27/08/2025
ညီမလေးတစ်ယောက်က move onလုပ်ချင်ပေမယ့် လုပ်မရဘူးဖြစ်နေဆိုလို့ အသဲကွဲနေတဲ့ သူတိုင်းတွက်ရည်ရွယ်ပြီး move on ခေါင်းစဥ်လေးနဲ့ စာရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်ခုပြတ်ဆဲစအချိန်ကအရမ်းကြောက်ဖို့ကောင်းပါတယ် ။ အာ့လိုအချိန်မှာ ကိုယ့်ကိုယ်ကို သတိကပ်ဖို့မမေ့ပါနဲ့ ။တကယ်move onလုပ်ချင်တယ်ဆို အောက်ကအချက်လေးတွေ လိုက်နာကြည့်ပါနော်
1.[ဘာသာရေးကို အရင်ကထက်ပိုလုပ်ပါ]
မိမိစိတ်ကို တည်ငြိမ်ဖို့အတွက် အထောက်ကူဖြစ်စေပါတယ်။
2.[ပြတ်ဆဲသွားပြီ ဝေးသွားပြီဆိုတာကို လက်ခံပါ]
မလွယ်ပေမယ့် အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပါ။
3.[မိမိခန္ဓာကိုယ်နဲ့ စိတ်ကိုနာကျင်အောင်မလုပ်မိပါစေနဲ့]
လူ့ဘဝဆိုတာ ခဏလေးပါ။ ရခဲလှတဲ့လူဘဝမှာ အချစ်ဆိုတာ အစိတ်ပိုင်းတစ်ခုပါ ။ ကိုယ့် ကိုမွေးထုတ်ပေးခဲ့မိဘ ကိုယ့်ကိုချစ်တဲ့ သူငယ်ချင်း ညီကိုမောင်နှမတွေ ကိုယ့်ကိုမှီခိုနေတဲ့သူတွေအတွက် ရှင်သန်ပေးဖို့သတိရပါ။
4.[ပိုက်ဆံကိုအရင်ကထက်ပိုရှာပါ]
ငွေကအရာရာ ပါ။ ကိုယ့်မိသားစု ၊ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကူညီဖေးမပါ လိုအပ်တဲ့နေရာတွေကိုလှူပါ
ပျော်ရွှင်လာပါလိမ့်မယ်။
5.[ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်ပါ]
ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမှာမို့ပါ။
မကျန်းမာရင် ကျန်တာအားလုံးကအလကားဆိုတာမမေ့ပါနဲ့
6.[အကောင်းမြင်စိတ်မွေးပါ]
အဆိုးမြင်စိတ်ရှိသူဟာ ကောင်းမွန်တဲ့ဘဝမတည်ဆောက်နိုင်ပါဘူး။ တစ်ဖက်လူကို ခွင့်လွှတ်တာ ကိုယ်တိုင်အရင်အေးချမ်းပါတယ်။
7.[တစ်ဖက်လူကို မကောင်းပြောတာ ရှောင်ပါ]
အတူရှိနေစဥ်က အကောင်းဆုံးနေပေးခဲ့ဖူးကြမှာပါ။
ရှေ့မဆက်နိုင်တော့တဲ့အခါ စကားတွေအများကြီးပြောတာ အမှားပါတတ်သလို တချို့စကားလုံးတွေကြောင့် ပိုနာကျင်ရသလို ပိုဝေးကွာသွားစေတတ်လို့ပါ။
8.[ကိုယ့်တန်ဖိုးကိုသိပါ ၊ ကိုယ့်ကိုယ်ကို လေးစားပါ]
မဖြစ်နိုင်တော့တာကို အောက်ကျို့နေတာတွေမလုပ်မိပါစေနဲ့
ကိုယ်နဲ့ထိုက်တန်တဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်ပါ။
အလုပ်ကြိုးစားပါ၊ ဝါသနာ ပါတဲ့အလုပ်တွေလုပ်ကြည့်ပါ။
9.[ကိုယ့်ကိုယ်ကို ချစ်ပါ]
ကိုယ့်ကိုယ်ကို ချစ်တတ်မှ တစ်ခြားသူကို ချစ်ဖို့အတဆင်ပြေမှာမို့ပါ။
10.[Right person, Right time ဆိုတာ ရှိလာမှာကိုလက်ခံပါ]
ကိုယ်နဲ့ထိုက်တန်တဲ့သူ ကအချိန်ကျလာရင် တွေ့မှာပါ။
အကြောင်းမဲ့သက်သက် ထားခဲ့ခံရတဲ့အခါ မျိုးချက်ချင်းတော့လက်မခံနိုင်ဘူးပေါ့။ လူဆိုတာ ပြောင်းလဲတတ်တဲ့အမျိုးပါ။ သူကဆက်ချစ်ပြီး ကိုယ်က မချစ်နိုင်တော့တာမျိုးလည်း ဖြစ်တတ်သလို ကိုယ်ကချစ်နေပေမယ့် သူကဆက်မချစ်နိုင်တော့တာတွေ ပေါ့။ ရေစက်ကုန်ရင် ဝေးကိုဝေးရမှာပါ။ တစ်ဖက် ကရှေ့မဆက်ချင်တော့တဲ့အခါ တစ်ဖက်ကမလွှတ်ပေးရင် ၂ယောက်စလုံးပူလောင်စေပါတယ်။move on လုပ်ဖို့ အချိန်တစ်ခုတော့လုံလုံလောက်လောက်လိုအပ်ပါတယ်။
မေးခွန်းတွေမေးမယ်(ဘာကြောင့် လဲ ငါမှားနေလို့လားစဖြင့်ပေါ့)
သူဘာတွေလုပ်နေလဲ ဘယ်သူနဲ့တွဲနေလဲ စုံစမ်းမယ်
ကိုယ်မှန်နေလည်း မှားပါတယ်ဆိုပြီးတောင်းပန်မယ်။
ဖုန်းတွေဆက်တိုက်ခေါ်မယ်၊စာတွေတရစပ်ပို့မယ်။
တဖက် ကမတုန့်ပြန်ရင်၂ဆနာကျင်ပြန်ရော။
ကိုယ့်ကိုယ်ကိုအပြစ်တွေတင်မယ်
လမ်းခွဲ ခါစ လူတွေလုပ်လေ့လုပ်ထရှိတဲ့ အကျင့်တွေပါ။
အချိန်တစ်ခုရောက်ရင် ဒါတွေက ဘာမှမဟုတ်ဘူးဆိုတာတနေ့သိလာပါလိမ့်မယ်။ အချိန်တန်ရင် အရာအားလုံးကနေသားတကျဖြစ်လာမယ်ဆိုတာယုံကြည်ပါ။
Pan Chi