26/09/2026
အလုပ်အင်တာဗျူးအောင်မြင်ဖို့ CV တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး 💡
အလုပ်လျှောက်ထားရာမှာ CV Form ကောင်းမွန်ဖို့ လိုအပ်ပေမဲ့ အဓိက အဆုံးအဖြတ်ပေးတာကတော့ အင်တာဗျူးဖြေဆိုချိန်မှာ ပြသနိုင်တဲ့ မိမိရဲ့ Performance နဲ့ ပြင်ဆင်လာမှု ဖြစ်ပါတယ်။
အင်တာဗျူးအောင်မြင်ခြင်း ဆိုတာ စနစ်တကျ ပြင်ဆင်မှု (Systematic Preparation) ပေါ်မှာ မူတည်နေပါတယ်။
ဒီနေ့မှာတော့ အင်တာဗျူးတစ်ခုကို စနစ်တကျ ကျော်ဖြတ်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အဓိက အချက် (၂) ချက်ကို မျှဝေပေးချင်ပါတယ်။
🎯 ၁။ Business Model ကို သေချာစွာ နားလည်ထားခြင်း (Understand the Business Model)
မိမိ လျှောက်ထားသည့် ကုမ္ပဏီ၏ စီးပွားရေးပုံစံ၊ ဝင်ငွေရှာဖွေမှုစနစ်နှင့် ဝန်ဆောင်မှု/ထုတ်ကုန် (Products/Services) များကို အသေးစိတ် လေ့လာထားပါ။ ကုမ္ပဏီအကြောင်း မသိဘဲ ဖြေဆိုပါက အလုပ်ရရှိနိုင်ခြေ လွန်စွာ နည်းပါးသွားပါလိမ့်မည်။
🎯 ၂။ Company & Position Core Values များကို မသိမဖြစ် လေ့လာခြင်း (Align with Core Values)
ကုမ္ပဏီ၏ မူဝါဒ တန်ဖိုးများ (Core Values) နှင့် မိမိ လျှောက်ထားသည့် ရာထူး၏ တာဝန်များကို သိရှိထားရန် လိုအပ်ပါသည်။ မိမိ၏ လုပ်ကိုင်နိုင်စွမ်းနှင့် ကုမ္ပဏီ၏ စံတန်ဖိုးများ ကိုက်ညီမှု (Alignment) ရှိလေလေ၊ အင်တာဗျူး အောင်မြင်နိုင်ခြေ ပိုမို မြင့်မားလေလေ ဖြစ်ပါသည်။
အင်တာဗျူးဆိုင်ရာ အခြားအရေးကြီး အချက်များကိုလည်း နောက်ထပ် ဗီဒီယိုများတွင် ဆက်လက် မျှဝေပေးသွားမည် ဖြစ်ပါသဖြင့် Page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 🔔