All About Thailand By Nang San II

All About Thailand By Nang San II ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก All About Thailand By Nang San II, หน่วยงานให้คำปรึกษา, 8/15, Klong Maduea, Samut Sakhon.

All About Thailand By Nang San page ရဲ့ Official page ခွဲတစ်ခုဖြစ်ပါတယ်။ main page ပျက်သွားရင် အကိုအမတို့နဲ့ အဆက်မသွယ်မပျက်အောင်ကြိုတင်ဖွင့်ထားတာပါ။ page နှစ်ခုလုံးပါ စိတ်ချယုံကြည်စွာဆက်သွယ်နိုင်ပါတယ်ရှင့်။

28/07/2026

CI စာအုပ် အသစ်လုပ်တာကို လက်ခံတာပိတ်လိုက်ပါပြီနော် ယုံကြည်ပြီး နန်းစံတို့ဆီမှာ ဝန်ဆောင်မူယူခဲ့တဲ့ အကိုအမတွေကို ကျေးဇူးတင်ပါတယ်ရှင့်

📢 အရေးပေါ်သတင်းထိုင်းအစိုးရအဖွဲ့ (Cabinet) ၏ နောက်ဆုံးဆုံးဖြတ်ချက် (14 ဇူလိုင် 2026)🇹🇭 ရွှေ့ပြောင်းအလုပ်သမားများ၏ Work P...
21/07/2026

📢 အရေးပေါ်သတင်း
ထိုင်းအစိုးရအဖွဲ့ (Cabinet) ၏ နောက်ဆုံးဆုံးဖြတ်ချက် (14 ဇူလိုင် 2026)
🇹🇭 ရွှေ့ပြောင်းအလုပ်သမားများ၏ Work Permit သက်တမ်းတိုးခြင်း

ထိုင်းအလုပ်အကိုင်ဦးစီးဌာန (Department of Employment) မှ ထုတ်ပြန်ထားသော ကြေညာချက်အရ Work Permit သက်တမ်းတိုးခြင်းဆိုင်ရာ အရေးကြီးအချက်များ ကို အလွယ်တကူ နားလည်နိုင်ရန် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

✅ ဘယ်သူတွေ အကျုံးဝင်သလဲ?
Work Permit သက်တမ်း 11 ဒီဇင်ဘာ 2026 တွင် ကုန်ဆုံးမည့် လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများ (Cabinet Resolution – 11 နိုဝင်ဘာ 2025 အရ)

🎉 ရရှိမည့် အခွင့်အရေး

ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကို 11 ဒီဇင်ဘာ 2027 အထိ သက်တမ်းတိုးခွင့် ပြုထားပါသည်။
📋 အလုပ်ရှင်နှင့် အလုပ်သမားများ လုပ်ဆောင်ရမည့် အချက်များ
① Work Permit သက်တမ်းတိုး လျှောက်ထားခြင်း
① သက်တမ်းတိုးလျှောက်လွှာ တင်သွင်းရန်
① သက်ဆိုင်ရာ အခကြေးငွေ ပေးသွင်းရန်

🗓 သက်တမ်းတိုးလျောက်ထားခြင်းကို 11 ဒီဇင်ဘာ 2026 မတိုင်မီ အပြီးလုပ်ဆောင်ထားရပါမည်။
📌 မှတ်ချက်
ငွေပေးချေပြေစာ (Receipt) နှင့် လျှောက်လွှာလက်ခံပြေစာကို တွဲဖက်ထားရှိပါက Work Permit အသစ် မရမချင်း ယာယီအလုပ်လုပ်ခွင့် အထောက်အထားအဖြစ် အသုံးပြုနိုင်ပါသည်။

② ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံ
အလုပ်သမားများသည် အစိုးရအတည်အမှတ်ပြုထားသော ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးရမည်။
အစိုးရအတည်အမှတ်ပြုထားသော ကျန်းမာရေးအာမခံ သို့မဟုတ် လူမှုဖူလုံရေးအာမခံ သို့မဟုတ် သတ်မှတ်ထားသည့် ကျန်းမာရေးအာမခံ ထားရှိရမည်

③ Visa တံဆိပ် ထိုးခြင်း

🗓 30 ဇွန် 2027 မတိုင်မီ

လူဝင်မှုကြီးကြပ်ရေးဌာန (Immigration) တွင် Visa တံဆိပ် ထိုးရပါမည်။

📌 Passport မရှိသေးသူများ သို့မဟုတ် Passport အစား အသုံးပြုနိုင်သည့် စာရွက်စာတမ်း မရှိသေးသူများသည် အဆိုပါ စာရွက်စာတမ်းများကို အမြန်ဆုံး ပြုလုပ်ပြီး 30 ဇွန် 2027 မတိုင်မီ Visa တံဆိပ် ထိုးရန် လိုအပ်ပါသည်။
📌 ယခုလက်ရှိတွင် 11 Dec 2026 အထိ Visa သက်တမ်းရရှိထားသူများ Work Permit သက်တမ်းတိုးလျောက်ထားပြီးပါက 11 Dec 2027 သက်တမ်းရှိသော Visa ကို လျောက်ထားနိုင်ပါသည်။
📌 Visa မရရှိထားသူများကတော့ Visa တုံး 2 တုံးထုရပါမည်။

④ Pink Card (ဘတ်ချွန်ဖူ) Update ပြုလုပ်ခြင်း
နောက်ဆုံးအဆင့်အနေဖြင့်
အလုပ်သမား မှတ်တမ်းအချက်အလက်များ Update ပြုလုပ်ရန်
Pink Card (ဘတ်ချွန်ဖူ) အသစ် ပြုလုပ်/ပြင်ဆင်ရန် လိုအပ်ပါသည်။

👨‍👩‍👧 မိသားစုလိုက်ပါသူများ၏ အခွင့်အရေး
အသက် 18 နှစ်မပြည့်သေးသော သားသမီးများ သည် မိဘ၏ အခွင့်အရေးအတိုင်း ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ နေထိုင်ခွင့်သက်တမ်းအတိုင်း ကျန်းမာရေးအာမခံထားရှိထားရပါမယ်။

📌 All About Thailand by Nang San မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာညီအစ်ကို မောင်နှမများအတွက် နောက်ဆုံးထွက် ဥပဒေနှင့် အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေပါသည်။

၃၁ မတ် ၂၀၂၆ ကုန် သက်တမ်းတိုးမဲ့ အဖွဲ့အတွက် သက်တမ်းတိုး စရံလက်ခံနေပါပြီ၃၁ မတ် ၂၀၂၆ မှာ ဗီဇာကုန်မဲ့ သူများ သက်တမ်းတိုးဖို့...
24/01/2026

၃၁ မတ် ၂၀၂၆ ကုန် သက်တမ်းတိုးမဲ့ အဖွဲ့အတွက် သက်တမ်းတိုး စရံလက်ခံနေပါပြီ

၃၁ မတ် ၂၀၂၆ မှာ ဗီဇာကုန်မဲ့ သူများ သက်တမ်းတိုးဖို့အတွက် စာရင်းနဲ့ စရံ စတင်လက်ခံနေပါပြီရှင့်

ဈေးနှုန်းကတော့ အရင်ကပြောထားတဲ့အတိုင်း ပြောင်းလဲမူမရှိပါဘူးရှင့်။
နန်းစံသူငှေးအောက်မှာရှိနေတဲ့သူတွေအနေနဲ့ Page CB မှာ

၁- မိမိနာမည်
၂ - Work Permit နံပါတ် ( 668######xx )
၃ - ဆက်သွယ်နိုင်သော ဖုန်းနံပါတ်
၄ - ကိုယ်တပိုင်းပုံ သို့ လိုင်စင်ပုံ
၅- စရံငွေ ၄၅၀၀ လွဲထားလို့ရပါတယ်ရှင့်။

အခြားမှာ ဘတ်လုပ်ထားပြီး နန်းစံသူငှေးအောက် သက်တမ်းတိုးချင်များအနေနဲ့ကတော့ သူငှေးအရင်ပြောင်းရပါမယ် သူငှေးပြောင်းတာအတွက် လိုအပ်တဲ့

၁- မိမိနာမည်
၂ - Work Permit စာရွက်
၃ - ဆက်သွယ်နိုင်သော ဖုန်းနံပါတ်
၄ - ကိုယ်တပိုင်းပုံ သို့ လိုင်စင်ပုံ
၅- သူငှေးပြောင်းခ ၁၅၀၀ လွဲထားလို့ရပါတယ်ရှင့်။

မိမိကိုယ်ပိုင်သူငှေးနဲ့ သက်တမ်းတိုးချင်တဲ့သူများအနေနဲ့ကတော့

၁- မိမိနာမည်
၂ - ဝေါ့ပါမစ်နံပါတ်
၃ - ဆက်သွယ်နိုင်သော ဖုန်းနံပါတ်
၄ - ကိုယ်တပိုင်းပုံ သို့ လိုင်စင်ပုံ
၅- သူငှေးစာရွက်စာတမ်းများ ပေးပို့ပြီး သက်တမ်းတိုးဖို့အတွက် ပြင်ဆင်နိုင်ပါပြီ။

သူငှေးစာရွက်စာတမ်းလိုအပ်ချက်အတွက် CB မှာ အသေးစိတ်မေးမြန်းလို့ရပါတယ်ရှင့်။

31 March 2026 သက်တမ်းကုန်မဲ့သူတွေအတွက် သက်တမ်းတိုး လမ်းစဉ် သက်တမ်းတိုးလမ်းစဉ်အနေနဲ့ အဓိကအရေးကြီးတဲ့ အဆင့် 5 ဆင့်ရှိပါတယ်...
14/01/2026

31 March 2026 သက်တမ်းကုန်မဲ့သူတွေအတွက် သက်တမ်းတိုး လမ်းစဉ်

သက်တမ်းတိုးလမ်းစဉ်အနေနဲ့ အဓိကအရေးကြီးတဲ့ အဆင့် 5 ဆင့်ရှိပါတယ်

Step 1 - Workpermit လျှောက်လွှာတင်ခြင်း
ပထမဆုံးအဆင့်အနေနဲ့ အလုပ်ရှင်ဖက်ကနေ အလုပ်သမားအတွက် Workpermit သက်တမ်းတိုးလျှောက်လွှာတင်သွင်းရပါမယ် တင်သွင်းပြီးရင် ဘောတော ၃၀ နဲ့ ငွေချေစာရွက် ၁၀၀ တန်ရပါမယ်။

Step 2 - ဆေးစစ်၊ အာမခံဝယ်ယူပြီး Workeprmit ဖိုးသွင်းခြင်း
ဘောတော ၃၀ နဲ့ ငွေချေ ၁၀၀ တန်စာရွက်ရထားတဲ့သူတို့အတွက် ဆေးစစ်၊ ကျန်းမာရေးအာမခံဝယ် ( ပကန်ဆန်ခုံးရှိသူမှ ပကန်ဆန်ခုံးသုံး ) ပြီး Workpemrit ဖိုး ၉၀၀ ကို 31 March 2026 မတိုင်ခင် အပြီးချေပြီးဖြစ်ရပါမယ်။

*ရက်စွဲကိုသတိထားပါ 31 March 2026 မတိုင်ခင် workerpmit သက်တမ်းတိုးသူတိုင်း workpermit ငွေချေစာရွက် ၉၀၀ တန်ရပြီးဖြစ်ထားရပါမယ်။ နန်းစံတို့အနေနဲ့ကတော့ Feb 2026 လောက်ဆိုရင် နောက်ဆုံးငွေသွင်းတာကိုပိတ်မှာပါ။

Step 3 - စစ်ဆေးအတည်ပြုခြင်း
အလုပ်ရှင်ဖက်ကနေ တင်လိုက်တဲ့ လျောက်လွှာတွေကို အလုပ်သမားရုံးက အရာရှိကစစ်ဆေးပြီး အတည်ပြုစာရွက် Workpermit ထုတ်ပေးရမှာဖြစ်ပါတယ်။
workpermit သက်တမ်းအနေနဲ့ 31 March 2027 အထိ workeprmit သက်တမ်းရရှိမှာဖြစ်ပါတယ်။

Step 4 - Non LA visa သက်တမ်းတိုးခြင်းနှင့် စာအုပ်မရှိသောသူများ CI စာအုပ်ပြုလုပ်ပြီး Non LA visa ထည့်ခြင်း
သက်တမ်းတိုး Work Permit ရထားသူတွေအနေနဲ့ 28 Sep 2026 နောက်ဆုံးထားပြီး စာအုပ်ထဲကို Visa ထည့်ထားရမှာဖြစ်ပါတယ်။ 28 Sep 2026 နောက်ဆုံးထားပြီး Visa မထည့်ထားပါက နောက်နှစ်တွေဆက်ပြီး သက်တမ်းတိုးလို့ရနိုင်ဖို့မသေချာပါ။

Step 5 - Workpermit Update ပြုလုပ်ခြင်း
စာအုပ်ထဲ Visa ထည့်ပြီးပြီဆိုရင်တော့ Workpermit ကို update ပြန်လုပ်ရပါမယ်။ အဲ့ဒါမှသာ Workeprmit မှာ Visa Number ပါလာမှာဖြစ်ပါတယ်။ Workpermit update လုပ်ပြီးရင်တော့ လူကိုယ်တိုင်လိုက်ပြီး Workeprmit Card ထုတ်ရပါမယ်။

ဒါကတော့ 31 March 2026 သက်တမ်းကုန်မဲ့ အလုပ်သမားအတွက် သက်တမ်းတိုးလမ်းစဉ်အကျဉ်းချုပ်ဖြစ်ပါတယ်။

နန်းစံနဲ့ သက်တမ်းတိုးချင်တဲ့သူတွေအနေနဲ့ Comment မှာပေးထားတဲ့ Form ကိုဖြည့်ပြီး စာရင်းသွင်းနိုင်ပါတယ်ရှင့်။

#ဘတ်ရိုက်ခြင်း ိုနန်းစံကိုသတိရလိုက်ပါ ်တမ်းတိုး #ထိုင်းရောက်မြန်မာသတိထားစရာ

31 March 2026 သက်တမ်းကုန်မဲ့သူတွေအနေနဲ့ Work Permit တိုးတာကို 31 March 2026 အပြီးတိုးထားရမှာဖြစ်ပါတယ်နော်။ 31 March 2026...
13/01/2026

31 March 2026 သက်တမ်းကုန်မဲ့သူတွေအနေနဲ့ Work Permit တိုးတာကို 31 March 2026 အပြီးတိုးထားရမှာဖြစ်ပါတယ်နော်။

31 March 2026 work permit ကုန်မှ တိုးရမှာ မဟုတ်ပါဘူး ဒါကြောင့် အခုကတည်းက စာရွက်စာတမ်းပြင်ဆင်ပြီး ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေ ပြင်ဆင်ထားကြပါနော်။

နန်းစံဆီ သက်တမ်းတိုးမယ် စာရင်းသွင်းထားတဲ့သူတွေကို ဆက်သွယ်ပြီး တိုးဖြစ်မဖြစ်နဲ့ တိုးဖြစ်ပါက စရံငွေများ ကောက်ခံသွားပါမယ်နော်။

နန်းစံတို့ရုံးက သက်တမ်းတိုးဈေးနှုန်းပါ Option 1 - သူငှေးရှိ/ ပကန်ရှိ  -  4,700 ဘတ်Option 2 - သူငှေးရှိ/ ပကန်မရှိ ( အာမခံ...
12/01/2026

နန်းစံတို့ရုံးက သက်တမ်းတိုးဈေးနှုန်းပါ
Option 1 - သူငှေးရှိ/ ပကန်ရှိ - 4,700 ဘတ်
Option 2 - သူငှေးရှိ/ ပကန်မရှိ ( အာမခံ 6 လ) - 5,700 ဘတ်
Option 3 - သူငှေးရှိ (မဲ့ဘန့် ) အာမခံ 12 လ - 6,700 ဘတ်
Option 4 - သူငှေးမရှိ/ အာမခံ 12 လ - 7,700 ဘတ်
Option 5 - သူငှေးမရှိ (ချင်းမိုင်) / အာမခံ 12 လ - 8,700 ဘတ်
❌ဝန်ဆောင်ခတွင် မပါဝင်သောအရာများ
🛑 ပန်းရောင်ကဒ်ထုတ်ခြင်း
🛑 CI စာအုပ်အသစ်ပြုလုပ်ခြင်း
🛑 Visa ထည့်ခြင်း
*CI စာအုပ်ပြုလုပ်ပါက 5000 ခန့်
* Visa ထည့်ပါက 1500 - 2000 ဘတ်
🚩အခြားသူငှေးမှ နန်းစံတို့သူငှေးထဲသို့ပြောင်းဝင် သက်တမ်းတိုးမည်ဆိုပါက သူငှေးပြောင်းခ 1500 ဘတ် သီးသန့်ပေးရပါမယ်။
လိုအပ်ချက်
1 - ဓာတ်ပုံ
2- Work Permit ( နန်းစံသူငှေးမှသူများ မလိုအပ်ပါ )
3- Passbio page & Visa page
4- ဖုန်းနံပါတ်
5- E-Workpermit ဖွင့်ထားပါက E-Workpermit Email and Password
💰 ငွေပေးချေခြင်း
1 - စရံ - 3000 ဘတ်
2 - ဘောတော ၃၀ ကျပါက ကျန်ငွေသွင်းရပါမယ်။
အသေးစိတ်ကို CB မှာမေးမြန်းနိုင်ပါတယ်ရှင့်။

ที่อยู่

8/15, Klong Maduea
Samut Sakhon
74110

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:00
อาทิตย์ 09:00 - 18:45

เบอร์โทรศัพท์

+66805055776

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ All About Thailand By Nang San IIผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง All About Thailand By Nang San II:

ทางลัด

แชร์