Poise couture Fashionable Couture Design Creations

Hello Everyone!We’re thrilled to announce that Poise Couture has relocated to Chiang Mai! 🌿We’re now offering custom pre...
20/02/2026

Hello Everyone!

We’re thrilled to announce that Poise Couture has relocated to Chiang Mai! 🌿

We’re now offering custom pre-orders on our signature designs, tailored with elegant local fabrics. Each piece is made just for you.

DM us to start your custom journey—pricing details shared upon request.

နှစ်သစ်ကို @ကံကောင်းခြင်း@လှပခြင်း@သစ်လွင်လန်းဆန်းခြင်းတွေနှင့် စတင်နိုင်ဖို့ Poise Couture ရဲ့ နှစ်သစ် Promotions လေးနှ...
31/12/2024

နှစ်သစ်ကို
@ကံကောင်းခြင်း
@လှပခြင်း
@သစ်လွင်လန်းဆန်းခြင်းတွေနှင့် စတင်နိုင်ဖို့

Poise Couture ရဲ့
နှစ်သစ် Promotions လေးနှင့်စတင်လိုက်ကြရအောင်!

ဒီအစီအစဉ်ကို အထည်အရေအတွက် ကန့်သတ်ထားတာမျိုးမရှိဘဲ January လ တစ်လလုံး ပေးထားမှာမို့ မိမိတို့ ၁နှစ်တာလုံး ဝတ်မည့် အထည်လေးတွေကို Poise Couture နှင့်အတူ သေချာလေး တိုင်ပင် စီစဉ်ထားလို့ ရနေပါပြီရှင့်!

လက်ရာ၊ ဒီဇိုင်း ၊ သေသပ်လှပမှု ၊ ခိုင်ခန့်မှုတို့အတွက် အရည်အသွေးနှင့် ဝန်ဆောင်မှုကို အလေးထား ဖန်တီးပေးတဲ့ နေရာလေးဖြစ်ပြီး………

Calendar နှင့် စနစ်တကျ Plan ချပြီး တနေ့တာ ချုပ်လုပ်မည့် အထည်အရေအတွက်ကို ကန့်သတ်ဖန်တီးပေးတာဖြစ်လို့ အချိန်မှီမရတာ ချိန်းဆိုထားတဲ့ရက်မရမှာလည်း ပူစရာ မရှိတဲ့ ဝန်ဆောင်မှုကို ပေးထားတဲ့အပြင်…

မင်္ဂလာသတို့သမီးများအတွက် မိမိတို့ စိတ်ကြိုက်ဒီဇိုင်းကို စိတ်ကြိုက်ဖန်တီးဝတ်ဆင်နိုင်ဖို့ သီးသန့်ဆွေးနွေးတိုင်ပင်ပြီး ဒီဇိုင်းရေးဆွဲဖန်တီးပေးတဲ့ ဝန်ဆောင်မှုများလည်း ရှိနေတာမို့……………

January Promotionsလေးကို အပြေးလာလိုက်တော့နော်

လိပ်စာက
44(A) Golden Valley, Bahan Township, Yangon.
09 964514931

အားလုံးဘဲ Happy New Year ပါရှင့်!2025 နှစ်သစ်မှ စလို့ စိတ်သစ် လူသစ် Poise Couture ရဲ့ ဒီဇိုင်းအသစ်လေးများဖြင့် ၁နှစ်တာလု...
31/12/2024

အားလုံးဘဲ Happy New Year ပါရှင့်!
2025 နှစ်သစ်မှ စလို့ စိတ်သစ် လူသစ် Poise Couture ရဲ့ ဒီဇိုင်းအသစ်လေးများဖြင့် ၁နှစ်တာလုံး လန်းနိုင် ဖလန်းနိုင်ကြပါစေရှင့်……………

ကျွန်မ Singapore ကနေ ဝယ်လာတဲ့ ပိတ်စတွေက ၁၀နှစ်ကြာတာတောင် အရောင်အသွေး quality လုံးဝကျမသွားဘူး....ရောင်းတဲ့သူက သူ့ဟာ Belgi...
19/12/2024

ကျွန်မ Singapore ကနေ ဝယ်လာတဲ့ ပိတ်စတွေက ၁၀နှစ်ကြာတာတောင် အရောင်အသွေး quality လုံးဝကျမသွားဘူး....
ရောင်းတဲ့သူက သူ့ဟာ Belgium Wool လေးဘာလေး ကြွားလွှတ်လိုက်သေးတာ....
ကိုယ်ကလည်း အသားရော အရောင်ရော ကြိုက်လို့ ဝယ်ထားမိတယ် ပြောပါတော့....
အဲ့ဒါတွေသာ မှတ်မိတာနော်...
1 Meter ဘယ်လောက်ပေးဝယ်ခဲ့ရသလဲ မမှတ်မိ...
၁၀နှစ်ကျော်ကြာမှ Research လုပ်မိတော့ ဒင်း ဂျင်းထည့်လိုက်တာတော့...
Company က England ကပါတော်.... ဘး်မှလည်း မဂျီရန်ပါဘူး.....
BKKမှာလည်း ဝယ်လို့ရတာတွေ့တယ်....
Singapore က ဆိုင်ရှင်ကတော့ သူဘယ်က ဝယ်သလဲ သူသာ အသိဆုံးဖြစ်မှာပါ ဘိုးတော်ရယ်....
တကယ်က ဒါလေးက အိမ်းတွင်း ပိုက်ဆံမရတဲ့ Royal fun လေးအတွက် ဒီနှစ် Christmas ချုပ်ပေးနေတဲ့ အမှတ်တရပေါ့.....

တနေ့က လာအပ်တယ်…၄ရက်နေ့ လိုချင်ပါတယ်တဲ့…အဲ့ဒီလောက် ရက်ကပ်တော့ လွယ်တာလေးဘဲ ချုပ်ပေးလို့ရမှာ ဆိုတော့ ရပါတယ်တဲ့………ပိတ်ပြောင်...
01/12/2024

တနေ့က လာအပ်တယ်…
၄ရက်နေ့ လိုချင်ပါတယ်တဲ့…
အဲ့ဒီလောက် ရက်ကပ်တော့ လွယ်တာလေးဘဲ ချုပ်ပေးလို့ရမှာ ဆိုတော့ ရပါတယ်တဲ့………
ပိတ်ပြောင်က ၁ကိုက်ဖြတ်လာပေးတော့ လက်လည်း မရတာနဲ့ ဆွဲထားပြီးသားထဲက လက်ပြတ်လေးတွေ ရွေးကြည့်ခိုင်းတော့ ဒီDesign ဘဲ ရွေးပြန်တယ်…
Customer တိုင်း ကြိုက်ကြတဲ့ ဒီဇိုင်း/ ရိုးရိုးရှင်းရှင်းလေး ဆိုပင်မဲ့ Poise Couture ရဲ့ ထုံးစံ အစဉ်အလာမပျက် pattern run ဆွဲပြပြီး customer စိတ်ကြိုက် ရွေးချယ်ခွင့် Service လေး လုပ်ပေးထားတယ်……
ခုည ဆွဲလို့ ပြီးပြီးချင်းဘဲ ပုံတွေတော့ပို့ထားပြီ…
ဘယ်တစ်ခု သူကြိုက်မယ်မသိ………
ဘယ်သူတွေကရော ဘယ်တစ်ခုကြိုက်သလဲ????

တကယ်က PC က ပွဲတက်သီးသန့် customize ဖန်တီးတဲ့နေရာလေး တစ်ခုပါ………မိမိကိုယ်ပိုင် သီးသန့် ဒီဇိုင်းကိုမှ မိမိကိုယ်ပေါ်တင်ဝတ်ချ...
26/11/2024

တကယ်က PC က ပွဲတက်သီးသန့် customize ဖန်တီးတဲ့နေရာလေး တစ်ခုပါ………
မိမိကိုယ်ပိုင် သီးသန့် ဒီဇိုင်းကိုမှ မိမိကိုယ်ပေါ်တင်ဝတ်ချင်တာပါ ဆိုတဲ့ သူတွေအတွက် သီးသန့်ဖန်တီးပေးတဲ့ နေရာမျိုးလေးပါ…
ဒါပင်မဲ့ ကိုယ့်ရဲ့ အမာခံ တွေက ကိုယ့်လက်ရာ ကိုယ်ဒီဇိုင်းမှ ဝတ်ချင်တာပါလို့ မြှောက်ပြောလာရင်တော့ ခုလို ရုံးသွား အလုပ်သွား Elegance & Smart ဖြစ်တဲ့ ဒီဇိုင်းတွေပါ လုပ်ပေးဖြစ်ပါတယ်!

Poise Couture က အလူပ်တွေ ဘယ်လိုလုပ်သလဲဆိုတာတော့ အလုပ်ပါးတဲ့ တစ်ရက် ရှင်းပြမယ်နော်…

ခုတော့ ………
ဒီအထဲကရော ဘယ်ဒီဇိုင်းလေးတွေ ကြိုက်ကြလဲ ဗျို့…
အားရှိအောင် Comment လေးနှင့် အားပေးသွားဦးနော်……

တစ်နေ့လုံး တစ်ညလုံးဆွဲတာ ခုမနက် 5:30AM မှ ပြီးတယ်ကွယ်! ၁ရက်နေ့အမှီ ၃ယောက် ၃ထည်ဆိုတော့ ချုပ်ပေးရတာ မြန်ပြီးLook fresh ဖြစ...
24/11/2024

တစ်နေ့လုံး တစ်ညလုံးဆွဲတာ ခုမနက် 5:30AM မှ ပြီးတယ်ကွယ်!
၁ရက်နေ့အမှီ ၃ယောက် ၃ထည်ဆိုတော့ ချုပ်ပေးရတာ မြန်ပြီးLook fresh ဖြစ်မည့် ဒီဇိုင်းမျိုးဘဲ ဆွဲပေးထားတယ်…………
နောက်ဆိုရင် စောစော အလုပ်အပ်ကြပါနော်………
ဖန်တီးရတာကြိုက်ပင်မဲ့ အိပ်ရေးပျက်ရတာတော့ မကြိုက်ဘူးကွယ်………
ဘယ်သူက ဘယ်ဒီဇိုင်းကြိုက်ကြမလဲ????
အားဆေးတိုက်တယ် သဘောထားပြီး Comment ထဲမှာ ရေးပေးခဲ့ဦးနော်………

အချိန်ပိုင်း စက်ချုပ်နှင့်Fashion Couture House အတွက် styling, content, Digital Marketing အပိုင်းများအတွက် အချိန်ပိုင်း ...
21/10/2024

အချိန်ပိုင်း စက်ချုပ်
နှင့်
Fashion Couture House အတွက် styling, content, Digital Marketing အပိုင်းများအတွက် အချိန်ပိုင်း ဝန်ထမ်းများ အလိုရှိသည်။

စိတ်ဝင်စားသူများ Poise Couture ရဲ့ Page Messanger ကို CV ပို့ပေး မိမိလှောက်ထားလိုသော အလုပ်အမျိုးအစားကို ရေး၍ လျှောက်ထားနိုင်ပါသည်။

အချိန်ပိုင်းဆိုပင်မဲ့ မိမိလုပ်လိုသော ရက်တွင်
တစ်နေ့လျှင် အနည်းဆုံး ၅နာရီ လုပ်ကိုင်နိုင်သူများသာ လျှောက်ထားပါရန်…………

https://www.facebook.com/poisecouture

18/10/2024

အပေါ်အင်္ကျီလေးနော်....အထဲက customer အပ်ထည်လေး....မီးပူမတိုက်ဘဲလာကြွားတာတော့ ခွင့်ပြု....

18/10/2024

လွန်ခဲ့သော ၁၀ကျော်က ဖန်တီးခဲ့တဲ့ collections လေးကို ခုcustomer တစ်ယောက်က မြင်ပြီး ကြိုက်လို့ဆိုတော့ ပျော်ပြီလေ...ကျွန်မ ဒီဇိုင်းက ၁၀ကျော်တာတောင် ရိုးမသွားတဲ့ Timeless Fashion ပေါ့☺️😝😍

ที่อยู่

San Klang, San Kamphaeng
Chiang Mai
50130

เวลาทำการ

อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00
อาทิตย์ 09:00 - 18:00

เบอร์โทรศัพท์

+959964514931

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Poise coutureผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Poise couture:

แชร์