08/08/2026
TPS ကာကွယ်ခွင့် အဆုံးသတ်သွားခြင်းဟာ အမေရိကန်ရှိ မြန်မာများအတွက် အရေးကြီးတဲ့ အခြေအနေပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံး လုံခြုံပြီး တရားဝင်သော နေထိုင်ခွင့်လမ်းကြောင်းများ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကူညီရာမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Ku Nyi Yar "Wherever You Are"
TPS (Temporary Protected Status) ဆိုတာ စစ်ပွဲ၊ သဘာဝဘေး၊ နိုင်ငံရေးမတည်ငြိမ်မှု စသည့် အရေးပေါ်အခြေအနေများကြောင့် မိခင်နိုင်ငံသို့ လုံခြုံစွာ မပြန်နိုင်သေးသူများအတွက် အမေရိကန်အစိုးရက ယာယီပေးထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကာကွယ်ခွင့် ဖြစ်ပါတယ်။
TPS ရှိနေစဉ်ကာလအတွင်း အမေရိကန်တွင် ယာယီနေထိုင်နိုင်ခြင်း၊ ပြန်ပို့ခံရမှုမှ ကာကွယ်ပေးခြင်းနှင့် EAD အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ခြင်းတို့ ရှိသော်လည်း TPS ဟာ Green Card သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်အဖြစ် အလိုအလျောက်ပြောင်းပေးတဲ့ အစီအစဉ်တော့ မဟုတ်ပါဘူး။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများကြောင့် TPS သတ်မှတ်ချက်ရှိထားခဲ့ပေမယ့် 2026 ခုနှစ် ဇန်နဝါရီလ 26 ရက် မှာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ဖူးပါတယ်
ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်အပေါ် တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း TPS အဆုံးသတ်မှုကို ယာယီရပ်ထားခဲ့တာကြောင့် ကာကွယ်ခွင့်ကို ဆက်လက်ရရှိနေခဲ့ပါတယ်။
သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လ 7 ရက် တွင် တရားရုံးက ထိုယာယီရပ်ဆိုင်းမှုကို ဆက်လက်ထားရှိမှာမဟုတ်တော့ကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသားများအတွက် TPS ကာကွယ်ခွင့်ဟာ အဲဒီရက်ကစပြီး အဆုံးသတ်သွားတော့မှာဖြစ်သလို
TPS အပေါ်အခြေခံ၍ ရရှိထားသော EAD အလုပ်လုပ်ခွင့် များလည်းရပ်တန့်သွားတော့မှာဖြစ်ပါတယ်
ဒီအခြေအနေဟာ TPS မရခင်က ရှိထားသည့်၊ သို့မဟုတ် TPS ရှိနေစဉ် တရားဝင်ရရှိထားသည့် အခြား visa/status တစ်ခုက သက်တမ်းရှိနေသေးလျှင် ထို status အတိုင်း ဆက်လက်နေထိုင်နိုင်သော်လည်း
TPS တစ်ခုတည်းကို အခြေခံပြီး အမေရိကန်တွင် နေထိုင် သို့မဟုတ် အလုပ်လုပ်နေသူများအတွက် အရေးကြီးသည့် အခြေအနေပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်
ထို့ကြောင့် မိမိတွင် asylum လျှောက်လွှာ၊ အခြား visa/status သို့မဟုတ် အခြားတရားဝင်နေထိုင်ခွင့်လမ်းကြောင်းရှိ/မရှိကို အမြန်စစ်ဆေးသင့်ပြီး
လိုအပ်ပါက တရားဝင် immigration attorney သို့မဟုတ် အသိအမှတ်ပြု legal service provider ထံ အကြံဉာဏ်ရယူဖို့လိုအပ်မှာဖြစ်ပါတယ်
Migrant Chat
Powered by Ku Nyi Yar
"ထိုင်းနိုင်ငံရဲ့ ဗီဇာနှင့် Passport ဆိုင်ရာ ဝန်ဆောင်မှုများအတွက် Visa by Ku Nyi Yar မှာ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်"
fans