772

#အောင်မြင်မှု

🤯 စာမေးပွဲဖိအားတွေ လုံးဝ (လုံးဝ) မယူချင်တော့တဲ့သူတွေအတွက်... Study with CFC ရဲ့ အဖြေ!😩 မင်မင်လိုပဲ စာမေးပွဲကို ငြီးငွေ့န...
14/12/2025

🤯 စာမေးပွဲဖိအားတွေ လုံးဝ (လုံးဝ) မယူချင်တော့တဲ့သူတွေအတွက်... Study with CFC ရဲ့ အဖြေ!

😩 မင်မင်လိုပဲ စာမေးပွဲကို ငြီးငွေ့နေကြပြီလား?
• စာတွေ အလွတ်ကျက်၊ စာမေးပွဲဖြေပြီးတာနဲ့ မေ့သွားတာမျိုး ဖြစ်ဖူးလား?

• ကျက်ထားတဲ့ စာတွေ လက်တွေ့ဘဝမှာ ဘယ်လို အသုံးချရမှန်း မသိတော့တာမျိုး ကြုံဖူးလား?
• ဖိအားများတဲ့ စာမေးပွဲစနစ်ကြောင့် ပညာရေးကို စိတ်ကုန်နေပြီလား?

🙋‍♀️ ဟုတ်ပါတယ်! မင်မင်လည်း စာမေးပွဲတွေနဲ့ ပတ်သက်လာရင် ဒီခံစားချက်တွေ အားလုံးကို အပြည့်အဝ ခံစားခဲ့ရသူပါ။ ဒါကြောင့် စာမေးပွဲကြောက်တဲ့သူတွေ၊ လက်တွေ့ကျကျ သင်ယူချင်တဲ့သူတွေအတွက် အဖြေတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

🤩 Amity Global Institute: No Exam, Only Assignments!

မင်မင် Amity Global Institute ကို ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိက အချက် ကတော့ ဒါပါပဲ— လုံးဝ (လုံးဝ) စာမေးပွဲမရှိဘဲ Assignments တွေနဲ့သာ အကဲဖြတ်ခြင်း ပါနော်! 🤭

ဒါဟာ စာမေးပွဲဖိအားတွေကနေ လွတ်မြောက်ပြီး၊ သင်ယူထားတာတွေကို လက်တွေ့ကျကျ ဖန်တီးပုံဖော်နိုင်မယ့် အခွင့်အရေးပါ။

Assignments နဲ့ မရင်းနှီးသူတွေအတွက် စိတ်မပူပါနဲ့!

"Assignment ဆိုတာ ဘာလဲ? ဘယ်လိုစရေးရမှာလဲ?" လို့ စိုးရိမ်နေတဲ့ မင်မင်လို ကျောင်းသားတွေအတွက် Amity မှာ...

1. အခြေခံမှစ၍ သင်ကြားပေးခြင်း: ဆရာ/ဆရာမတွေက Assignment ရဲ့ Content Page ရေးသားပုံ ကအစ၊ References တွေ ဘယ်လို မှန်ကန်အောင် ရေးသားရမလဲ ဆိုတဲ့အထိ သေသေချာချာ သင်ကြားပြသပေးပါတယ်။

2. AI ကို အကျိုးရှိရှိ အသုံးပြုခြင်း: အခုခေတ်မှာ မရှိမဖြစ်လိုအပ်တဲ့ AI Tools တွေကို Assignment Research လုပ်ရာမှာ အချိန်တိုအတွင်း လွယ်ကူမြန်ဆန်ပြီး အကျိုးရှိစေဖို့ ဘယ်လို အကောင်းဆုံး အသုံးချရမလဲဆိုတာကိုပါ ရှင်းလင်းသင်ကြားပေးပါတယ်။ Assignment မရေးဖူးသူတွေအတွက်တောင် တော်တော်လေး အဆင်ပြေစေတာ မင်မင်ကိုယ်တိုင် အာမခံပါတယ်။

💡 ဆရာရဲ့ အဖိုးတန်ဆုံး အသိပညာပေးစကား
မင်မင်ရဲ့ ဆရာတစ်ယောက် အမြဲပြောနေကျ စကားလေးကတော့

“AI ခေတ်မှာ AI က ကိုယ့်ကို မထိန်းချုပ်ဘဲ ကိုယ်က AI ကို ထိန်းချုပ်ပြီး အကျိုးရှိရှိ အသုံးပြုရမှာ။ မသိတဲ့အရာတိုင်းကို မေးပြီး Copy and Paste လုပ်နေရင်တော့ ဦးနှောက်ဟာ အလကားပါပဲ။ မသိတဲ့အရာကို မေးပြီး ရလာတဲ့ အဖြေကို မှန်မမှန် ပြန် Research လုပ်ရမယ်။ တစ်ခါတလေ AI ဆိုတာလဲ ကြီးမားတဲ့ စက်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက် Hallucination (အမှားဖော်ပြမှု) ဖြစ်တတ်တယ်။”

ဒီလိုပဲ ကျောင်းစာအပြင် အခုလို AI ခေတ်ကြီးမှာ ဘယ်လို အကျိုးရှိရှိ အသက်ရှင်နေထိုင်ရမလဲ ဆိုတာကိုပါ သင်ကြားပေးတဲ့အတွက် လက်တွေ့ဘဝအတွက် တကယ်ကို အသုံးဝင်ပါတယ်။

🎯 ဒါဆိုရင် Assignment-Based Learning က ဘာကြောင့် ကောင်းတာလဲ?

• ✅ လက်တွေ့ဘဝနဲ့ ချိတ်ဆက်မှု: သင်ယူထားတဲ့ သီအိုရီတွေကို Assignment ရေးသားရင်း လက်တွေ့ကျကျ လေ့လာဆန်းစစ်၊ သုံးသပ်ပြီး ဖန်တီး နိုင်ပါတယ်။

• ✅ အချိန်ကို ထိန်းချုပ်နိုင်ခြင်း: စာမေးပွဲလို ဖိအားကြီးတဲ့ နေ့ရက်တစ်ရက်တည်းမှာ အဆုံးအဖြတ်ပေးတာမျိုး မဟုတ်ဘဲ၊ သတ်မှတ်ထားတဲ့ ရက်အတွင်း ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲပြီး အကောင်းဆုံး ဖန်တီးခွင့်ရပါတယ်။

• ✅ Research Skill ဖွံ့ဖြိုးခြင်း: သုတေသနပြုလုပ်ခြင်း (Research) နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း (Critical Thinking) စွမ်းရည်တွေ ပိုမို တိုးတက်လာပါတယ်။

📚 စာမေးပွဲ လုံးဝ မဖြေချင်တဲ့ စာဖတ်သူတွေ၊ စာမေးပွဲကြောက်တဲ့ စာဖတ်သူတွေအတွက် Amity Global Institute ကတော့ အကောင်းဆုံး ရွေးချယ်မှုပါပဲနော်!

🌟 Your Gateway to Global Opportunity 🌟

☎️ Phone/ WhatsApp/Viber ☎️
📞 +65-81865772





13/12/2025

🌟 စင်ကာပူ Orchard လမ်းမပေါ်က ဇိမ်ခံဟိုတယ်ကြီးတစ်ခုရဲ့ နောက်ကွယ်မြင်ကွင်း – General Manager တစ်ယောက်ရဲ့ ဘဝခရီးစဉ်နဲ့ ဝန်ဆောင်မှုလျှို့ဝှက်ချက်များ!

Amity Global Institute က Advanced Diploma နဲ့ Diploma in Hospitality and Operations Management တက်နေတဲ့ ကျောင်းသူ/သားတွေအတွက် လုံးဝ အမှတ်တရဖြစ်မယ့် လက်တွေ့လေ့လာရေးခရီးစဉ်လေးတစ်ခုအကြောင်း ဝေမျှပေးချင်ပါတယ်။

ဒီတစ်ခေါက် သွားခဲ့ရတဲ့နေရာကတော့ Concorde Hotel Singapore ပါပဲ!

စာအုပ်ထဲက စာတွေ၊ ဆရာတွေရဲ့ သင်ကြားမှုတွေအပြင်၊ လက်တွေ့ကမ္ဘာမှာ ဟိုတယ်လုပ်ငန်းတွေ ဘယ်လို လည်ပတ်နေလဲဆိုတာကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတာ တကယ်ကို ရင်ခုန်စရာကောင်းပါတယ်။ ဒီခရီးစဉ်ကနေ မင်မင်တို့ ဘာတွေသိခဲ့ရလဲဆိုတာ အသေးစိတ် ပြောပြပေးမယ်နော်။ လိုက်ဖတ်ကြည့်လိုက်ပါဦး...💕

🔑 ဟိုတယ်တစ်ခုရဲ့ မျက်နှာစာနဲ့ နောက်ကွယ်က လျှို့ဝှက်ချက်များ

ပုံမှန်ဧည့်သည်တစ်ယောက်အနေနဲ့ ဟိုတယ်တစ်ခုရဲ့ Front Office (ဧည့်ကြိုကောင်တာ)၊ ဧည့်ခန်းမ၊ စားသောက်ခန်းမနဲ့ အခန်းတွေကိုပဲ မြင်ရမှာပါ။ ဒါပေမဲ့ မင်မင်တို့လို Hospitality ကျောင်းသူ/သားတွေအတွက်တော့ Concorde Hotel က “Behind the Scenes” လို့ခေါ်တဲ့ ဟိုတယ်နောက်ကွယ်က အရေးကြီးတဲ့ နေရာအားလုံးကို ဖွင့်ပြပေးခဲ့ပါတယ်။

• Front Office (FO): ဟိုတယ်ရဲ့ မျက်နှာစာဖြစ်တဲ့ ဧည့်ကြိုဌာနက စလို့ ဧည့်သည်တွေနဲ့ ပထမဆုံး ထိတွေ့တဲ့ ဝန်ဆောင်မှုပေးပုံတွေ၊ Check-in/Check-out လုပ်ငန်းစဉ်တွေကို အနီးကပ် လေ့လာခဲ့ရတယ်။

• Housekeeping: ဧည့်သည်အခန်းတိုင်းကို တစ်ခန်းချင်းစီ လိုက်လံကြည့်ရှုခဲ့ရပြီး၊ ဟိုတယ်အခန်းတွေရဲ့ ဒီဇိုင်း၊ ပစ္စည်းစီစဉ်မှုနဲ့ သန့်ရှင်းရေးလုပ်ငန်းစဉ်တွေရဲ့ စနစ်တကျရှိပုံကို သိခဲ့ရတယ်။

• F&B (Food & Beverage): ဟိုတယ်ရဲ့ စားသောက်ခန်းမတွေ၊ မီးဖိုချောင်တွေရဲ့ အပြင်အဆင်နဲ့ စားသောက်ကုန်တွေ စနစ်တကျ ကိုင်တွယ်ပုံတွေကို လေ့လာခွင့်ရခဲ့တယ်။

• Security Room (လုံခြုံရေးခန်း) - စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်း!

💣 လုံခြုံရေးကို ဘယ်လို ကိုင်တွယ်သလဲ? ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ၂၄ နာရီလုံးလုံး စောင့်ကြည့်နေတဲ့ လုံခြုံရေးခန်းမကို သွားရောက်ကြည့်ရှုခဲ့ရတဲ့အပြင်၊ အရေးပေါ်အခြေအနေတစ်ခုဖြစ်တဲ့ ဟိုတယ်မှာ ဗုံး (Bomb) ရှိနေခဲ့ရင်တောင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို လက်တွေ့ပြသပေးခဲ့ပါတယ်။ Bomb Blanket (ဗုံးကာကွယ်စောင်) ကို ဘယ်လိုသုံးစွဲရတယ်၊ ဘယ်လို နေရာချထားရတယ်ဆိုတာကိုပါ အသေးစိတ် သင်ကြားပြသပေးခဲ့လို့ တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံပါပဲ!

ပြောရမယ်ဆိုရင် ဟိုတယ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းရဲ့ အခန်းကဏ္ဍ (Role & Function) နဲ့ အရေးပေါ်စီမံခန့်ခွဲမှုကိုပါ အသေးစိတ် သိရှိခဲ့ရပါတယ်။

✨ Bell Boy ကနေ General Manager (GM) အထိ အံ့ဖွယ် ခရီးစဉ်

ဒီခရီးစဉ်ရဲ့ အဖိုးတန်ဆုံး အစိတ်အပိုင်းကတော့ ဟိုတယ်ရဲ့ General Manager (GM) နဲ့ တိုက်ရိုက်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့တာပါပဲ။

General manager (GM) တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို နားထောင်ရင်း မင်မင်
တော်တော်လေး စိတ်အားတက်ကြွခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟိုတယ်လုပ်ငန်းကို အောက်ခြေအဆင့်ဖြစ်တဲ့ Bell Boy (အထမ်းသမား) ဘဝကနေ စတင်ခဲ့ပြီး အခုလို General Manager ရာထူးအထိ တက်လှမ်းခဲ့တာမို့ပါ။
သူ့ရဲ့ အဖိုးတန် ဘဝအတွေ့အကြုံ တွေ၊ အောင်မြင်မှု လျှို့ဝှက်ချက် တွေနဲ့ လက်ရှိ ဟိုတယ်လောကရဲ့ အခြေအနေ တွေကို ပွင့်ပွင့်လင်းလင်း ဝေမျှပေးခဲ့ပါတယ်။

🗣️ "ဒီခေတ်လက်တွေ့ ဟိုတယ်တွေ ဘယ်လိုလုပ်ကိုင်နေကြလဲ၊ AI ခေတ်မှာ ဝန်ဆောင်မှုတွေ ဘယ်လို ပြောင်းလဲလာလဲ၊ ဘယ်လို စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလဲ" ဆိုတာတွေကို အသေးစိတ် သိခဲ့ရလို့ ကျောင်းသင်ခန်းစာနဲ့ လက်တွေ့လောကကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

💖 နိဂုံးချုပ်အနေနဲ့...

Amity Global Institute ကျောင်းက စီစဉ်ပေးခဲ့တဲ့ ဒီ Concorde Hotel Singapore လေ့လာရေးခရီးစဉ်က မင်မင်ရဲ့ Hospitality အိပ်မက်တွေကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။ စာသင်ခန်းထဲက သီအိုရီတွေဟာ လက်တွေ့မှာ ဘယ်လောက် အရေးပါလဲဆိုတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရလို့ပါ။

Hospitality လောကကို စိတ်ဝင်စားတဲ့သူတွေအတွက် Amity Global Institute က ပေးတဲ့ လက်တွေ့ကျတဲ့ ပညာရေးဟာ တကယ်ကို အနာဂတ်အတွက် လမ်းပြမြေပုံကောင်းတစ်ခုပါပဲလို့ ဂုဏ်ယူစွာ မျှဝေလိုက်ရပါတယ်ရှင်။

နောက်ထပ် ဘယ်လို အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါသေးလဲရှင်။ မင်မင်ကို ကွန်မန့်မှာ ပြောပြခဲ့နော်! 👇





11/12/2025

⏳ 2နှစ်ဆိုသော အချိန်ဟာ... အမှတ်တမဲ့ကနေ အမှတ်တရတွေ ဖြစ်လာခဲ့တယ် ✨

အချိန်တွေဟာ တကယ်ကို မြန်ဆန်လွန်းပါတယ်။
ဒီလိုနဲ့ပဲ Amity Global Institute ရဲ့ တံခါးဝကို စတင်ဖြတ်သန်းခဲ့တဲ့ နှစ်နှစ်တာ အချိန်ဟာ ကုန်လွန်ခဲ့ပါပြီ။ အဲဒီတုန်းက ဘာမှမသိသေးတဲ့၊ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့၊ နည်းနည်းရှက်ရွံ့နေတဲ့ မင်မင့်ပုံရိပ်ကို ပြန်မြင်
ယောင်ကြည့်မိတယ်။ အဲဒါဟာ မင်မင့်ရဲ့ ပထမဆုံး
Interview လေးပါ။

အမှတ်မထင် စတင်ခဲ့ရတဲ့ ဒီခရီးလေးဟာ အခုချိန်မှာတော့ ရင်ထဲစွဲမြဲနေတဲ့၊ ဘယ်တော့မှ မေ့မရနိုင်တဲ့ အမှတ်တရကောင်းတွေအဖြစ် ပြောင်းလဲလို့နေပါပြီ။

🧍‍♂️ မင်မင် ပြောင်းလဲလာသလို 🏫 ကျောင်းကြီးလည်း တိုးတက်ပြောင်းလဲလာတယ်
မင်မင် ကျောင်းစတက်တုန်းက အချိန်နဲ့ အခုအချိန်ဟာ တကယ်ကို မတူညီတော့ပါဘူး။

* လွန်ခဲ့တဲ့ ၂ နှစ်: စာသင်ခန်းထဲမှာ ဘယ်လိုနေထိုင်ရမလဲ၊ သူငယ်ချင်းအသစ်တွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲဆိုတာ လေ့လာနေရတဲ့ မင်မင်တစ်ယောက်။ အရာရာကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ စူးစမ်းခဲ့ရတယ်။
* ဒီကနေ့: ဒီကျောင်းရဲ့ အတွေ့အကြုံတွေ၊ ပညာရပ်တွေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အပြည့်ရလာတဲ့ မင်မင်အသစ် တစ်ယောက်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဆိုတာ ယုံကြည်တယ်။

မင်မင် တစ်ယောက်တည်း ပြောင်းလဲလာတာမဟုတ်ပါဘူး။ Amity Global Institute ကျောင်းကြီးဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်မှုအရှိန်နဲ့ ပြောင်းလဲလာခဲ့ပါတယ်။

ကျောင်းရဲ့ Facilities တွေ၊ သင်ကြားရေးစနစ်တွေ၊ ကျောင်းသားတွေအတွက် ပံ့ပိုးပေးမှုတွေ... အားလုံးဟာ ပိုမိုကောင်းမွန်ပြီး ခေတ်မီလာခဲ့တာကို နေ့တိုင်းလိုလို မျက်မြင်ကိုယ်တွေ့ မြင်နေရပါတယ်။

> 🖤 မှတ်မိနေသေးတယ်... အဲဒီ Interview ဖြေခဲ့တဲ့နေ့က ရင်ခုန်မှုနဲ့ အခု ကျောင်းသားလေးတွေကို လမ်းညွှန်ပေးရတဲ့ ရင်ခုန်မှုက မတူပေမယ့် Amity ရဲ့ အငွေ့အသက်ကတော့ အမြဲနွေးထွေးနေဆဲပါပဲ။
>
အချိန်တွေက မြန်ဆန်ပေမယ့် ဒီကျောင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ၊ တိုးတက်မှုတွေကတော့ မင်မင့်ဘဝစာမျက်နှာမှာ တောက်ပစွာ ကျန်ရစ်နေဦးမှာပါ။

ကဲ... မင်မင်လိုပဲ ကိုယ့်ရဲ့ပညာရေးခရီးကို Amity Global Institute မှာ စတင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်...

သင်ဟာ Amity မှာ အမှတ်တရတွေဖန်တီးပြီး တိုးတက်ပြောင်းလဲမှုကို ကိုယ်တိုင်ခံစားချင်တယ်ဆိုရင်၊ ကျောင်းရဲ့ Program တွေအကြောင်း သိရှိဖို့ အခုပဲ message ပို့ပြီး စုံစမ်းလိုက်ပါနော်။ မင်မင့် အတွေ့အကြုံတွေကို ဝေမျှပေးဖို့ အသင့်ပါပဲနော်!

🌟 Your Gateway to Global Opportunity

☎️ Phone/ WhatsApp/Viber ☎️
📞 +65-81865772






10/12/2025

💖 Amity Global Institute: လျှို့ဝှက်ချက်!
မင်မင်နဲ့အတူတူ လိုက်ရှာကြည့်ရအောင် 🔎

ပညာရေး လမ်းကြောင်းကို စတင်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေတို့အတွက် စိတ်လှုပ်ရှားစရာ အခွင့်အရေးကြီး တစ်ခုကို မင်မင် ယူဆောင်လာပါပြီရှင်။
နိုင်ငံတကာအဆင့်မီ ပညာရေး အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ Amity Global Institute (AGI) ဟာ ဘာလို့ ကျောင်းသားတွေရဲ့ အသည်းစွဲ ဖြစ်နေရတာလဲ?

🔥 Amity ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်
အစစ်အမှန်တွေက ဘာတွေလဲဆိုတာ မင်မင်တို့ သိချင်ကြတယ်ဟုတ်?

* ကျောင်းရဲ့ CEO ကိုယ်တိုင် က သင့်ကိုကျောင်းသားတစ်ယောက်လို ခံစားရအောင် ဘယ်နေရာတွေကို လိုက်လံပြသပေးမလဲ?
* လက်ရှိ ကျောင်းသားတွေက "ဒီကျောင်းက ကျွန်တော်/ကျွန်မ ဘဝကို ပြောင်းလဲစေတယ်" လို့ ဘာကြောင့် ရဲရဲဝံ့ဝံ့ ပြောရဲတာလဲ? သူတို့ရဲ့ ရိုးသားတဲ့ Review တွေက ဘာတွေလဲ?
* ကျောင်းဝင်းထဲက ခေတ်မီတဲ့ Facilities တွေဟာ သင်ယူမှုကို ဘယ်လိုမျိုး ကူညီပံ့ပိုး ပေးနေလဲဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။

❤️ မင်မင်နဲ့အတူ AGI ရဲ့ CEO နဲ့ ကျောင်းသားတွေရဲ့ စိတ်လှုပ်ရှားဖွယ် Tour ခရီးစဉ် ကို လိုက်ပါရင်း၊ သင့်ရဲ့ ပညာရေး အိပ်မက်တွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ရှာဖွေလိုက်ကြရအောင်နော်။

ဒါဟာ သာမန်ရိုးရိုး ကျောင်းဗီဒီယို မဟုတ်ပါဘူးနော်။ AGI ရဲ့ အတွင်းစိတ်ကို ထိုးဖောက်ကြည့်ရှုနိုင်မယ့် Key to Success သော့ချက် ဗီဒီယို ဖြစ်ပါတယ်ရှင့်။

👉 အခုပဲ ဗီဒီယိုကို နှိပ်ပြီး Amity ရဲ့ လျှို့ဝှက်ချက်ကို မင်မင်နဲ့အတူ ဖော်ထုတ်လိုက်ပါ။

* သိလိုတဲ့ မေးခွန်းတွေ ရှိရင်: Comment မှာ မေးမြန်းနိုင်ပါတယ်ရှင့်
* Amity မှာ တက်ရောက်ဖို့ စိတ်ဝင်စားရင်: Study with CFC ကို Message ပို့ (သို့မဟုတ်) အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး အခမဲ့ အကြံဉာဏ် ရယူနိုင်ပါတယ်ရှင်။

📲 Phone/ WhatsApp/ Viber:
+65 81865772

#မင်မင်နဲ့အတူပညာသင်မယ် #ပညာရေးအိပ်မက်

Address

Singapore

Telephone

+6581865772

Website

Alerts

Be the first to know and let us send you an email when Study with CFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share