02/09/2026
ကလေးမြို့ထဲဆေးရုံကြီးနားထိ တောင်ကျချောင်းရေကြီးတာ တော်တော်လေးများပါတယ်။ မိုးကမပြီးသေး သတိပြုနေထိုင်ကြပါဗျာ။ ခိုင်ကမ်းဘက်ကစလို့ မြို့ပေါ်ရပ်ကွက်တွေထိ တော်တော်လေး ရေမြုပ်နိုင်ပါတယ်။ ချင်းတောင်က တိုက်ရိုက်ကျလာတဲ့ တောင်ကျချောင်းရေမို့ ရေစီးလဲကြမ်းပါတယ်။ ချောင်းနာနီး နေထိုင်သူများ ညဘက်တွေ အထူးသတိပြုနေထိုင်ကြပါဗျ။ အောက်ကပုံမှာ ကလေးမြို့ပေါ်ရေကြီးရေလျှံမှုဖြစ်ရင် အလွယ်တကူရေကြီးနစ်မြုပ်နိုင်တဲ့ နေရာတွေကို အနီရောင်ဇုန်အနေနဲ့ မြင်တွေ့နိုင်ပါတယ်။
သတင်း Source Myanmar Nature
ဓာတ်ပုံ Kyaw Zin Lin