စင်ကာပူရောက်အိုင်တီပညာရှင်များ

  • Home
  • Singapore
  • Singapore
  • စင်ကာပူရောက်အိုင်တီပညာရှင်များ

စင်ကာပူရောက်အိုင်တီပညာရှင်များ စင်ကာပူတွင် IT ဖြင့် အလုပ်လုပ်နေသူများနှင့် အသစ်ရောက်လာမည့်သူများအတွက် တည်ထောင်ထားခြင်းဖြစ်သည်။

တံခါးပိတ်တော့မည်🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬မနက်ဖြန်ည ၂၃ရက်နေ့ သန်းခေါင်ချိန်မှ စ၍ စင်ကာပူ အဝင် တံခါးပိတ်မှာမို့ အများစု စလုံးကို ဝင်လို...
22/03/2020

တံခါးပိတ်တော့မည်
🇸🇬🇸🇬🇸🇬🇸🇬🇸🇬🇸🇬

မနက်ဖြန်ည ၂၃ရက်နေ့ သန်းခေါင်ချိန်မှ စ၍ စင်ကာပူ အဝင် တံခါးပိတ်မှာမို့ အများစု စလုံးကို ဝင်လို့မရတော့ပါ။

အစိုးရမှ စီစစ်ပြီး ဝင်ခွင့်ရကောင်း ရနိုင်သူများကတော့
(၁) ကျန်းမာရေး စောင့်ရှောက်သည့် ဝန်ထမ်း
(၂) သယ်ယူပို့ဆောင်ရေး လုပ်ငန်းက ဝန်ထမ်း
အိမ်အကူလည်း အပါအဝင်တဲ့

ကျန်တဲ့သူ IPA သမား ခွင့်သမား ဘယ်ပတ်စ်မဆို ဝင်ခွင့်မပေးပါ။

ရှင်းအောင်ထပ်ရေးပါ့မယ် အစိုးရက စီစစ်ပြီး ခွင့်ပြုကောင်း ခွင့်ပြုမယ်ဆိုတာ (၁) နဲ့ (၂) သာ အကျုံးဝင်တာမို့ ကျန်တဲ့ ပတ်စ်ကိုင်ဆောင်သူများ ဝင်ခွင့်မရဘူးလို့ သတင်းမှာ ပြောထားပါတယ်။ နားလည်အောင်ဖတ်ပါ။

Detail here
https://www.moh.gov.sg/news-highlights/details/additional-border-control-measures-to-reduce-further-importation-of-covid-19-cases

Credit - Tin Min

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများအတွက် Health Clearance Form လျှောက်လွှာတင်ခြင်းနှင့် အိမ်တွင်းစောင့်ကြပ်နေထ...
16/03/2020

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးသွားများအတွက် Health Clearance Form လျှောက်လွှာတင်ခြင်းနှင့် အိမ်တွင်းစောင့်ကြပ်နေထိုင်စဉ်အတွင်း ပြုမူဆောက်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး၏ သတင်းထုတ်ပြန်ကြေညာချက်🛑

ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက် လျှောက်လွှာတင်ခြင်း
စင်ကာပူနိုင်ငံသို့ သွားရောက်မည့်သူများသည် လိုအပ်သော သတင်းအချက်အလက်များကို https://form.gov.sg/ #!/5e6e068c1db1b700110d71b5 သို့ဖြည့်စွက်လျှောက်ထားရပါမည်။ လျှောက်လွှာတင်မည့်သူများ အောက်ပါ အရေးကြီးအချက်အလက်များကို သိရှိထားရပါမည်။

• လျှောက်လွှာတင်ပြီး စီစစ်ဆောင်ရွက်မည့် ကြာမြင့်ချိန်မှာ ၁၄ ရက်မှ ၂၁ ရက်အတွင်းဖြစ်သည်။

• စာရင်းပေးပို့ထားသော အီးမေးများသို့ လျှောက်လွှာ ရလဒ်များကို အကြောင်းပြန်ပေးပါမည်။

• သက်ဆိုင်ရာ စစ်ဆေးရေး ဂိတ်များတွင် စီစစ်နိုင်ရန် ခွင့်ပြုစာမိတ္တူကို တစ်ပါတည်း ယူဆောင်ထားရပါမည်။

• လျှောက်လွှာတစ်စောင်သည် လူတစ်ဦးအတွက် တစ်ကြိမ်သာ အကျုံးဝင်သည်။

• လျှောက်လွှာတင်ပြီးနောကပိုင်း ဖြည့်စွက်ထားသော သတင်းအချက်အလက် တစ်စုံတစ်ရာ အပြောင်းအလဲရှိသော် လျှောက်လွှာအသစ်ပြန်လည် တင်ရမည်ဖြစ်သည်။ နောက်ဆုံးတင်ထားသော လျှောက်လွှာများကို လျှောက်လွှာအသစ်ဟု မှတ်ယူ၍ ဆက်လက်ဆောင်ရွက်သွားပါမည်။

• ခွင့်ပြုစာများသည် ခွင့်ပြုသည့်နေ့စွဲမှစတင်၍ ၁၄ ရက်နေ့အတွင်း အကျုံးဝင်သည်။

အိမ်တွင်း စောင့်ကြပ်နေထိုင်စဉ်အတွင်း ပြမူဆောင်ရွက်ရမည့် အချက်များ
၁၄ ရက်အတွင်း မိမိနေထိုင်ရာ အိမ်တွင်းသာ နေထိုင်ရမည်။ လိုအပ်သော အစားအစာနှင့် ပစ္စည်းများ ဝယ်ယူရန် နေအိမ်ပြင်ပသို့ ထွက်ခွါခြင်းမပြုရ။ လိုအပ်ပါက အိမ်တိုင်ရာရောက် ဝန်ဆောင်မှုရယူခြင်း သို့မဟုတ် မိမိ၏ နေ့စဉ်လိုအပ်သည့် ပစ္စည်းများစာရင်းပြုလုပ်ပြီး အခြားသူများအား အကူအညီတောင်းခံနိုင်သည်။

အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းများကို လျှော့ချပြီး မိမိ၏နေအိမ်သို့ လာရောက်လည်ပတ်သူများအား လက်ခံခြင်းကို ရှောင်ကျဉ်သင့်ပါသည်။

ဤကာလအတွင်း မိမိနှင့် နီးကပ်စွာထိတွေ့ ဆက်ဆံသူများ၏ မှတ်တမ်းကို ကောင်းမွန်စွာ ရယူထားရပါမည်။

အိမ်တွင်နေထိုင်ရန်ကန့်သတ်ချက် (Stay Home Notice)ကို မလိုက်နာလျှင်ဘာဖြစ်မည်နည်း။

အိမ်တွင်နေထိုင်ရန်ကန့်သတ်ချက် (Stay Home Notice)ကို မလိုက်နာလျှင်အောက်ဖော်ပြပါနည်းလမ်းများဖြင့်အရေးယူခြင်းခံရမည်။ အဘယ့်ကြောင့်ဆိုသော်သင်၏အပြုအမူများသည် လူအများ၏အသက် အန္တရာယ်ကိုခြိမ်းခြောက် စေသောကြောင့်ဖြစ်သည်။

(က)သင်သည်ကူးစက်ရောဂါပြန့်ပွားစေမှုကိုထိန်းချုပ်သည့်အက်ဥပဒေ ပုဒ်မ၂၁(က)ဖြင့် တရားစွဲဆိုခြင်းခံရနိုင်သည်။

(ခ) အကယ်၍သင်သည် Permanent Resident, Long-Term Visit Pass holder, Dependant’s Pass holder, or Student’s Pass holder ဖြင့်နေထိုင်နေသူဖြစ်ပါက ၎င်းပြည်ဝင်ခွင့်ကတ်များကိုရုပ်သိမ်းခြင်း သို့မဟုတ် သက်တမ်းလျှော့ချခြင်းများကိုလုပ်ဆောင်မည်ဖြစ်သည်

(ဂ) အကယ်၍သင်သည် work pass ဖြင့်နေထိုင်နေသည့် နိုင်ငံခြားသားဖြစ်ပါက ၎င်းပြည် ဝင်ခွင့်ကတ်များကိုရုပ်သိမ်းမည်ဖြစ်သည်။

(ဃ) အကယ်၍သင်၏ကလေးသည်စင်ကာပူနိုင်ငံတွင်အချိန်ပြည့် ကျောင်းတက်နေသူဖြစ်ပါ စည်းကမ်းအရအရေးယူခြင်း ကျောင်းမှရပ်နားခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းခံရသည်။ နိုင်ငံခြားကျောင်းသားများအတွက် ၎င်းတို့၏ child’s/ward’s Student’s Pass or Dependant’s Pass များကိုရုပ်သိမ်းမည်ဖြစ်သည်။

တစ်ကိုယ်ရေးသန့်ရှင်းမှုရှိစေရန်လုပ်ဆောင်ခြင်း

1. လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးကြော၍ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန်လုပ်ဆောင်ပါ အိမ်သာတက်ပြီးလျှင်ရေလောင်းပါ လက်ဆေးပါ အစာမစားခင်နှင့်စားပြီးလျှင် လက်ဆေးပေးပါ

2. မျက်နှာကိုမထိပါနဲ့

3. နှာချေချောင်းဆိုးလျှင် ပါးစပ်ကိုအုပ်ထားပါ

4. သင်နေထိုင်သောနေရာကို မကြာခဏသန့်ရှင်းရေးပြုလုပ်ပါ

5. အစားအသောက် ဇွန်းခရင်းနှင့် အခြား တကိုယ်ရည်သုံးဆောင်သောပစ္စည်းများကို မျှဝေသုံးစွဲခြင်းမပြုပါနှင့်
စင်ကာပူနိုင်ငံ၏အစီအမံများသည် ကမ္ဘာ့အခြေအနေကိုလိုက်၍ပြောင်းလဲနိုင်ပါသဖြင့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို MOH website (https://www.moh.gov.sg/covid-19) တွင် ကြည့်ရှုရန်တိုက်တွန်းလိုပါသည်။

Source: Singapore Embassy in Yangon

COVID-19 Self Insurace Coverage (14 March 2020 နောက်ဆုံးထားပြီး လျောက်လို့ရပါတယ်။)DBS/POSB အကောင့်ရှိသော မည်သူမဆို အောက်...
14/03/2020

COVID-19 Self Insurace Coverage (14 March 2020 နောက်ဆုံးထားပြီး လျောက်လို့ရပါတယ်။)

DBS/POSB အကောင့်ရှိသော မည်သူမဆို အောက်က Link မှာ Apply လုပ်ပြီး COVID-19 Self Insurance Coverage ကို လျောက်ထားလို့ရပါတယ်။ Free and Premium ဆိုပြီး နှစ်မျိုးရှိပါတယ်။

Free plan ကတော့ hospital မှာနေရမယ်ဆို up to 14 days နေ့စဥ် $100 ထောက်ပံ့ပါတယ်။ ICU ဝင်ရမယ်ဆိုရင်တော့ $1000 ပေးပါတယ်။

Premium plan ကတော့ လစဥ် Adult ဆိုရင် $24.30 ကျပါတယ်။ hospital မှာ up to 365 days အထိခွင့်ပြုထားပြီး နေ့စဥ် $100 ထောက်ပံ့ပါတယ်။ ICU ဝင်ရမယ်ဆို နေ့စဥ် $200 ထောက်ပံ့ပါတယ်။ Sugery လုပ်ရမယ်ဆိုရင် $100 ထောက်ပံ့ပါတယ်။ ဆေးရုံဆင်းပြီး အိမ်မှာ MC ၅ရက်ယူရင် တစ်ရက်ကို $60 ထောက်ပံ့ပါတယ်။ Worldwide Terrorism Cover ပေးပါတယ်။

Coronavirus အတွက် ဘယ်တော့မှ ဆေးပေါ်မလဲ မသိတာမို့ premium plan ဝယ်ထားတာက ပိုကောင်းပါတယ်။ ဒီနေ့နောက်ဆုံးမို့ ခုပဲ ချက်ချင်း လျောက်ထားလိုက်ပါ။

https://www.dbs.com.sg/personal/insurance/protection/protection-plans/covid-19-hospital-cash?pid=sg-dbs-pweb-insurehome-featured-cardtile-protection-COVID19-Hospital-Cash


Mobile Application Tester (Walk in Interview)Just go to interview according the date.Backend testing will take 1 hour wi...
08/10/2019

Mobile Application Tester (Walk in Interview)
Just go to interview according the date.
Backend testing will take 1 hour with react or angular js.

Email - [email protected]

30/09/2019

Announcement
ကျ‌တော်တို့ဒီ page တွင် ၁.၁၀.၂၀၁၉ မှစ၍ unicode ဖြင့်သာရေးသားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။🙂🙂

16/09/2019

Web Developer

Roles & Responsibilities

Develop, implement and maintain web functionalities
Work with Project Lead/Manager to propose technical solution
Liaise with designer to implement the UI/UX elements for web and mobile interfaces
Troubleshoot production problems and provide user support
Design and conduct tests

Requirements

Degree in IT or equivalent
At least 4 years of web-based application development experience in PHP
Strong knowledge of WordPress and Drupal
Proficient in the development and production of websites using HTML/5, CSS/3, JavaScript, jQuery, AJAX, JSON across multiple browsers
More than 3 years of web service (REST, SOAP) and API development and management
Knowledge of security standards and techniques for web applications
Strong technical knowledge in software development methodologies, design patterns and implementation
Proven ability to carry a feature from start to finish, including prototypes, design specifications, constructive coding, unit testing and problem resolution
Strong in MySQL and have good working knowledge on relational database(s)
Strong knowledge in planning for testing strategy, test suites and test cases
Proficient understanding and use of code versioning tools (e.g. Git)
Understands web trends, including social media integration and the impact of the growth of mobile/tablet browsing
Experience with other server-side stacks (Node.js, Python, Java etc.) a plus
Experience developing native or hybrid mobile applications for IOS and/or Android a plus
Experience in working with AWS a plus
Experience in eCommerce web development (WooCommerce, Magento) a plus
Ability to work independently and efficiently with minimum supervision.

As part of the selection process, please complete this online technical test here hwz.asia/hr

Software Developer In this role, you will be reporting to the head of the R&D division. Your primary role is to design a...
16/09/2019

Software Developer

In this role, you will be reporting to the head of the R&D division. Your primary role is to design and develop web and backend applications for our customers. We are looking for skillful software developers with strong technical capability.

Responsibilities:

Gather and understand customers’ requirement.
Design and develop customer web portal & applications based on requirement.
Design and develop backend applications software.
Study and understand other system within customer’s network.
Integration with other system within customer’s network.
Work with customers on testing and commissioning works.
Provide technical support to users after service launched.
Opportunity to work in overseas.
Pre-requisite

Minumum of 2 years of software development experiences on responsive webportal.
Experience in developing Responsive Webportal is mandatory.
Experience in designing and providing web services API for external software integrations.

Apply Here

Software Developer In this role, you will be reporting to... - STJobs

စင်ကာပူမှာ ပိုက်ဆံ ဘယ်လိုစုမလဲစင်ကာပူမှာ အလုပ်ရသွားပြီဆိုထဲက သင်ဟာ တော်တော်လေးကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ စင်ကာပူမှာ...
04/09/2019

စင်ကာပူမှာ ပိုက်ဆံ ဘယ်လိုစုမလဲ

စင်ကာပူမှာ အလုပ်ရသွားပြီဆိုထဲက သင်ဟာ တော်တော်လေးကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ စင်ကာပူမှာ IT အလုပ်နဲ့ အလုပ်လုပ်မယ်ဆို စစချင်း အနည်းဆုံး $2300 လောက်တော့ ရကြမှာပါ။ ခုနောက်ပိုင်း လာတဲ့သူတွေဆို $3000 နီးပါး (သို့) $3000 အထက် တန်းပြီး ရကြတယ်များတယ်။

စင်ကာပူမှာ အလုပ်စလုပ်ပြီဆိုတာနဲ့ ရလာတဲ့ income တွေကို သေချာစုသွားသင့်တယ်။ အိမ်ခန်းခ၊ ဖုန်းဘေလ်၊ ကားခ၊ ရထားခ၊ စားစရိတ် အကုန်ဖယ်ပြီးရင် ကိုယ့်မိသားစုကိုယ် ပြန်ပို့သင့်တဲ့ amount တစ်ခုပြန်ပို့၊ ပြီးတာနဲ့ ပိုတဲ့ပိုက်ဆံကို $100 ပဲရရ $200 ပဲရရ စုသွားသင့်တယ်။ ဒါမှသာ အရေးအကြောင်းရှိရင် မပြောကောင်းမဆိုကောင်း အလုပ်ပြုတ်ခဲ့ရင် ကိုယ့်အတွက် ကာမိမှာပါ။

ပိုက်ဆံစုတဲ့နေရာမှာ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ စင်ကာပူ ဘဏ်အကောင့်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက ဘဏ်အကောင့်မှာပဲဖြစ်ဖြစ် လစဉ်စုသွားသင့်တယ်။ ပိုက်ဆံစုပြီ ဆိုတာနဲ့ ကိုယ်လက်ရှိသုံးနေတဲ့ ဘဏ်အကောင့် မဟုတ်တဲ့ဟာမှာ စုပါ။ ဥပမာ - ကိုယ်လက်ရှိသုံးနေတာက DBS ဘဏ်အကောင့်ဆိုရင် ပိုက်ဆံစုဖို့ POSB ဘဏ်အကောင့်ထပ်ဖွင့်ပြီး POSB ထဲမှာစုပါ။ မြန်မာမှာ စုရင်တော့ ကိုယ်ပြန်မှ ပိုက်ဆံထုတ်လို့ရတာမို့ အသုံးမလိုဘူးဆိုရင် ကိုယ်နဲ့ ဝေးဝေးမှာ လှမ်းစုထားပါ။ :D

ပြီးရင် ကိုယ့်ဘာကိုယ် ကတိတစ်ခုချမှတ်ထားပါ။ အရေးကြီးကိစ္စတွေကလွဲပြီး ဘယ်အကြောင်းကြောင်းမှ စုထားတဲ့ ပိုက်ဆံတွေကို ထုတ်မသုံးပါနဲ့။ တစ်လကို $300 စုမယ်ဆို တစ်နှစ်ဆို $3600 ဖြစ်ပါပြီ။ တကယ်လို့ တစ်လကို $1000 သာစုမယ်ဆို တစ်နှစ်ဆို $12000 ရမှာပါ။

မဖြစ်နိုင်တာမရှိပါဘူး မဖြစ်သေးတာပဲရှိတာပါ။ အသုံးစရိတ်လေးတွေ ခွေတာပြီး ကိုယ့်အတွက် တစ်လကို ကြိုက်တာဝယ်ဖို့ $100 - $200 ဖယ်ထားပြီး ပိုတဲ့ပိုက်ဆံတွေအကုန်လုံးကို စုပါ။ ကိုယ်က ထုတ်မသုံးပဲ ဘဏ်ထားမှာ စုထားမယ်ဆို ဘဏ်တိုးလည်းရပါတယ်။

တခြားရင်းနှီးမြှပ်နှံမှာတွေ ခဏထားပြီး လတ်တလောပိုက်ဆံစုကြပါ။ ဒါမှသာ ကိုယ့်နောင်ရေးအတွက် စိတ်ချရမှာပါ။ :)


Java Full Stack Developer
03/09/2019

Java Full Stack Developer

Singapore Vs Japanတချို့လူတွေက မြန်မာနိုင်ငံမှာ ၂နှစ်လောက် အလုပ်လုပ်ပြီးရင် ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်ရင် ကောင်းမလဲ စဉ်...
03/09/2019

Singapore Vs Japan

တချို့လူတွေက မြန်မာနိုင်ငံမှာ ၂နှစ်လောက် အလုပ်လုပ်ပြီးရင် ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်ရင် ကောင်းမလဲ စဉ်းစားကြတယ်။ အဲ့မှာ လူအသွားများတဲ့ စင်ကာပူ နဲ့ ဂျပန်နိုင်ငံမှာ ဘယ်သွားလို့ သွားရမလဲမသိ တွေဝေနေကြတယ်။ အထူးသဖြင့် IT နဲ့ အလုပ်လုပ်တဲ့ သူတွေကို ပိုပြီး စဉ်းစားရခက်ရော။

အဓိကက ၂ နိုင်ငံမှာရှိတဲ့ အားနည်းချက် အားသာချက်တွေကို နှိုင်းယှဉ်ပြချင်တာပါ။ ဘယ်နိုင်ငံမှာ အလုပ်လုပ်ချင်လဲဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်တယ်ဆိုရင်

ဂျပန်နိုင်ငံသွားပြီး အလုပ်လုပ်ချင်ရင်တော့ အရင်ဦးဆုံးလုပ်ရမှာက ဂျပန်စာ သင်ရမှာ ဖြစ်ပါတယ်။ N5 ကနေ N1 အထိအဆင့်ဆင့်ရှိပြီး N3 လောက် အောင်ပြီးမှ ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့အဆင်ပြေမှာပါ။ ဂျပန်တွေက အင်္ဂလိပ်လို မပြောပါဘူး၊ ပြောလည်း သိပ်နားမလည်ကြပါဘူး။ အဲ့ဒါကြောင့်မို့ ဂျပန်စာသင်ပြီး N3 စာမေးပွဲအောင်ပြီးမှ ဂျပန်သွားလို့ အဆင်ပြေမှာပါ။

ဂျပန်မှာ အလုပ်လုပ်ချင်ရင် မြန်မာနိုင်ငံက ဂျပန်နဲ့ ဖက်ဆပ် company တွေမှာအလုပ်ဝင်လုပ်ရင်း ဖြစ်ဖြစ်၊ ဂျပန်နိုင်ငံကို ပို့ပေးတဲ့ အေဂျင်စီတွေမှာပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ဂျပန်နိုင်ငံမှာ အလုပ်ရနိုင်ပါတယ်။

ဂျပန်မှာ public holiday က အရမ်းများပါတယ်။ တချို့ အလုပ်တွေကတော့ စနေ နေ့တဝက် အလုပ်ဆင်းရတာဖြစ်ပြီး၊ တချို့တွေက ညဆိုင်း၊ နေ့ဆိုင်းဆိုပြီး တလှည့်စီ ဆင်းရပါတယ်။

ဂျပန်နိုင်ငံကို စစချင်း IT အလုပ်နဲ့ အလုပ်သွားလုပ်မယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး မြန်မာငွေ သိန်း ၂၀လောက်ရပါတယ်။ ဂျပန်နိုင်ငံမှာ ငွေဝင်ခွန်၊ ရပ်ကွက်ခွန် စတဲ့ အခွန်ပေါင်းများစွာကို ဆောင်ရပါတယ်။

ဂျပန်နိုင်ငံက အမြဲလိုလိုအေးနေပြီး ဆောင်းရာသီလည်းရှိတာမို့ အနွေးထည်တွေတော့ ဝယ်ရပါမယ်။

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ချင်တယ်ဆိုရင်

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ချင်ရင်တော့ အင်္ဂလိပ်စာကို 4 skill ကျွမ်းကျင်နေမှ ဖြစ်မှာပါ။ တရုတ်စကားလေးပါ ထပ်သင်လာရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် ရုံးသုံးက အင်္ဂလိပ်စကားပဲမို့ အင်္ဂလိပ်စာ ရရင် ရပါပြီ။

စင်ကာပူကို IT အလုပ်တွေပတ်သက်ပြီး မြန်မာနိုင်ငံကနေ ပို့ပေးတဲ့ အေဂျင်စီမရှိပါဘူး။ အဲ့ဒါကြောင့် ကိုယ်တိုင်လာပြီး visit visa နဲ့ အလုပ်လျှောက်ရပါတယ်။ ကံကောင်းရင် အလုပ်ရမယ်။ ကံမကောင်းရင် ပြန်ရပါမယ်။

စင်ကာပူမှာ public holiday က အရမ်းကို နည်းပါတယ်။ တစ်နှစ်ပတ်လုံးမှ ၁၀ရက်လောက်ပဲရှိပါတယ်။ IT အလုပ်တွေရဲ့ 90% ကတော့ စနေရော တနင်္ဂနွေရော ပိတ်ပါတယ်။ IT မဟုတ်တဲ့ အလုပ်တွေကတော့ စနေနေ့ နေ့တဝက်အလုပ်ဆင်းရပါတယ်။

စင်ကာပူနိုင်ငံကို စစချင်း IT အလုပ်နဲ့ အလုပ်သွားလုပ်မယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး မြန်မာငွေ ၂၆ သိန်းရပါတယ်။ တချို့ဆို နှစ်အနည်းငယ်ကြာသွားပြီးနောက် တစ်လကို သိန်း ၆၀ လောက်ရတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကလည်း အရည်အချင်းတွေ ပြည့်နေရမှာပေါ့လေ။ စင်ကာပူမှာ နှစ်စဉ် ငွေဝင်ခွန် ဆောင်ရပါတယ်။

စင်ကာပူနိုင်ငံက မြန်မာနိုင်ငံနဲ့ ရာသီဥတုတူပြီး ဆောင်းရာသီတော့ မရှိပါဘူး။ နေပူရင်ပူ မပူရင် မိုးရွာတာပဲရှိပါတယ်။ ရုံးတွင်းမှာ အဲကွန်းအေးလို့ ဝတ်ဖို့ အနွေးထည် အနည်းငယ်ရှိရင်ရပါပြီ။

ဒီလောက်ဆို ကိုယ်ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်သင့်လဲဆိုတာ အနည်းအကျဉ်းတော့ စဉ်းစားလို့ရပြီထင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ.. 😊


Address

Singapore

Website

Alerts

Be the first to know and let us send you an email when စင်ကာပူရောက်အိုင်တီပညာရှင်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share