Jewel Of Angel

Jewel Of Angel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jewel Of Angel, Hobson Road, Fort Wayne, IN.

🔍 ရွှေထည်တစ်ခုကို ကြည့်ရုံနဲ့ 'စက်ထည်' လား၊ 'လက်လုပ် (Handmade)' လား ဘယ်လိုခွဲမလဲ?​ရွှေဆိုင်ရောက်လို့ ရတနာတွေကို ကြည့်တဲ...
03/24/2026

🔍 ရွှေထည်တစ်ခုကို ကြည့်ရုံနဲ့ 'စက်ထည်' လား၊ 'လက်လုပ် (Handmade)' လား ဘယ်လိုခွဲမလဲ?

​ရွှေဆိုင်ရောက်လို့ ရတနာတွေကို ကြည့်တဲ့အခါ တချို့အထည်တွေက အရမ်းတိကျသေသပ်နေပြီး တချို့အထည်တွေကျတော့ တစ်မျိုးလေး ထူးခြားပြီး အနုစိတ်နေတာကို သတိထားမိမှာပါဗျ။ ဒါဟာ "စက်ထည်" နဲ့ "လက်လုပ်ထည်" တို့ရဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝယ်မယ့် ရွှေထည်က ဘယ်လိုအမျိုးအစားလဲဆိုတာ ဒီအချက်လေးတွေနဲ့ ခွဲခြားကြည့်ရအောင်ဗျ။

​၁။ အနားသတ်နဲ့ တိကျမှု (Precision & Symmetry)
•​စက်ထည် (Machine-made): စက်နဲ့ ထုတ်လုပ်တာဖြစ်လို့ ဒီဇိုင်းတစ်ခုလုံးက စက်ဝိုင်းဆိုရင်လည်း တိကျတဲ့ စက်ဝိုင်း၊ လိုင်းတွေဆိုရင်လည်း တည့်မတ်နေပြီး တစ်ထပ်တည်း ကျနေတတ်ပါတယ်ဗျ။ အနားသတ်တွေက အရမ်းကို ညီညာလွန်းတာဟာ စက်ထည်ရဲ့ လက္ခဏာပါပဲ။
•​လက်လုပ်ထည် (Handmade): ပန်းထိမ်ဆရာရဲ့ လက်နဲ့ တယုတယ ပုံဖော်ထားတာဖြစ်လို့ ဒီဇိုင်းမှာ အနည်းငယ်စီ ကွာဟတဲ့ "အနုပညာရသ" လေးတွေ ရှိနေတတ်ပါတယ်။ စက်ထည်လောက် စည်းချက်မညီပေမဲ့ လူသားတစ်ယောက်ရဲ့ ဖန်တီးမှုဖြစ်လို့ ပိုပြီး သဘာဝကျတဲ့ အလှမျိုး ရှိပါတယ်ဗျ။

​၂။ အလေးချိန်နဲ့ အထူအပါး (Weight & Thickness)
•​စက်ထည်: နည်းပညာအရ ရွှေသားကို အရမ်းပါးအောင် (သို့မဟုတ်) အခေါင်းပွဖြစ်အောင် စက်နဲ့ ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင် ထည်ထည်ဝါဝါ ရှိပေမဲ့ တကယ်တမ်း ကိုင်ကြည့်ရင် ပေါ့ပါးနေတတ်ပါတယ်ဗျ။
•​လက်လုပ်ထည်: ပုံမှန်အားဖြင့် ပန်းထိမ်ဆရာတွေက ခိုင်ခံ့မှုကို ဦးစားပေးရတဲ့အတွက် စက်ထည်လောက် အရမ်းပါးအောင် လုပ်လေ့မရှိပါဘူး။ ကိုင်ကြည့်ရင် ရွှေသားအလေးချိန် စီးစီးပိုင်ပိုင်ရှိတာကို ခံစားရမှာပါဗျ။

​၃။ အဆစ်အပေါက်နှင့် ဆက်ကြောင်းများ (Joints & Soldering)
•​စက်ထည်: ဆက်ကြောင်းတွေက အရမ်းကို သေသပ်ပြီး သေချာကြည့်မှသာ မြင်နိုင်ပါတယ်။ များသောအားဖြင့် တစ်ဆက်တည်း ပုံစံမျိုး ထွက်လာတတ်ပါတယ်ဗျ။
•​လက်လုပ်ထည်: လက်နဲ့ တစ်စစီ ဆက်ထားတာဖြစ်လို့ အနီးကပ်ကြည့်ရင် ဆက်ကြောင်း (Soldering marks) လေးတွေကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာ "ရွှေနန်းခတ်" လက်ရာတွေမှာဆိုရင် လက်မှုပညာရှင်ရဲ့ ကျွမ်းကျင်မှုကို ဒီဆက်ကြောင်းလေးတွေမှာ မြင်နိုင်ပါတယ်ဗျ။

​၄။ ဒီဇိုင်းရဲ့ ထူးခြားမှု (Uniqueness)
•​စက်ထည်: ဒီဇိုင်းတစ်ခုကို ပုံစံတူ ထောင်နဲ့ချီပြီး ထုတ်လုပ်နိုင်တာကြောင့် တစ်ခြားသူတွေနဲ့ ပုံစံတူ ဝတ်ဆင်မိဖို့ အခွင့်အလမ်း ပိုများပါတယ်ဗျ။
•​လက်လုပ်ထည်: ပန်းထိမ်ဆရာ တစ်ဦးချင်းစီရဲ့ လက်ရာက မတူညီနိုင်တာကြောင့် သင်ဝတ်ထားတဲ့ ရတနာဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော "Limited Edition" လိုမျိုး ထူးခြားနေမှာပါဗျ။
​
ခေတ်မီပြီး တိကျသေသပ်တဲ့ ဒီဇိုင်းကို ကြိုက်တယ်ဆိုရင် "စက်ထည်" ကို ရွေးချယ်နိုင်ပြီး၊ မြန်မာ့ရိုးရာ အနုစိတ်ပညာနဲ့ တန်ဖိုးထားစရာ လက်ရာကို လိုချင်တယ်ဆိုရင်တော့ "လက်လုပ်ထည် (Handmade)" ကို ရွေးချယ်သင့်ပါတယ်ဗျ။ ဘယ်အထည်ပဲဖြစ်ဖြစ် မိမိစိတ်ကြိုက် ဒီဇိုင်းကို စနစ်တကျ ရွေးချယ်ဝယ်ယူဖို့က အဓိကပါပဲ။
Crd

​ #ရွှေဗဟုသုတ #စက်ထည်နှင့်လက်လုပ်ထည် #ရွှေပညာပေး #ပန်းထိမ်လက်ရာ

အပျော်ဝတ်ဖို့ လှသောလေး 14 K ဝါယာကြိုးလေးနဲ့ ရောင်စုံကျောက်လေး 💁‍♀️လိုချင်တဲ့လက်တိုင်းလေးနဲ့ မှာလို့ရပါတယ်နော်။Amazing စျ...
01/09/2026

အပျော်ဝတ်ဖို့ လှသောလေး 14 K ဝါယာကြိုးလေးနဲ့ ရောင်စုံကျောက်လေး 💁‍♀️

လိုချင်တဲ့လက်တိုင်းလေးနဲ့ မှာလို့ရပါတယ်နော်။

Amazing စျေးလေးမို့ မေးပြီး အံ့ဩစေရမယ်

01/06/2026

ခု​ခေတ်စား​နေတဲ့ timeless ဖြစ်တဲ့ daily wear ဆွဲသီး​လေး

လှသောလေးပါပဲ 🦋

ကျောက် ဘလင်းဘလင်း​လေးကို စိန်သန့်သန့်အေတွသုံးပြီး အလှဆုံး ခတ်ထားတာဆိုတော့ တန်ဖိုးအမြဲတက်နေမဲ့ဆွဲသီးလေးပဲပေါ့။

Coming soon to US

(JOA)

အိုး အိုး ဒီအလှ​လေး ကို ဘယ်သူ ပိုင်မှာလဲ ???သန့်စင်ပြီးဖျာထွက်​နေတဲ့ ကျောက်​လေးနဲ့ အ​ကောင်းဆုံးစိန်​တွေ​နဲ့ ခတ်ထားတာ​လေး...
12/20/2025

အိုး အိုး ဒီအလှ​လေး ကို ဘယ်သူ ပိုင်မှာလဲ ???

သန့်စင်ပြီးဖျာထွက်​နေတဲ့ ကျောက်​လေးနဲ့ အ​ကောင်းဆုံးစိန်​တွေ​နဲ့ ခတ်ထားတာ​လေး ရှယ်တကာရှယ်​လေး 💁‍♀️

For me လိုက်ရမလားပဲ 🤭😂

ကျောက်တစ်ပွင့်ဝယ်လိုက်လို့ Lab Report (Certificate) ကို ဖတ်ကြည့်တဲ့အခါ "Feather" တို့ "Needles" တို့ "Fingerprint" တို့ရ...
12/18/2025

ကျောက်တစ်ပွင့်ဝယ်လိုက်လို့ Lab Report (Certificate) ကို ဖတ်ကြည့်တဲ့အခါ "Feather" တို့ "Needles" တို့ "Fingerprint" တို့ရေးထားတာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအခါ ကိုယ်က အင်္ဂလိပ်လို အခေါ်အဝေါ်ကို နားမလည်ရင် "ဟာ... ငါ့ကျောက်မှာ အနာအဆာတွေ အများကြီးပါပါလား" ဆိုပြီး စိတ်ပူသွားတတ်ကြတယ်။ တကယ်တော့ ဒါတွေက မိုးကုတ်၊ မန္တလေး စျေးကွက်မှာ ဆရာသမားတွေ ပြောနေကျ "အမွှေး၊ မှတ်စာ၊ လက်ဗွေ" ဆိုတာတွေပါပဲ။ ဒါကြောင့် နိုင်ငံတကာ Report တွေမှာသုံးတဲ့ စာတွေ့အခေါ်အဝေါ်နဲ့၊ ကျွန်မတို့ မြန်မာရတနာစျေးကွက်က လက်တွေ့အခေါ်အဝေါ်တွေကို ယှဉ်တွဲပြီး ပြောပြပေးပါမယ်။ ဒါမှ ကိုယ့်ကျောက်မှာ ဘာပါလဲဆိုတာ တိတိကျကျ သိနိုင်မှာပေါ့နော်။

ပထမဆုံးအနေနဲ့ သဘာဝကျောက်တွေရဲ့ အသက်လို့တောင် တင်စားလို့ရတဲ့ "Silk" (သို့မဟုတ်) "Rutile Needles" အကြောင်း ပြောရအောင်။ နိုင်ငံတကာ Report တွေမှာ "Rutile Silk" လို့ တွေ့ရင် ဒါကို ကျွန်မတို့ဆီမှာ "ငှက်မွှေး" (သို့) "ချည်မွှေး" လို့ ခေါ်ပါတယ်။ ဒီအမွှေးလေးတွေက အပြစ်အနာအဆာ မဟုတ်ပါဘူး။ Star Ruby/Sapphire -ကြယ်ကျောက် တွေဖြစ်လာဖို့ သူတို့က အဓိက သော့ချက်ပါပဲ။ တကယ်လို့ Report မှာ "Silk Intersections" လို့ ရေးထားရင်တော့ ဒါဟာ "ငှက်မွှေးဆုံ" (သို့) "ကြယ်ကွန်ယက်" ပါ။ သဘာဝကျောက်စစ်မစစ် ခွဲခြားရာမှာ အင်မတန် အရေးပါတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။

နောက်ထပ် အတွေ့ရများတာကတော့ "Feather" နဲ့ "Fingerprint" ပါ။ စာရွက်ထဲမှာ Feather လို့ရေးထားရင် လန့်မသွားပါနဲ့။ အဲ့ဒါက ကျွန်မတို့မြန်မာအခေါ် "မှတ်စာ" (သို့) "မှတ်ကြော" ပါ။ သဘာဝအလျောက် ဖြစ်ပေါ်ခဲ့တဲ့ ကွဲကြောလေးတွေ ပြန်ပိတ်သွားတဲ့ ပုံစံမျိုးပေါ့။ "Fingerprint" ကျတော့ "လက်ဗွေကြော" လို့ခေါ်ပြီး အရည်အောင်းဝင် သေးသေးလေးတွေ စုဝေးနေတတ်ပါတယ်။ တကယ်လို့ ကွဲပြီးသား အရာလေးက သဘာဝအလျောက် ပြန်ဆက်သွားတယ်ဆိုရင်တော့ Lab မှာ "Healed Fracture" လို့ သုံးတတ်ပြီး၊ ဒေသအခေါ်ကတော့ "မှတ်ကျန်" လို့ သတ်မှတ်ကြပါတယ်။

ကျောက်ထဲမှာ နောက်ထပ်ကျောက်တစ်လုံး ထပ်ဝင်နေတာမျိုး တွေ့ဖူးကြလား? အဲ့ဒါကို နိုင်ငံတကာက "Solid Crystal Inclusion" လို့ခေါ်ပြီး ကျွန်မတို့ဆီမှာတော့ "အတွင်းကျောက်" လို့ ခေါ်ပါတယ်။ ဥပမာ - ပတ္တမြားထဲမှာ Spinel လေးတွေ၊ Zircon လေးတွေ ဝင်နေတာမျိုးပေါ့။ တကယ်လို့ ကျောက်ပုံစံတော့ရှိတယ်၊ အထဲမှာ ဘာမှမရှိဘဲ အခွံသက်သက်ဖြစ်နေရင်တော့ "Negative Crystal" - အခွံအလွတ် / အိမ်ပေါက် လို့ ခေါ်ဝေါ်ကြပါတယ်။ 🔬

နောက်ဆုံးအနေနဲ့ သတိထားရမယ့် အချက်လေးတွေကိုလည်း ပြောပြချင်ပါတယ်။ တကယ်လို့များ "Gas Bubble" ဆိုတာ တွေ့ခဲ့ရင် သတိထားပါ၊ ဒါက "လေဖောက်" လို့ခေါ်ပြီး လူလုပ်ကျောက်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာပါ။ နောက်တစ်ခုက "Flux Veil" ပါ၊ ဒေသအခေါ် "ဖလပ်ကြော" လို့ခေါ်ပြီး ဒါဟာလည်း Flux-grown synthetic - ချက်ကျောက် တွေမှာ တွေ့ရတတ်တဲ့ အရာမို့ သဘာဝ "မှတ်စာ/မှတ်ကြော" တွေနဲ့ မမှားအောင် သေချာခွဲခြားသိထားဖို့ လိုပါတယ်ရှင်။

ကဲ... ဒီလောက်ဆိုရင်တော့ Lab Report တစ်ရွက်ကို ကိုင်လိုက်တာနဲ့ ဒီစာလုံးတွေက မြန်မာလို ဘာကိုဆိုလိုသလဲဆိုတာ သေချာနားလည်သွားပြီလို့ မျှော်လင့်ပါတယ်။ ကျောက်မျက်ပညာဆိုတာ လေ့လာလေ နက်နဲလေမို့ သိထားတဲ့ အခေါ်အဝေါ်လေးတွေရှိရင်လည်းမျှဝေခဲ့ပါအုံးရှင်။

ကျောက်တစ်ပွင့်ဝယ်လိုက်လို့ Lab Report (Certificate) ကို ဖတ်ကြည့်တဲ့အခါ "Feather" တို့ "Needles" တို့ "Fingerprint" တို့ရေးထားတာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအခါ ကိုယ်က အင်္ဂလိပ်လို အခေါ်အဝေါ်ကို နားမလည်ရင် "ဟာ... ငါ့ကျောက်မှာ အနာအဆာတွေ အများကြီးပါပါလား" ဆိုပြီး စိတ်ပူသွားတတ်ကြတယ်။ တကယ်တော့ ဒါတွေက မိုးကုတ်၊ မန္တလေး စျေးကွက်မှာ ဆရာသမားတွေ ပြောနေကျ "အမွှေး၊ မှတ်စာ၊ လက်ဗွေ" ဆိုတာတွေပါပဲ။ ဒါကြောင့် နိုင်ငံတကာ Report တွေမှာသုံးတဲ့ စာတွေ့အခေါ်အဝေါ်နဲ့၊ ကျွန်မတို့ မြန်မာရတနာစျေးကွက်က လက်တွေ့အခေါ်အဝေါ်တွေကို ယှဉ်တွဲပြီး ပြောပြပေးပါမယ်။ ဒါမှ ကိုယ့်ကျောက်မှာ ဘာပါလဲဆိုတာ တိတိကျကျ သိနိုင်မှာပေါ့နော်။

ပထမဆုံးအနေနဲ့ သဘာဝကျောက်တွေရဲ့ အသက်လို့တောင် တင်စားလို့ရတဲ့ "Silk" (သို့မဟုတ်) "Rutile Needles" အကြောင်း ပြောရအောင်။ နိုင်ငံတကာ Report တွေမှာ "Rutile Silk" လို့ တွေ့ရင် ဒါကို ကျွန်မတို့ဆီမှာ "ငှက်မွှေး" (သို့) "ချည်မွှေး" လို့ ခေါ်ပါတယ်။ ဒီအမွှေးလေးတွေက အပြစ်အနာအဆာ မဟုတ်ပါဘူး။ Star Ruby/Sapphire -ကြယ်ကျောက် တွေဖြစ်လာဖို့ သူတို့က အဓိက သော့ချက်ပါပဲ။ တကယ်လို့ Report မှာ "Silk Intersections" လို့ ရေးထားရင်တော့ ဒါဟာ "ငှက်မွှေးဆုံ" (သို့) "ကြယ်ကွန်ယက်" ပါ။ သဘာဝကျောက်စစ်မစစ် ခွဲခြားရာမှာ အင်မတန် အရေးပါတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။

နောက်ထပ် အတွေ့ရများတာကတော့ "Feather" နဲ့ "Fingerprint" ပါ။ စာရွက်ထဲမှာ Feather လို့ရေးထားရင် လန့်မသွားပါနဲ့။ အဲ့ဒါက ကျွန်မတို့မြန်မာအခေါ် "မှတ်စာ" (သို့) "မှတ်ကြော" ပါ။ သဘာဝအလျောက် ဖြစ်ပေါ်ခဲ့တဲ့ ကွဲကြောလေးတွေ ပြန်ပိတ်သွားတဲ့ ပုံစံမျိုးပေါ့။ "Fingerprint" ကျတော့ "လက်ဗွေကြော" လို့ခေါ်ပြီး အရည်အောင်းဝင် သေးသေးလေးတွေ စုဝေးနေတတ်ပါတယ်။ တကယ်လို့ ကွဲပြီးသား အရာလေးက သဘာဝအလျောက် ပြန်ဆက်သွားတယ်ဆိုရင်တော့ Lab မှာ "Healed Fracture" လို့ သုံးတတ်ပြီး၊ ဒေသအခေါ်ကတော့ "မှတ်ကျန်" လို့ သတ်မှတ်ကြပါတယ်။

ကျောက်ထဲမှာ နောက်ထပ်ကျောက်တစ်လုံး ထပ်ဝင်နေတာမျိုး တွေ့ဖူးကြလား? အဲ့ဒါကို နိုင်ငံတကာက "Solid Crystal Inclusion" လို့ခေါ်ပြီး ကျွန်မတို့ဆီမှာတော့ "အတွင်းကျောက်" လို့ ခေါ်ပါတယ်။ ဥပမာ - ပတ္တမြားထဲမှာ Spinel လေးတွေ၊ Zircon လေးတွေ ဝင်နေတာမျိုးပေါ့။ တကယ်လို့ ကျောက်ပုံစံတော့ရှိတယ်၊ အထဲမှာ ဘာမှမရှိဘဲ အခွံသက်သက်ဖြစ်နေရင်တော့ "Negative Crystal" - အခွံအလွတ် / အိမ်ပေါက် လို့ ခေါ်ဝေါ်ကြပါတယ်။ 🔬

နောက်ဆုံးအနေနဲ့ သတိထားရမယ့် အချက်လေးတွေကိုလည်း ပြောပြချင်ပါတယ်။ တကယ်လို့များ "Gas Bubble" ဆိုတာ တွေ့ခဲ့ရင် သတိထားပါ၊ ဒါက "လေဖောက်" လို့ခေါ်ပြီး လူလုပ်ကျောက်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာပါ။ နောက်တစ်ခုက "Flux Veil" ပါ၊ ဒေသအခေါ် "ဖလပ်ကြော" လို့ခေါ်ပြီး ဒါဟာလည်း Flux-grown synthetic - ချက်ကျောက် တွေမှာ တွေ့ရတတ်တဲ့ အရာမို့ သဘာဝ "မှတ်စာ/မှတ်ကြော" တွေနဲ့ မမှားအောင် သေချာခွဲခြားသိထားဖို့ လိုပါတယ်ရှင်။

ကဲ... ဒီလောက်ဆိုရင်တော့ Lab Report တစ်ရွက်ကို ကိုင်လိုက်တာနဲ့ ဒီစာလုံးတွေက မြန်မာလို ဘာကိုဆိုလိုသလဲဆိုတာ သေချာနားလည်သွားပြီလို့ မျှော်လင့်ပါတယ်။ ကျောက်မျက်ပညာဆိုတာ လေ့လာလေ နက်နဲလေမို့ သိထားတဲ့ အခေါ်အဝေါ်လေးတွေရှိရင်လည်း Comment မှာ မျှဝေဆွေးနွေးပေးခဲ့ကြပါဦးရှင်။ ❤️

💫committed to excellence💫 သိလိုတာများမေးမြန်းလိုပါက ဖုန်း ☎️-09886666481, 09660535455.,-Viber နှင့် ပေ့ချ် မက်ဆေ့တွင်မေးမြန်းနိုင်ပါတယ်ရှင် 📝 သင်တန်းရဲ့အားသာချက်တွေကြောင့်လူအမြဲပြည့်တဲ့အတွက်စာရင်းကြိုသွင်းရပါတယ်ရှင် YouTube www.youtube.com/ TikTok https://www.tiktok.com/...

12/12/2025

ပြောစရာမလိုအောင် လှတဲ့
Royal Blue အလှလေးတပွင့်
အရွယ်ရောပယ်ရော မိမိုက်

Natural Sapphire Mogok 3.02 ct

12/12/2025

ရဲရဲခဲခဲ လှသောလေး သဘာဝ မိုးကုတ် ပတ္တမြား

Quality Ruby Lot

09/24/2025

Page မှာပုံတွေ မတင်ဖြစ်ပေမဲ့ အော်ဒါလေးတွေ လက်ခံပါတယ်နော်။

အရည်အသွေးနဲ့ပေးရတာကို တန်စေရမယ် ။

အကောင်းကြိုက်သူတွေအတွက်ပဲ ထုတ်လို့ စျေးနဲ့ ရမဲ့ quality တော့တန်စေရမယ်ရှင်။

ခုတလော ဒီလိုလူငယ်ဆန်ဆန် Daily wear လေးတွေ သဘောကျနေလို့ အသစ်ထုတ်အုံးမယ်နော် Jewel Of Angel ရဲ့ထုံးစံအတိုင်း quality လေးတွ...
05/28/2025

ခုတလော ဒီလိုလူငယ်ဆန်ဆန် Daily wear လေးတွေ သဘောကျနေလို့ အသစ်ထုတ်အုံးမယ်နော်

Jewel Of Angel ရဲ့ထုံးစံအတိုင်း quality လေးတွေပဲ ဦးစားပေးလို့ လိုချင်တယ်ဆို order ပေးမှရမယ်နော် 🦋

Thank you 💙

ဒီနေ့က အမေရိကားမှာ daylight saving စတဲ့နေ့ပါရှင်။ တစ်နာရီရှေ့ကိုရွှေ့ပြီး နာရီ​ပြောင်းသွားပါပြီ။(အိမ်က တိုင်ကပ်နာရီကြည့်...
03/10/2025

ဒီနေ့က အမေရိကားမှာ daylight saving စတဲ့နေ့ပါရှင်။ တစ်နာရီရှေ့ကိုရွှေ့ပြီး နာရီ​ပြောင်းသွားပါပြီ။
(အိမ်က တိုင်ကပ်နာရီကြည့်ပြီး ဖုန်းက နာရီ မကြည့်မိရင်​တော့ အလုပ်​နောက်ကျ ကြပါမယ်။

ဥပမာ -မနေ့က မနက် ၂ နာရီက ဒီနေ့ မှာ ၃ နာရီ ဖြစ်သွားပါတယ်။ တစ်နာရီ စောသွားတာပါ။ ဒါကလည်း အမေရိကရဲ့ ထုံးထမ်းစဉ်လာတစ်ရပ်ပေါ့။

ဒါဘာကိုညွှန်ပြသလဲဆို ရာသီကူး​ပြောင်း​တော့မဲ့ သ​ဘောပါ

🕉️🔱 Ohm Na Ma Shi Va Ya 🔱 🕉️မင်္ဂလာရှိသော မဟာသျှိဗရာသ်ရီးနေ့မြတ်ဖြစ်ပါစေ။မဟာသျှိဗရာသ်ရီးနေ့မြတ်သည် စကြ၀ဠာတွင် စွမ်းအားအမ...
02/26/2025

🕉️🔱 Ohm Na Ma Shi Va Ya 🔱 🕉️

မင်္ဂလာရှိသော မဟာသျှိဗရာသ်ရီးနေ့မြတ်ဖြစ်ပါစေ။

မဟာသျှိဗရာသ်ရီးနေ့မြတ်သည် စကြ၀ဠာတွင် စွမ်းအားအမြင့်မားဆုံးဖြစ်သော လင်ဂမ်းပွင့်ထွန်းတော်မူပြီး စကြ၀ဠာ၏ အရာခပ်သိမ်းကို အစပျိုးစေသောနေ့မြတ်ဖြစ်သည်။
တစ်နှစ်ပတ်လုံးတွင် Energy အမြင့်ဆုံးနေ့မြတ် ညမြတ်ဖြစ်ပြီး တတိယမျက်လုံးချက္ကရာကို နိုးကြား ထိန်းညှိရန် အထူးကြိုးပမ်းသင့်သောနေ့ဖြစ်သည်။

ဤနေ့တွင်ပင် ဘုရားမြတ်သည် သမုဒ္ဒရာမွှေနှောက်ရာမှ ထွက်ပေါ်လာသော လူ၊ နတ်၊ အသူရာခပ်သိမ်းအား သေစေနိုင်သော ဟလာဟလ်အဆိပ်ကို သောက်ဆုံးပြီး လည်ပင်းတွင် ထိန်းထားခြင်းဖြင့် လောကကို ကယ်တင်ခဲ့သောနေ့မြတ်လည်းဖြစ်သည်။ ထို့အတွက်လည်း ဘုရားမြတ်အားနီးလ်ကန့်ထ် မဟာဒေ့ဗ် ဟု ခေါ်ကြသည်။

ထပ်မံ၍ ဘုရားမြတ်ရှီဗားနှင့် မယ်တော် ပါရ်ဗသီးတို့ ထိမ်းမြားပေါင်းဆုံသည့်နေ့ဖြစ်သည့်အတွက် သျှိဗ - ရှက်သီးစွမ်းအား အလွန်မြင့်မားသောနေ့မြတ်လည်းဖြစ်သည်။

အချို့အယူအဆများအရ ဤနေ့တွင် ဘုရားမြတ်သည် တန်ဍဗ်အကကို ကတော်မူပြီး မကောင်းမှုအပေါင်းအားဖျက်သုဉ်းပြီး အရာအားလုံးအား အသစ်တစ်ဖန်ပြန်လည်စတင်စေသောနေ့မြတ်လည်းဖြစ်ပေသည်။

ထပ်မံထူးခြားသောအချက်မှာ ယနေ့ မဟာသျှိဗရာသ်ရီးတွင် ဂြိုဟ် (၇) လုံးသည် အနီးကပ်ဆုံး တစ်တန်းတည်းကျရောက်မည်ဖြစ်ပြီး သာမန်မျက်စိဖြင့်ပင် အထင်အရှားမြင်နိုင်သော အလွန်အစွမ်းထက်သည့် နှစ် (၆၀) တစ်ခါသာကျရောက်သော ညမြတ်လည်းဖြစ်သည်။

အလွန်အင်မတန်မြင့်မြတ်သော အမြင့်မြတ်ဆုံးဖြစ်တော်မူသည့် ဘုရားမြတ်သျှိဗ၏ မေတ္တာတော်ကြောင့် လောကအနှံ့တွင် သက်ရှိတိုင်းသည် ကောင်းသောအတွေးသာ တွေးခေါ်၍ ကောင်းသောအမှုများကိုသာ ပြုနိုင်ကြပါစေ။

Har Har Mahadev 🙏🏻

Credit - Hindu ဘာသာရေးအသိပညာ

Address

Hobson Road
Fort Wayne, IN
IN46805

Website

Alerts

Be the first to know and let us send you an email when Jewel Of Angel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jewel Of Angel:

Share