Oppa Shine Khay Stee

  • Home
  • Oppa Shine Khay Stee

Oppa Shine Khay Stee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oppa Shine Khay Stee, Biotechnology company, .

15/11/2019

သူဌေးလင်မယား..ချစ်ဖို့ကောင်းနေလို့..

10/11/2018
18/09/2018

((( အညာစကား)))

ပြောကြရင်သာ "အညာ အညာ " နဲ့
တဂယ်တမ်းကြတော့
ညာဖို့နေနေသာသာ
ရိုးပုံရိုးလက်က လက်ဖျားခါတယ်..

တမာ..ထနှောင်းကိုချန်ထားပြီး
အညာအကြောင်းပြောမယ်ဆို
ဆားမပါတဲ့အသားကို
သွားမပါဘဲစားရသလိုဖြစ်နေမှာ..

အညာကိုရောက်ရင်
မန်းကျည်းရွက် ညောင်ရွက်
ထနှောင်းရွက် ကုက္ကိုရွက်
ကိုယ့်လူ သုပ်ချင်တာသုပ်
စေတနာကိုတော့ အိုးမည်းမသုပ်နဲ့
အုတ်ခဲနဲ့ လုပ်ခွဲလိုက်လို့
တုတ်ဆွဲဓားဆွဲနဲ့
အကျိုးနည်းသွားမယ်..ဘာမှတ်..

အညာသား အညာသူဆိုတာ
အကြောင်းသိတွေမို့ သဘောကောင်းရင်
အညောင်းမိနေရင်တောင် ကျောထောင်းပေးတယ်..အေ
အကြောင်းမသင့်လို့ သဘောဆိုးလို့ကတော့
မောင့်ကျောရိုးတော့..ကွဲပီသာမှတ်..

အသားညိုသလောက်
စကားပိုသလေးလာမပြောနဲ့
ထက်စရာရှိရင်
ဓားလိုထက်ကြသူချည်း..
ရေနောက်သလေး
မြက်ခြောက်သလေး လာမပြောနဲ့..
ကြောက်စရာရှိလည်း
ကြက်ပျောက် ငှက်ပျောက်ကိုပျောက်ရော်..

အညာသူ အညာသားဆိုတာ
ချစ်ရင်သာ အစွဲချစ်သာရယ်
မုန်းရင်တော့ ခဲတပစ်သာသာပဲ ကဲ..
ဘယ်လောက်ကြာမှတ်လို့..

ဒါတောင်..
နဂိုချောတာ ထည့်မပြောဘူး
အပျိုပေါတာထည့်မပြောဘူး
သနပ်ခါးပေါတာထည့်မပြောဘူး
အရက်သမားပေါသာထည့်မပြောဘူး
သံဃာပေါတာထည့်မပြောဘူး
ကြံသကာပေါတာထည့်မပြောဘူး..

နှစ်ဖက်ခွဲနဲ့ထလက်( ထန်းလက်) တဲမှာ
လက်ဖက်ပွဲနဲ့ထညက်( ထန်းလျက်) ခဲကို
ပွဲတော်တည်ပြီး
လေအေးလေးတိုးလာရင်
ရေနွေးအိုးလေးကိုအသာအယာငှဲ့
ဒါကိုက
အညာသားရဲ့အရသာပဲ..မောင်ရေ့....

အရှင်ကောသလ္လ( ရေဦး) # # #

 #မကွေးသားဖြစ်လို့ဂုဏ်ယူတယ်..မကွေးသူတွေရဲ့နန်းဆန်တဲ့အလှတရားများကိုကြည့်စေချင်တယ်..အရောက်လာခဲ့ပါ..မကွေးမြို့သို့..တခေါက်တ...
06/09/2018

#မကွေးသားဖြစ်လို့ဂုဏ်ယူတယ်..
မကွေးသူတွေရဲ့နန်းဆန်တဲ့အလှတရားများကို
ကြည့်စေချင်တယ်..
အရောက်လာခဲ့ပါ..
မကွေးမြို့သို့..တခေါက်တခါ..

Address


Website

Alerts

Be the first to know and let us send you an email when Oppa Shine Khay Stee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Business?

Share