𝗔𝗨𝗥𝗔 𝗘𝗫𝗖𝗛𝗔𝗡𝗚𝗘

เว็บไซต์

𝗔𝗨𝗥𝗔 𝗘𝗫𝗖𝗛𝗔𝗡𝗚𝗘 ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก 𝗔𝗨𝗥𝗔 𝗘𝗫𝗖𝗛𝗔𝗡𝗚𝗘, Bangkok

🇲🇲 ကျပ်ပေး • 🇹🇭 ဘတ်ယူ
🇹🇭 ဘတ်ပေး • 🇲🇲 ကျပ်ယူ
🇨🇳 ကျပ်ပေး • 🇨🇳 ယွမ်ယူ
🇸🇬 ကျပ်ပေး • 🇸🇬 SGD ယူ
Bank transfer exchange

Hotel booking /Air ticket / promote pay /International School Fees/ATM cardless Withdrawl /wechat pay ငွေချေ Services

သုဝဏ္ဏဘူမိလေဆိပ်သွားမယ့် ခရီးသည်များ သတိပြုရန် - လမ်းပိုင်းပြင်ဆင်မှုကြောင့် ၇ လကြာ ယာဉ်ကြောပိတ်ဆို့နိုင်ထိုင်းနိုင်ငံရှ...
28/08/2026

သုဝဏ္ဏဘူမိလေဆိပ်သွားမယ့် ခရီးသည်များ သတိပြုရန် - လမ်းပိုင်းပြင်ဆင်မှုကြောင့် ၇ လကြာ ယာဉ်ကြောပိတ်ဆို့နိုင်

ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တင် တာမီနယ်ကို ဆက်သွယ်ထားတဲ့ ခုံးကျော်တံတားလမ်းပိုင်းတွေရဲ့ တိုးချဲ့ဆက်စပ်နေရာတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် ခုနစ်လကြာ ယာဉ်ကြောပိတ်ဆို့ ကန့်သတ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ပြုပြင်ရေးလုပ်ငန်းတွေကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ကနေ ၂၀၂၇ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ တာမီနယ်နဲ့ Motorway No. 7 ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ်အတွင်း လုပ်ငန်းခွင်ဧရိယာအနီးက ယာဉ်ကြောသုံးခုကို ပိတ်ထားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ယာဉ်ကြောနှစ်ခုကနေသာ ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။ ပြုပြင်ရေးလုပ်ငန်းတွေကို အဆင့်လိုက် ခွဲခြားလုပ်ဆောင်သွားမှာဖြစ်ပေမယ့် လူစည်ကားတဲ့အချိန်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိလာနိုင်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒါကြောင့် လေယာဉ်လွတ်သွားတာမျိုး မဖြစ်ရအောင် ခရီးသည်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီး အချိန်ပိုယူကာ သွားလာကြဖို့ အကြံပြုထားပါတယ်။ လေဆိပ်ကို အသွားအပြန်လုပ်မယ့် ခရီးစဉ်တွေအတွက် Airport Rail Link ကို အစားထိုး အသုံးပြုဖို့ တိုက်တွန်းထားသလို ယာဉ်မောင်းတွေအနေနဲ့လည်း သတ်မှတ်နေရာတွေမှာ အရှိန်လျှော့မောင်းနှင်ပြီး ယာဉ်ထိန်းရဲတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Ref : Thethaiger
#ဘန်ကောက် #သုဝဏ္ဏဘူမိလေဆိပ်

28.8.2026  (Friday) Baht(ထိုင်းဘတ်) စျေး🇲🇲 Kyatပေး 🇹🇭 Bahtယူ 100000MMK = 753 Baht🇹🇭 Bahtပေး 🇲🇲 kyatယူ 768 Baht  = 100000...
28/08/2026

28.8.2026 (Friday)

Baht(ထိုင်းဘတ်) စျေး

🇲🇲 Kyatပေး 🇹🇭 Bahtယူ
100000MMK = 753 Baht

🇹🇭 Bahtပေး 🇲🇲 kyatယူ
768 Baht = 100000MMK
(Thai All Banking/ATM cardless withdrawl )

အများစျေးသီးသန့်ရှိ Rate Cb

Yuan(တရုတ်ယွမ်) စျေး

🇲🇲Kyat ပေး 🇨🇳Yuanယူ
1 Yuan = 643 MMK

🇨🇳Yuanပေး 🇲🇲Kyat ယူ
1 Yuan = 638 MMK

(Alipay/wechat/China bank/etc..)

စင်ကာပူငွေစျေး(SGD$)

🇲🇲Kyat ပေး 🇸🇬SGDယူ
1SGD = 3380 MMK

🇸🇬SGD ပေး 🇲🇲Kayt ယူ -
1SGD=3350 MMK

(Paynow /DBS/Posb/SGD Bank/etc..)

အများဈေး ကိုယ်စားလှယ်စျေး သီးသန့်ရှိပါတယ်ရှင့်

အချိန်နှင့်အမျှ ဈေးအပြောင်းအလဲလေးရှိပါတယ်နော်

Euro /Czk ကျောင်းခသွင်း ကျောင်းသူကျောင်းသားများအတွက် ဈေးသီးသန့်ရှိပါတယ်ရှင့်

Germany Blocked account Services /Euro Buy & Sell/USDT Buy& Sell

အချိန်နဲ့အမျှဈေးအပြောင်းအလဲ ရှိလို့ Rate Confirm ပြီး ၅ မိနစ် အတွင်း Exchange လုပ်ပေးပါရှင့်။

ဝေးလို့အရွက်လာယူလို့မရနိုင်သူများအတွက် ATM cardless withdrawl ဘတ်အရွက်ရပါတယ်ရှင့်

ရုံးလိပ်စာ

Google Map
664V+6P4, Nong Phai Kaeo, Ban Bueng District, Chon Buri 20220, Thailand

#ကျပ်ပေးယွမ်ယူ #ကျပ်ပေးSGDယူ #ကျပ်ပေးဘတ်ယူ #ဘတ်ပေးကျပ်ယူ

ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် ၂၈...
27/08/2026

ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်ပင်ရန် စစ်တပ်ဗဟိုဘဏ် ညွှန်ကြား
ရန်ကုန်၊ ဩဂုတ် ၂၇
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် K-Pay၊ Wave၊ AYA Pay၊ CB Pay၊ Mobile Banking အပါအဝင် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများ ရယူနေမှုများကို ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား ကန့်သတ်ပိတ်ပင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များထံ အရေးပေါ်ညွှန်ကြားထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို ပြည်ပနိုင်ငံများမှ ဝင်ရောက်အသုံးပြု၍ မရရှိနိုင်စေရေးအတွက် Geo-blocking၊ Location-based Restriction နှင့် IP-based Restriction များအပါအဝင် နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို စနစ်တကျ အကောင်အထည်ဖော်ရန် ပြည်တွင်းပုဂ္ဂလိကဘဏ်များအားလုံးကို ညွှန်ကြားထားခြင်းဖြစ်သည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်ပမှ အသုံးပြုဆောင်ရွက်မှုများကို ကန့်သတ်ပိတ်ပင်ပြီးစီးသည့် အခြေအနေကို ဩဂုတ်လ ၂၈ ရက်နေ့ထက် နောက်မကျဘဲ ဗဟိုဘဏ်ထံ ပြန်လည်တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် ပြည်ပနိုင်ငံများမှ အသုံးပြုသူများက အဆိုပါ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များကို ဝင်ရောက်အသုံးပြုနေခြင်း ရှိ၊ မရှိကို စနစ်တကျ စိစစ်စောင့်ကြည့်ရန်၊ အသုံးပြုမှုပုံစံများနှင့် တွေ့ရှိချက်များကို မှတ်တမ်းတင်ရန်နှင့် တွေ့ရှိပါက အရေးယူဆောင်ရွက်ထားမှုများကိုပါ အစီရင်ခံစာဖြင့် ပူးတွဲတင်ပြရန် ဗဟိုဘဏ်က ဆက်လက်ညွှန်ကြားထားသည်။
ထို့ကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ရောင်းချသူများကိုယ်စား ငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဗဟိုဘဏ်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။
ယခုညွှန်ကြားချက်ကြောင့် ပြည်ပရောက်မြန်မာများအနေဖြင့် မိသားစုများထံ ငွေလွှဲပေးခြင်း၊ ပြည်တွင်းရှိ ကိုယ်ပိုင်ဘဏ်အကောင့်များကို ပြည်ပမှ Mobile Banking ဖြင့် စီမံခန့်ခွဲခြင်း၊ Payment Account များမှတစ်ဆင့် ငွေပေးချေခြင်းများတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ပရောက်မြန်မာများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။
အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ၊ သင်္ဘောသားများနှင့် နိုင်ငံခြားရောက်နေသူများအနေဖြင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ငွေကြေးပို့ဆောင်ရာတွင် ပြည်တွင်း Payment System များကို အသုံးပြုနေကြသဖြင့် ယင်းဝန်ဆောင်မှုများကို ပြည်ပမှ အသုံးပြု၍မရတော့ပါက ငွေလွှဲပို့မှုများအပေါ် တိုက်ရိုက်သက်ရောက်နိုင်သည်။
ယခင်ကလည်း ပြည်ပရောက်မြန်မာများသည် နိုင်ငံခြားမှ AYA Pay၊ KBZ Pay၊ CB Pay၊ Wave Money နှင့် Mobile Banking စနစ်များကို အသုံးပြု၍ ပြည်တွင်းမိသားစုများထံ ငွေလွှဲပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းများအကြားတွင်လည်း “ဒီနေ့ကစပြီး ပြည်ပကနေ Banking သုံးခွင့် လုံးဝပိတ်လိုက်ပြီ” ဆိုသည့် သတင်းစကားများကို မျှဝေနေကြပြီး လက် ရှိညွှန်ကြားချက်အရ တစ်ကြိမ်တည်း အပြီးပိတ်ပင်ခြင်းထက် ပြည်ပမှ အသုံးပြု၍မရစေရန် နည်းပညာပိုင်းဆိုင်ရာ အဆင့်ဆင့် ကန့်သတ်လာနိုင်သည့် အခြေအနေဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
ပထမအဆင့်အနေဖြင့် IP Address အခြေပြု ကန့်သတ်မှု ပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံပြင်ပ IP Address များဖြင့် ဝင်ရောက်အသုံးပြုပါက “Network Error”၊ “Connection Failed” စသည့် အမှားပြစာများ ပြသခြင်းမျိုး ဖြစ်လာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက​ပြောဆိုသည်။
ထို့နောက် VPN ဖြင့် မြန်မာနိုင်ငံ၏ IP Address အဖြစ် ပြောင်းလဲအသုံးပြုရန် ကြိုးစားပါက လူသုံးများသည့် VPN ဝန်ဆောင်မှုများနှင့် IP Address များကို ထပ်မံပိတ်ပင်ခြင်းမျိုးလည်း ဖြစ်လာနိုင်ကြောင်း သတိပေးသည်။
အခြားတစ်ဖက်တွင် OTP Code သည်လည်း အရေးကြီးသည့် အချက်တစ်ခုဖြစ်ပြီး ပြည်ပရောက်မြန်မာများအသုံးပြုသည့် SIM Card များထံ OTP Code မရောက်ရှိအောင် ကန့် သတ်ခြင်း သို့မဟုတ် OTP အတည်ပြုမှုကို ပြည်တွင်းဖုန်းနံပါတ်များနှင့်သာ ချိတ်ဆက်ခြင်းများ ပြုလုပ်လာပါက ပြည်ပမှ Banking Application များ ဆက်လက်အသုံးပြုရန် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
ထို့အပြင် လက်ရှိအသုံးပြုနေသည့် ဖုန်း၊ Tablet နှင့် အခြား Device များကို Security အကြောင်းပြချက်ဖြင့် ပြန်လည်အတည်ပြုခိုင်းခြင်း၊ Device အသစ်များမှ ဝင်ရောက်အသုံးပြုမှုကို ကန့်သတ်ခြင်းများ ပြုလုပ်လာပါကလည်း ပြည်ပရောက်သူများအနေဖြင့် Banking Account များကို ဆက် လက်အသုံးပြုရန် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရှိရသည်။
ထို့ကြောင့် လာမည့်ရက်ပိုင်းအတွင်း IP ကန့်သတ်မှု၊ VPN ကန့်သတ်မှု၊ OTP ပြဿနာများနှင့် Device အတည်ပြုမှုများ ပေါ်ပေါက်လာခြင်းရှိ၊ မရှိသည် ပြည်ပရောက်မြန်မာများအတွက် အဓိကစောင့်ကြည့်ရမည့် အခြေအနေဖြစ်လာနေကြောင်း သိရှိရသည်။

ဈေးပေါတဲ့ ဖုန်း ကာဗာတွေဟာ ကျောက်ကပ်ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်တယ်လို့ ဆရာဝန် သတိပေးစျေးပေါတဲ့ ဖုန်းကာဗာတွေဟာ ကျောက်ကပ်က...
26/08/2026

ဈေးပေါတဲ့ ဖုန်း ကာဗာတွေဟာ ကျောက်ကပ်ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်တယ်လို့ ဆရာဝန် သတိပေး

စျေးပေါတဲ့ ဖုန်းကာဗာတွေဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ အရည်အသွေးနိမ့်တဲ့ ဖုန်းကာဗာတွေထုတ်လုပ်တဲ့နေရာမှာ ကုန်ကျစရိတ်သက်သာအောင် စွန့်ပစ်ပစ္စည်းတွေ၊ အရည်အသွေးနိမ့် ဆိုးဆေးတွေနဲ့ ပလတ်စတစ်ပျော့ဆေးတွေကို အသုံးပြုလေ့ရှိတာကြောင့် ခဲ၊ ကဒ်မီယမ်နဲ့ ပြဒါးလိုမျိုး အန္တရာယ်ရှိတဲ့ သတ္တုတွေ ပါဝင်နေတတ်ပါတယ်။

ဒီလို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ရေရှည်ထိတွေ့နေရမယ်ဆိုရင် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့အပြင် ကျောက်ကပ်ပျက်စီးတာနဲ့ ဟော်မုန်းစနစ် ကမောက်ကမဖြစ်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတာ၊ မျိုးပွားစနစ်ကို ထိခိုက်စေတာနဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုပါ သိသိသာသာ မြင့်တက်လာစေနိုင်ပါတယ်။

ဒါကြောင့် ဖုန်းကာဗာဝယ်ယူတဲ့အခါ ယုံကြည်ရတဲ့ အမှတ်တံဆိပ်တွေကိုသာ ရွေးချယ်သင့်ပြီး ပါဝင်ပစ္စည်း အညွှန်းတွေကို သေချာစစ်ဆေးသင့်ပါတယ်။ အနံ့ပြင်းတာ၊ အရောင်အရမ်းတောက်တာနဲ့ စေးကပ်ကပ်ဖြစ်နေတဲ့ ကာဗာမျိုးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး ဖုန်းကာဗာကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးတာ၊ အပူချိန်ပြင်းတဲ့နေရာမှာ မထားတာနဲ့ အချိန်အတိုင်းအတာတစ်ခုကြာရင် အသစ်လဲလှယ်ပေးတာတွေ ပြုလုပ်သင့်ပါတယ်။

Ref : Khaosod
#ဈေးပေါတဲ့ဖုန်းကာဗာ #ကျောက်ကပ် #ကင်ဆာ

26.8.2026  (Wednesday) Baht(ထိုင်းဘတ်) စျေး🇲🇲 Kyatပေး 🇹🇭 Bahtယူ 100000MMK = 758 Baht🇹🇭 Bahtပေး 🇲🇲 kyatယူ 772 Baht  = 100...
26/08/2026

26.8.2026 (Wednesday)

Baht(ထိုင်းဘတ်) စျေး

🇲🇲 Kyatပေး 🇹🇭 Bahtယူ
100000MMK = 758 Baht

🇹🇭 Bahtပေး 🇲🇲 kyatယူ
772 Baht = 100000MMK
(Thai All Banking/ATM cardless withdrawl )

အများစျေးသီးသန့်ရှိ Rate Cb

Yuan(တရုတ်ယွမ်) စျေး

🇲🇲Kyat ပေး 🇨🇳Yuanယူ
1 Yuan = 643 MMK

🇨🇳Yuanပေး 🇲🇲Kyat ယူ
1 Yuan = 638 MMK

(Alipay/wechat/China bank/etc..)

စင်ကာပူငွေစျေး(SGD$)

🇲🇲Kyat ပေး 🇸🇬SGDယူ
1SGD = 3820 MMK

🇸🇬SGD ပေး 🇲🇲Kayt ယူ -
1SGD=3800 MMK

(Paynow /DBS/Posb/SGD Bank/etc..)

အများဈေး ကိုယ်စားလှယ်စျေး သီးသန့်ရှိပါတယ်ရှင့်

အချိန်နှင့်အမျှ ဈေးအပြောင်းအလဲလေးရှိပါတယ်နော်

Euro /Czk ကျောင်းခသွင်း ကျောင်းသူကျောင်းသားများအတွက် ဈေးသီးသန့်ရှိပါတယ်ရှင့်

Germany Blocked account Services /Euro Buy & Sell/USDT Buy& Sell

အချိန်နဲ့အမျှဈေးအပြောင်းအလဲ ရှိလို့ Rate Confirm ပြီး ၅ မိနစ် အတွင်း Exchange လုပ်ပေးပါရှင့်။

ဝေးလို့အရွက်လာယူလို့မရနိုင်သူများအတွက် ATM cardless withdrawl ဘတ်အရွက်ရပါတယ်ရှင့်

ရုံးလိပ်စာ

Google Map
664V+6P4, Nong Phai Kaeo, Ban Bueng District, Chon Buri 20220, Thailand

#ကျပ်ပေးယွမ်ယူ #ကျပ်ပေးSGDယူ #ကျပ်ပေးဘတ်ယူ #ဘတ်ပေးကျပ်ယူ

ငွေသန့်သန့်လေးထည့် ဘာမှ မဖြစ်ဘူး ဆ်ို တဲ့ အယူအဆ တွေ မှားနေပါကြောင်း.. မိမိဘဏ် သူများကို ပေးသုံးလျင် ထောင်ဒဏ် ၃နှစ်မှ 5နှ...
25/08/2026

ငွေသန့်သန့်လေးထည့် ဘာမှ မဖြစ်ဘူး ဆ်ို တဲ့ အယူအဆ တွေ မှားနေပါကြောင်း..

မိမိဘဏ် သူများကို ပေးသုံးလျင် ထောင်ဒဏ် ၃နှစ်မှ 5နှစ်ထိ ငွေ ဒဏ် 3သိန်းထိ ကျခံ နိုင်တယ်..

တခြားလူ က တဆင့် လိမ် ပြီး မိမိ ဘဏ် ထဲ ကို ဝင်လာ လျှင် လိမ်လည်မူ တရားစွဲ ရင် ...ရဲအမူ ဖြစ်လို့ မိမိ ဘဏ် ထဲ ငွေ နည်း နေလို့ သွားမရှင်းဘဲ့ ဒီအတိုင်း ထား လျှင် ဖမ်းဝရမ်း နဲ့ အချိန်မရွေး မိမိ ဆီရောက်လာ နိူင်တယ်.. (ယခု နောက်ပိူင်း အာမခံ တောင် မပေးတော့ဘူး ) အထူး သတိထားကြပါ..

မိမိ ငွေ က သန့်တယ် အလုပ်သမား ငွေတွေ အဝင်အထွက် များနေလျှင်လည်း.. တချို့ ပေါ့ပေါ့ တွေးကြတယ်..ငွေလွှဲ လုပ်ကြတာ 1 ဘတ် 2 ဘတ်
လေး ရဖို့ အန်တရာယ်ကြားမှာ ငွေကြေးခဝါ အမူ က
ထိုင်းနိုင်ငံ မှာ ယခု နောက်ပိုင်း အရေးယူ လာတာ တွေ များလာ တယ်..ပုဒ်မ 5 နဲ့ 6အရ မပေါ့ဆ ပါနဲ့
အမူ တွဲ အပေါ်မူတည်ပြီး ထောင်ဒဏ် အနည်းဆူံး 1နှစ်မှ 10 နှစ်အထိ ..ငွေဒဏ် 2 သိန်း အထိ.. အမူ တွဲ ကြီး အပေါ် မူတည်ပြီး
no.1 လိမ်လည်မူ
no.2 မိမိဘဏ် သူများပေးသူံးမူ
No.3 ငွေအဝင်အထွက်များပြီး စရင်း မတင် ပြနိုင်လျှင်
အနည်းဆုံး ထောင်ဒဏ် 1နှစ်မှ အနှစ်20ထိ ကျ ခံ နိုင်ပါတယ်..

ပေါ့ပေါ့ မတွေးကြနဲ့ လက်ရှိ ကျွန်တော် ကိုယ်တွေ့
လက်ရှိ တရားရုံး မှာ မြင်နေရတဲ့ အမူ တွေ မြန်မာ တွေ
ဘုမသိ ဘ မသိ...ခံနေရသူ အရမ်း များကြီး..

တချို​့ ထောင်တွေ ကျ ကုန်ပြီ..တချို့ က ရင်ဆိူင် နေကြရပြီ..

ထိုင်းဥပဒေ က အရမ်းတင်းကြပ် ပြီး ဖမ်းဆီး တွေ ဆက်တိုက်လာ တော့မှာ မို့ ဖြစ်နိုင်လျှင် ဆင်ဆင်ချင်ချင်လေး လူပ်ကြ ပါလို့ အမုန်းခံ တင်ပြ ပါရစေ..

အထူး သတိ..ယခု နောက်ပိုင်း အမူ တွဲ လိုက် တင်လိုက်တာ နဲ့ အာမခံ မရ သူတွေ အများကြီး ပါ...

ကိုကို ပဲ

25/08/2026

ဘတ်စျေးကျ ကျပ်စျေးတက်
ကျပ်ပေးဘတ်ယူ စျေးကောင်း🥳

ထိုင်းနိုင်ငံသား အမည်ခံသုံးတဲ့ နိုင်ငံခြားသားတွေ ပြင်းထန်တဲ့ ဥပဒေအရ အရေးယူခံရဖို့ရှိနေထိုင်းအာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်...
25/08/2026

ထိုင်းနိုင်ငံသား အမည်ခံသုံးတဲ့ နိုင်ငံခြားသားတွေ ပြင်းထန်တဲ့ ဥပဒေအရ အရေးယူခံရဖို့ရှိနေ
ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်း ထိုင်းနိုင်ငံသား အမည်ခံပြီး စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ မသမာတဲ့ ငွေမည်းလုပ်ငန်း တွေကို နှိမ်နင်းမှုတွေ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ဝင်ရောက်စီးနင်းတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာတွေအပြင် ပိုင်ဆိုင်မှု ဖွဲ့စည်းပုံတွေ၊ ငွေကြေးစီးဆင်းမှုတွေနဲ့ ထိုင်းနိုင်ငံသား ရှယ်ယာရှင်တွေကိုပါ နောက်ကြောင်းလိုက် စ-စ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ထိုင်းဒုတိယပြည်ထဲရေးဝန်ကြီးကတော့ ဒီစ-စ်ဆင်ရေးဟာ တရားမဝင်ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းဆည်းဖို့သာမက တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဖူးခက်၊ ကရာဘီ၊ ကော့ဖငန်းနဲ့ စကွန်နခွန် အစရှိတဲ့ ဒေသတွေမှာ အဲဒီလို ထိုင်းအမည်ခံ ရှယ်ယာရှင်တွေ အသုံးပြုပြီး နိုင်ငံခြားသားတွေ ထိန်းချုပ်ထားတဲ့ ဟိုတယ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အများအပြား ဖော်ထုတ်တွေ့ရှိထားပါတယ်။ ဥပမာအားဖြင့် ဖူးခက်မှာဆိုရင် နိုင်ငံခြားသားတွေ တရားမဝင် မြေယာပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်ကို တွေ့ရှိထားပြီး အဲဒီမြေတွေကို ရက်ပေါင်း ၁၈၀ အတွင်း မဖြစ်မနေ ပြန်လည်ရောင်းချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စကွန်နခွန်မှာလည်း ရွာသားတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ငွေအနည်းငယ်ပေးပြီး တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ အမည်ခံကုမ္ပဏီတွေ ဖွင့်လှစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနကနေ မသင်္ကာဖွယ်ရာ အမှုပေါင်း ၁၂၀,၀၀၀ ခန့်ကို ဆက်လက်စ-စ်ဆေးဖို့ ပေးပို့ထားပြီး ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ပြစ်ဒဏ်တွေက ပေါ့ပါးနေတဲ့အတွက် ဥပဒေတွေကို တင်းကျပ်သွားမယ့်အပြင် ပြစ်မှုကျူးလွန်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဲဒီလိုဖြစ်အောင် ကူညီပေးနေတဲ့ နိုင်ငံဝန်ထမ်းတွေကိုပါ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ ထိုင်းနိုင်ငံကို ငွေမည်းနိုင်ငံ အဖြစ်ကနေ ပပျောက်စေပြီး တရားဝင်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။
Ref : Bangkokpost

25.8.2026  (Tuesday) Baht(ထိုင်းဘတ်) စျေး🇲🇲 Kyatပေး 🇹🇭 Bahtယူ 100000MMK = 755 Baht🇹🇭 Bahtပေး 🇲🇲 kyatယူ 770 Baht  = 10000...
25/08/2026

25.8.2026 (Tuesday)

Baht(ထိုင်းဘတ်) စျေး

🇲🇲 Kyatပေး 🇹🇭 Bahtယူ
100000MMK = 755 Baht

🇹🇭 Bahtပေး 🇲🇲 kyatယူ
770 Baht = 100000MMK
(Thai All Banking/ATM cardless withdrawl )

အများစျေးသီးသန့်ရှိ Rate Cb

Yuan(တရုတ်ယွမ်) စျေး

🇲🇲Kyat ပေး 🇨🇳Yuanယူ
1 Yuan = 645 MMK

🇨🇳Yuanပေး 🇲🇲Kyat ယူ
1 Yuan = 638 MMK

(Alipay/wechat/China bank/etc..)

စင်ကာပူငွေစျေး(SGD$)

🇲🇲Kyat ပေး 🇸🇬SGDယူ
1SGD = 3840 MMK

🇸🇬SGD ပေး 🇲🇲Kayt ယူ -
1SGD=3800 MMK

(Paynow /DBS/Posb/SGD Bank/etc..)

အများဈေး ကိုယ်စားလှယ်စျေး သီးသန့်ရှိပါတယ်ရှင့်

အချိန်နှင့်အမျှ ဈေးအပြောင်းအလဲလေးရှိပါတယ်နော်

Euro /Czk ကျောင်းခသွင်း ကျောင်းသူကျောင်းသားများအတွက် ဈေးသီးသန့်ရှိပါတယ်ရှင့်

Germany Blocked account Services /Euro Buy & Sell/USDT Buy& Sell

အချိန်နဲ့အမျှဈေးအပြောင်းအလဲ ရှိလို့ Rate Confirm ပြီး ၅ မိနစ် အတွင်း Exchange လုပ်ပေးပါရှင့်။

ဝေးလို့အရွက်လာယူလို့မရနိုင်သူများအတွက် ATM cardless withdrawl ဘတ်အရွက်ရပါတယ်ရှင့်

ရုံးလိပ်စာ

Google Map
664V+6P4, Nong Phai Kaeo, Ban Bueng District, Chon Buri 20220, Thailand

#ကျပ်ပေးယွမ်ယူ #ကျပ်ပေးSGDယူ #ကျပ်ပေးဘတ်ယူ #ဘတ်ပေးကျပ်ယူ

ထိုင်းနိုင်ငံ Pattani မှာ ဗုံးတွေပေါက်ကွဲပြီး အစိုးရယာဉ်တွေ မီးရှို့ခံရထိုင်းနိုင်ငံ၊ Pattani ပြည်နယ် ၊  ပနားရဲမြို့နယ်၊...
24/08/2026

ထိုင်းနိုင်ငံ Pattani မှာ ဗုံးတွေပေါက်ကွဲပြီး အစိုးရယာဉ်တွေ မီးရှို့ခံရ

ထိုင်းနိုင်ငံ၊ Pattani ပြည်နယ် ၊ ပနားရဲမြို့နယ်၊ ဖွန်မင်းရပ်ကွက်မှာ တနင်္ဂနွေနေ့ညက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေပါ တုန်ခါမှုကို ခံစားခဲ့ရပါတယ်။

ဗုံးပေါက်ကွဲမှုအပြင် ဖွန်မင်းရပ်ကွက် စည်ပင်သာယာရေးအဖွဲ့ပိုင် အစိုးရယာဉ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့ခံရတဲ့ ယာဉ်တွေထဲမှာ အမှိုက်သိမ်းကားတစ်စီးနဲ့ မီးသတ်ကားတစ်စီး ပါဝင်ပါတယ်။

လတ်တလောမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဲဒီဖြစ်စဉ်ကို စုံစမ်းစ-စ်ဆေးနေပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

Ref : Khaosod

#ဗုံးခွဲမှု

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ 𝗔𝗨𝗥𝗔 𝗘𝗫𝗖𝗛𝗔𝗡𝗚𝗘 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

ได้รับการสนับสนุน

แชร์