Irene Hobbs

Website Contact the business

Irene Hobbs Helping others!

10/15/2026
10/13/2026

အားလုံးကို တစ်ခုပြောပြချင်ပါတယ်ရှင့်။ ဒီ page လေးမှာ ကျွန်မ ကျန်းမာရေးအကြောင်းပဲ မျှဝေပါမယ်။ ကိုယ်ပိုင်ကိစ္စတွေ၊ မိသားစုအကြောင်းတွေ မတင်တော့ပါဘူးရှင့်။ ဟိုတစ်နေ့က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် တဲ့ ပိုစ့် တင်လိုက်တာ လာဆဲကြတယ်ရှင့် မိုက်မိုက်ရိုင်းရိုင်းတွေ လာမန့်ကြတယ် ကျမ လဲ အခုမှ ကင်ဆာ ရောဂါသက်သာပျောက်ကင်းလာတာ စိတ်ညစ်စိတ်ရှူပ် စရာတွေ မခံနိုင်ဘူးရှင့် ကျမကို နားလည်ပေးကြပါနော် 🙏

With Yu Yu Htwe – I just got recognised as one of their top fans! 🎉
10/12/2026

With Yu Yu Htwe – I just got recognised as one of their top fans! 🎉

My cancer treatment- 7 သားအိမ်ခွဲထုတ်ပြီးတစ်လ နေ့တော့ ၅ကြိမ်မြောက်ကီမိုကို ဩဂတ်၃၁ ရက်နေ့မှာသွားသွင်းခဲ့ပါတယ် ကီမို မသွင်...
10/08/2026

My cancer treatment- 7

သားအိမ်ခွဲထုတ်ပြီးတစ်လ နေ့တော့ ၅ကြိမ်မြောက်ကီမိုကို ဩဂတ်၃၁ ရက်နေ့မှာသွားသွင်းခဲ့ပါတယ် ကီမို မသွင်းဖြစ်တာရက် ၄၀ ကျော် လောက်ရှိပြီဆိုတော့ဆံပင်တွေပြန်ပေါက်လာပါတယ်သွင်းစတစ်ရက်ကတော့ဘာမှမဖြစ်ပေမဲ့ မသွင်း
ဘဲခဏ နားထားလို့လားမသိဘူးရှင့် ဆေး
သွင်းပြီးနောက်နှစ်ရက်လောက်နေတော့
လူကမူးနောက်နောက်ဖြစ်နေပြီးရင်တုန်
လာတယ်အားယုတ်လာတယ် ဘာမှ မလုပ်ခြင်မကိုင်ခြင်ဖြစ်ပြီးအစားလဲကောင်း
ကောင်းမစားနိုင်ဘူး အမေကတော့ဘာစားခြင်လဲ မေးပါတယ် ကျမကီမိုသွင်းပြီးပြန်လာတိုင်းအများဆုံးစားဖြစ်ခဲ့တာက ကြက်သားဆန်ပြုတ်ပါကြက်သားဆန်ပြုတ်ကိုငြုပ်ကောင်းကြက်သွန်ဖြူ လေးနဲ့ အမေလုပ်ပေးတာစားလို့ အရမ်းကောင်းပါတယ်

ကျမသားအိမ်ခွဲပြီးတော့ ကျမညီမမိသားစုနဲ့
ဦးလေး တို့ Ca ကိုပြန်သွားကြပါတယ် အမေ ကတော့ကျမနဲ့နေခဲ့ပါတယ်အမေရှိလို့
တော်ပါသေးတယ် ကျမ အမျိုးသားက ဘာမှ မချက်တတ် ဘာမှ မလုပ်ပေးတတ်တော့
အမေရှိ လို့အရမ်းအဆင်ပြေခဲ့ပါတယ် အမေရှိတော့အမျိုးသားလဲ အလုပ်သွားရင်
နောက်ဆံတင်းစရာမလိုတော့ဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်သွားလို့ရခဲ့ပါတယ်

အမေနဲ့ ညီမကကျမနေမကောင်းဖြစ်နေချိန်မှာ အများဆုံးကူညီဖေးမခဲ့ပါတယ်

ဒီလိုနဲ့ ကီမိုသွင်းပြီးတစ်ပတ်လောက်မေတော့ ကျမနေလို့နဲနဲကောင်းလာခဲ့ပါတယ်
၂ ပတ်လောက်နေတော့တော်တော်နေလို့ကောင်းလာပါပြီး ၃ ပတ်မြောက်မှာတော့
နေလို့ကောင်းလာချိန်မှာဘဲ နောက်ဆုံးခြောက်ကြိမ်မြောက်ကီမိုကို သွင်းဖို့ဖြစ်လာပါတယ် စက်တင်ဘာ၂၁ ရက်နေ့မှာ နောက်ဆုံးကီမိုကိုသွင်းပြီးသွားခဲ့ပါတယ်

နောက်ဆုံးကီမိုသွင်းပြီး နောက်၂/၃ ရက်လောက်မှာ နဲနဲမူးနောက်နောက်ဖြစ်ပါသေးတယ် အခုဆိုရင် ကီမို သွင်းပြီးတာ
၃ ပါတ်လောက်ရှိပြီးမနေ့ကဆရာဝန်နဲ့ ပြန်တွေ့တာ အစစအရာရာ အဆင်ပြေပြီး
ကောင်းနေတယ်လို့ပြောပါတယ် ကင်ဆာ
လဲမရှိတော့ဘူးလို့ပြောပါတယ်

ပြန်မဖြစ်အောင်ကာကွယ်ဖို့အတွက် ဆေးတွေ ဆက်သောက်နေရပါအုံးမယ် သောက်ဆေးနဲ့ အတူ ကီမို မဟုတ်တဲ့ဆေးလဲသွင်းရမယ်လို့ပြောပါတယ် ကျန်းမာရေး
အာမခံကနေ အတည်ပြုချက်ရပြီးမှ ကျန်တာ ဆက်လုပ်လို့ရမယ်လို့ဆရာဝန်က
ပြောပါတယ် နောက်တစ်ပတ်သို့မဟုတ်၂ ပတ်လောက်စောင့်ရမယ်ထင်ပါတယ်
မနေ့ကဆရာဝန်နဲ့တွေ့ပြီးတော့ ကျမအမျိုးသားက ကျမ ကို ဆရာဝန်ပြောတဲ့တချို့အကြောင်းအရာတွေကိုပြန်ရှင်းပြပါတယ် အဲဒီဆေး သောက်ပြီးရင် ပြန်ဖြစ်နိုင်ချေက အရမ်းနည်းတယ်လို့ပြောပါတယ်ရှင့်

ဒီနေရာ မှာ ကျမ တစ်ခုအနူးအညွှတ်
တောင်းပန်ခြင်တာက ကျမကိုစိတ်ပူလို့
အမြန်ပျောက်စေခြင်လို့ဆုတောင်းပေး
ကြပါတယ်တချို့ကမြန်မာ့ဆေးနည်းတွေပေးကြတယ် ဖြည့်စွက်စာတွေ စားစေခြင်ကြတာ ကျမနားလည်ပါတယ်

ကျမ အားလုံးကိုကျေးဇူးအများကြီးတင်ပါ
တယ်🙏ကျမ ဆရာ ဝန်ပေးတဲ့ဆေးကိုသောက်ပြီးလို့ရှိရင် အားလုံးကပြောပြတဲ့
မြန်မာ့ဆေးနည်းတွေကို ကျမ ကြိုးစားပြီး
သုံးကြည့်ပါ့မယ်ရှင့် အခုတော့ကျမဆရာ
ဝန်လမ်းညွှန်ချက်အတိုင်းလိုက်နာပြီးဆက်
ပြီးလုပ်ပါရစေရှင့်

ကျွန်မကျန်းမာရေးအတွက် စိုးရိမ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် 🙏❤️🥰😍

ဒီ ပိုစ့်က နောက်ဆုံး အပိုင်းပါရှင့်
ကျမ social media သုံးတာရော
စာရေးတာရော အာရုံအရမ်းစိုက်
လို့ခေါင်းသိပ်မကောင်းဘူးရှင့်
ဒါပြီးရင်ခဏတော့နားပါအုံးမယ်ရှင့်
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏❤️😍🥰

ရင်ဘတ် ထဲ ထည့်ရတဲ့ ကိရိယာလေးက စက်မဟုတ်ပါဘူးရှင့် ကျမ ကအလွယ်နည်းလေးနဲ့ စက်လို့ ရေးလိုက်တာပါ အဲဒီကိရိယာကို အင်္ဂလိပ်လို Po...
10/08/2026

ရင်ဘတ် ထဲ ထည့်ရတဲ့ ကိရိယာလေးက စက်မဟုတ်ပါဘူးရှင့် ကျမ ကအလွယ်နည်းလေး
နဲ့ စက်လို့ ရေးလိုက်တာပါ

အဲဒီကိရိယာကို အင်္ဂလိပ်လို Port
လို့ခေါ်ပါတယ်ရှင့်

Port ဆိုတာဘာလဲ?

Port က အရေပြားအောက်မှာ ခွဲစိတ်ပြီး ထည့်ထားတဲ့ **သွေးကြောထဲဆေးသွင်းရန် အသုံးပြုတဲ့ ကိရိယာငယ်တစ်ခု** ဖြစ်ပါတယ်။

အများအားဖြင့် ရင်ဘတ်အပေါ်ပိုင်းအရေပြားအောက်မှာ ထည့်ထားပြီး၊ port ကနေ သွေးကြောကြီးတစ်ခုထဲကို catheter လေးတစ်ချောင်း ဆက်ထားပါတယ်။

# # # ဘာအတွက်အသုံးပြုသလဲ?

Cancer treatment မှာ port ကို—
- **Chemotherapy ဆေးသွင်းရန်**
- သွေးစစ်ရန် သို့မဟုတ် IV ဆေးများပေးရန်
- ဆေးသွင်းတာကို အကြိမ်ကြိမ်လုပ်ရမယ့်သူတွေမှာ လက်သွေးကြောတွေကို ထပ်ခါထပ်ခါ မဖောက်ရအောင်
အသုံးပြုနိုင်ပါတယ်။

Chemotherapy ဆေးတွေကို အကြိမ်ကြိမ် သွေးကြောထဲထည့်ရတတ်ပါတယ်။ တချို့ chemotherapy ဆေးတွေက သွေးကြောကို ယားယံစေခြင်း၊ ထိခိုက်စေခြင်းရှိနိုင်တဲ့အတွက် **သွေးကြောကြီးထဲကို တိုက်ရိုက်ရောက်အောင် port အသုံးပြုတာ** ပိုအဆင်ပြေပါတယ်။

# # # Port ထည့်ထားရင် ဘယ်လိုလဲ?

Port ထည့်ပြီးတဲ့အခါ အပြင်ဘက်မှာ ပိုက်တန်းကြီး ထွက်နေမှာမဟုတ်ပါဘူး။ **အရေပြားအောက်မှာသာ ရှိတာ**ဖြစ်ပြီး အရေပြားပေါ်မှာ အနည်းငယ် ဖုလေးလို ခံစားရနိုင်ပါတယ်။

Chemotherapy ပေးတဲ့အခါ ဆရာဝန်/သူနာပြုက port အပေါ်က အရေပြားကို သန့်စင်ပြီး **အထူးအပ် (special needle)** နဲ့ ထိုးပြီး ဆေးသွင်းပါတယ်။

# # # အန္တရာယ်ရှိလား?

အများအားဖြင့် လုံခြုံပါတယ်။ ဒါပေမယ့် **ပိုးဝင်ခြင်း၊ သွေးခဲခြင်း၊ port ပိတ်ခြင်း** စတဲ့ ပြဿနာတွေ ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ Port နေရာမှာ နီခြင်း၊ ပူခြင်း၊ ဖောင်းခြင်း၊ အလွန်နာခြင်း သို့မဟုတ် ဖျားခြင်းရှိရင် ဆေးဘက်ဆိုင်ရာအဖွဲ့ကို ချက်ချင်းပြောသင့်ပါတယ်။

အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမခံစားခဲ့ရတာတွေကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြတာ ဘဲရှိပါတယ် ကျမ ကprofessional ဆရာဝန်...
10/08/2026

အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

ကျမခံစားခဲ့ရတာတွေကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြတာ ဘဲရှိပါတယ် ကျမ ကprofessional ဆရာဝန်
တစ်ယောက်မဟုတ်ပါဘူး

ဆရာဝန်တွေရဲ့ ပေစ့်ကို follow လုပ်ထားရင် ပိုကောင်းပါတယ်

ကျမ ဒီစာအောက်မှာ ကျမ follow ထားတဲ့ ကင်ဆာ အကြောင်း ကိုဆရာဝန် ကိုယ်တိုင်
ပြောပြထားတဲ့ ပေစ့်ကို follow လုပ်ထားကြပါနော်
ဗဟုသုတ အများကြီး ရနိုင်ပါတယ်

My cancer treatment -6၃၁ ရက်နေ့ ဇူလှိုင်မှာ ခွဲပြီးတော့အိမ်ပြန်လာပါတယ်ခွဲပြီးအိမ်ပြန်ရောက်တဲ့ ပထမ ညမှာနာလွန်းလို့ ကျမ အေ...
10/08/2026

My cancer treatment -6

၃၁ ရက်နေ့ ဇူလှိုင်မှာ ခွဲပြီးတော့အိမ်ပြန်လာပါတယ်ခွဲပြီးအိမ်ပြန်ရောက်တဲ့ ပထမ ညမှာ
နာလွန်းလို့ ကျမ အော်ငို နေရပါတယ်သူတို့ပေးတဲ့အပြင်းဆုံးအနာပျောက်ဆေးကို လေးနာရီခြားတခါ သောက်လိုက်ရပါတယ်
ကျမ ဘာမှ မလုပ်နိုင်သလို အိပ်ယာထဲမှာဘဲလှဲနေနိုင်ပါတယ်

ကျမ အမေ နဲ့ ညီမ အငယ်ဆုံးရဲ့မိသားစုရယ်ကျမဦးလေးရယ် ကျမ မခွဲခင်က တခြားပြည်နယ်တစ်ခုကနေရောက်လာကြပါတယ် ကျမ အတွက် အရမ်းကိုစိတ်မကောင်းဖြစ်နေမှန်းသူတို့မျက်နှာကို ကြည့်ရင်သိတာမို့ သူတို့အရှေ့မှာဆို ကျမ သိပ်မ နာသလို ဟန်ဆောင်ထားပါတယ်ကျမတူ/တူမလေးတွေကအစ အားလုံးစိတ်မကောင်း
ဖြစ်နေကြတာ ကျမအရမ်းစိတ်မကောင်းဖြစ်ရပါတယ် ဒီလိုနဲ့ ကျမစိတ်ထဲမှာ တွေးလိုက်တယ် ငါနေပြန်ကောင်းမှဖြစ်မယ်
ငါ့ကိုချစ်တဲ့သူတွေ စိတ်မကောင်းဖြစ်နေတာငါမကြည့်ရက်ဘူးငါစိတ်ကို သန်မာအောင် လုပ်ရမယ်ဆိုပြီး ကျမကြိုးစားခဲ့ပါတယ်

ကျမ အမေ ဆို ကျမကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေ့လို့ စိတ် အရမ်းကျဉ်းကျပ်ခဲ့ရ
ပါတယ် ကျမဘာစားခြင်သလဲ စားခြင်တာရှိရင် ကျမညီမ နဲ့အမေကလုပ်ပေးပါတယ်
ကျမတို့ ဘာသာ အရ ကျမဦးလေးကညတိုင်း mass လုပ်ပြီးဆုတောင်းပေးပါတယ်
ပြီးရင် မိသားစု စိတ်ပုတီးစိတ်ကျပါတယ်
ကျမချစ်ရတဲ့ တူ/တူမလေးတွေက ကျမ
ပြန်လည်ကျန်းမာလာဖို့ဆု​တောင်းပေးခဲ့
ကြလို့ ကျမအရမ်းပျော်ရွှင်ခဲ့ရပါတယ်
ကျမ နေမကောင်းတဲ့အချိန်မှာ ကျမချစ်ရတဲ့မိသားစု ကျမဘေးနားမှာရှိနေပေးခဲ့တဲ့အတွက်ကျမအတွက် အားအင်တစ်ခုဖြစ်ခဲ့ပါတယ်

ခွဲပြီးဒုတိယနေ့မှာတော့တော်တော်နာနေပါသေးတယ်ရှင့် ကျမမှတ်မိသလောက်ပြောရရင် ကြက်စွပ်ပြုတ်ထဲကို ထမင်းနဲနဲထည့်ပြီးသောက်နိုင်နေပြီရှင့်သောက်ရမဲ့ဆေးတွေက
with food လို့ဆရာဝန်ကညွှန်
ကြားလိုက်တော့ အရည်လေးတော့ဝင်အောင် သောက်ပြီးဆေးသောက် ဖြစ်တယ် အဲလိုနဲ့ဘဲ တစ်ပတ်လောက်နေတော့
သိပ်မနာတော့ဘူး ၂ပတ်ပြီးတော့အနာကိုပိတ်ထားတဲ့ ကော် တွေ ကွာကျလာပြီးအနာကတဖြေးဖြေးခြောက်လာပါတယ် ခွဲပြီးတစ်လ ပြည့်တဲ့နေမှာ ကီမိုပြန်သွင်းရတယ်
ရှင့်

ကီမို သွားမသွင်းခင် တစ်ရက် အလို မှာ
သွေးနဲ့ ဆီးသွားစစ်ရသေးတယ်ရှင့်
ကျမတစ်ခုပြောဖို့မေ့သွားတယ်ရှင့်
ပထမဆုံးအကြိမ် ကီမိုသွင်းပြီးတော့
ဆရာဝန်က သွေးပတ်တိုင်းစစ်ခိုင်းတယ်ရှင့်
ကျမ ရဲ့ CA -125 level ဘယ်လောက်ရှိသလဲ ဘယ်လောက်ကျ သွားပြီလဲ ဆိုတာ
ကျမကီမိုသွားသွင်းတဲ့အခါတိုင်းကျမကို
ကော်ပီ စာရွက်ပေးပြီးပြောပြတယ်ရှင့် နာစ့်မတွေပြောပြတာ တော့ tumor marker လို့ပြောတယ်ရှင့်

ကျမရဲ့ CA- 125 level က over ten thousand ကျော်ကနေ တဖြေးဖြေးကျသွား
တာ အခုဆိုရင် normal ရှိရမဲ့ level-32 ဘဲ
ရှိပါတော့တယ် ကျမ CA- 125 ကို goggle မှာရှာပြီး အောက်မှာ ကော်ပီကူးထားပေးပါတယ်

CA-125 သွေးစစ်ဆေးမှုဆိုတာဘာလဲ

CA-125 သွေးစစ်ဆေးမှုသည် သွေးထဲတွင်ရှိသော **Cancer Antigen 125 (CA-125)** ဟုခေါ်သည့် ပရိုတင်းပမာဏကို တိုင်းတာသည့် စစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ အချို့သော ရောဂါများနှင့် ကင်ဆာအမျိုးအစားများတွင် CA-125 ပမာဏ မြင့်တက်နိုင်ပါတယ်။

# # # CA-125 စစ်ဆေးမှုက ဘာကိုတိုင်းတာသလဲ

- **ပရိုတင်းပမာဏ** — သွေးထဲရှိ CA-125 ပရိုတင်းပမာဏကို **U/mL (units per milliliter)** ဖြင့် တိုင်းတာပါတယ်။
- **ပုံမှန်အဆင့်** — ယေဘုယျအားဖြင့် **35 U/mL အောက်**ကို ပုံမှန်အဆင့်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ သို့သော် ဓာတ်ခွဲခန်းတစ်ခုနှင့်တစ်ခု သတ်မှတ်ချက်အနည်းငယ် ကွာခြားနိုင်ပါတယ်။
- **ရောဂါရှာဖွေသတ်မှတ်ချက် မဟုတ်ပါ** — CA-125 မြင့်နေခြင်းတစ်ခုတည်းနဲ့ ကင်ဆာဖြစ်နေတယ်လို့ အတည်ပြုလို့မရပါဘူး။ **ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ endometriosis၊ သားအိမ်အကြိတ် (uterine fibroids)** စတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေတွေကြောင့်လည်း CA-125 မြင့်တက်နိုင်ပါတယ်။

# # # အရေးကြီးတဲ့အချက်

CA-125 ဟာ အထူးသဖြင့် **သားအိမ်အိမ်မြှောင်ကင်ဆာ (ovarian cancer)** နဲ့ ဆက်စပ်ပြီး အသုံးများတဲ့ tumor marker တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် **CA-125 မြင့်တာနဲ့ ကင်ဆာရှိတယ်လို့ မဆိုလိုသလို၊ CA-125 ပုံမှန်ဖြစ်တာနဲ့ ကင်ဆာကို လုံးဝပယ်ဖျက်လို့လည်း မရပါဘူး။**

ဆရာဝန်တွေက CA-125 ရလဒ်ကို **လက္ခဏာများ၊ ultrasound/CT scan ရလဒ်များ၊ ကျန်းမာရေးရာဇဝင်နဲ့ အခြားစစ်ဆေးမှုများ**နဲ့ ပေါင်းစပ်ပြီး အဓိပ္ပာယ်ဖော်ကြပါတယ်။

နောက်နေ့ကျရင်ဆက်တင်ပေးပါ့မယ်ရှင့်

Address

2217 E JACKSON
Fredonia, KS
66736

Alerts

Be the first to know and let us send you an email when Irene Hobbs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Irene Hobbs:

Shortcuts

Share