Sa Hta Gan Facebook ISA နှင့် YouTube ငွေထုတ်...

ကျွန်တော်တို့က မြန်မာပြည်က သူဌေးလောင်း Youtuber, Vlogger တွေကို စိတ်အေးလက်အေး Content လေးတွေကို အပူပင်မရှိဖန်တီးနိုင်အောင် Online က ကိစ္စအဝဝ ကို တာတန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။
Channel, Page တွေစထောင်တာကစပြီး ငွေထုတ်/ငွေသွင်း အစကနေအဆုံးထိ တာဝန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို hello လေးလုပ်လိုက်တာနဲ့ ဆွေးနွေးပေးတာကနေစလို့ ဝန်ဆောင်မှုပေးပါတယ်။
ဆက်သွယ်ရန်။
page: https://web.facebook.com/SahtaganMyanmarYoutubeService
Phone: 0824054359
Email: [email protected]

🔴 YouTube Marketing အတွက် လက်တွေ့သုံးနိုင်တဲ့ Strategy (၉) ချက်👉 လုပ်ငန်းအတွက်သုံးဖို့ YouTube Channel တစ်ခုရှိနေတာက အတေ...
10/09/2024

🔴 YouTube Marketing အတွက် လက်တွေ့သုံးနိုင်တဲ့ Strategy (၉) ချက်
👉 လုပ်ငန်းအတွက်သုံးဖို့ YouTube Channel တစ်ခုရှိနေတာက အတော်ကိုအသုံးဝင်ပါတယ်။
- ကိုယ့်ရဲ့ Product ကိုလူသိများလာအောင်ပြတဲ့အဆင့်ကနေ ကိုယ့်ရဲ့ ဖောက်သည်တွေကို Educate လုပ်နိုင်တဲ့အထိကိုလုပ်နိုင်တာပါ။
- ကိုယ့်ရဲ့ဖောက်သည်တွေကို YouTube ကနေတိုက်ရိုက်ရှာနိုင်ပါတယ်။
- ဒါပေမယ့် Video တွေတင်နေရုံနဲ့တော့ ရလဒ်ကောင်းကောင်း‌တွေထွက်လာဖို့အထိမျှော်လင့်ထားလို့တော့ မရပါဘူး။

♾️ ကဲဒါဆိုဘာတွေလုပ်ဖို့လိုလဲ။

1️⃣ နယ်ပယ်သတ်မှတ်ပါ။
Creator သမားတွေအတွက်ကတော့ Niche ကိုကျယ်ကျယ်ထားနိုင်ပေမယ့် ကိုယ်က Business အတွက်သုံးမှာ ဆိုရင်တော့ ကိုယ့် လုပ်ငန်းအတွက်သင့်တော်မယ့် ပုံစံမျိုးနှင့်ပဲကောင်းပါတယ်။
- ချန်နယ်နာမည် (ကိုယ့်လုပ်ငန်းနာမည်ရှိရင်သုံး)
Name, Brand, Category, Descriptive (နာမည်အမျိုးစား (၄) မျိုး)
- Logo
- Brand Color

2️⃣ Audience သတ်မှတ်ပါ။
ဘယ်သူတွေအတွက် ဗီဒီယိုဖန်တီးမှာလဲ။ သူတို့တွေကဘယ်လို ဗီဒီယိုတွေကိုကြည့် ကြတာလဲ။ စတဲ့အခြေခံ အချက်တွေပေါ် မှုတည်ပြီး ကိုယ့်Audience တွေကိုရှာဖွယ်နိုင်ပါတယ်။ ကိုယ့် Channel ကဖွင့်ထားတာကြာနေပြီဆိုရင် Analytics ထဲမှာဝင်ကြည့်လို့ရနိုင်ပါတယ်။ ကိုယ်ကအခုမှအသစ်ဖွင့်မှာဆိုရင်တော့ Content လေးတွေစမ်းသပ်ဖန်တီးပြီး ကိုယ့်ရဲ့ Audience တွေဘယ်သူတွေဖြစ်နိုင်မလဲ စမ်းသပ်ကြည့်တာကောင်းပါတယ်။ ကိုယ့်မှာတခြား Social Media Page တွေရှိ‌ရင် Link ချိတ်ထားနိုင်ပါတယ်။

3️⃣ ပြိုင်ဘက်တွေနှင့်နိုင်းယှဥ်ကြည့်တာမျိုးလုပ်ပါ
Competitor Analysis လုပ်ခြင်းဖြင့်ကိုယ့်အားနည်းချက်သူတို့အားသာချက်တွေကို အမြန်သုံးသပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ နိုင်းယှဥ်ကြည့်တဲ့အခါအောက်ပါအချက်တွေကိုစစ်ပါ။
- Subscriber ဘယ်လောက်ရှိလဲ။
- ဗီဒီယိုတစ်ခုချင်းစီမှာ ကြည့်ရှု့သူဘယ်လောက်ရှိသလဲ။
- ဗီဒီယိုတွေဘယ်နှစ်ကြိမ်တင်သလဲ။
- ဗီဒီယိုခေါင်းစဥ်တွေကဘာတွေလဲ။
- ဘယ်လို ဗီဒီယိုမျိုးတွေကို ကြော်ငြာဖို့သုံးသလဲ။
- ဘယ်လိုလူတွေကို Suggest လုပ်ကြပြီး, ဘယ်သူတွေကကွန်းမန့်ပေးကြသလဲ။

အပေါ်ကအချက်တွေကိုနိုင်ယှဥ်ကြည့်ပြီးပြီဆိုရင်။ ဒီမေးခွန်းတွေမေးကြည့်ပါ။
- သူတို့ရဲ့လူကြိုက်အများဆုံးဗီဒီယိုကဘာတွေလဲ။
- သူတို့ကိုသူတို့ ဘယ်လိုခင်းကျင်းပြသနေကြသလဲ။
- သူတို့ရဲ့ Brand Voice ကဘာလဲ။
Brand Voice ဆိုတာဘာလဲ။ ဆိုတာကို အချိန်ရရင် Post တင်ပြီးအောက်ကလင့်မှာချိတ်ပေးထားပါမယ်။
- ကိုယ့်လုပ်ငန်းကိုသူတို့နှင့်မတူအောင်ဘယ်လိုလုပ်လို့ရလဲ။
- Content အသစ်တွေ ဖန်တီးဖို့အတွက် သူတို့ဆီကဘယ်လို စိတ်ကူးတွေထုတ်လို့ရလဲ
ကဲဒါတွေလုပ်ပြီးရင် SWOT analysis တော့လုပ်ကြည့်ပါ။

4️⃣ အကောင်းဆုံး YouTube Channel တွေကို Subscribe လုပ်ထားပါ။
Algorithm တွေအမြဲပြောင်းနေတယ်ဆိုတာ ရှေ့က Post တွေ ဖတ်ဖြစ်ရင်သိပြီးလောက်ပါပြီ။
အမြဲပြောင်းလဲနေတဲ့ Trend, Algorithm တွေကိုသီးသန့်အချိန်ပေးပြီးလေ့လာနေဖို့မလိုဘဲသိဖို့အကောင်းဆုံး ကတော့ Performance ကောင်းကောင်းနှင့် အလုပ်လုပ်နေကြတဲ့ Channel ကြီးတွေကို လိုက်ကြည့်နေတာပါပဲ။ ကဏ္ဍအလိုက် Channel အကြီးကြီးတွေကို Subscribe လုပ်ထားပြီး Video Edit, Trend, Content တွေကို လေ့လာနိင်ပါတယ်။

- Thumbnails
- Channel Art
- Video Description, လင့်ထည့်ထားတဲ့ပုံစံ
- သူတို့တင်တဲ့ ဗီဒီယိုအမျိုးအစား
- Edit လုပ်တဲ့ပုံစံ, Video Effect, Transition ဘယ်လိုသုံးသလဲစတာတွေကို လေ့လာပါ။

5️⃣ ဗီဒီယို Title & Description တွေကို ဆွဲဆောင်မှုရှိအောင်ရေးပါ။
ကိုယ့်ဗီဒီယိုကဘယ်လောက်ကောင်းအောင်လုပ်ထားတာဖြစ်ပါစေ ဝင်ကြည့်မယ့်သူမရှိရင်အလကားပါပဲ။ View များရဖို့အတွက်ခေါင်းစဥ်ကောင်းကောင်းဖြစ်ဖို့လိုပါတယ်။

ခေါင်းစဥ်ကောင်းကောင်းရဖို့အတွက်ဆိုရင် အောက်ပါအချက်တွေကိုလုပ်ပါ။
+ Keywords မှန်မှန်ကန်ကန်ရွေးပါ။
Title ထဲမှာပါတဲ့စကားလုံးတွေကို ကိုယ့်ရဲ့ ဗီဒီယိုသည်ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။
+ ခေါင်းစဥ်ကို တိုတိုထားပါ။
ခေါင်းစဥ်ဟာ Character 60 ထက်ပိုမရေးသင့်ဖို့လိုတယ်လို့ဆိုပါတယ်။ တချက်ကလေးကြည့်လိုက်ရုံ့ဖြင့် ဗီဒီယိုခေါင်းစဥ်ကိုနားလည်အောင်ရေးဖို့လိုပါတယ်။
+ ရှင်းလင်းပြီး တိတိကျကျပြောပြပေးနိုင်တဲ့ ခေါင်းစဥ်ဖြစ်ပါစေ။
ခေါင်းစဥ်ကြည့်လိုက်တာနဲ့နားလည်ဖို့လိုပါတယ်။ ခေါင်းစဥ်ကိုကြည့်ပြီးအဓိပ္ပါယ်ဖော်နေရာတာမျိုးဆို နားလည်ဖို့ခက်ပါတယ်.
+ခေါင်းစဥ်ဖတ်လိုက်ရုံဖြင့်ဘာကြောင်းကြည့်သင့်တယ်ဆိုတာကိုလည်းပါဝင်အောင်ရေးပါ။
ကြည့်ရှုသူတွေဘက်ကလည်းသူတို့အချိန်ကုန်ခံပြီးဘာကြောင့်ဒီဗီဒီယိုကိုကြည့်သင့်တယ် ဆိုတာရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါတယ်။
ဥပမာခေါင်းစဥ်များ
- အလုပ်လျောက်ဖို့ CV တစ်စောင်ကို Canva နှင့်ဘယ်လိုရေးမလဲ။
- သင့်လုပ်ငန်းအတွက် Design ဆွဲဖို့ ၃ မိနစ်ပဲအချိန်ပေးပါ။

6️⃣ ဗီဒီယိုတွေကို အချိန်တစ်ခုသတ်မှတ်ပြီးတင်ပါ။
YouTube's Analytics ထဲက When your Viewers are on YouTube အောက်မှာကိုယ့် Audience တွေ ဘယ်အချိန် ယူကျုသုံးသလဲကြည့်ပြီး ကိုယ် ဗီဒီယိုတင်မယ့်အချိန်ကိုညှိယူနိုင်ပါတယ်။

7️⃣ ကိုယ့်ဗီဒီယိုတွေကို Promote လုပ်ပါ။
Promote လုပ်ပြီး ကိုယ့်ရဲ့ ဗီဒီယိုတွေ View များလာအောင်, လူများများဆီရောက်အောင်လုပ်နိုင်ပါတယ်။ ထိထိရောက်လုပ်နိုင်တဲ့နည်းတွေကတော့ အောက်ပါအတိုင်းပါ။
+ Social Media Promotion
ကိုယ့်ရဲ့ Video တွေကို အခြားသော Platform တွေ မှာပြန်လည်မျှဝေပြီး ကိုယ့်ရဲ့ ယူကျု ချန်နယ်ကို လက်ရှိရှိနေပြီးသား Follower တွေရောမသိသေးတဲ့သူတွေ ဆီရော များများရောက်နိုင်အောင်လုပ်ပါ။
+ Influencers နှင့်ပူးပေါင်းလုပ်ဆောင်ခြင်း
ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်နှင့်ဆက်စပ်တဲ့ Influencers တွေကိုဖိတ်ခေါ်ပြီး Content ဖန်တီးကြတာမျိုးဖြင့် ကိုယ့် ဗီဒီယိုတွေကို Promote လုပ်နိုင်ပါတယ်။
+ Email Marketing
မြန်မာပြည်မှာလုပ်တဲ့သူနည်းသေးတဲ့အတွက် လုပ်ငန်းတွေ စလုပ်ဖို့သင့်နေတဲ့အရာပါ။ Newsletters, Highlighting Content, encouraging to action စတာမျိုးတွေ လုပ်နိင်ပါတယ်။
+ ပိုက်ဆံပေးပြီး ကြော်ငြာပါ။
TrueView ads, Display ads, Bumper ads စတာတွေကိုသုံးပြီး YouTube မှာ ကြော်ငြာလုပ်နိုင်ပါတယ်။ ကိုယ့်Audienceရဲ့ Interest & Demographics တွေကို သိထားသင့်ပါတယ်။

8️⃣ Audience တွေနှင့် ဆက်ဆက်ရေးတည်ဆောက်ပါ။
Loyal & Active ဆက်ဆံရေးတည်ဆောက်ဖို့ဆိုရင် အောက်ပါလုပ်ဆောင်ချက်တွေလုပ်နိုင်ပါတယ်။
- Comments တွေ စာပြန်ပါ။
- လိုက်ဖ်လွင့်ပြီး Q & A Session လုပ်ပေးပါ။
- Polls & Survey တွေလုပ်ပါ။
- UG Content တွေဖန်တီးလာဆောင်လုံ့ဆော်ပေးပါ။
- Community Features ကိုကောင်းကောင်းအသုံးချပါ။

9️⃣ Performance စစ်ပါ။ (နောက်ဆုံးတစ်ချက်)
ပေါ် ကအချက်တွေ လုပ်ပြီးရင်တော့ ချန်နယ်မှာဖြစ်လာတဲ့ Performance တွေကို Analytics ထဲမှာစစ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဘာတွေက အလုပ်ဖြစ်ပြီး ဘာတွေပြင်ဖို့ လိုလဲသိရမှာပါ။
ကိုယ့်ချန်နယ်ကြီးထွာလာတဲ့နှင့်အမျှ လစဥ်
Subscribers, Views, View duration, Top videos, Watch time, Impressions, Your click-through rate (CTR) စတာတွေကိုစစ်ပါ။

🎁Bonus: YouTube Marketing အတွက်အသုံးပြုတဲ့ Video (5) မျိုး
1. Promotion Type video marketing
2. Interview or job-related video marketing
3. Tutorial Type/Product Demo video
4. Presentation or product releasing the video
5. User Interaction type video

တချိန်ချိန်မှာအကျိုးမှာဖြစ်လို့ Share လုပ်ထားပါ။

Follow me for daily inspiration!
It's me, Rey.



#ယူကျုမားကတ္တင်း


်သုညတစ်

🕹️ (7) ချက်ကြောင့် ယူကျုမားကပ်တင်းက အရေးကြီးပါတယ်။💸 ကျွန်တ်ောတို့တွေက Video ကြည့်ရတာကိုကြိုက်ကြတာငြင်းလို့မရတဲ့အချက်ပါ။ ...
03/09/2024

🕹️ (7) ချက်ကြောင့် ယူကျုမားကပ်တင်းက အရေးကြီးပါတယ်။

💸 ကျွန်တ်ောတို့တွေက Video ကြည့်ရတာကိုကြိုက်ကြတာငြင်းလို့မရတဲ့အချက်ပါ။ ပစ္စည်းတစ်ခုခုကိုဝယ်တော့မယ်ဆိုရင်လည်း ကိုလိုချင်တဲ့ပစ္စည်းအကြောင်းဂဃနဏ သိချင်ကြတာလည်းလူ့သဘာဝပါပဲ။ ဒါတွေကို စာများများဖတ်စရာမလိုဘဲ YouTube မှာသိနိုင်ပါတယ်။

ဘယ်အချက်တွေကသိပြီးသားဖြစ်မလဲ အချက်တစ်ချက်ချင်းစီကိုဖတ်ကြည့်ပါ။

1️⃣ Audience အများကြီးဆီကိုရောက်နိုင်လို့။
👉 YouTube သုံးနေတဲ့ အသုံပြုသတွေအမြောက်အများရှိပါတယ်။ အရည်သွေးကောင်းတဲ့ Content တွေကို ဖန်တီးပေးနိင်မယ်ဆိုရင် ကြီးမားတဲ့ပြောင်းလဲမှုတစ်ဖြစ်နိုင်ပါတယ်။ YouTube ထဲမှာ အနေထားတခုရှိနေတဲ့ Creator နှင့်ပူးပေါင်းပြီး Content ဖန်တီးနိုင်မယ်ဆိုပိုပြီး လူများများဆီကိုရောက်နိုင်ပါသေးတယ်။

2️⃣Serach Visibilty ကိုမြင့်တင်နိုင်ပါတယ်။
👉 YouTube ကိုယ်တိုင်ကိုက Search Engine (လိုချင်တာကို စာရိုက်ပြီးရှာဖွယ်နိုင်တဲ့ ဝက်ဆိုဒ်) တစ်ခုဖြစ်သလို။ Google ထဲမှာလည်းလည်းနေရာယူနိုင်ပါသေးတယ်။ SERPs (ရှာဖွယ်ခြင်းရလဒ်ကိုဖော်ပြသည့်စာမျက်နှာ) တွေထဲမှာပါဝင်တဲ့ ဗီဒီယို Carousel တွေက YouTube ကနေအများစုကိုဖော်ပြတာဖြစ်တဲ့အတွက်။ SEO/SEM ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ဂူဂူကြီးရဲ့ ရလဒ်စာမျက်နှာတွေမှာ ကိုယ့်ရဲ့ ဗီဒီယိုကိုပေါ်လာအောင်လုပ်နိုင်ပါတယ်။

3️⃣Brand Awareness ကိုမြင့်တင်နိုင်ပါတယ်။
👉 Google ရဲ့ အဆိုအရ လူတွေရဲ့ 90% က ထုတ်ကုန်အသစ်တွေ, ဘရမ်းအသစ်အတွေကို ရှာဖွယ်ဖို့ YouTube ကိုပဲသုံးကြတယ်လို့ဆိုပါတယ်။ ဒီတော့ YouTube ဟာကျွန်တ်ောတို့ရဲ့ Brand Awareness ကိုရရှိဖို့အလားလာ အရှိဆုံးနေရာပါ။

4️⃣ယုံကြည်မှုကိုခိုင်ခိုင်မာမာတည်ဆောက်ဖို့
👉 YouTube ဆိုတာ ထုတ်ကုန်အသစ်တွေကို ရှာဖွယ်ဝယ်ယူဖို့အယုံကြည်ရဆုံးနေရာပါ။ ကိုယ့်ရဲ့ဘရမ်းကို ခိုင်မာတဲ့ ယုံကြည်မှုမျိုးတည်ဆောက်ချင်ရင် YouTube မှာပဲစလုပ်လိုက်လို့ရပါတယ်။ ကိုယ်ရဲ့ ထုတ်ကုန်ကဘယ်လို အခက်ခဲ တွေကိုဖြေရှင်းနိုင်တယ်ဆိုတာမျိုးကို အသုံးပြုသူတွေရဲ့ ပြောစကား, အသုံးပြုနည်း, လက်တွေ့ သုံးပြတာ, Brand Storytelling လုပ်တာစတာမျိုးတွေကို ဗီဒီယိုဖန်တီးနိုင်သလို ကိုယ့်နယ်ပယ်ထဲက Content Creator တွေနှင့် တွဲပြီး Content တွေဖန်တီးကာ ကာစတင်မာအသစ်တွေရှာဖွယ်နိုင်ပါတယ်။

5️⃣ Drive Sales and Traffic
👉 YouTube Marketing ကနေတဆင့် ဝက်ဆိုဒ်ထဲသွားစေပြီး ရောင်းအားတက်လာအောင်လုပ်နိင်ပါတယ်။ ဗီဒီယိုထဲကနေ တိုက်ရိုက် ရောင်းအားမြင့်အောင်လည်း လုပ်နိုင်ပါတယ်။
YouTube ထဲမှာပဲ စျေးရောင်းနိုင်အောင် Cards, End screen, Channel Store and Tagged Product လုပ်ပေးထားပါတယ်။

6️⃣ လမ်းကြောင်းခင်းပေးခြင်း (Generate Leads)
👉 စျေးများများရောင်းရအောင်လမ်းကြောင်းဖွင့်ပေးတဲ့ပုံစံမျိုးကို လုပ်တဲ့အအခါ YouTube ကအထိရောက်ဆုံးလို့တောင်ပြောလို့ရပါတယ်။ Lead form ads ကိုသုံးပြီးလည်း အွန်းလိုင်းတွေ့ဆုံပွဲတွေဖိတ်တာ, အွန်းလိုင်းသင်ခန်းစာတွေကိုလိုက်တိုက်ဖို့ဖောင်ဖြည့်ခိုင်းတာများလုပ်နိုင်ပါတယ်။

7️⃣ငွေပိုရှာနိုင်ပါတယ်။
👉 ကိုယ့်ရဲ့ မားကပ်တင်း ဗျူဟာတွေကိုအရှိန်ကောင်းကောင်းနဲ့ အကောင်ထည်ဖော်နိုင်သလို ကိုယ့်ရဲ့ ဗီဒီယိုတွေရဲ့ View & Engagement ပေါ်မှုတည်ပြီးလည်း ဝင်ငွေပြန်ရနိုင်ပါတယ်။ YouTube မှာ Creator အနေနဲ့ ငွေ ရှာချင်ရင်တော့ YouTube Monetization အကြောင်း သီးသန့်မျှဝေပေးပါမယ်။

တချိန်ချိန်မှာအကျိုးမှာဖြစ်လို့ Share လုပ်ထားပါ။

Follow me for daily inspiration!
It's me, Rey.



#ယူကျုမားကတ္တင်း


်သုညတစ်

💹 YouTube Marketing ဆိုတာဘာလဲ။👉 ကိုယ့်ရဲ့ Brand, ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ လူများများသိအောင်လုပ်ဖို့အတွက် YouTube မှ...
03/09/2024

💹 YouTube Marketing ဆိုတာဘာလဲ။
👉 ကိုယ့်ရဲ့ Brand, ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ လူများများသိအောင်လုပ်ဖို့အတွက် YouTube မှာ နည်းလမ်းတွေရှိပါတယ်။ ငွေပေးပြီးလည်းလုပ်နိုင်သလို၊ ငွေကုန်ကြေးကျသက်သာစွာနှင့်လည်းလုပ်နိုင်ပါတယ်။ influencerနှင့်ပူးပေါင်းပြီး လုပ်နိင်တာတွေလည်းရှိပါတယ်။

🛒 Marketing ဗျူ ဟာတွေဖော် ဆောင်ကြတဲ့အခါ အောက်ပါနည်းတို့ကိုတစ်ခုချင်းစီသော်လည်းကောင်း, ပေါင်းစပ်ပြီးသော်လည်းကောင်းအသုံးကြပါတယ်။

🕹️ Video Creation
YouTube ဆိုတာ ဗီဒီယိုအများကြီးကိုရှိတဲ့နေရာပါ။ ကျွန်တ်ောတို့ရဲ့ Video တွေကို အခမဲ့တင်ထားနိုင်ပါတယ်။ ကိုယ်ပိုင် ဗီဒီယိုများကိုဖန်တီးပြီး မျှဝေတာကကိုယ့်ရဲ့ Audience တွေနှင့် ထိတွေ့ ဆက်သွယ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းပါ။

♾️ Influencer Marketing
Influencer Marketing (Sproutsocialအရ) ဒုတိယအလုပ်ဖြစ်ဆုံး Platform ဟာ YouTube ပဲဖြစ်နေပါတယ်။ စျေးကွက်ချဲ့ထွင်ဖို့အတွက် Influencer ရှာမယ်ဆို YouTube ကအတော်သင့်တော်ပါတယ်။
ဒါကြောင့်လည်း Niche သီးသန့်သတ်မှတ်ထားဖို့ YouTuber တွေကို အကြံပေးကြတာလည်းဖြစ်ပါလိမ့်မယ်။ အခုက Brand or Business အတွက်ရည်ရွယ်တာဖြစ်လို့ Creator တွေအတွက်ရည်ရွယ်ပြီးလုပ်ဖြစ်ရင်ရှင်းပြပေးပါမယ်။

💸 YouTube Advertising
70% သောဝယ်ယူစားသုံးသူတွေက သူတို့ပစ္စည်းတွေမဝယ်ခင် ယူကျု မှာအရင်ဝင်ကြည့်ဖြစ်တယ်လို့ဆိုပါတယ်။
ယူကျု မှာပိုက်ဆံသုံးပြီးကြော်ငြာမှာဆို ကိုယ့် Brand အတွက်အတော်လည်း အပြန်လှန်အကျိုးဖြစ်ပွားစေမှာပါ။

YouTube ဟာ Google ပြီးရင် လူတွေလည်ပတ်မှုအများဆုံးနေရာတစ်ခုဖြစ်တာကြောင့် ကမ္ဘာပေါ်ကလူတွေ အချက်လက်ပေါင်းများစွာကို ရှာဖွယ်ရှာဒုတိယနေရာတစ်ခုဆိုလည်း ဖြစ်ပါတယ်။ တစ်ခုရှိတာက ယူကျုဟာ ယှဥ်ပြိုင်မှု အတော်များတဲ့နေရာဖြစ်ပါတယ်။ မိနစ်တစ်မိနစ်စီတိုင်းမှာ နာရီပေါင်း ၅၀၀ ကျော်သော Content တွေတက်လာကြပါတယ်။ ဒီနေရာမှာ YouTube Algorithm ဘယ်လိုအလုပ်လုပ်သလဲ ကောင်းကောင်းသိ ထားမယ်ဆိုရင် ကိုယ့်ရဲ့ Content တွေကို လူအများရှေ့ရောက်အောင်လုပ်နိုင်မှာပါ။
YouTube Algorithm ပိုင်းကိုတော့ YouTube Creator တွေအတွက် သီးသန့် Blog ရေးဖြစ်တဲ့အခါပြောပြပါမယ်။

တချိန်ချိန်မှာအကျိုးမှာဖြစ်လို့ Share လုပ်ထားပါ။

Follow me for daily inspiration!
It's me, Rey.


ားကပ်တင်း


်သုညတစ်

🔴 YouTube အကြောင်းအပြည့်စုံဆုံးသိချင်ရင် ဒီ (၃) ချက်ကို သိမှရမယ်။😍 သိချင်တာကို Click တစ်ချက်လေးနှိပ်ရုံနှင့် ပြည့်ပြည့်စ...
03/09/2024

🔴 YouTube အကြောင်းအပြည့်စုံဆုံးသိချင်ရင် ဒီ (၃) ချက်ကို သိမှရမယ်။

😍 သိချင်တာကို Click တစ်ချက်လေးနှိပ်ရုံနှင့် ပြည့်ပြည့်စုံစုံအနီးကပ်ရှင်းပြနေတဲ့ Tutor တစ်ယောက် အနားလာပြီး ရှင်းပြပေးနေတာမျိုးလုိအပ်တယ်ဆိုရင် YouTube အကြောင်းသင်သိမှဖြစ်ပါတော့မယ်။

+ ကိုယ်က Brand တစ်ခုခုပိုင်ဆိုင်ထားတာဖြစ်ဖြစ်
+ လုပ်ငန်းတစ်ခုခုလုပ်နေတာဖြစ်ဖြစ်
+ YouTube မှာပဲ ကိုယ့်အကြောင်း/လုပ်ငန်းအကြောင်းသိလာအောင် လုပ်နိုင်ပါတယ်။

ဒီဟာလေးတော့ အရင်ဖတ်ကြည့်ပါဦး
👍အသုံးပြုသူလစဥ် သန်း ၂၅၀၀ ကျော်
👍Facebook ပြီးရင် YouTube ကမ္ဘာပေါ်မှာလူသုံးအများဆုံး Social Network
👍Google ပြီးရင် အလည်ပတ်အများဆုံး Website ကလည်း YouTube
👍 လူအများစုက ပစ္စည်းတစ်ခုခု Service တစ်ခုခုကိုသုံးတော့မယ်ဆိုရင် Info တွေလာစစ်လေ့ရှိကြတဲ့နေရာ
ဒါတွေနှင့်တင် YouTube ဆိုတာ Brand awareness ရှာဖို့ကောင်းတဲ့နေရာဆိုတာဆုံးဖြတ် လို့ရ‌နေပါပြီ။

အသေးစိတ်ကတော့ ဆက်ဖတ်ကြည့်ရအောင်ပါ။

1️⃣ YouTube Marketing ဆိုတာဘာလဲ။
ကိုယ့်ရဲ့ Brand, ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ လူများများသိအောင်လုပ်ဖို့အတွက် YouTube မှာ နည်းလမ်းတွေရှိပါတယ်။ ငေွကုန်ခံပြီးလည်းလုပ်နိုင်သလို ငွေကုန်ကြေးကျသက်သာစွာနှင့်လည်းလုပ်နိုင်ပါတယ်။
အသေးစိတ်ကိုဒီမှာဖတ်ပါ။

2️⃣ YouTube Marketing ဘာလို့အရေးကြီးတာလဲ။
ကျွန်တ်ောတို့တွေက Video ကြည့်ရတာကိုကြိုက်ကြတာငြင်းလို့မရတဲ့အချက်ပါ။ ပစ္စည်းတစ်ခုခုကိုဝယ်တော့မယ်ဆိုရင်လည်း ကိုလိုချင်တဲ့ပစ္စည်းအကြောင်းဂဃနဏ သိချင်ကြတာလည်းလူ့သဘာဝပါပဲ။ စာများများဖတ်စရာမလိုဘဲ YouTube မှာသိနိုင်ပါတယ်။
အသေးစိတ်ကိုဒီမှာဖတ်ပါ။

3️⃣ YouTube Marketing အတွက် ဗျူဟာနှင့် အကြုံပြုချက်များ။
ကြောငြာတွေနှင့်ရောယှက်နေတာသည်လည်း YouTube ပါပဲ ယှဥ်ပြိုင်မှုများပေမယ့် မှန်မှန်ကန်ကန်အသုံးပြုတတ်မယ်ဆိုရင် အကျိုးမြတ်များများကိုရနိုင်ပါတယ်။
Video ရိုက်လိုင်းပေါ် တင်နေရုံနှင့်တော့မလုံလောက်ပါဘူး။ လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ Planning, Producing and Distributing content အဆင့်ဆင့်ကို ဗျူဟာမြောင်အောင်လုပ်တတ်ဖို့လိုပါတယ်။
အသေးစိတ်ကိုဒီမှာဖတ်ပါ။

တချိန်ချိန်မှာအကျိုးမှာဖြစ်လို့ Share လုပ်ထားပါ။

Follow me for daily inspiration!
It's me, Rey.


်သုညတစ်











🔎 TikTok ရဲ့ ကောင်း/ဆိုး နှင့် အခြေခံ သိစရာများ🚧မကောင်းတာတစ်ခုကနေစပြောရမယ်ဆိုရင်👉 ကြည့်ဖို့ မသင့်တော်တဲ့/ကိုယ်နဲ့မကိုက်ည...
30/08/2024

🔎 TikTok ရဲ့ ကောင်း/ဆိုး နှင့် အခြေခံ သိစရာများ

🚧မကောင်းတာတစ်ခုကနေစပြောရမယ်ဆိုရင်
👉 ကြည့်ဖို့ မသင့်တော်တဲ့/ကိုယ်နဲ့မကိုက်ညီတဲ့ ကွန်းတန့်တွေပေါ်လာတတ်တာဖြစ်လို့ အချိန်ကုန်စေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
👍ခြွင်းချက်အနေနဲ့ ကိုယ်ကဘယ်လိုကွန်းတက်တွေကြိုက်တယ်, ဘာတွေပဲကြည့်ချင်တယ် ဆိုတာ TikTokရဲ့ Algorithm ကိုပြန်ပြီး သင်ပေးနိုင်တာဖြစ်လို့ ကိုကြည့်ချင်တာတွေပဲ ပေါ်လာအောင်လုပ်နိုင်ပါတယ်။

👻 ကောင်းတာလေးတွေပဲဆက်ပြောကြတာပေါ့
လုပ်ငန်းအတွက်သုံးတဲ့သူတွေ အတွက်,
+ Audience အသစ်တွေရှာတာ,
+ ရောင်းအားမြင့်တာမျိုးတွေ လုပ်နိုင်ပါတယ်။

👉Content ဖန်တီးတာတွေက အချိန်ယူရပြီး
+ Publish လုပ်တာ,
+ Community Management လုပ်တာ,
+ Audience Listening လုပ်တာတွေကလည်းအမြဲစောင့်ကြည့် နေရာတာဖြစ်လို့ကိုယ့်လုပ်ငန်းပေါ်မှုတည်ပြီး Freelance or ဝန်ထမ်းသီးသန့်ခန့်ထားတာများတွေလုပ်နိင်ပါတယ်။
Social Media Management အတွက် သီးသန့် ခန့်ထားချင်ရင် Ye Lin Myat ကျွန်တော်ဆီဆက်သွယ်နိုင်ပါတယ်။

🙂 TikTok ကဘာလို့လူကြိုက်များရတာလဲ။
TikTok ရဲ့ Algorithm ကြောင့်ပါ။ ဗီဒီယိုအတိုတွေဖန်တီးရတာကလည်းလူတွေ ကြိုက်ကြသလို တင်လိုက်တဲ့ ကွန်းတန့်တွေကိုလည်း ပရိတ်သတ်များများဆီကိုရောက်စေတာ ကြောင့် ဖြစ်ပါတယ်။

👦 ဘယ်သူတွေ TikTok ကိုပိုသုံးကြသလဲ။
အများစုကတော့ လူငယ်တွေပါ။
24-34 နှစ်အတွင်းလူငယ် 70.1% ရှိပါတယ်။

Indonesia 157.6 million, US 120.5 million, Brazil 105.3 Million
ထိုင်းမှာဆို 40.3 Million, မြန်မာမှာဆို 16 Million အသီးသီးရှိကြပါတယ်။

ဒီ ေလာက်ပါပဲခင်ဗျား။

ထပ်ပြီးတင်စရာေတွ ရှိရင် ထပ်တင် ေပးထားမှာဖြစ်လို့ Follow for more ပါ။

Follow me for daily inspiration!
It's me, Rey.

🤵 လုပ်ငန်းတွေ အနေနဲ့TikTok ကို ဒီ ၄-ချက် အတိုင်းအသုံးပြုနိုင်ပါတယ်။ 🚨 အစ-ဆုံးသာဖတ်သွားလိုက်ပါ အကျိုးရှိမှာသေချာပါတယ်။1.🔏...
30/08/2024

🤵 လုပ်ငန်းတွေ အနေနဲ့TikTok ကို ဒီ ၄-ချက် အတိုင်းအသုံးပြုနိုင်ပါတယ်။ 🚨 အစ-ဆုံးသာဖတ်သွားလိုက်ပါ အကျိုးရှိမှာသေချာပါတယ်။

1.🔏 ကိုယ်ပိုင် Content တွေကို ဖန်တီးပါ။
Organic Follower တွေတိုးလာဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ Brand တွေအနေနဲ့လည်း TikTok marketing ကိုအသုံးပြုကာ Product တွေနှင့်ပတ်သတ်တဲ့ educational content ကိုဖန်တီးနိုင်ပါတယ်။ Trend ဖြစ်နေတဲ့ ခေါင်းစဥ်တွေကိုသုံးပြီး Content ဖန်တီးတာ, Hashtag Challenge တွေဖန်တီးတာ, ဖျော်ဖြေရေးအနေနှင့် ပေါ့ပေါ့ပါးပါးရီမောစရာလေးတွေဖန်တီးတာမျိုးကိုပြုလုပ်နိုင်ပါတယ်။

2.👩‍🎤 Influencer တွေနှင့် ပူပေါင်းဖန်တီးပါ။
Audience များများဆီရောက်စေချင်ရင်တော့ Influencerနှင့် ပူးပေါင်းဖန်တီးတာအကောင်းဆုံးပါ။ ကိုယ့် product တွေကို Review လုပ်ခိုင်းတာ, ကိုယ့် Brand တွေကို သူတို့ ဗီဒီယိုမှာထည့်သုံးခိုင်းတာမျိုးတွေလုပ်နိုင်ပါတယ်။
Stitch/Duet တွေပုံစံတွေသုံးပြီးလည်း ဖန်တီးနိုင်ပါတယ်။ Influencer တွေရွေးရင် ကိုယ့် Brand နှင့် Relate ဖြစ်ပါစေ။

3. 📈TikTok သုံးပြီး ကြော်ငြာပါ။
Audience အများဆီကို ရောက်ရှိဖို့ Follower အများကြီး မလိုတာဟာလည်း TikTok ပဲဖြစ်ပါတယ်။ Campaign တွေဖန်တီးပြီး Follower တွေ များအောင်လုပ်တာ, ရောင်းအားမြင့်အောင်လုပ်တာတွေကို ကြော်ငြာပြီး လုပ်ဆောင်နိုင်ပါတယ်။ ဗီဒီယိုအတို, ဓါတ်ပုံ, အခြားContent Creator တွေကို Content ဖန်တီးခိုင်းပြီးလည်း ကြော်ငြာနိုင်ပါတယ်။ ဆော့ဝဲလ်ထဲမှာပဲ Template, Editing tool တွေ ပါတဖြစ်လို့ အလွယ်တကူစတင်နိုင်ပါတယ်။

4. 🛍️ TikTok Shop ကိုသုံးပါ။
TikTok မှာ Built-in ပါဝင်တဲ့ e-commerce ပဲဖြစ်ပါတယ်။ Seller, Creator, Affiliation တွေအတွက်သုံးနိုင်ပါတယ်။ လိုက်ဖ်လွင့်ပြီး ရောင်းနိုင်သလို, ဗီဒီယိုတွေမှာ tag တွဲပြီးလည်းရောင်းနိုင်ပါတယ်။

🎐 TikTok ဘာတွေလုပ်လဲ ပြောခဲ့ပေးပါဦး။ ပြန်ဖတ်လို့ရအောင် Share ထားလိုက်ပါ။

Follow me for daily inspiration!
It's me, Rey.

⛑️TikTok တွင်အဓိကအသုံပြုနိုင်သော အချက် (၇) ချက်1.🧬Video recording & editingဒီအချက်က တခြား Platform တွေနှင့်မတူတဲ့အချက်လည...
30/08/2024

⛑️TikTok တွင်အဓိကအသုံပြုနိုင်သော အချက် (၇) ချက်

1.🧬Video recording & editing
ဒီအချက်က တခြား Platform တွေနှင့်မတူတဲ့အချက်လည်းဖြစ်ပါတယ်။ တစ်တော့မှာက ဗီဒီယိုတစ်ခါတည်း App ထဲမှာပဲရိုက် Edit လုပ်ပြီး တင်နိုင်ပါတယ်။ App ထဲမှာ create Videos တချက်နှိပ်လိုက်ရုံပါပဲ။ Template, Filter ကောင်းကောင်းလေးတွေရှိလို့ တခါလောက်တော့စမ်းသုံးကြည့်သင့်ပါတယ်။

2.⏭️ Stitch
သူများဗီဒီယိုနှင့်ပေါင်းပြီး ကိုယ့် ဗီဒီယိုကိုဖန်တီးတဲ့ပုံစံပဲဖြစ်ပါတယ်။ အခြားသူရဲ့ ဗီဒီယိုကိုအရင်ဖွင့်ထားပြီး Stitch ခုလုတ်ကိုနှိပ်ကာ ကိုယ့် ဗီဒီယို ကိုဆက်ရိုက်တာမျိုး ဖြစ်ပါတယ်။ မေးခွန်းတွေပြန်ဖြေတဲ့အခါ, ကိုယ့်ထင်မြင်ချက်တွေကို ဖြည့်စွပ်ပြောလိုတဲ့အခါနှင့် မေးခွန်းတွေကိုပြန်ဖြေချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

3. 👽 Duet
အခြား Creator တစ်ရောက်ရဲ့ ဗီဒီယိုကိုတစ်ဖက်ခြမ်းမှာဖွင့်ထားပြီး ကိုယ့်ဗီဒီယိုကို တဖက်ခြမ်းမှာ အတူတူတွဲပြီးထားတဲ့ပုံစံပါ။ Reaction လိုမျိုး, Review လိုမျိုး ဖန်တီးတဲ့အခါ အသုံးချနိုင်ပါတယ်။ (ဘာလုပ်ရင်ကောင်းမလဲတွေးမရတဲ့အခါ ကိုယ်သဘောကျတာတစ်ခုကို ကိုယ့်မိတ်ဆွေတွေပါကြည့်စေချင်တဲ့အခါလည်းသုံးနိုင်ပါတယ်။)

4. 🎼 TikTok sounds
TikTok ရဲ့အားသာချက်ထဲကတစ်ခုလည်းဖြစ်ပါတယ်။ သီချင်းတွေအများကြီးကို Copy right, Loyalty fee တွေ ပေးစရာမလိုဘဲ သုံးနိုင်ပါတယ်။ Viral ဖြစ်နေတဲ့ Video ထဲက Trending sounds ေတွကို သုံးနိုင်ပါတယ်။ (ေနာက်ပိုင်းေတာ့ သီချင်းေတွနည်းနည်းကန့်သတ်လာတာရှိပါတယ်)

5. 🪬 Filters
Filter, Visual effects, Sticker တွေကကိုယ့်ရဲ့ ဗီဒီယိုတွေကို အရည်သွေးမြင့်တင် ပေးနိုင်ပါတယ်။ မျက်နှာ, အရာဝတ္ထု တွေရဲ့ ပုံစံတွေကို ပြင်ဆင်ပေးတာမျိုးကို စမ်းပြီးအသုံးပြုနိင်ပါတယ်။ ရုပ် ေချာေချာေလးေတွထွက်လာေစချင်ရင်စမ်းကြည့်သင့်ပါတယ်။

6. 🤳 Livestream
တခြား Platform တွေလိုပဲ TikTok မှာလည်း ဖုန်းသုံးပြီး Live လွင့်လို့ရပါတယ်။ ကြည့်ရှုသူတွေက မေးခွန်းမေးတာ, ကွန်းမန့် ရေးတာ, လက်ဆောင်ပေးတာမျိုးတွေ လုပ်နိင်ပါတယ်။

7. 📫Direct messaging

app တစ်ခုခုကိုသီးသန့်သုံးပြီး စာပို့ဖို့ မလိုတာကတော့ TikTok ပါ။ ဆော့ဝဲလ်ထဲမှာပဲ တခါတည်း စာပို့နိင်ပါတယ်။

😍 ပေါ် ကဟာတွေသုံးဖူးရင် Yes လို့ရေးခဲ့ပေးပါ။ အသုံးဝင်လို့ ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။
Follow me for daily inspiration!
It's me, Rey.


ှာဘာတွေလုပ်လို့ရလဲ
ုံးပြုနည်း

🎐TikTok ဆိုတာဘာလဲ။🕹️ဗီဒီယို အသားပေး social media platform တစ်ခုဖြစ်ပါတယ်။ဖုန်းထဲကတိုက်ရိုက်သုံးနိုင်သလို ဝက်ဆိုဒ်ထဲဝင်ပြ...
30/08/2024

🎐TikTok ဆိုတာဘာလဲ။

🕹️ဗီဒီယို အသားပေး social media platform တစ်ခုဖြစ်ပါတယ်။
ဖုန်းထဲကတိုက်ရိုက်သုံးနိုင်သလို ဝက်ဆိုဒ်ထဲဝင်ပြီးလည်းတိုက်ရိုက်သုံးနိုင်ပါတယ်။
အရင်တချိန်က ၃ မိနစ်အောက်ဗီဒီယို အတိုများကိုသာခွင့်ပြုထားခဲ့ပေမယ့်
အခုဆို ဗီဒီယိုအရှည်တွေကိုလည်း တင်ခွင့်ပြု ထားပါတယ်။
အသက် ၁၈-၃၄ (Gen-Z, Millennials, Gen-X) တွေပိုအသုံးများပါတယ်။

🔈 အရင်ဆုံး TikTok ဖြစ်လာတဲ့အကြောင်းကို အကျဥ်းချုပ် ဖော်ပြပေးပါမယ်။
👉 TikTok လို့ပဲပြောနေ, သုံးနေပြီး, ဘယ်သူကပိုင်လို့ ဘာတွေလုပ်နေလဲ မသိဘဲနေဦးမယ်။ ဆက်ဖတ်ကြပါစို့....

㊗️ တကယ်တော့ TikTok ကို တရုတ်ပြည်ထဲနေအစပြုခဲ့ပါတယ်။ Facebook & Instagram ကို တရုတ်မှာပိတ်ထားတဲ့အတွက်သူတို့က ပြည်တွင်းက ထုတ်တဲ့ App တွေက ပိုအသုံးများကြပါတယ်။ အဲ့ဒီထဲက ByteDance ကထုတ်တဲ့ Douyin ဆိုတဲ့ App လည်းပါဝင်ပါတယ်။ ဓါတ်ပုံတွေ, ဗီဒီလိုတွေ မျှ‌ဝေနိုင်တဲ့အတွက် တရုတ်ပြည်ထဲမှာ လူသုံးများလာပါတယ်။
တဖက်မှာလည်း Musical. ly ဆိုတဲ့ Lip-syncing (သီချင်းဖွင့်ပြီး ကိုယ်ကဆိုနေသလို သရုပ်ဆောင်ခြင်း) App က ပြည်နိင်ငံတွေ အထိ လူကြိုက်များတဲ့ ဆော့ဝဲလ် ဖြစ်လာပါတယ်။ နောက်ပိုင်း မှာ Musical. ly ကိုလည်း ByteDance ကဝယ်လိုက်ပြီး တရုတ်ပြည်တွင်းသုံး Douyin နှင့် ပေါင်းကာ TikTok အဖြစ် နိုင်ငံတကာသုံး App ကို ၂၀၁၇ မှာစခဲ့ပါတယ်။

တလောကပဲ အမေရိကန်မှာနိုင်ငံတော်အဆင့်လုံခြုံးရေးစိုးရိမ်ကြောင်း အကြောင်းပြပြီး TikTok ကို အမေရိကန်မှာအသုံးပြုခွင့်ပိတ်မယ် ဆိုတဲ့ သတင်းကြောင့်လည်း TikTok က လူတွေပိုပြီး အာရုံစိုက်ခံရမှုကို ရရှိခဲ့ပါသေးတယ်။

ကဲဆက်လိုက်ကြရအောင် 📡

TikTok ထဲမှာ ကျွန်တော်တို့ကို Content တွေလာပြတဲ့နေရာနှစ်ခုရှိပါတယ်။
🤓 The Following & Friend Feed
🧐 For you Feed

The Following & Friend Feed = ကိုယ် Follow လုပ်ထားတဲ့သူတွေနှင့် သူငယ်ချင်းတွေရဲ့ ဗီဒီယိုတွေကိုပြတဲ့နေရာ။
For you Feed = TikTokရဲ့ Algorithm က သင်နဲ့ သင့်တော်တဲ့ Content တွေကို ပို့ပေးတဲ့ပို့နေရာ။ (Like လုပ်တာ, Follow လုပ်တာ, အကြည့်များတာပေါ် မှုတည်ပြီး For you Feed မှာ သင့်တော်တဲ့ Content ေတွလာပြပေးပါတယ်။)

Hashtag တွေဟာလည်း TikTok သုံးတဲ့သူတွေအတွက် အရေးပါပါတယ်။
စသည့်ဖြင့် Hashtag တွေသုံးပြီး Communities လိုမျိုး တည်ဆောက်ထားနိုင်ပါတယ်။
TikTok မှာ ကျွန်တော်တို့ရဲ့ Langauge Pageကို ဆိုပြီးရှာနိုင်ပါတယ်။

😍 တချိန်ချိန်ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။

Follow me for daily inspiration!
It's me, Rey.

ိုတာ


ိုသည်မှာ

😍 သိထားသင့်တဲ့ TikTok အကြောင်းအပြည့်စုံ။👉 အချက် (၄) ချက်ဖြင့် မျှဝေပေးပါမယ်။✅ဘယ်လိုလူတွေသုံးသလဲ။ ✔️လုပ်ငန်းတွေသုံးသင့်သလ...
30/08/2024

😍 သိထားသင့်တဲ့ TikTok အကြောင်းအပြည့်စုံ။
👉 အချက် (၄) ချက်ဖြင့် မျှဝေပေးပါမယ်။

✅ဘယ်လိုလူတွေသုံးသလဲ။
✔️လုပ်ငန်းတွေသုံးသင့်သလား။
☑️လုပ်ငန်းတွေဘယ်လိုသုံးနေသလဲ။

🗓️ ၂၀၁၇ လောက်စလာခဲ့တဲ့ TikTokဟာ လက်ရှိမှာတော့ အသုံးပြုသူ သန်း နှစ်ထောင် ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။
⏲️ အသုံးပြုသူတွေကလည်း တနေ့ကို ၅၃ - ၉၅ မိနစ်ထိ ယေဘုယျအားဖြင့်အသုံးပြုကြတယ်လို့ဆိုပါတယ်။

TikTok Trends ကြောင့်ပဲ Billboard စာရင်းအပြောင်းလဲ ဖြစ်စေနိုင်တဲ့အထိကိုစွမ်းပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းကို TikTok မှာ Promote လုပ်ဖို့အဆင်သင့်ဖြစ်ပြီလား။
ဒါဆို တဆင့်ချင်းစီလေ့လာကြည့်ပါ။ 👇👇👇

1| TikTok ဆိုတာဘာလဲ။
👉 Short Video အသားပေး Platform ဖြစ်တဲ့အတွက် ဗီဒီယိုအတိုလေးတွေတင်ရင် View များများတက်ဖူးခဲ့ပေမယ့် Algorithm ကြောင့်ပဲ Content တွေကိုစိတ်တိုင်းကျ ဖန်တီးခွင့်ရလာတဲ့ Platform ပါ။
အသေးစိတ်ကတော့ ဒီမှာဖတ်ပါ။

2| TikTok တွင်အဓိကအသုံပြုနိုင်သော လုပ်ဆောင်ချက်များ
👉 ဒီ Platform ရဲ့ကောင်းတဲ့အချက်တွေလို့လဲပြောလို့ရမယ့်ပါတယ်။ Video တွေကိုသီးသန့် အချိန်ပေးရိုက်နေဖို့ မလိုဘဲ App ထဲမှာတင်တခါတည်းရိုက်, Edit လုပ်ပြီးတင်နိုင်ပါတယ်။
အသေးစိတ်ကတော့ ဒီမှာဖတ်ပါ။

3| လုပ်ငန်းတွေ အနေနှင့် TikTok ကိုဘယ်လိုသုံးမလဲ။
👉 TikTok က Personal အတွက်သာမဟုတ်ဘဲ၊ Businessအတွက်လည်းအတော် ကိုအသုံးဝင်ပါတယ်။ စျေးတိုက်ရိုက်ရောင်းမလား, ကြော်ငြာမှာလား တော်တော်လေးကို ဘက်စုံရပါတယ်။
လုပ်ငန်းအတွက်သုံးလို့ရတဲ့ဟာတွေ ကတော့ အသေးစိတ်ဖတ်ပါ။

4| လူတိုင်းသိချင်တဲ့အချက်။
👉 TikTok ကောင်း/ဆိုး။
ဘာကြောင့်လူကြိုက်များသလဲ။ ဘယ်သူတွေပိုသုံးကြလဲ။
ဒီမှာဖတ်ပါ။

😍 လက်ရှိ TikTok သုံးနေတဲ့သူရှိရင် TikTok နာမည်လေးရေးခဲ့ပေးပါ။ တချိန်ချိန်ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။

Follow me for daily inspiration!
It's me, Rey.

🧧 Bonus:

TikTok သုံးပြီးကြော်ငြာဖန်တီးနည်း ကိုပါမျှဝေပေးလိုက်ပါတယ်။
TikTok Algorithm
....


#တစ်တေ့
ြောင်းအပြည့်စုံ

ကိုယ့် Audienceတွေကို သီးသန့် ဥထားဖို့အကောင်းဆုံး😍ကောင်းကျိုးကိုပြောပါဆို ✨ခေါင်းစဥ်တစ်ခုတည်းအောက်မှာ အပြန်လှန် အချက်ချက...
30/08/2024

ကိုယ့် Audienceတွေကို သီးသန့် ဥထားဖို့အကောင်းဆုံး😍
ကောင်းကျိုးကိုပြောပါဆို ✨

ခေါင်းစဥ်တစ်ခုတည်းအောက်မှာ အပြန်လှန် အချက်ချက်တွေမျှဝေနိုင်
ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်

💼 လုပ်ငန်းအတွက်သုံးဖို့ဆိုရင်
+ လုပ်ငန်းနှင့်သက်ဆိုင်တဲ့အချက်လက်တွေ မျှဝေဖို့
+ ဖောက်သည်တွေရဲ့ အကြံပြုချက်တွေရယူဖို့
+ အသုံးပြုနည်းတွေသိလာအောင်ဖန်တီးဖို့
+ လိုအပ်တဲ့အကူညီတွေပေးဖို့ နှင့် အခြားအရာတွေ အတွက်သုံးနိုင်ပါတယ်။
👉 Mentorship, Learning Modules, စတာတွေအတွက်လည်းသုံးနိုင်ပါတယ်။

🎎 Facebook Group ဘယ်လိုတည်ဆောက်မလဲ

+ စိတ်ဝင်စားတဲ့ခေါင်းစဥ်ကိုရွေးပါ (လုပ်ငန်းနှင့်သက်ဆိုင်ရာကိုလည်းေရွးနိုင်ပါသည်။)
+ Group ကိုပုံစံသွင်းပါ။ (အရောင်, နာမည်, တံဆိပ်အမှတ်သား စသည်ဖြင့်)
+ ကိုယ်ရဲ့ Page နှင့်ချိတ်ဆက်ပြီး Page အတိုင်းပဲ ပို့တင်ပါ။ (Group အတွက်သုံးသန့် Content Pillar သုံးနိုင်သည်)
+ Group ထဲက မန်ဘာများကို ပေ့ချ်သို့ဖိတ်ခေါ်ပါ။
+ Audience များကြိုက်မည့် ကွန်းတန့်ကိုသိနိုင်အောင် Experiment လုပ်နိုင်သည်။
+ ဆိုးရွားတဲ့ မန့်များမရှိရအောင် ကြိုတင်ကာကွယ်ပါ။

Facebook Group ဆက်လက်လည်ပတ်ဖို့
+ ပို့စ် တွေချည်းဖန်တီးနေတာမဟုတ်ဘဲ ရင်းနှီးမှုရနိုင်တဲ့ အပြန်စကားပြောခွင့်ရအောင် ဖန်တီးထားတဲ့ ကွန်းတန့်တွေ လုပ်ပါ။
+ ကွန်တန့်များကို Schedule လုပ်ပြီးမျှဝေပါ။
+ ရက်တွေကို သတ်မှတ်ပြီး ကွန်းတန့်များကို တိတိကျကျမျှဝေပါ။ (လုပ်ငန်းပို့, အမေးဖြေ, စိတ်ပေါ့ပါးအောင်)
+ မန်ဘာအသစ်များကိုကြိုဆိုပါ။

😍 Group ဖန်တီးဖူးရင်/တခုခုထဲမှာအဖွဲ့ဝင်ဖြစ်ဖူးရင် gp လို့ရေးခဲ့ပေးပါ။ တချိန်ချိန်ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။
Follow me for daily inspiration!
It's me, Rey.

Facebook နှင့်ပတ်သတ်သမျှ သိရင်ရင်အောက်ကလင့်မှာဖတ်ပါ။



်လိုဖွင့်မလဲ
#အွန်လိုင်းလုပ်ငန်း
#ဘယ်လို

🛍️ Facebook ကိုသုံးပြီး ကြော်ငြာမယ်ဆို ဖတ်ဖြစ်အောင်ဖတ်ပါ။Organic Content Strategy ကို အထောက်ပံ့ဖြစ်စေတဲ့, Facebookမှာ ကြ...
29/08/2024

🛍️ Facebook ကိုသုံးပြီး ကြော်ငြာမယ်ဆို ဖတ်ဖြစ်အောင်ဖတ်ပါ။
Organic Content Strategy ကို အထောက်ပံ့ဖြစ်စေတဲ့, Facebookမှာ ကြော်ငြာခြင်း ✨

💹 ဘယ်လိုကြော်ငြာမလဲ။
ပထမဆုံး, Ads Manager account ဖွင့်ပြီး Business Manager account နှင့်ချိတ်ဆက်ပါ။
BMA အကြောင်းသိချင်ရင် ဒီမှာဖတ်ပါ။
Read More:

ငွေချေဖို့အချက်လက်တွေဖြည့်ပြီးရင် အောက်ပါအချက် (၆)ချက်ကိုပြုလုပ်ပြီး ကြော်ငြာနိုင်ပါပြီ။

Facebook မှာကြောငြာဖို့ အဆင့် (၆)ဆင့်
🥇 Choose eye-catching creative elements
လူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိဖို့ ကိုယ့်ရဲ့ ကြော်ငြာကိုစိတ်ကူးကောင်းကောင်းနှင့် ဖန်တီးတာကပထမဆုံးအဆင့်ပါ။ ဂရပ်ဖေ့, ဓါတ်ပုံ/ဗီဒီယို စာတွေကိုသုံးပြီး စမ်းသပ်လေ့လာပါ။ ကိုယ်ရဲ့ ဖန်တီးထားတဲ့ အရာတွေကလည်း ဖေ့စ်ဘုဒ်ကချမှတ်ထားတဲ့ စဥ်းမျဥ်း, အရွယ်စားတွေကိုလိုက်နာပြီး အကောင်းဆုံးဖန်တီးပါ။

🥈 Write compelling copy
ကိုယ်ရေးတဲ့စာရဲ့ ဦးဆုံးစာလုံးအနည်းငယ်နှင့် ပရိတ်သတ်ရဲ့ စိတ်ကိုညှိယူဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ့်ကြော်ငြာကို ကျော်သွားပါလိမ့်မယ်။ ဖမ်းစားဆွဲငင်နိုင်တဲ့ စာ/စကား, ဖတ်ချင်/ကြားချင်စိတ်ရှိအောင်ပြောနိုင်စွမ်း, စိတ်ကိုလုံ့ဆော်ပေးနိုင်တဲ့ အရာမျိုးဖြင့် စိတ်ဝင်စားမှုရအောင် ဆွဲယူပါ။

3️⃣ Use effective CTAs
ကိုယ့်ရဲ့ Audience တွေကို လမ်းခုလပ်မှာ လမ်းပျောက်အောင်မလုပ်ပါနဲ့, ဘာလုပ်ပါ, ဘယ်ကိုသွားပါ စသည့်ဖြင့် လမ်းညွန်ပေးတဲ့ CTAs ထည့်ပေးဖို့လိုအပ်ပါတယ်။

4️⃣ Select appropriate audiences
မှန်ကန်သင့်တော်တဲ့ Audience ကိုမ‌ရွေးချယ်နိုင်ရင် ကိုယ်လိုချင်တဲ့ ရလဒ်ကိုလည်းရမှာမဟုတ်ပါဘူး။ ကြော်ငြာတိုင်းမှာ ရွေးချယ်ခွင့်ပေးထားတဲ့ ရွေးချယ်စရာတွေကို တိတိကျကျရွေးပြီး ကိုယ့်ပစ္စည်း/ဝန်ဆောင်မှုကို ဝယ်ယူမယ့်ရှာဖွယ်ပါ သို့မဟုတ် အမူကျင့်တူတဲ့သူတွေ ကို (segments) တွေခွဲပြီး စမ်းသပ်ကြည့်ပါ။
မတူညီတဲ့ ဘာသာစကားကိုပြောတဲ့ Audience ကိုရွေးရမယ်ဆိုရင် သီးသန့် Page ခွဲထုတ်တာ သို့မဟုတ် Translation tool ကိုသုံးတာမျိုးလုပ်ပါ။

5️⃣ Set up a Facebook Pixel
Pixel တည်ဆောက်ထားခြင်းဖြင့်လည်း Facebook Ads ကနေ အများကြီးကောင်းကျိုးတွေရရှိ နိုင်ပါတယ်။ ကိုယ့်ရဲ့ Website မှာ Code ထည့်ပြီးပြင်ဆင်ထားခြင်းဖြင့်လည်း conversions and sales, ဝက်ဆိုဒ်ထဲ လည်ပတ်သူအရေအတွက်, lookalike audiences တွေ ဖန်တီးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

6️⃣ Test and modify
Facebook မှာကြော်ငြာခြင်းရဲ့ ကောင်းတဲ့အရာတစ်ခုက ဘယ်အချိန်မှာဖြစ်ဖြစ် စမ်းသပ်ခွင့်, ရပ်ထားခွင့်, ပြင်ဆင်ခွင့်, ရပ်တန့်ခွင့်တွေပေးထားတာပါ။ ad analytics ကိုပုံမှန်ကြည့်ပြီး performance ကိုစစ်ဆေးနိုင်ပါတယ်။

ကိုယ့်ရဲ့ ကြော်ငြာက မျော်လင့်ထားတဲ့အတိုင်း မဖြစ်ဘူးဆိုရင် ပြန်ပြင်တာ, ရပ်နားထားတာ တွေကို ပြုလုပ်နိုင်ပါတယ်။

🧭 ad campaign ရလဒ်ကိုဘယ်လိုတိုင်းတာမလဲ။
Business Managerလိုမျိုးပဲ, Ads Managerကလည်း အချက်လက်သုံးသပ်ချက်တွေကို ဖော်ပြပေးနိုင်ပါတယ်။
Ads Manager အသုံးပြုနည်းကိုသီးသန့် နောက်မှတင်ပေးပါမယ်။
ကမ်ပိန်းတစ်ခုချင်းစီရဲ့ ရလဒ်ကိုကြည့်လို့ရသလို, မှန်ကန်တဲ့တိုင်းတာမှုကိုလည်းပြုလုပ်ပါ။
Ads Manager ထဲမှာပါဝင်တဲ့ Layouts တွေကို ရွေးချယ်နိင်သလို့ ကိုယ်ရဲ့ Team နှင့် ကိုက်ညီတဲ့ တိုင်းတာမှုပုံစုံကိုလည်း ဖန်တီးနိင်ပါတယ်။

ဥပမာ ကိုယ့်ရဲ့ Brandကို လူတွေ သိလာအောင်လုပ်ဖို့ ကြော်ငြာနေတာဆိုရင်လည်း, ကိုယ့်ရဲ့ ကြော်ငြာကိုလူတွေ မှတ်မိနိုင်ခြေရှိတဲ့ (estimated ad recall lift rate) ကိုစစ်ဆေးတာမျိုးက သင့်လျော်ပါတယ်။

🎁Bonus:
+ Campaigns
Facebook ad campaigns လုပ်ခြင်းဖြင့် ငွေ သုံးမယ့်ပမာဏ, ရည်မှန်းချက် တွေကို ထိန်းချုပ် နိင်ပါတယ်။ သတိထားမိအောင်, ဆုံးဖြတ်မယ့်စိတ်ဖြစ်လာအောင်, ဝယ်ယူအသုံးပြုလာအောင် စတဲ့ ရည်မှန်းချက်တွေသတ်မှတ်ပြီး ရည်ရွယ်ချက် အများစုထဲက ရွေးချယ်ပါ။ (Sales cycle = ACC)

+ Ad Sets
ကြော်ငြာတစ်ချင်းစီရဲ့ ကြာမြင့်မယ့်အချိန်, စတင်မယ့်အချိန်, ဘယ်နေရာမှာထားမယ် (Where, when, On What devices) တွေကို ချမှတ်ပါ။ Audience targeting: အသက်အပိုင်းခြား, ကျား/မ, တည်နေရာ, ကြိုက်နှစ်သက်မှု နှင့် အခြား အရာတွေကိုလည်းချမှတ်ထားဖို့လိုပါတယ်။

+ Ads
copy, Image/video, CTA စတာတွေလည်း ကြော်မှာမှာပါဝင်ပါတယ်။ သတ်မှတ်ပုံစံတွေထဲကရွေးချယ်ပါ: (ဓါတ်ပုံတစ်ပုံတည်းသုံးမှာလား, ဗီဒီယိုသုံးမှာလား, ဆလိုက်ရှိုးလုပ်မလား, ပုံအများကြီးထည့်ပြီး ‌ရွေ့လျားနေအောင် Carousels သုံးမလား စသည်ဖြင့်)

😍 ကဲ... အကျိုးရှိတယ်ဆို Ads လို့ရေးခဲ့ပေးပါ။ တချိန်ချိန်ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။
Follow me for daily inspiration!
It's me, Rey.



#အွန်လိုင်းလုပ်ငန်း

🔝 ကိုယ့် Page ကို ထိထိ‌ရောက်ရောက် Run ချင်ရင် 💹✨Content Strategy & Marketing Goal တွေ တိတိကျကျဖြစ်စေချင်ရင် ✨Facebook In...
29/08/2024

🔝 ကိုယ့် Page ကို ထိထိ‌ရောက်ရောက် Run ချင်ရင် 💹

✨Content Strategy & Marketing Goal တွေ တိတိကျကျဖြစ်စေချင်ရင်
✨Facebook Insights ကိုစနစ်တစ်ကျကြည့်တတ်ရပါတယ်။

⁉️Facebook Insights ကိုဘယ်လိုကြည့်လို့ရလဲ။
👉ဖုန်းကနေတိုက်ရိုက်ဝင်ကြည့်လို့ရသလို
💼 Business Manager မှ Insights tab ထဲမှာဝင်ပြီး surface-level data & in-depth data ကိုကြည့်နိင်ပါတယ်။
- surface-level data (Page likes and reach)
- in-depth data (Like sources, post engagement, link clicks, video views, impressions)

Facebook Business Suite: မသုံးတတ်သေးရင် အောက်ကလင့်မှာဖတ်ပါ။
Read More: https://web.facebook.com/share/p/qDNGtW6U7g57vCuC

📈 Facebook Insights ကိုဘယ်လိုသုံးမလဲ။

🛍️ Monitor metrics
မားကတ်တင်းရဲ့ ရည်ရွယ်ချက်ပြည့်ဝခြင်းရှိမရှိသိဖို့ Facebook Insights ကိုသုံးနိုင်ပါတယ်။

💬 Create reports
ကိန်းဂဏန်းတွေသက်သက်ကသိပ်မသိသာပေမယ့်။ social media report နှင့်ပေါင်းစပ်လိုက်လျင် ကိုယ့်ရဲ့ Team, Clients, Stakeholders တွေကိုတင်ပြနိင်မယ့် page performance ကိုရရှိနိုင်ပါတယ်။

📏 Measure ROI
Facebook Insights ထဲမှာပဲ Return On Investment (ROI) ကြည့်ပြီး Content တွေရဲ့တန်ဖိုးကို သက်သေပြနိုင်ပါတယ်။ click-throughs, Page likes, နှင့်တခြားတိုင်းစရာတွေကို လည်းကြည့်နိုင်ပါတယ်။

🛣️ Guide your strategy
တိုင်းတာမှုကတွေ့ရှိချက်နှင့် ROI ပေါ် သုံးသပ်ပြီး လိုအပ်တဲ့နေရာတွေမှာပိုကောင်းတဲ့ ပြင်ဆင်မှုတွေလုပ်နိုင်ပါတယ်။ (Insights, team’s marketing savvy တွေကို အသုံးချပါ။)

🧭 Compare your results
ကိုယ့်ရဲံပြိုင်ဘက်တွေနှင့်နိုင်းယှဥ်ပြီး Page ရဲ့ measurement တွေ ကိုကြည့်နိုင်ပါတယ်။ ပြိုင်ဘက်တွေကို စုစည်းထားပြီး လိုက်ခ်, တင်တဲ့ ပို့စ် အရေတွက်, တပတ်တာ engagement ကို နိုင်းယှဥ်တိုင်းတာနိုင်ပါတယ်။

😍 ကဲ... အကျိုးရှိတယ်ဆို Insight လို့ရေးခဲ့ပေးပါ။ တချိန်ချိန်ပြန်ဖတ်ဖို့လည်း Share လုပ်ထားဦး။
Follow me for daily inspiration!
It's me, Rey.




#အွန်လိုင်းလုပ်ငန်း

ที่อยู่

9 หมู่ที่ 1 Lam Sai, Wang Noi District
Wang Noi
13170

เบอร์โทรศัพท์

+66824054359

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sa Hta Ganผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์