06/26/2026
ချစ်ခင်လေးစားအပ်ပါသော AYA Bank သုံးစွဲသူများခင်ဗျာ
AYA Bank တွင် အသုံးပြုသည့် Application Portal အဟောင်း တစ်ခုမှ ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍
(၁) ၎င်း Portal သည် ဘဏ်၏ Core Banking System/ AYA Pay System/ Card System အစရှိသော ပင်မစနစ်များနှင့်တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိသည့်အပြင် အခြား Systems များအား (လုံးဝ)ထိခိုက်မှုမရှိသည့်အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကိုလည်း ပုံမှန်အတိုင်း စိတ်ချလုံခြုံမှုအပြည့်နဲ့ ဆက်လက်အသုံးပြုနိုင်ပါသည်။
(၂) AYA Bank သုံးစွဲသူများ၏အချက်အလက် လုံခြုံရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်အတွက် AYA Bank သုံးစွဲသူများ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။ AYA Bank ၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ထားလျက်ရှိပါသည်။
(၃) AYA Bank သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ (လုံးဝ)ဘေးကင်းလုံခြုံစွာရှိနေပါကြောင်း နှင့် AYA Bank ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်အသုံးပြုနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
AYA Bank အသုံးပြုသူများ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner