Phyoe Si Thu : Marketing Tips And Experience Sharing

Phyoe Si Thu : Marketing Tips And Experience Sharing A dedicated space sharing practical marketing tips and real-world professional experiences.

Digitalကို ဘာလို့ပြောင်းသင့်တာလဲ?အရင်ကတော့ ကျွန်တော်တို့ဟာ Traditional Marketingဖြစ်တဲ့ TV ကြော်ငြာ၊ သတင်းစာ ဒါမှမဟုတ် လ...
15/04/2026

Digitalကို ဘာလို့ပြောင်းသင့်တာလဲ?
အရင်ကတော့ ကျွန်တော်တို့ဟာ Traditional Marketingဖြစ်တဲ့ TV ကြော်ငြာ၊ သတင်းစာ ဒါမှမဟုတ် လမ်းဘေးဗီနိုင်းဆိုင်းဘုတ်တွေနဲ့ပဲ ဈေးကွက်ကို ထိန်းချုပ်ခဲ့ကြပေမဲ့၊
အခုအခါမှာတော့ ဝယ်ယူသူတွေရဲ့ လက်ထဲမှာ စမတ်ဖုန်းကိုယ်စီ ရှိနေကြပြီ ဖြစ်တာကြောင့် Marketing ဗျူဟာတွေကို ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။

ဒီနေ့ဒီအချိန်မှာ ကမ္ဘာပေါ်မှာ အကြီးဆုံး ကုမ္ပဏီတွေကနေ စပြီး လမ်းဘေးက အသေးစားလုပ်ငန်းလေးတွေအထိ Digital Platform တွေကို အပြိုင်အဆိုင် သုံးနေကြပါပြီ။

"လူတွေရှိတဲ့နေရာမှာ ကိုယ့် Brand ရှိနေဖို့ လိုပါတယ်။"

ဘာလို့Traditional ကနေ Digital ကိုပြောင်းသင့်တာလဲ?
ကွာခြားချက်တွေက ဘာတွေရှိမလဲ

✅ကိုယ်ရဲ့Productကို ဝယ်သူတွေကိုပဲမြင်အောင် Target ရွေးချယ်လို့ရခြင်း (Precise Targeting)

Traditional မှာ Billboard ထောင်လိုက်ရင် စိတ်ဝင်စားသူရော၊စိတ်မဝင်စားသူရော အကုန်မြင်ရပါတယ်

Digital မှာတော့
ကိုယ့်ရောင်းမယ့်ကုန်ပစ္စည်းနဲ့ကိုက်ညီတဲ့ အသက်အရွယ်၊ ကျား/မ၊ နေထိုင်ရာဒေသနဲ့
လက်ရှိ သူတို့ရှာဖွေနေတဲ့ ပစ္စည်း (Behavior) အလိုက် ကိုယ်ရောင်းချင်တဲ့သူဆီကိုပဲ ကြော်ငြာကို တိတိကျကျပို့လို့ရပါတယ်။

✅ ကုန်ကျစရိတ် သက်သာပြီး ထိရောက်ခြင်း (Cost-Effective)

Traditional Marketing အနေနဲ့ တီဗီကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းစာမျက်နှာပြည့် ကြော်ငြာမယ်ဆို သိန်းဂဏန်း၊ သောင်းဂဏန်း ကုန်ကျနိုင်ပါတယ်။
Digital မှာတော့ တစ်နေ့ကို ဒေါ်လာအနည်းငယ်ကစပြီး ကိုယ်တတ်နိုင်သလောက် Budget နဲ့ စတင်လို့ရသလို၊ အဲဒီအနည်းငယ်သော အရင်းအနှီးကနေ ရရှိလာတဲ့ ရလဒ်ကလည်း ပိုမိုသိသာပါတယ်။

✅ ရလဒ်ကို တိတိကျကျ တိုင်းတာနိုင်ခြင်း (Measurable Results)

လက်ကမ်းစာစောင် ဝေလိုက်ရင် လူဘယ်နှစ်ယောက် ဖတ်သွားသလဲဆိုတာ သင်မသိနိုင်ပါဘူး။
Digital မှာတော့ ကြော်ငြာထားတာကို လူဘယ်နှစ်ယောက် ကြည့်သလဲ (Reach)
ဘယ်နှစ်ယောက်က Like/Share လုပ်သလဲ (Engagement)
ဘယ်နှစ်ယောက်က တကယ်ဝယ်သွားသလဲဆိုတာတွေကို ကိန်းဂဏန်းအတိအကျနဲ့ ကြည့်လို့ရပါတယ်

✅ အပြန်အလှန် ဆက်သွယ်နိုင်မှု (Communication)

TV ကြော်ငြာတစ်ခုကို ကြည့်ပြီး ဝယ်သူက ချက်ချင်းပြန်မေးဖို့ မလွယ်ကူပေမဲ့ Digital မှာတော့ ကြော်ငြာအောက်မှာ Comment ရေးတာ၊ Messenger ကနေ ဈေးနှုန်းမေးတာမျိုး ချက်ချင်း လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ ဝယ်သူနဲ့ ရောင်းသူကြား ယုံကြည်မှုကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ပြီး ဝယ်ယူမှုကိုပြီးမြောက်စေနိုင်ပါတယ်။

✅ နေရာဒေသ ကန့်သတ်ချက်မရှိခြင်း (Global Reach)

သင့်ရဲ့ဆိုင်က ရန်ကုန်မှာပဲရှိပေမဲ့ Digital Marketing ကို သုံးပြီး တစ်နိုင်ငံလုံး (ဒါမှမဟုတ်) တစ်ကမ္ဘာလုံးကိုပါ သိအောင် လုပ်လို့ရပါတယ်။ စီးပွားရေးကို နယ်နိမိတ်မရှိ ချဲ့ထွင်ဖို့အတွက် Digital ဟာ အကောင်းဆုံး လှေကားထစ်ပါပဲ။

2026မှာ Traditional Marketing က လုံးဝ အသုံးမဝင်တော့တာမျိုး မဟုတ်ပေမဲ့ Digital Marketing ကတော့ ဒီနေ့ခေတ် စီးပွားရေးလောကမှာ မရှိမဖြစ် "လက်နက်" တစ်ခု ဖြစ်လာပါပြီ။

လုပ်ငန်းသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ Digital လမ်းကြောင်းပေါ်ကို အမြန်ဆုံး တက်လှမ်းနိုင်မှသာ ပြိုင်ဘက်တွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီContentလေးဖတ်ပြီး သင့်လုပ်ငန်းက Digital Platform မှာမရှိသေးဘူးဆိုရင် အချိန်မဆွဲပါနဲ့တော့ …အခုပဲ စတင်လိုက်ပါ

လက်တွေ့အသုံးချပါ ..ပြန်လည်မျှဝေပါ

- I am your marketing partner -
( PSTW)



“ မားကတ်တင်း လုပ်နေတယ်" လို့ ပြောလိုက်ရင် လူအများစုက ဘယ်လိုမြင်တတ်ကြသလဲ⁉️တော်တော်များများက အိမ်တိုင်ရာရောက် ပစ္စည်းလိုက်...
13/04/2026

“ မားကတ်တင်း လုပ်နေတယ်" လို့ ပြောလိုက်ရင်
လူအများစုက ဘယ်လိုမြင်တတ်ကြသလဲ⁉️

တော်တော်များများက အိမ်တိုင်ရာရောက် ပစ္စည်းလိုက်ရောင်းတာ ဒါမှမဟုတ် လမ်းမှာ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတာမျိုးကိုပဲ ပြေးမြင်တတ်ကြပါတယ်။
ကျတော် ကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ အမေးခံခဲ့ရဖူးပါတယ်
တကယ်တော့ ဒါတွေဟာ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတဲ့ သမုဒ္ဒရာကြီးထဲက ရေတစ်စက်စာလောက်ပဲ ရှိတဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။

𝐖𝐡𝐚𝐭 𝐢𝐬 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ⁉️
ဒါဆို 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာဘာလဲ⁉️

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် "လူတွေမှာရှိနေတဲ့ ပြဿနာ (ဒါမှမဟုတ်) လိုအပ်ချက်ကို ရှာဖွေပြီး၊ အဲ့ဒီလိုအပ်ချက်ကို ကိုယ့်ရဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုနဲ့ အကောင်းဆုံး ဖြည့်ဆည်းပေးရတဲ့ ပညာရပ်" ပဲဖြစ်ပါတယ်။

အဓိကအားဖြင့် လူတွေရဲ့ လိုအပ်ချက်ကို ရှာဖွေဖော်ထုတ်ပြီး အဲဒီလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် တန်ဖိုးတစ်ခု ဖန်တီးတာ လို့ ဆိုနိုင်ပါတယ်။

အရှင်းဆုံး ပြောရရင် ပစ္စည်းတစ်ခုကို ဖြစ်အောင်ရောင်းတာက 𝐒𝐚𝐥𝐞 ဖြစ်ပြီး၊ အဲဒီပစ္စည်းကို လူတွေက လိုချင်လာအောင်၊ ယုံကြည်လာအောင်နဲ့ သူတို့စိတ်ထဲမှာ နေရာယူထားနိုင်အောင် လုပ်ဆောင်တာက 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ပါ။
(နောက် 𝐂𝐨𝐧𝐭𝐞𝐧𝐭 တစ်ခုမှာတော့ 𝐒𝐚𝐥𝐞 နဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဘာတွေ အဓိကွာခြားလဲဆိုတာနဲ့ ပတ်သတ်ပြီး ဝေမျှပေးသွားပါမယ်)

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှာ ဘာတွေပါဝင်သလဲ?⁉️
(𝐓𝐡𝐞 𝐏𝐢𝐥𝐥𝐚𝐫𝐬 𝐨𝐟 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠) - 𝟒𝐏𝐬

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လို့ ပြောလိုက်ရင် အခြေခံအားဖြင့် အောက်ပါ အဆင့် (𝟒) ဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။

𝟏.𝐏𝐫𝐨𝐝𝐮𝐜𝐭 (ကုန်ပစ္စည်း)
ဝယ်သူက ဘာကို လိုချင်နေတာလဲ❓
ကိုယ်ထုတ်မယ့် 𝐏𝐫𝐨𝐝𝐮𝐜𝐭 က သူတို့ရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ❓
တကယ်ရော အသုံးဝင်နိုင်ပါ့မလား❓
ထုတ်မယ့် 𝐏𝐫𝐨𝐝𝐮𝐜𝐭 ရဲ့ အရည်အသွေး၊ ဒီဇိုင်း နဲ့ လုပ်ဆောင်ချက်တွေကို ဒီအဆင့်မှာ အဓိကထား စဉ်းစားကြရပါမယ်။

𝟐.𝐏𝐫𝐢𝐜𝐞 (ဈေးနှုန်း)
ကိုယ်ထုတ်မယ့် 𝐏𝐫𝐨𝐝𝐮𝐜𝐭 က 𝐓𝐚𝐫𝐠𝐞𝐧𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေဝယ်ယူနိုင်မယ့် ဈေးနှုန်းဖြစ်ရဲ့လား❓
ဈေးကွက်ထဲက ပြိုင်ဘက်တွေနဲ့ရော ယှဉ်ပြိုင်နိုင်စွမ်းရှိရဲ့လား❓
စတာတွေကို စဉ်းစားရပါမယ်

𝟑.𝐏𝐥𝐚𝐜𝐞 (နေရာ)
ဝယ်သူတွေ အလွယ်တကူ ဝယ်လို့ရအောင် ကိုယ့်ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 တွေကို ဘယ်နေရာမှာ ရောင်းမလဲ❓
𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐡𝐨𝐩 အနေနဲ့လား❓
ရပ်ကွက်ထဲက အရောင်းဆိုင်တွေမှာလား❓
𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 မှာလား❓
နေရာရွေးချယ်မှုမှားသွားရင် အပေါ်က 𝐏𝐫𝐨𝐝𝐮𝐜𝐭 ဘယ်လောက်ကောင်းကောင်း၊ 𝐏𝐫𝐢𝐜𝐞 စျေးဘယ်လောက်တန်တန် မအောင်မြင်နိုင်ပါဘူး
ဒါကြောင့်မို့ ကိုယ်ပစ္စည်း ဝယ်သူတွေလက်ထဲ တကယ်ရောက်မယ့်နေရာကို ရွေးချယ်ဖို့ အရမ်း အရေးကြီးပါတယ်။

𝟒.𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 (မြှင့်တင်ရေး၊ဝယ်သူများနှင့်ဆက်ဆံခြင်း)
လူတွေ သင့်ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 အကြောင်း သိလာအောင်၊ ဝယ်ချင်စိတ် ရှိလာအောင် ဘယ်လို ဆက်သွယ်မလဲဆိုတာပါ။
ဥပမာ:
✅𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 ပေါ်မှာ 𝐂𝐨𝐧𝐭𝐞𝐧𝐭 တွေ တင်တာ၊
✅ကြော်ငြာဗီဒီယိုတွေ ရိုက်တာ၊
✅𝐈𝐧𝐟𝐥𝐮𝐞𝐧𝐜𝐞𝐫 တွေနဲ့ ချိတ်ဆက်တာတွေ
✅တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် (𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏) 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ပေးတာမျိုး စတာတွေပါဝင်ပါတယ်
ဒါတွေက ကိုယ့်ရဲ့ 𝐏𝐫𝐨𝐝𝐮𝐜𝐭 ကို ဝယ်ပါလို့ ဇွတ်ပြောတာ မဟုတ်ဘဲ ကိုယ့်ရဲ့ 𝐁𝐫𝐚𝐧𝐝𝐢𝐧𝐠ကို လူတွေ သိအောင် ပြောပြတာပဲ ဖြစ်ပါတယ်။

🚩𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ရဲ့ တကယ့်ပန်းတိုင်က
ရောင်းစရာမလိုအောင် လုပ်ဆောင်ခြင်းလို့တောင် ပညာရှင်တွေက ဆိုကြပါတယ်။

🚩ဘာလို့လဲဆိုတော့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကောင်းရင် ဝယ်သူက သူ့ဘာသာသူ ရှာပြီးလာဝယ်မှာ ဖြစ်လို့ပါပဲ။

မားကတ်တင်းဂရုကြီး 𝐏𝐡𝐢𝐥𝐢𝐩 𝐊𝐨𝐭𝐥𝐞𝐫 က
“ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ ပစ္စည်းတွေကို လိုက်ပတ်ရောင်းနေတာ မဟုတ်ပါဘူး။
လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အဖြေတစ်ခု (𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧) ကို ရှာဖွေပေးပြီး၊ အဲဒီအဖြေကို လူတွေဆီ စနစ်တကျ ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ပေးရတဲ့ အနုပညာဆန်တဲ့လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်တယ်” လို့ ဆိုထားပါတယ်

ဒီ 𝐂𝐨𝐧𝐭𝐞𝐧𝐭 လေးက မိတ်ဆွေတို့အတွက် အကျိုးတစ်စုံတစ်ရာရှိမယ်လို့ မျှော်လင့်ပါတယ်

လက်တွေ့အသုံးချပါ ..ပြန်လည်မျှဝေပါ

⁃ 𝐈 𝐚𝐦 𝐲𝐨𝐮𝐫 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐩𝐚𝐫𝐭𝐧𝐞𝐫 ⁃
( 𝐏𝐒𝐓 )

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် ဖြိုးစည်သူပါ။ကျွန်တော်ကိုယ်တိုင်လည်း လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အပြင်လောကမှာ ရုန်းကန်လှုပ...
12/04/2026

အားလုံးပဲ မင်္ဂလာပါ။

ကျွန်တော် ဖြိုးစည်သူပါ။

ကျွန်တော်ကိုယ်တိုင်လည်း လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အပြင်လောကမှာ ရုန်းကန်လှုပ်ရှားနေသလို၊ တစ်ဖက်မှာလည်း အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းရှင်များအတွက် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 ပိုင်းဆိုင်ရာတွေကို 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭တစ်ယောက်အနေနဲ့ ကူညီအကြံပေးလျက် ရှိပါတယ်။

ဒီလို လက်တွေ့နယ်ပယ်ထဲမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဖြေရှင်းနည်းတွေနဲ့ အောင်မြင်မှု ရလဒ်တွေကို တစ်ဦးတည်း သိထားတာထက် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကို စိတ်ဝင်စားသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လည်မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ 𝐏𝐚𝐠𝐞 လေးကို ဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီ 𝐏𝐚𝐠𝐞 လေးမှာ...
✅ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်မယ့် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 များ
✅ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေမယ့် 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နည်းလမ်းများ
✅ ကျွန်တော့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံကောင်း (သို) သင်ခန်းစာများ
✅သင့်လုပ်ငန်းကို တိုးတက်စေမယ့် ဖန်တီးမှုဆိုင်ရာ အတွေးအခေါ်သစ်များ။
✅ ခေတ်သစ် 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ခေတ်မှာ သိထားသင့်တဲ့ 𝐓𝐢𝐩𝐬များ
စတာတွေကို ‌ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ စာအုပ်ထဲက သီအိုရီတွေတင်မကဘဲ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ အတတ်ပညာတစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်နဲ့အတူတူ လေ့လာဆွေးနွေးဖို ဖိတ်ခေါ်ပါတယ်။
ဒီ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰လုပ်ထားပြီး အသစ်သစ်သော 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 တွေကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။

- 𝐈'𝐦 𝐲𝐨𝐮𝐫 𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐩𝐚𝐫𝐭𝐧𝐞𝐫 -

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyoe Si Thu : Marketing Tips And Experience Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

แชร์