Metta Aid

Metta Aid MettaAid empowers NGOs (CBOs, CSOs, and Faith-based Organizations) with strategic support for impactful and sustainable development.

30/08/2026

သတိရှိပါ။

30/08/2026

AI ဖန်တီးပေးတဲ့ သီချင်း - ခိုလှုံရာအစစ်

နားဆင်ကြည့်ပါ။

Building a Fundraising Team: A Key Step for Myanmar Nonprofit Sustainability လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကာလတွင်...
27/08/2026

Building a Fundraising Team: A Key Step for Myanmar Nonprofit Sustainability

လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကာလတွင် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ (local CSOs/NGOs) ရေရှည်ရပ်တည်နိုင်ရေးအတွက် ရံပုံငွေရှာဖွေရေးအဖွဲ့ ဖွဲ့စည်းတည်ဆောက်ခြင်းဆိုင်ရာ လမ်းညွှန် - Slides deck Version

မူရင်း လမ်းညွှန်ဆောင်းပါးကို photo version ဖြင့် comment box တွင် ချပေးထားပါသည်။

ရေးသားသူ - Titus Thaica (Founder _ Metta Aid )

Metta Aid Guidance Series

မူရင်း post ကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

မိမိရဲ့ အမြင်နှင့် သဘောထားများကိုလည်း လွတ်လပ်စွာ မျှဝေနိုင်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

မေတ္တာဖြင့်
Metta Aid

24/08/2026

Rethinking Social Ministry

Ways to Approach

မေတ္တာဖြင့်
Metta Aid





FYI
20/08/2026

FYI

အဆိုပြုလွှာ ရေးသားနည်း သင်တန်း
17/08/2026

အဆိုပြုလွှာ ရေးသားနည်း သင်တန်း

Meta AI at Meta
14/08/2026

Meta AI at Meta

🚨 လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်အဆိုပြုလွှာ ရေးသားနည်း အဆင့်မြင့်သင်တန်း 🚨​သင့်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆ...
12/08/2026

🚨 လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်အဆိုပြုလွှာ ရေးသားနည်း အဆင့်မြင့်သင်တန်း 🚨

​သင့်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်အယူအဆ‌တွေကို အလှူရှင်တွေ သဘောကျလက်ခံမယ့် အဆိုပြုလွှာ (Proposal) တွေ အဖြစ် ပြောင်းလဲပစ်လိုက်ပါ။

လက်တွေ့ကျသော အဆိုပြုလွှာ (Proposal) ရေးသားနည်း နည်းလမ်းများနှင့် AI နည်းပညာသုံး ကိရိယာများကို ပေါင်းစပ်ပြီး ပိုမိုမြန်ဆန်၊ ထိရောက်စွာ ရေးသားနည်းကို လေ့လာသင်ယူနိုင်ပါပြီ။

​📌 သင်တန်းတွင် သင်ယူရမည့် အကြောင်းအရာများ

▶️ အခြေအနေလေ့လာဆန်းစစ်ခြင်းနှင့် ချိတ်ဆက်ညှိနှိုင်းခြင်း
ဒေသတွင်းအခြေအနေ ဆန်းစစ်ခြင်း၊ အလှူရှင်များ၏ ရန်ပုံငွေဆိုင်ရာအခင်းအကျင်းနှင့် AI ကိုသုံး၍ နောက်ခံအကြောင်းအရာများ ပြုစုခြင်း။

▶️ နည်းပညာပိုင်းဆိုင်ရာ မူဘောင်များ
လုပ်ငန်းအစီအစဉ် (Workplans) ရေးဆွဲခြင်း၊ လုပ်ဆောင်ချက်များ (Action Plan) ပုံဖော်ခြင်းနှင့် အကျိုးခံစားခွင့်ရှိသူ တွက်ချက်မှု ပုံသေနည်းများ။

▶️ ​MEAL နှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အကြောင်းအရာများ
SMART စံနှုန်းမီ ညွှန်းကိန်းများ သတ်မှတ်ခြင်း၊ ဘေးအန္တရာယ်ဆန်းစစ်ချက် (Risk Matrices) နှင့် ကာကွယ်စောင့်ရှောက်ရေး၊ ကျား-မ ရေးရာနှင့် အားလုံးပါဝင်နိုင်မှု (PGI) မူဘောင်များ။

▶️ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အပ်နှံခြင်း အခြေအနေနှင့် ကိုက်ညီသော ဘတ်ဂျက်ရေးဆွဲခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အလှူရှင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်း။

▶️ လက်တွေ့အသုံးချမှု
လက်တွေ့ Proposal နမူနာများ၊ အလှူရှင်များ၏ အကဲဖြတ်စံနှုန်းများနှင့် Proposal ရေးသားရာတွင် AI Prompts များ ထိရောက်စွာ အသုံးပြုနည်း။

​🎯 သင်တန်းပြီးပါက ပြုလုပ်နိုင်မည့်အရာများ

✅ အလှူရှင်များ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီသော Narrative Proposal၊ Logframe နှင့် Budget များကို စတင်ခြင်းမှအဆုံးထိ ကိုယ်တိုင် ရေးဆွဲနိုင်မည်။
✅ Do No Harm၊ PGI နှင့် MEAL နည်းလမ်းများကို စီမံချက်ပုံစံရေးဆွဲစဉ်ကတည်းက စနစ်တကျ ထည့်သွင်းနိုင်မည်။
✅ AI ကိရိယာများကို အသုံးပြု၍ ညွှန်းကိန်းဇယားများ၊ နောက်ခံအကြောင်းအရာ အကျဉ်းချုပ်များကို မြန်ဆန်စွာ ရေးသားနိုင်မည်။
✅ စိန်ခေါ်မှုများသော ပတ်ဝန်းကျင်များအတွက် ထိရောက်သည့် ဘေးအန္တရာယ်လျှော့ချရေးနှင့် လုပ်ငန်းခွင်ဝင်ရောက်ခွင့် (Access) အစီအစဉ်များကို ရေးဆွဲနိုင်မည်။

​📖 သင်တန်းအသေးစိတ်
📅​ သင်တန်းကာလ - ၈ ပတ် (၁ ပတ်လျှင် ၂ ရက် | ၁ ရက်လျှင် ၂ နာရီ | စုစုပေါင်း ၃၂ နာရီ)
💡သင်ကြားမည့်ပုံစံ - Online Live
💲 သင်တန်းကြေး - ၁၂၀,၀၀၀ ကျပ်

လျှောက်လွှာပိတ်မည့်ရက် - ၂၅/၈/၂၀၂၆
သင်တန်းစမည့်ရက် - ၂၈/၈/၂၀၂၆

🔥 Early Bird အထူးလျှော့စျေး - ၉၆,၀၀၀ ကျပ် (ပထမဆုံး စာရင်းအပ်နှံသူ (၁၀) ဦးအတွက် ၂၀% လျှော့စျေး)

အခုပဲ Google Link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။ https://forms.gle/yN8jJamspQc1Cmr1A

​လူဦးရေ ကန့်သတ်ထားပါသည်။

သင်တန်းအကြောင်းအရာများ ထပ်မံ စုံစမ်းလိုပါက ဖုန်း ၀၉၇၆၁၇၀၀၇၇၇ ကို ဆက်သွယ်နိုင်ပါတယ်။

အခေါက် ၁၀၀+ ဖတ်ဖို့
11/08/2026

အခေါက် ၁၀၀+ ဖတ်ဖို့

မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် NGO အများစုက ဘာ့ကြောင့်များ ကျဆုံးရတာလဲ။

မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် NGO အများစု မအောင်မြင်ခြင်း၊ ကျဆုံးခြင်းတို့သည် ဝန်ထမ်းများတွင် ကရုဏာမရှိခြင်း၊ မေတ္တာကင်းမဲ့ခြင်း သို့မဟုတ် စိတ်အားထက်သန်မှုမရှိခြင်းတို့ကြောင့် မဟုတ်ဘဲ၊ များအားဖြင့် အဓိကပြဿနာမှာ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များနှင့် ရေရှည်တည်တံ့ရေး အစီအစဉ် မရှိခြင်းတို့‌ကြောင့် ဖြစ်သည်။

အောက်ပါအချက်များသည် Myanmar local NGO များ ကျဆုံးရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်းကို ဆောင်းပါးအဖြစ် တင်ဆက်လိုက်ရပါသည်။

၁။ အုပ်ချုပ်မှုစနစ်နှင့် ခေါင်းဆောင်မှု အားနည်းခြင်း။

မြန်မာနိုင်ငံရှိ NGO အများစုသည် ခိုင်မာသည့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုအပေါ် တည်ဆောက်ခြင်းမရှိဘဲ တည်ထောင်သူတစ်ဦး၏ အင်အားပေါ်တွင်သာ အခြေခံထားတတ်သည်။ ဆုံးဖြတ်ချက်များအားလုံး တစ်ဦးတည်းလက်ထဲတွင် ရှိနေပါခြင်းက ဆက်ခံမှု (succession), တာဝန်ယူမှု၊ တာဝန်ခံမှု (accountability) နှင့် ရေရှည်အစီအစဥ်ရေးဆွဲမှုတို့ အားနည်းလာသည်။ ထိုတည်ထောင်သူ ထွက်ခွာသွားပါက အဖွဲ့အစည်းသည်လည်း တစ်ပါးတည်းပျက်သွားတတ်သည်။

၂။ Donor Funding အပေါ် အလွန်အကျွံ မှီခိုခြင်း။

ပြည်တွင်း NGO များစွာသည် ပြည်ပ donor များ၏ grant funding ပေါ်တွင်သာ အလွန်အမင်း မှီခိုနေကြသည်‌ကို တွေ့ရှိရပါသည်။ Grant စာချုပ်ပြီးဆုံးသည့်အခါ reserve fund မရှိခြင်း၊ income generation model မရှိခြင်း၊ ပြည်တွင်းရန်ပုံငွေရှာဖွေမှု အားနည်းခြင်းတို့ကြောင့် လုပ်ငန်းများ ရပ်တန့်သွားတတ်သည်။
ထို့ကြောင့် donor မရှိလျှင် အဖွဲ့အစည်းလည်း ဆက်လက်လှုပ်ရှားနိုင်ခြင်း မရှိတော့သည့် donor-dependent organization ဖြစ်လာသည်။

၃။ Vision & Mission ရှိသော်လည်း ကိုယ်ပိုင်အကောင်အထည်ဖော်နိုင်မှု မရှိခြင်း။

NGO များစွာသည် “လူသားချင်းစာနာထောက်ထားမှု”, “ပညာရေးမြှင့်တင်ရေး”, “လူမှုဖွံ့ဖြိုးရေး” စသည့် Vision & Mission များကို လှပစွာ ရေးဆွဲထားကြသည်။ တစ်နည်း အဖွဲ့အစည်းမှန်လျှင် Vision & Mission တော့ ရှိစမြဲ ဖြစ်သည်။ သို့သော် လက်တွေ့တွင် မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်အရင်းအမြစ်၊ ကိုယ်ပိုင်စွမ်းအားဖြင့် အကောင်အထည်ဖော်နိုင်မှု အားနည်းနေကြောင်းကို ဒေသတွင်း အဖွဲ့အစည်းများတွင် တွေ့ရသည်။

ဥပမာအားဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို ရည်ရွယ်၍ တည်ထောင်ထားသည့် NGO တစ်ခုသည် donor funding မရရှိမချင်း မည်သည့်အကူအညီမှ မပေးနိုင်ဘဲ ရပ်နေတတ်သည်။ ထို့အခါ mission-driven organization မဟုတ်ဘဲ donor-driven organization အဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်။

ထို့ကြောင့် mission-driven organization မှ donor-driven organization အဖြစ်သို့ ပြောင်းလဲလာသည်နှင့်အညီ အဖွဲ့အစည်း၏ vision သည် စာရွက်ပေါ်၌သာ ကျန်ရစ်နေခဲ့ပြီး localisation commitments များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား‌တော့သည်။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်သည် လူထုလိုအပ်ချက်များအပေါ် မဟုတ်တော့ဘဲ donor များ၏ funding priorities, proposal requirements နှင့် reporting expectations များအပေါ် အခြေခံလာသည်။

ထိုအခြေအနေတွင် NGO သည် community ownership ကို ဆုံးရှုံးသွားပြီး local trust လည်း အားနည်းလာသည်။ donor များ ရှိနေသရွေ့ လှုပ်ရှားနိုင်သော်လည်း donor များ မရှိလာသည့်အခါ အဖွဲ့အစည်းသည် တဖြည်းဖြည်း အားလျော့ကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါတော့သည်။

၄။ ငွေကြေးစီမံခန့်ခွဲမှု အားနည်းခြင်း။

Budgeting မကောင်းခြင်း၊ accounting system အားနည်းခြင်း၊ procurement rules မရှင်းလင်းခြင်း၊ reporting မပွင့်လင်းခြင်းတို့ကြောင့် donor များ၏ ယုံကြည်မှု လျော့နည်းလာသည်။
တချို့က ငွေကြေးစီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် ဖြစ်ပြီး၊ တချို့က ရန်ပုံငွေ မမှန်ကန်စွာ အသုံးပြုခြင်းကြောင့် ဖြစ်သည်။

၅။ Roles & Responsibilities မရှင်းလင်းခြင်း။

NGO အချို့တွင် Board Members, Executive Director, Program Manager, Finance Officer နှင့် Staff များအကြား ရှင်းလင်းပြတ်သားသည့် တာဝန်ဝတ္တရားများ မရှိပေ။
“ဘယ်သူက ဆုံးဖြတ်မလဲ။”
“ဘယ်သူက တာဝန်ယူမလဲ။”
“ဘယ်သူက စောင့်ကြည့်မလဲ။” ဆိုသည်အရာများ မသေချာသည့်အခါ

၁။ အလုပ်များ ထပ်တလဲလဲ ဖြစ်လာသည်။
၂။ တာဝန်ရှောင်မှု (ခေါင်းရှောင်မှု) ဖြစ်လာသည်။
၃။ အပြစ်တင်မှုများ ဖြစ်လာသည်။
၄။ Internal conflict များ တိုးလာသည်။
၅။ Accountability (တာဝန်ယူ၊ခံမှု) ပျောက်ဆုံးသွားသည်။

Structure မရှိသည့် NGO သည် ကြာရှည်မတည်တံ့နိုင်ပါ။

၆။ နိုင်ငံရေးနှင့် ကိုယ်ပိုင်ကွန်ယက်များ၏ လွှမ်းမိုးမှု။

မြန်မာနိုင်ငံတွင် ဆက်ဆံရေးနှင့် patronage system သည် NGO ဖွဲ့စည်းရာတွင် အလွန်အရေးပါသည်။ အချို့သောအဖွဲ့များသည် လူထုအကျိုးထက် ရန်ပုံငွေ၊ အာဏာ သို့မဟုတ် လူမှုဂုဏ်သိက္ခာ ရရှိရန် အဓိက ရည်ရွယ်၍ ဖွဲ့စည်းကြသည်။
ထို့ကြောင့် legitimacy (တရားဝင်ယုံကြည်မှု) နှင့် public trust အားနည်းလာသည်။

၇။ Registration နှင့် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များ။

နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခများနှင့် အစိုးရစည်းမျဉ်းများ ပြောင်းလဲမှုများကြောင့် NGO များအတွက် registration, banking operations နှင့် legal compliance များ အလွန့်အလွန်ခက်ခဲလာသည်။
Registration ပြဿနာများ၊ banking restrictions နှင့် security risks များကြောင့် ပုံမှန်လည်ပတ်မှု ရပ်တန့်နိုင်သည်၊ ရပ်တန့်သွားသည်။

၈။ ကျွမ်းကျင်ဝန်ထမ်းများ ထိန်းသိမ်းရန် ခက်ခဲခြင်း။

ကျွမ်းကျင်ဝန်ထမ်း အများစုသည် လစာပိုကောင်းပြီး career path ပိုမိုရှင်းလင်းသည့် INGO များ၊ United Nations အဖွဲ့အစည်းများ သို့မဟုတ် private sector သို့ ပြောင်းရွှေ့သွားကြသည်။
ထို့ကြောင့် local NGO များသည် institutional memory, technical capacity နှင့် leadership continuity ကို ဆုံးရှုံးသွားကြသည်။

၉။ လူထုနှင့် အဆက်အသွယ် မခိုင်မာခြင်း။

NGO အချို့သည် community-driven မဟုတ်ဘဲ donor-driven ဖြစ်နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရသည်။ Project များကို donor requirementနှင့် အကြိုက်များအတွက်သာ ရေးဆွဲပြီး လူထု၏ အမှန်တကယ်လိုအပ်ချက်များနှင့် မကိုက်ညီခြင်းမျိုးဖြစ်တတ်သည်။
ထို့ကြောင့် လူထုက အော် လိုအပ်သည့်အုပ်စုများအတွက် ရောက်လာကြသည့် ယာယီလာသူများအဖြစ်သာ မြင်ကြပြီး ယုံကြည်မှု မတည်ဆောက်နိုင်ကြ။ ဥပမာ - အကူအညီရယူမည့်သူများ ရွေးချယ်မှုပြုလုပ်ပြီးသည့်နောက်ပိုင်းတွင် ကျန်လူထုများ၏ အသံကို လုံးဝ လစ်လျူရှုခြင်းသည် ရောက်ရှိလာသည့်အဖွဲ့အစည်းနှင့် ယုံကြည်မှုတည်ဆောက်ရန် မဖြစ်နိုင်တော့ပေ။ အညီအကူလက်ခံရရှိသူများသာလျှင် ဤအဖွဲ့အစည်းနှင့် သက်ဆိုင်မှုရှိကြောင်း ထင်သွားတတ်ကြသည်။

၁၀။ လူမျိုး၊ ဒေသနှင့် ယုံကြည်မှုဆိုင်ရာ ကွဲပြားမှုများ။

မြန်မာနိုင်ငံ၏ လူမျိုးစုံ၊ ဒေသစုံနှင့် ပဋိပက္ခသမိုင်းကြောင့် trust-building တည်ဆောက်ခြင်းသည် အလွန်ခက်ခဲသည်။ NGO များသည် လူမျိုး၊ ဘာသာရေး၊ နိုင်ငံရေးလိုင်းများကို ကျော်လွန်၍ စီမံချက်များ အကောင်အထည် ဖော်ဆောင်ရန် အခက်အခဲများ ရှိတတ်သည်။

၁၁။ Monitoring, Evaluation, Accountability & Learning (MEAL) မရှိခြင်း။

NGO အချို့သည် “သင်တန်း ပြုလုပ်ခဲ့သည်”, “workshop ကျင်းပခဲ့သည်” စသည့် activity report များကိုသာ အာရုံစိုက်‌လေ့ရှိကြပြီး “လူများ၏ဘဝ တိုးတက်သွားသလား” ဆိုသည့် measurable outcomes ကို မစောင့်ကြည့်တတ်ကြ။
Learning system မရှိပါက အမှားများ ထပ်ခါတလဲလဲ ဖြစ်တတ်သည်။

၁၂။ အမြဲတမ်း အကျပ်အတည်းပြည့်နှက်သည့် ပတ်ဝန်းကျင်။

ပဋိပက္ခ၊ နေရပ်စွန့်ခွာမှု၊ ဈေးနှုန်းမြင့်တက်မှု၊ sanctions နှင့် banking instability တို့ကြောင့် ကောင်းမွန်စွာ စီမံထားသည့် NGO များဖြင့်လင့်ကစား ကြီးမားသည့် အန္တရာယ်ကြုံတွေ့ရသည်။ ထို့ကြောင့် ရေရှည်မဟာဗျူဟာအစီအစဥ်ထက် အဖွဲ့အစည်း ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေးက ပို၍ အရေးကြီးလာသည်။

၁၃။ Fundraising Strategy မရှိခြင်း။

Myanmar local NGO များစွာတွင် donor funding ရှာဖွေခြင်းကိုသာ fundraising ဟု နားလည်ထားတတ်ကြပြီး ရေရှည်တည်တံ့မည့် fundraising strategy ရေးဆွဲခြင်း မရှိကြပါ‌ပေ။

Fundraising ဆိုသည်မှာ donor proposal ရေးခြင်းတစ်ခုတည်း မဟုတ်ဘဲ
၁။ Local fundraising
၂။ Individual giving
၃။ Community contribution
၄။ Membership support
၅။ Private sector partnership
၆။ Social enterprise model
၇။ Emergency reserve fund creation စသည့် ရေရှည်တည်တံ့မည့် ဝင်ငွေစနစ်များကို တည်ဆောက်ခြင်းများလည်း ပါဝင်သည်။

သို့သော် local NGO အများစုသည် grant proposal မရလျှင် funding မရှိတော့သည့် အခြေအနေအောက်တွင် လုပ်ငန်းများ ရပ်တန့်သွားတတ်သည်။ Donor Cycle အပေါ်သာ မှီခိုနေခြင်းကြောင့် financial independence မရှိသလို၊ organizational sustainability လည်း လုံးဝအားနည်းလာသည်။

Fundraising strategy မရှိခြင်းကြောင့်

၁။ Donor Dependency ပိုမို အားကောင်းလာသည်၊
၂။ Eergency Response များတွင် လျင်မြန်စွာ မတုံ့ပြန်နိုင်၊
၃။ Staff retention ခက်ခဲလာသည်၊
၄။ Long-term planning မဖြစ်နိုင်၊
၅။ Mission continuity ပြတ်တောက်လာသည်။

ထို့ကြောင့် sustainable NGO တစ်ခုအတွက် “Funding ရှာခြင်း” ထက် “Funding System တည်ဆောက်ခြင်း” သည် ပို၍ အရေးကြီးပါသည်။ NGO တစ်ခုသည် donor ရှိမှ လည်ပတ်နိုင်သည့် organization မျိုး မဟုတ်ဘဲ donor မရှိသော်လည်း mission ကို ဆက်လက်သယ်ဆောင်နိုင်သည့် institution တစ်ခု ဖြစ်ရမည်။

ပိုမိုနက်ရှိုင်းသော အဓိကပြဿနာ 🫵🫵

Myanmar local NGO များစွာ၏ အကြီးမားဆုံးပြဿနာမှာ
Project တစ်ခု ဖန်တီးခြင်းနှင့် Institution တစ်ခု တည်ဆောက်ခြင်းတို့၏ ကွာခြားချက်ကို ကောင်းစွာ မနားလည်ခြင်းပင် ဖြစ်သည်။

Vision statement ရှိသည်၊
Mission statement ရှိသည်၊
Proposal များ ရှိသည့်တိုင်

၁။ Governance မရှိ
၂။ Financial discipline မရှိ
၃။ Leadership pipeline မရှိ
၄။ Innstitutional culture မရှိ
၅။ Role clarity မရှိ
၆။ Sustainability planning မရှိသည့်အခါ

Donor ရှိလျှင် လှုပ်ရှားပြီး donor မရှိလျှင် လုပ်ငန်း ရပ်တန့်သွားသည်။

ဤသည်မှာ Myanmar local NGO များတွင် အများဆုံးတွေ့ရသည့် structural weakness ဖြစ်သည်။

P.S ကျဆုံးခြင်းဆိုသည်မှာ အစကောင်းသော်လည်း အဆုံးသတ်မလှခြင်း၊ ရပ်တန့်သွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းကို ဆိုလိုသည်။

ဤဆောင်းပါးသည် မြေပြင်အတွေ့အကြုံများအပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။

ဤဆောင်းပါကို နှစ်သက်ပါက လွတ်လပ်စွာ မျှဝေနိုင်သလို၊ မိမိ၏ အမြင်၊ ယူဆချက်နှင့် အတွေ့အကြုံများကိုလည်း မျှဝေသွားဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။

မေတ္တာဖြင့်
MAC



?

Address

10 Narani Cl
Coffs Harbour, NSW
2450

Opening Hours

Monday 12am - 12am
Tuesday 12am - 12am
Wednesday 12am - 12am
Thursday 12am - 12am
Friday 12am - 12am

Telephone

+959761700777

Alerts

Be the first to know and let us send you an email when Metta Aid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share