All About UAE By Us

All About UAE By Us UAE အကြောင်းလေးတွေ မျှဝေပေးသွားပါမယ်ရှင်

အာလုံးပဲ မင်္ဂလာပါရှင် ..  Dubai လာချင်တဲ့သူလေးတွေ ဒီpost လေးကိုသေချာဖတ်ကြည့်ကြပါရှင်   ဒီနေ့hazel ပြောပြပေးသွားမှာကတော့...
14/07/2024

အာလုံးပဲ မင်္ဂလာပါရှင် ..

Dubai လာချင်တဲ့သူလေးတွေ ဒီpost လေးကိုသေချာဖတ်ကြည့်ကြပါရှင်

ဒီနေ့hazel ပြောပြပေးသွားမှာကတော့ အမေးအများဆုံး

မေးခွန်းဖြစ်တဲ့ Dubai ကို လာသင့်လား ?? Or မလာသင့်ဘူးလား ???

✔️Dubai ကိုလာပြီးအလုပ်လုပ်ချင်ရင် ကိုယ့်မှာ ဒီအချက်တွေရှိမရှိအရင် စမ်းသပ်ပါ

1. ကိုယ့်ကိုယုံကြည်မှုရှိလား

ဒီအချက်ကအရေးကြီးဆုံးပါပဲ Dubai မှမဟုတ်ပါဘူးဘယ်နေရာရောက်ရောက် ကိုယ့်ကိုကို ယုံကြည်မှုရှိမှ အရာအားလုံးဖြစ်နိုင်မှာပါ

2.ငါလုပ်နိုင်မလားဆိုတာကိုယ့်ကို မေးပါ

UAE life ဟာမြန်မာနိုင်ငံနဲ့မတူပါဘူး ကိုယ့်ကသူများတွေသွားလို့ကိုယ်လည်း လာလိုက်တာ ပြီးမှ မလုပ်နိုင်ပါဘူး ပင်ပန်းတယ်ဆိုတာမျိုးမရပါဘူး ကိုယ်ကြိုးစားမှရမှာပါ

3. အခန်းကျဉ်းလေးနဲ့နေနိုင်လား kitchen/ bathroom share သုံးနိုင်လား ကိုယ့်ဟာကိုမေးပါ

UAE မှာအစစအရာရာစျေးကြီးပါတယ် partition အခန်းလေးတွေကို 15 သိန်းအထက်ရှိပါတယ် kitchen share သုံးရတော့ သူများတွေ ဖွပြီးညစ်ပတ်အောင်လုပ်ထားတာတွေ မြင်ရပါတယ်

4. ရာသီဥတုအပူဒဏ်ကိုခံနိုင်လား

UAE ဟာသဲကန္တာရမို့လို့ အရမ်းကိုပူပါတယ် နေရာတိုင်းမှာ AC တွေရှိပါတယ် But လမ်းသွာလမ်းလာကအရမ်းပူပါတယ် နေ့လည်ပိုင်းဆိုအပြင်အလုပ်ကိစ္စအပြင်ထွက်ရင်တော်တော်ကိုခံရခက်ပါတယ်

5. မိမိကိုယ်ကို သူများနဲ့ယှဉ်ရင် အမြဲလျော့တွက်နေလား

UAE ဟာ Job opportunities တွေ အရမ်းများသလိုအလုပ်ရှာတဲ့လူတွေလည်းအများကြီးပါ ကိုယ့်ကိုယုံကြည်မှုမရှိပဲ အလောက်လူအများကြီးငါဘယ်လိုအလုပ်ရမလဲတွေးရင်တော့ အလုပ်ရမှာမဟုတ်ပါ

✔️အခုအပေါ်ကအချက်လေးတွေ နဲ့ ကိုယ့်ကို စမ်းစစ်ပြီးပြီဆိုရင် UAE က ကိုယ့်အတွက်သင့်တော်လား မသင့်တော်ဘူးလားဆိုတာသိမှာပါ

အဓိက Hazel ပြောချင်တာကတော့

1. ကိုယ့်ကို ယုံကြည်မှုထားပါ

2. ငါကြိုးစားမှငါအောင်မြင်မယ်ဆိုတာသိထားပါ

3. Group တွေလိုက်မမေးပါနဲ့ လာသင့်မလာသင့်ဆိုတာ (လူတိုင်းဟာအခက်ခဲတွေနဲ့ရင်ဆိုင်ပြီးကြိုးစားနေရတာပါ )

4. ကိုယ့်သူငယ်ချင်း ကိုယ်သိတတ်တဲ့သူတွေအလုပ်မရတာနဲ့ ငါဘယ်လိုအလုပ်ရမလဲဆိုတာမတွေးပါနဲ့ ( သူတို့ဟာ ကိုယ်မဟုတ်ပါ )

5. မိမိကိုယ်ကို confidence ရှိရှိနေပြီး ဆုံးဖြတ်ချက်ချပါ .. ကိုယ့်ဘဝဇာတ်လမ်းရေးတဲ့ သူက ကိုယ်တိုင်ပဲ ဖြစ်ပါစေနော်

🔹Hazel သိတဲ့ knowledge လေးတွေ sharing လုပ်ပေးပါတနော် အမှားပါတာရှိလည်း ဖြည့်တွေးပေးစေချင်ပါတယ်ရှင် 🥰

🔹Hazel ကြုံတွေရတဲ့ နောက်ထပ် knowledge လေးတွေ sharing လုပ်ပေးသွားမှာမို့ Page ကို like လေးလုပ်ထားပေးပါအုံးရှင်

Address

Al Qusais 2
Dubai

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 13:00

Website

Alerts

Be the first to know and let us send you an email when All About UAE By Us posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share