04/09/2026
🤍 Chiang Rai ရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ နေရာလေးတခု
Chiang Rai ဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတာက အဖြူရောင်နဲ့ ထူးထူးခြားခြားတည်ဆောက်ထားတဲ့ White Temple – Wat Rong Khun ပါ။
ပထမဆုံးအဝင်ကတည်းက တခြားဘုရားကျောင်းတွေနဲ့ မတူတာကို သိသာပါတယ်။ အဆောက်အအုံတစ်ခုလုံးက အဖြူရောင်ဖြစ်ပြီး နေရောင်ထိတဲ့အခါ မှန်စလေးတွေက တောက်တောက်ပပဖြစ်နေတာကြောင့် အပြင်ကနေကြည့်ရင် တော်တော်လှပါတယ်။
ဒါပေမယ့် ဒီနေရာရဲ့ စိတ်ဝင်စားစရာက အဆောက်အအုံလှတာတစ်ခုတည်း မဟုတ်ပါဘူး။
အဝင်တံတားကို ဖြတ်တဲ့အခါ အောက်မှာ လက်တွေ အများကြီး ထွက်နေတဲ့ပုံကို တွေ့ရပါမယ်။ အဲဒါတွေက လူတွေရဲ့ လောဘ၊ တပ်မက်မှုနဲ့ ဆင်းရဲဒုက္ခတွေကို ပုံဖော်ထားတာပါ။
အဲဒီတံတားကို ဖြတ်ပြီးမှ အဓိကဘုရားကျောင်းဆီ ရောက်တာဖြစ်လို့ ကြည့်ရင်းနဲ့လည်း သူ့ရဲ့ အဓိပ္ပါယ်ကို နားလည်လာစေပါတယ်။
နောက်ထပ်ထူးခြားတာက အတွင်းပိုင်းပါ။ ရိုးရိုးဘုရားပုံတွေချည်းမဟုတ်ဘဲ ခေတ်သစ်အနုပညာပုံစံတွေနဲ့ ဗုဒ္ဓဘာသာအတွေးအခေါ်တွေကို ရောစပ်ဖန်တီးထားတာကြောင့် တကယ်ကို ထူးခြားပါတယ်။
📸 ဓာတ်ပုံရိုက်ဖို့လည်း အရမ်းကောင်းပါတယ်။ အဖြူရောင် Temple နဲ့ ကောင်းကင်ပြာပြာကြီးနဲ့ဆိုတော့ အရမ်းလှတဲ့ နေရာ တခုပါ
📍 Wat Rong Khun (White Temple), Chiang Rai
Chiang Rai ကို ခရီးထွက်မယ်ဆိုရင်
“ဘုရားကျောင်းတစ်ခု သွားကြည့်တာပဲ” လို့ မတွေးဘဲ အနုပညာနဲ့ ယဉ်ကျေးမှုကိုပါ လေ့လာလို့ရတဲ့နေရာတစ်ခု အနေနဲ့ သွားကြည့်ပါ။
တစ်ခါရောက်ဖူးရင် ဘာကြောင့် Chiang Rai ရဲ့ အထင်ကရနေရာတစ်ခုဖြစ်နေလဲဆိုတာ ကိုယ်တိုင်နားလည်သွားမှာပါ။ 🤍
ဒီလို ခရီးစဉ်မျိုးအတွက် F&J Car Rental Service မှာ Self Drive ကားတွေ ငှားလို့ရပါတယ်။ 🚗
ကားယူပြီး ကိုယ်သွားချင်တဲ့နေရာကို ကိုယ်တိုင်စီစဉ်သွားလို့ရတာကြောင့် မိသားစုနဲ့လာတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ လာတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
ခရီးကောင်းကောင်းလည်ဖို့ဆိုတာ နေရာကောင်းတွေရွေးတာတင်မဟုတ်ဘူး… ကိုယ့်အချိန်ကို ကိုယ်စိတ်ကြိုက်အသုံးချနိုင်တာလည်း အရေးကြီးပါတယ်။ ❤️
🚗 F&J Car Rental Service
Self Drive / With Driver
📞 Ph No + 66 99-089-1493 ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ 🙏
📍 F&J Car Rental Service
🚘 Car Rental | Super Car Sales | Car Buying & Selling Service
Crd Photo