26/02/2025
‼️Bitcoin သည် အတွင်းပိုင်းကိစ္စများနှင့် ပြင်ပဖိအားများကိုပါ တပြိုင်တည်း ရင်ဆိုင်နေရပြီး Rally ဖြစ်နိုင်ခြေရှိသေးသလား?
Bitcoin ရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းမှုတွေကို ရင်ဆိုင်နေရပြီး၊
၉၀,၀၀၀အောက်ကိုကျဆင်းသွားကာယနေ့မှာ၈၇,၀၀၀ အထိ ရောက်ရှိသွားပါတယ်။ ဒီလို ထိုးကျဆင်းမှုဟာ Bitcoin ကို ဇန်နဝါရီလက စံချိန်တင် အမြင့်ဆုံးဖြစ်တဲ့ $၁၀၉,၀၀၀ ကျော်ကနေ ပိုမိုဝေးကွာသွားစေပါတယ်။ ဒီလို ရုတ်တရက် ရောင်းချမှုတွေ မြင့်တက်လာခြင်းဟာ အတွင်းပိုင်းနဲ့ ပြင်ပဖိအားတွေကြောင့် ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူတွေကို ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ မသေချာမရေရာဖြစ်စေပါတယ်။ ဈေးကွက်က ထောက်ပံ့မှုတွေ ရှာဖွေနေချိန်မှာ၊ ရှေ့ဆက်လမ်းကြောင်းက ဘယ်လိုဖြစ်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
• Bitcoin ဈေးနှုန်း $၉၀,၀၀၀ အောက်သို့ ကျဆင်းခြင်း
• ဇန်နဝါရီလက စံချိန်တင် အမြင့်ဆုံး $၁၀၉,၀၀၀ ကျော်မှ ဝေးကွာသွားခြင်း
• အတွင်းပိုင်းနှင့် ပြင်ပဖိအားများကြောင့် ရင်းနှီးမြှုပ်နှံသူများ မသေချာမရေရာဖြစ်ခြင်း
• ဈေးကွက် ထောက်ပံ့မှုရှာဖွေနေချိန်တွင် ရှေ့ဆက်လမ်းကြောင်း မသေချာခြင်း
စသည့် အရာများကြောင့် လက်ရှိစျေးတန်းကနေပြန်တတ်နိုင်မလားစောင့်ကြည့်ရမဲ့ အနေအထားဖြစ်သည့်အပြင် နောက်ထပ် သတင်းအချက်များ ဆိုးရွားလာခဲ့ပါကလည်း အကျဘက်သို့ ဦးတည်လျက်ရှိကြောင်းမြင်တွေ့ရနိုင်ဖွယ်ရှိပါသည်။