စီးပြားေရးဗဟုသုတမ်ား

စီးပြားေရးဗဟုသုတမ်ား ငွေရေးကြေးရေး အခက်အခဲများ ကင်းဝေးအောင် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဗဟုသုတများ မျှဝေပေးပါမည်

Stop Selling ❌Start Solving ✅
09/12/2025

Stop Selling ❌
Start Solving ✅

ချမ်းသာချင်ရင် ငွေကြေးနဲ့ပတ်သက်ပြီး မဖြစ်မနေသိထားရမယ့်အချက်များလူတိုင်း ချမ်းသာချင်ကြပါလိမ့်မယ်။ဒါပေမယ့် လူတိုင်း ချမ်းသ...
09/14/2024

ချမ်းသာချင်ရင် ငွေကြေးနဲ့ပတ်သက်ပြီး မဖြစ်မနေသိထားရမယ့်အချက်များ
လူတိုင်း ချမ်းသာချင်ကြပါလိမ့်မယ်။
ဒါပေမယ့် လူတိုင်း ချမ်းသာကြရဲ့လား …?။
ချမ်းသာချင်တဲ့ လူတိုင်း ချမ်းသာကြသည်တော့ မဟုတ်ပါ။
ချမ်းသာထိုက်သူတွေသာ ချမ်းသာ ကြပါတယ်။
ဒါပေမယ့် ချမ်းသာနေတဲ့သူတွေအားလုံးဟာ ငွေကြေးနဲ့ပတ်သက်ပြီး မဖြစ်မနေ သိထားတာလေးတွေ ရှိပါတယ်။

(၁) သုံးခြင်း/ဖြုန်းခြင်း
အကြွေးဝိုင်းနေသူတွေကိုပဲ အရင်ဆုံး လေ့လာကြည့်ပါ။
ဝင်ငွေထက် ပိုသုံးနေသူများ၊ အရမ်းကာရော ဖြုန်းတီးသူများ၊
လောင်းကစားနဲ့ အခြား ငွေယိုပေါက်ကို မပိတ်နိုင်သူများ ပါဝင်ပါတယ်။
ဒီလူတွေဟာ ငွေကို ဖြုန်းတီးနေကြသူတွေ ဖြစ်ပါတယ်။
ချမ်းသာလာကြတဲ့သူတွေကတော့ အသုံးနဲ့အဖြုန်းကို ကွဲပြားစွာ သိပါတယ်။
Apple သူဌေးကြီး စတိ့ဗ်ဂျော့ကတော့ လုံး၀ မချမ်းသာခင်မှာ ဝင်ငွေရဲ့ 30% ထက် ပိုမသုံးပါနဲ့လို့ မှာခဲ့ပါတယ်။
ကိုယ့်အသုံးကို ပြန်ဆန်းစစ်ပါ။
သုံးနေတာလား ဖြုန်းနေတာလားဆိုတာ။

(၂) ကိုယ့်ဝင်ငွေကို သိပါ
လူတစ်ယောက် ချမ်းသာချင်ရင် ဝင်ငွေရတဲ့ အလုပ်ကလေးတစ်ခုတော့ လုပ်ဖို့ လိုပါတယ်။
အလုပ်မလုပ်ဘဲ ချမ်းသာချင်တယ်ဆိုရင်လည်း ရူးနေလို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒီတော့ ဝင်ငွေတော့ ပုံမှန်ရှိရပါမယ်။
အဲဒီကမှတစ်ဆင့် ဒီထက်ဝင်ငွေကောင်းတဲ့အလုပ်ကို ရနိုင်မလား၊ သို့တည်းမဟုတ် ကိုယ့်ဝင်ငွေကို ဘယ်လို မှန်ကန်စွာ ရင်းနီးမြှုပ်နှံမလဲ …
လုပ်ငန်းကို ဘယ်လို တဖြည်းဖြည်း တိုးချဲ့သွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း မှန်ကန်ဖို့ လိုပါတယ်။

(၃) ပိုက်ဆံ စုဖြစ်အောင်စုပါ
နောက် ချမ်းသာချင်ရင် ပိုက်ဆံစုဖို့ လက်ထဲကို ပိုက်ဆံရောက်တဲ့အခါတိုင်း သတိရပါ။ တစ်ချို့က လစာကလေး ထုတ်ပြီးတယ်၊ တစ်ပတ်လောက်ကြာတော့ ကုန်ပြီဆိုတဲ့ အထဲမှာ သင်မပါပါစေနဲ့။ အနည်းဆုံးတော့ ဝင်ငွေရဲ့ 70% အထိ တက်
နိုင်ရင် 90% လောက်အထိ စုနိုင်အောင် ကြိုးစားပါ။

(၄) ယုံကြည်ရတဲ့၊ ကျွမ်းကျင်တဲ့ လုပ်ငန်းဆိုရင် ရင်းနီးမြှုပ်နှံပါ
ကိုယ့်မှာ ငွေရင်းငွေသားလေး ရှိလာပြီဆိုရင် အမြတ်အစွန်းရဖို့ သေချာသလောက်ရှိတဲ့ လုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံပါ။
သူများက အဲဒီလုပ်ငန်း ကောင်းတယ်၊ ရင်းနီးမြှုပ်နှံလိုက်ပါလား-ဆိုတဲ့ သွားမယောင်ပါနဲ့။ မိမိကျွမ်းကျင်တဲ့ လုပ်ငန်းမျိုးဘယ်လို အမြတ်ရအောင်လုပ်ရမလဲ သိတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ ရင်းနီးမြှုပ်နှံမှု လုပ်ပါ။

တစ်ချို့က အလွန် လက်လွယ်ကြပါတယ်။
တစ်ချိုက အဲဒီလို လက်လွယ်တာကိုပဲ အခွင့်ကောင်းယူပြီး ပိုက်ဆံချေးငှား
တာမျိုး လုပ်တတ်ပါတယ်။
တစ်ချို့က လိမ်ချင်လို့ မရိုးသားတဲ့သဘောနဲ့ ငွေချေးတာမျိုးလည်း လုပ်တတ်ပါတယ်။ တကယ်တော့ ငွေရေးကြေးရေး အရှုပ်အရှင်းဆိုတာ မိဘ ညီအစ်ကို မောင်နှမအချင်းချင်းတောင် မရှိသင့်တဲ့ အရာပါ။
ဒါကြောင့် ငွေကြေးကိစ္စကို အခုလည်း ရှုပ်စရာမလိုသလို၊ နောင်လည်း ရှင်းစရာမလိုအောင် ကိုယ့်မှာရှိတာလည်း သူများကို မချေးပါနဲ့ …
သူများဆီကလည်း ကိုယ်က မချေးမိအောင် နေပါ။
ဒီအချက်တွေကတော့ ချမ်းသာလိုသူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

စေတနာဖြင့် ပြောသည်။
မောင်သက်နောင် – ဟင်္သာတ တက္ကသိုလ်
Credit – နတ်စည်တော် (Shwemom)

06/07/2024

ငွေမသုံးခင်မှာ ဒီ 3⃣ ချက်ကို အရင်စ‌ဉ်းစားပါ

❗️ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် သေချာမစဉ်းစားဘဲ အလောတကြီး ဝယ်တတ်တဲ့သူလား? ဆွဲဆောင်မှု အားကောင်းတဲ့ ကြော်ငြာတွေ၊ အရောင်းမြှင့်တင်ရေးတွေကြောင့် နှစ်ခါမစဉ်းစားဘဲ ဝယ်ယူမိလိုက်တဲ့အခါတွေရှိနိုင်ပါတယ်။ ဒီလို အလျင်စလိုပြုလုပ်မှုတွေကြောင့် မလိုအပ်ဘဲ အလေအလွင့် တွေဖြစ်တတ်တာကို သိထားရပါမယ်။

ကိုယ့်ရဲ့ ပိုက်ဆံကို ကိုယ်တိုင်က Manage မလုပ်နိုင်ဘူး၊ ကိုယ့်ရဲ့ ရုတ်တရက် ဝယ်ယူချင်စိတ်ကို Control မလုပ်နိုင်ဘူး ဆိုရင် အကြွေးပေါ် အကြွေးဆင့်တဲ့ဘဝကို ရောက်ရှိနိုင်ပါတယ်။ ဒီလို မဖြစ်ရအောင် တစ်ခုခု မဝယ်ခင်မှာ သေချာစဉ်းစားဖို့လိုပါတယ်။ ကိုယ့်ရဲ့ တစ်ခဏ အလျင်စလို ပြုမှုကြောင့် ကိုယ့်ရဲ့ Income တွေကို အထိခိုက်မခံပါနဲ့။ မကုန်သင့်တဲ့ နေရာမှာ မကုန်စေဖို့ ပစ္စည်းတစ်ခုဝယ်တော့မယ်ဆို ဒီအချက် (3) ကို Remind လုပ်ပါ။💯

1⃣ Need & Want ကိုခွဲခြားထားပါ။

💭 ကိုယ်တကယ်လိုအပ်တဲ့အရာ Need တွေနဲ့ စိတ်ဆန္ဒအရ လိုချင်တဲ့ Want တွေကို သတ်သတ်မှတ်မှတ် ထားရှိဖို့လိုပါတယ်။
💭 မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ အိမ်ခြံမြေ စရိတ် စတာတွေကို အဓိကထားအသုံးပြုသင့်ပါတယ်။
💭 ဒီလိုမျိုးခွဲခြားလိုက်တာကြောင့် မလိုအပ်တဲ့နေရာတွေမှာအသုံးစရိတ်လျော့ချနိုင်ပါတယ်။

2⃣ Budget ရေးဆွဲထားပါ။

💭 ကိုယ့်ရဲ့ လစဉ်ဝင်ငွေ၊ ထွက်ငွေတွေကို တွက်ချက်ပြီး မှတ်သားထားပါ။
💭 မရှိမဖြစ် အသုံးပြုရမယ့် အရာတွေကိုပဲ Budget list ထဲထားပြီးငွေကိုသုံးစွဲပါ။
💭 ကိုယ့်ရဲ့ ဘဏ္ဍာရေးအခြေအနေကို တည်ငြိမ်စေပြီး မလိုအပ်ဘဲ ငွေသုံးစွဲမှု တွေကိုလျော့ချပေးစေပါတယ်။

3⃣ Research & Compare လုပ်ပါ။

💭 ဝယ်ပြီးမှနောင်တမရစေဖို့ မဝယ်ခင်ကတည်းက ပစ္စည်းအကြောင်း Research သေချာလုပ်ထားပြီး reviews တွေလိုက်ဖတ်ထားသင့်ပါတယ်။
💭 ပစ္စည်းတစ်ခု ကိုမဝယ်ခင်မှာ ဈေးနှုန်းအပြင် Quality နဲ့ အသုံးပြုနိုင်တဲ့ သတ်တမ်းကိုလည်းထည့်သွင်း စဉ်းစားရပါမယ်။
💭 အလျင်စလို မဝယ်ယူဘဲ တူညီတဲ့ပစ္စည်းနှစ်ခုရဲ့ ကွာခြားချက်တွေကိုသေချာ သတိပြုပြီး Recommend ပေးတဲ့အရာကိုသာဝယ်ယူပါ။

💢 ဒီအချက် (3) ချက်ကိုသိရှိပြီး သေချာလိုက်နာမယ်ဆိုရင် ငွေကိုစနစ်တကျ သုံးစွဲတတ်လာပြီး မလိုအပ်ဘဲ ဝယ်ယူတာတွေကိုရှောင်ရှားလာနိုင်မှာဖြစ်ပါတယ်။ အသုံးစရိတ်လျော့ချနိုင်ပြီး ငွေကြေးသေချာ စီမံခန့်ခွဲလာနိုင်ဖို့ မျှော်လင့်ပါတယ်။

📌 SaMap - စမှတ် page မှာ စီးပွားရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေကို ဝေမျှပေးနေတာမို့
စောင့်ကြည့်ဖို့မမေ့နဲ့နော်

Facebook - Sa Map - စမှတ်
Instagram - .official
LinkedIn - www.linkedin.com/company/samap-official

Sa Map - စမှတ် " 𝐘𝐨𝐮𝐫 𝐒𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐏𝐨𝐢𝐧𝐭 & 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬 𝐁𝐞𝐲𝐨𝐧𝐝 𝐋𝐢𝐦𝐢𝐭𝐬 "

#စမှတ်

04/24/2024

I learned two important lessons from Chef Pierre Thiam. The first is how lost crops like fonio can help farmers adapt to climate change. The second is that this millet can make a mean mango salad. I guarantee you’ll enjoy fonio as much as I did if you follow this recipe: https://b-gat.es/3QhbnUb

😍Rightမင်းရဲ့ ကြိုးစားမှုတွေက မင်းကို သစ္စာမဖောက်ပါဘူး
03/14/2024

😍Right
မင်းရဲ့ ကြိုးစားမှုတွေက မင်းကို သစ္စာမဖောက်ပါဘူး

2024 နှစ်သစ်မှာ စီးပွားရေးဗဟုသုတအသစ်လေးမျှဝေပေးလိုက်ပါတယ်Crd//
01/30/2024

2024 နှစ်သစ်မှာ စီးပွားရေးဗဟုသုတအသစ်လေး
မျှဝေပေးလိုက်ပါတယ်
Crd//

💰
01/28/2024

💰

ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . . နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ သိလာရတာက ...
12/11/2023

ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ
တည်ဆောက်ပါ . . .

နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ သိလာရတာက System ဆိုတဲ့ စံနစ်ပါပဲ . . .

ဝန်ထမ်းပေါင်း ၃၀၀၀ လောက်ရှိတဲ့ Company တစ်ခုမှာ
ဘာနဲ့ ထိန်းထားလဲဆိုရင် System နဲ့ပဲ ထိန်းထားပါတယ် . . .

အလုပ်ဝင်ချိန် ထမင်းစားချိန် အလုပ်လုပ်ချိန် နားချိန် အိမ်ပြန်ချိန် စတဲ့
နေ့စဉ်လုပ်ဆောင်မှုအားလုံးကို System ကနေပဲ လိုက်မှတ်ပေးထားပါတယ် . . .

သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်ပြီး ဘာမှ လုပ်မရပါဘူး . . .
လကုန်တာနဲ့ သတ်မှတ်ထားတဲ့ ဝန်ထမ်းနံပါတ်အလိုက်
လစာစာရွက်တွေရောက်ရှိလာပါတယ် . . .

ဒီလိုပဲ လည်ပတ်နေတာ တစ်နှစ်ပြီး တစ်နှစ်ပါ . . . ပြဿနာဆိုတာ
အရမ်းနည်းပါတယ် . . . အလုပ်အားလုံးနီးပါးလည်း အဆင်ပြေချောမွေ့ပါတယ် . . . အားလုံးလည်း မြန်မာပြည်မှာထက်တောင် ပိုချစ်ခင်ကြပါတယ် . . .

ဒါပေမယ့် ကျွန်တော်တို့ဆိုတာ Company System ထဲက သတ်မှတ်ထားတဲ့ နံပါတ် လေးတစ်ခုပါပဲ . . .

ကျွန်တော်တို့ အလုပ်ထွက်လာခဲ့တယ် လုပ်ငန်းကြီးဆက်လက်ရပ်တည်ကြီးပွါးနေတာပါပဲ . . .

ဒါတွေအားလုံးရဲ့ အချုပ်က System ဆိုတဲ့ စံနစ်ပါပဲ . . .

ကြိုက်တဲ့ နေရာ ကြိုက်တဲ့ ရာထူး ကြိုက်တဲ့သူ အလုပ်ထွက်ပါစေ လုပ်ငန်းမပျက်ပဲ ရှိနေတာကလည်း ထူးဆန်းပါတယ် . . .

အချိန်တစ်ခုရောက်တာနဲ့နောက်လူတစ်ယောက်က လွတ်သွားတဲ့ နေရာကို ဝင်လာပြီး ဆက်Run ပါတယ် . . . ဒါက System ပဲဆိုတာ သိခဲ့ရတယ် . . . လူပုဂ္ဂိုလ်ကို မမှီခိုပါဘူး . . .

ကျွန်တော်စီးပွါးရေး စလုပ်ကတည်းက Process Management System ကိုဦးစားပေးတည်ဆောက်ထားပါတယ် . . .

ဒါကဘာလဲဆိုရင် အလုပ်မှာ ကျွန်တော်မရှိရင်တောင် သတ်မှတ်ထားတဲ့ နှစ်တစ်ခုအထိ ဆက်လက်ရပ်တည်နေနိုင်ဖို့နဲ့ အချိန်မရွေး မည်သည့် Audit မဆို စစ်ဆေးနိုင်တဲ့ Financial Management System ကိုလည်း တစ်ပြိုင်နက်တည်း တည်ဆောက်လာခဲ့တာပါ . . .

ကျွန်တော့်အလုပ်မှာ ဘယ်သူမဆို ထွက်သွားပါစေ အလုပ်က ဆက်လက်ရပ်တည်နေနိုင်အောင် PMS က ထိန်းထားနိုင်ခဲ့ပါတယ် . . .

PMS ထဲမှာ မိသားစု ဆွေးမျိုး မိတ်ဆွေဆိုတာ မရှိပါဘူး . . . သတ်မှတ်ထားတဲ့ System ထဲက Violate regulations ဖြစ်တာနဲ့ Terminated ပါပဲ . . .

ဒါကြောင့် ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .

ဝန်ထမ်းဘဝဆိုတာ လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းနေကြတဲ့ နေရာတစ်ခုပါ . . . ကိုယ်တိုင်လည်း ဝန်ထမ်းဘဝကို လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းလာခဲ့တာ ၁၀ နှစ်ကျော်ရှိပြီး လုပ်ငန်းပေါင်း ၂၀ လောက်ကို ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့တာပါ . . .

ပျံသန်းပါစေ . . . ပြောင်းလဲပါစေ . . .

မိတ်ဆွေသာ စံနစ်တစ်ခုကို တည်ဆောက်ပါ . . .

မည်သူမရှိတော့လို့ လုပ်ငန်းအဆင်မပြေတော့ဘူးတို့ . . . လုပ်ငန်းပိတ်လိုက်ရတယ်တို့ . . . ဆိုတာ မဖြစ်သင့်တဲ့အရာလို့ ထင်မြင်မိပါတယ် . . .

Credit to Han Thu Lwin

#သဘောကျလို့ထပ်ဆင့်ကူးယူဝေမျှသည်
#မူရင်းရေးသားသူအားခရက်တစ်ပေးပါသည်

"အလုပ်ထွက်မယ်ဆိုဒါဖတ်ပါ"▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️​ရေးသားသူ - William (Management)အလုပ်ထွက်​တော့မယ်လို့ ဆုံးဖြတ်​နေပြီလား?...
12/07/2023

"အလုပ်ထွက်မယ်ဆိုဒါဖတ်ပါ"
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
​ရေးသားသူ - William (Management)

အလုပ်ထွက်​တော့မယ်လို့ ဆုံးဖြတ်​နေပြီလား???

မထွက်ခင်​လေး​တော့ ဒီ​ဆောင်းပါး​လေး ပြီး​အောင်ဖတ်ကြည့်ပါအူး အ​တွေး​တစ်ခု​တော့ ရ​​စေမှာပါ

အရင်ဦးဆုံးမိမိကိုယိကို ပြန်​မေးရမယ်

1️⃣ဘယ်အချိန်မှာ အလုပ်ထွက်သင့်သလဲ???
2️⃣ဘယ်လိုအခြေအနေမျိုးမှာ အလုပ်ထွက်သင့်သလဲ?
3️⃣ပြီးရင်ဘာ့ကြောင့် အလုပ်ထွက်သင့်သလဲ?

ကျွန်တော်က​တော့ အလုပ်တော်တော်များများထွက်ဘူးပါတယ်....။ ကျွန်တော့်အလုပ်ထွက်တဲ့အချိန်မှာ လုပ်​လေ့လုပ်ထရှိတာနဲ့ စဥ်းစားပုံ စဉ်းစားနည်းလေးပြောပြပါ့မယ်။

နံပါတ်(၁) - အချက်ကတော့ မိမိအလုပ်ထွက်မယ်လို့ ဆုံးဖြတ်ပြီးသွားရင် မိသားစုနဲ့ တိုင်ပင်စေချင်ပါတယ်....။ တစ်ယောက်တည်းစဉ်းစားတာထက်စာရင် အများနဲ့ စဉ်းစားတာဟာ အဖြေမှန်မဟုတ်ရင်တောင် အကောင်းဆုံးအဖြေတစ်ခုကိုရနိုင်ပါတယ်။ မိသားစုဟာ မိမိအတွက် အကောင်းဆုံးတိုင်ပင်ဖော်ပါပဲ။

နံပါတ်(၂) - မိမိရဲ့ အလုပ်ထွက်လျှင် ထိခိုက်လာနိုင်မယ့် ငွေရေးကြေးရေးခက်ခဲမှုအတွက် အသင့်ပြင်ထားပါ။
အဲ့ဒီတော့ မိမိ ရဲ့ အလုပ်ထွက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်က မိမိရဲ့ ဝင်ငွေရရှိမှု တနည်းပြောရရင် မိသားစုအတွက် သုံးစွဲနေရတဲ့ ငွေပင်ငွေရင်းကိုထိခိုက်စေနိုင်သလား??? စဉ်းစားစေချင်ပါတယ်။

နံပါတ် (၃) တစ်ယောက်ယောက်ကြောင့်ထွက်မှာလား၊ ဘယ်သူကြောင့် ထွက်မှာလဲ???

**သူဌေးကြောင့်ထွက်မှာလား???
**မန်နေဂျာကြောင့်ထွက်မှာလား???
**လုပ်ဖော်ကိုင်ဖက်တွေကြောင့်ထွက်မှာလား???

သူဌေးမကောင်းတာက လွဲလို့ တခြားအကြောင်းအရာတွေကြောင့်ဆိုရင်တော့ မထွက်စေချင်ပါဘူး....။

သူဌေးတွေနဲ့ပါတ်သတ်ပြီးပြောရရင်တော့...

သူဌေးတွေရဲ့ အကျင့်စရိုက်တွေဟာ ယူတတ်ရင်ပညာရနိုင်ပါတယ်.....၊ ပိုက်ဆံရှိလို့ သူဌေးဖြစ်တာလား.....၊အသိပညာရှိလို့ သူဌေးဖြစ်တာလား၊ အတတ်ပညာရှိလို့သူဌေးဖြစ်တာလား အပေါ်မူတည်ပါတယ်။

ကိုယ်လေ့လာလို့ရပါတယ်၊ ကိုယ့်အလှည့်ကျရင်ဘယ်လိုပြုမူပြောဆိုနေထိုင်မလဲပေါ့၊ ကျွန်တော်သိတဲ့မန်နေဂျာအများစုဟာ ငွေ၊ ပညာ၊ ကျွမ်းကျင်မှု ပြည့်စုံသွားရင် ကိုယ်ပိုင်ဆိုင်/ လုပ်ငန်း ထောင်သွားတာတွေတွေ့ရပါတယ်ဗျ။

အကယ်၍ သူဌေးက ကိုယ့်ကိုသာခန့်ထားပြီး ကိုယ့် Roles ကိုလည်းမသိ ကိုယ့် Profession လဲမသိ၊ ရှင်းပြလဲလက်မခံ၊ ပြီးရင် Social တွေ အရမ်းရှုပ်ထွေးနေပြီး Unnecessary pressure နဲ့ တခြား အလုပ်နဲ့ မဆိုင်တာတွေ တအားများနေပြီဆိုရင် ပုံမှန်အတိုင်းဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာကတော့ အလုပ်ထွက်တာပါပဲ။

နံပါတ်(၄) - မိမိဝါသနာ၊ ဥစ္စာ၊ ဘဝအတွက် ရည်ရွယ်ထားတဲ့ အလုပ်အကိုင် အခွင့်အရေးရှိလာတဲ့အခါ ဆိုရင်လဲ အလုပ်ပြောင်းလုပ်ဖို့ အလုပ်ထွက်သင့်ပါတယ်။

နံပါတ် (၅) - မိမိ အချိန်၊ ကိုယ်ရည်ကိုယ်သွေးနစ်မွန်းစေတဲ့ နေရာမျိုးဖြစ်နေရင်လဲ အလုပ်ထွက်သင့်ပါတယ်။
*ပညာ
*အရည်အချင်း
*စေတနာကို နားမလည်ရင် အဲ့ဒီအဖွဲ့အစည်းမှာ ဆက်မနေသင့်တော့ပါဘူး။

အထက်ပါအချက် (၅) ချက်ကိုတည်ပြီး အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။

ဆက်နေချင်ရင်လည်း အကြောင်း (၂) ချက်ပေါ်မူတည်ပြီးဆက်နေနိုင်ပါတယ်

(၁) ကိုယ့်အတွက် ပညာ/ ဥစ္စာရနိုင်သေးတယ်ထင်ရင် - သူများပေးတာထက်များသလား၊ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ပညာရပ်တစ်ခုခုများရှိသလားပါ

(၂) ကိုယ်တိုင်ကိုက အဖွဲ့အစည်းကိုခင်တွယ်နေပြီး၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်အပေါ် သံယောဇဉ်ရှိနေသေးရင်

အကယ်၍များ အဲ့သလိုဖြစ်လို့ဆက်နေချင်သေးရင်

* မိမိလိုချင်တဲ့အခြေအနေမျိုးရောက်အောင်ဖန်တီးပါ၊
* လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲပါ၊
* ဆက်ဆံရေးကောင်းတည်ဆောက်ပါ
* ယုံကြည်မှုရယူပါ

တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ကိုယ့်စေတနာကို ပြန်အသိအမှတ်ပြုပါလိမ့်မယ်။

တစ်ခါတစ်ရံမှာ သေချင်တဲ့ ကျားတောပြောင်းဆိုတဲ့ စကားပုံကို မေ့ပစ်ပြီး....၊ တစ်ရွာမပြောင်း၊ သူကောင်းမဖြစ်ဆိုတဲ့ စကားပုံကို ကြည့်စေချင်တယ်။

အဖွဲ့အစည်းတစ်ခုမှာလုပ်နေရင် ယူစေချင်တာကတော့ ကုသိုလ်ရယ်၊ ပညာရယ်၊ ဥစ္စာရယ်ပါပဲ....အဲ့သုံးခု ရနိုင်တဲ့ အခွင့်အလမ်းနည်းလာရင်တော့ အလုပ်ကထွက်ဖို့ ပြင်သင့်ပါပြီ။

လူတိုင်း လုပ်ငန်းခွင်အဆင်ပြေချောမွေ့ပါစေ။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

Moe Wai Yan Myint

🎉🎉😍😍😍
12/03/2023

🎉🎉😍😍😍

Address

Pittsburgh, PA

Telephone

+14122498713

Website

Alerts

Be the first to know and let us send you an email when စီးပြားေရးဗဟုသုတမ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share