Metta Aid

Metta Aid MettaAid empowers NGOs (CBOs, CSOs, and Faith-based Organizations) with strategic support for impactful and sustainable development.

👉 သင်သိပီလား ❔❔AI (Artificial Intelligence) ကို ကျွမ်းကျင်စွာ အသုံးပြုတတ်တဲ့အခါ AI ဟာ ကိုယ့်ရဲ့ အကောင်းဆုံး Supervisor, ...
10/06/2026

👉 သင်သိပီလား ❔❔
AI (Artificial Intelligence) ကို ကျွမ်းကျင်စွာ အသုံးပြုတတ်တဲ့အခါ AI ဟာ ကိုယ့်ရဲ့ အကောင်းဆုံး Supervisor, Manager, Trainer, Coach, Advisor အပြင်၊ ကိုယ့်ရဲ့ အကောင်းဆုံးလုပ်ဖော်ကိုင်ဘက်များစွာထဲက တစ်ဦးအဖြစ်ရှိနေပါတယ်ဆိုတာ။

AI ကို အသုံးချပြီး သင့်ရဲ့ လုပ်ငန်းခွင်ကို အဆင့်မြှင့်တင်လိုက်ပါ။

​သင်ဟာ NGO ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါသလား၊ ဒါမှမဟုတ် NGO နယ်ပယ်၊ Corporate နယ်ပယ်မှာ အလုပ်ဝင်ဖို့ ကြိုးစားနေသူတစ်ဦး ဖြစ်ပါသလား။❔❔

​နေ့စဉ်လုပ်ငန်းခွင်မှာ အချိန်ကုန်နေပြီး လုပ်ငန်းကြန့်ကြာနေတယ်လို့ ခံစားနေရပါသလား။ ❔❔

ကိုယ့်ရဲ့ Future Career အတွက် ကိုယ့်ရဲ့ Capacity တွေကို AI က ပေးစွမ်းနိုင်တယ်ဆိုတာ လက်တွေ့ စမ်းကြည့်ချင်ပါသလား။❔❔

အခု ​"Applied AI for NGO & Corporate Professionals" သင်တန်းကနေတစ်ဆင့် အောက်ပါအကြောင်းအရာတွေကို သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

✅​ Foundation of AI & Ethics - AI ကို တာဝန်ယူမှုရှိရှိနှင့် ကျင့်ဝတ်များနှင့်အညီ မှန်ကန်စွာအသုံးပြုနည်း၊
✅​ Prompt Engineering Mastery - AI ဆီက အကောင်းဆုံးနှင့် အတိကျဆုံး အဖြေ‌တွေ ရရှိစေဖို့အတွက် မေးခွန်း‌မေးနည်း၊ စေခိုင်းနည်း၊
✅​ AI for M&E and Data Analysis - ရှုပ်ထွေးတဲ့ အချက်အလက်‌တွေကို AI နှင့် မိနစ်ပိုင်းအတွင်း ခွဲခြမ်းစိတ်ဖြာပြီတော့ အစီရင်ခံစာ‌တွေ အချိန်တိုအတွင်း ရေးသားနည်း၊
✅​ Workflow Automation and Research - ထပ်ခါတလဲလဲလုပ်နေရတဲ့ လုပ်ငန်းစဉ်‌တွေကို အလိုအလျောက်ဖြစ်စေပြီးတော့ အချိန်ကုန်သက်သာစေမယ့် နည်းလမ်း‌တွေ၊
✅​ Building AI Solutions - ကိုယ်ပိုင်လုပ်ငန်းလိုအပ်ချက်အတွက် AI ကို အသုံးပြုပြီးတော့ ဖြေရှင်းနည်းလမ်း တည်ဆောက်ခြင်း၊
✅​ Strategic Implementation - မိမိအဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်‌တွေမှာ AI ကို လက်တွေ့ကျကျနှင့် ထိရောက်မှုရှိရှိ ပေါင်းစပ်အကောင်အထည်ဖော်ခြင်း တို့ဖြစ်ပါတယ်။

❔​ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ။❔

​ဒီသင်တန်းဟာ NGO နယ်ပယ်ရှိ ပရော်ဖက်ရှင်နယ်‌တွေနဲ့ ကုမ္ပဏီ‌တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အတွက်သာမက မိမိရဲ့ အနာဂတ်လုပ်ငန်းခွင်နှင့် ပတ်သက်ပြီးတော့ AI ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလိုသူ‌တွေအတွက်ပါ အထူးဒီဇိုင်းထုတ်ထားပါတယ်။

✅​ စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့ကျတဲ့ Workflow တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

✅ ​သင့်အနေနဲ့ သင့်ရဲ့ Productivity ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မယ့် Tool တွေကို ပိုင်နိုင်စွာ အသုံးပြုတတ်လာမှာ ဖြစ်ပါတယ်။

ဒီအခွင့်အရေးတွေကို လက်လွှတ် မဆုံးရှုံးသွားစေဖို့
✍️အခုပဲ စာရင်းပေးသွင်းလိုက်‌တော့နော်။✍️

​🚀 သင်တန်းအတွက် လူဦးရေ အကန့်အသတ်ရှိပါတယ်။

သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ်
Early Bird အစီအစဉ်အနေနဲ့ ပထမဆုံး စာရင်းပေးသွင်းသူ (၁၂) ဦးအတွက် (၃၀%) လျှော့စျေး ရှိပါတယ်။

​📅 သင်တန်း စမည့်ရက် - ၂၇၊ ၆၊ ၂၀၂၆။
📅 သင်တန်း ကာလ - (၈) ပတ်
🕘 အချိန် - တစ်ပတ် (၂) ချိန်၊ ၄ နာရီ။
📍 နေရာ - via Zoom Platform

🎓သင်တန်းပြီးဆုံးတဲ့အခါ Capstone Project နှင့်အတူ Certificate ပေးပါမည်။🖼️

​စာရင်းသွင်းဖို့ မနေ့နဲ့နော်။
Metta Aid Facebook Messenger
ဖုန်း - ၀၉၇၆၁၇၀၀၇၇၇

Link ကတစ်ဆင့် ကိုယ်တိုင် စာရင်းသွင်းနိုင်ပါတယ်။ Link ကို comment မှ ချပေးထားပါတယ်။

ပိုမိုကောင်းမွန်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ "Fundraising Strategy for Local NGOs" လမ်းညွှန်စာအုပ်ကိ...
09/06/2026

ပိုမိုကောင်းမွန်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ "Fundraising Strategy for Local NGOs" လမ်းညွှန်စာအုပ်ကို စတင်ဝယ်ယူရရှိနိုင်ပါပြီ။

စျေးနှုန်းကတော့ ၅၀,၀၀၀ MMK ထဲမို့လို့ အခုပဲ လက်မလွှတ်တမ်း မှာယူလိုက်တော့နော်။

Printed Version, E-book and PDF format သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။

Boost your impact! Fundraising Strategy for Local NGOs is officially available.

Only 50,000 MMK. Order yours today!

ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၆) - Bonus Section အိတ်သွန်ဖာမှောက် ဘုတ်အဖွဲ...
08/06/2026

ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၆) - Bonus Section

အိတ်သွန်ဖာမှောက် ဘုတ်အဖွဲ့အိုင်ဒီယာ - “Founder က ဘုတ်အဖွဲ့ထဲက မထွက်ရင် ဘာလုပ်မလဲ” (Anonymous Q&A Case Study) 💬🔥

Metta Aid Page ရဲ့ Launch Week မှာ အဲန်ဂျီအိုတည်ထောင်သူတွေ၊ ED တွေနဲ့ SMT အဖွဲ့ဝင်တွေဆီကနေ လျှို့ဝှက်ပေးပို့လာတဲ့ အမေးအဖြေထဲက မြန်မာပြည်က အဲန်ဂျီအိုတော်တော်များများ တကယ်ကြုံနေရတဲ့ အထိရှလွယ်ဆုံး Case Study တစ်ခုကို ဒီနေ့ အိတ်သွန်ဖာမှောက် ဆွေးနွေးသွားချင်ပါတယ်။

📥 မေးခွန်းရှင်ရဲ့ ပေးစာ

“ကျွန်မတို့အဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့ Founder ဟာ အခုအချိန်မှာ အရမ်းအသက်လည်းကြီးပြီ၊ ကျန်းမာရေးလည်း ကောင်းနေတာ မဟုတ်ဘူး။ ဒါပေမယ့် သူက ဘုတ်အဖွဲ့ (BoD) ဥက္ကဋ္ဌနေရာကနေလည်း မဆင်းဘူး၊ SMT ရဲ့ နေ့စဉ် ဆုံးဖြတ်ချက်မှန်သမျှကိုလည်း သူကိုယ်တိုင်ပဲ ဆက်ပြီး ချုပ်ကိုင်ထားချင်တုန်းပဲ။ ဘုတ်အဖွဲ့ဝင်တွေကလည်း သူ့ကို အားနာလို့ ဘာမှ မပြောရဲကြဘူး။ SMT အနေနဲ့ အလုပ်လုပ်ရတာ အရမ်းကျပ်ပိတ်နေပြီး ဝန်ထမ်းကောင်းတွေလည်း ဝင်လာတယ်၊ ထွက်သွားတယ်။ Career Path ပိုရှင်းပြီး ပိုကောင်းတဲ့ iNGOs၊ UN ဘက်ကို ကူးကြတယ်။ Metta Aid အနေနဲ့ ဘာတွေလုပ်ဖို့ အကြံပြုပေးချင်ပါသလဲ။”

ဒါဟာ မြန်မာပြည်က ဒေသခံ အဲန်ဂျီအိုတော်တော်များများ ရင်ဆိုင်နေရတဲ့ “တည်ထောင်သူရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်ခြင်း (Founder’s Shadow)” ပြဿနာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာအဆင့်မီ စာအုပ်ကြီးတွေအတိုင်း “အတင်းအဓမ္မ ဖယ်ခိုင်းရင်” အဖွဲ့အစည်းတစ်ခုလုံး စိတ်ဝမ်းကွဲပြီး အဖွဲ့အစည်း ပြိုကွဲသွားနိုင်ပါတယ်။

ဒီတော့ Metta Aid ရဲ့ လက်တွေ့ကျတဲ့ Culturally Intelligent ဖြေရှင်းနည်း (၃) ဆင့် ကို ကြည့်ရအောင် 👇

အဆင့် (၁) တည်ထောင်သူ၏ ဂုဏ်သိက္ခာကို အကာအကွယ်ပေးခြင်း (Honor the Legacy)

မြန်မာ့ဓလေ့မှာ လူကြီးမိဘ၊ တည်ထောင်သူတွေရဲ့ ကျေးဇူးတရားနဲ့ ဂုဏ်သိက္ခာကို ပထမဆုံး နေရာပေးရပါမယ်။ သူ့ကို ဘုတ်အဖွဲ့ကနေ အတင်းအဓမ္မ နုတ်ထွက်ခိုင်းတာမျိုး လုံးဝမလုပ်ပါနဲ့။

Metta Aid ရဲ့ ဖြေရှင်းနည်း

သူ့ကို အာဏာရှိတဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ (Active Board Chair) နေရာကနေ... အဖွဲ့အစည်းရဲ့ ဂုဏ်ထူးဆောင် နာယက သို့မဟုတ် သက်သက်မဲ့ အကြံပေးပုဂ္ဂိုလ်ကြီး (Founder & Board Chair Emeritus / Honorary Advisor) အဖြစ် တရားဝင် ဂုဏ်ပြုပြီး နေရာပြောင်းလဲပေးပါ။
ဒါဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်တာမျိုး မဟုတ်ဘဲ၊ သူ့ရဲ့ ပညာနဲ့ စေတနာကို ပိုမိုမြင့်မားတဲ့ နေရာကနေ အသိအမှတ်ပြုလိုက်တာ ဖြစ်လို့ အဝေဖန်ခံရသူဘက်ကလည်း စိတ်အနာအဆာ မရှိဘဲ လက်ခံနိုင်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

အဆင့် (၂) “လုပ်ပိုင်ခွင့် လွှဲအပ်ခြင်း မာတိကာ” စနစ်တကျ ဆွဲခြင်း (Delegation of Authority)

Founder က SMT အဖွဲ့ရဲ့ ကိစ္စတွေကို လိုက်လံစွက်ဖက်နေရတာဟာ “စာရွက်ပေါ်မှာ” ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား အကန့်အသတ် မရှိထားလို့ ဖြစ်ပါတယ်။

Metta Aid ရဲ့ ဖြေရှင်းနည်း

ဘုတ်အဖွဲ့နဲ့ SMT အဖွဲ့ကြားမှာ စာမျက်နှာ (၂) မျက်နှာစာလောက် “လုပ်ပိုင်ခွင့် ခွဲဝေမှု မက်ထရစ်” (Delegation of Authority Matrix) တစ်ခုကို ရေးဆွဲပါ။

ဥပမာ - ရန်ပုံငွေ ဒေါ်လာ $၅,၀၀၀ အောက် အသုံးစရိတ်နဲ့ ဝန်ထမ်းခန့်အပ်မှုတွေကို SMT က လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး၊ $၅,၀၀၀ အထက် ကိစ္စရပ်များနှင့် မဟာဗျူဟာမြောက် ပြောင်းလဲမှုများကိုသာ BoD ရဲ့ အတည်ပြုချက် ယူရမယ်ဆိုတဲ့ ကိန်းဂဏန်း အကန့်အသတ်တွေနဲ့ စနစ်တကျ သတ်မှတ်လိုက်ပါ။ ဒါမှ တည်ထောင်သူအနေနဲ့လည်း စိတ်အေးသွားမှာ ဖြစ်သလို၊ SMT အဖွဲ့လည်း လွတ်လပ်စွာ အသက်ရှူခွင့် ရလာမှာ ဖြစ်ပါတယ်။

အဆင့် (၃) ဘုတ်အဖွဲ့ဝင်သစ်များ ဖြည့်တင်းခြင်း (Board Refresh)

လက်ရှိ ဘုတ်အဖွဲ့ဝင်တွေက Founder နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့သူတွေ ဖြစ်တဲ့အတွက် အားနာလို့ ဘာမှ မပြောရဲကြတာ သဘာဝကျပါတယ်။

Metta Aid ရဲ့ ဖြေရှင်းနည်း

ဘုတ်အဖွဲ့ထဲကို တည်ထောင်သူနဲ့ ပုဂ္ဂိုလ်ရေးအရ မပတ်သက်ဘဲ၊ အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပဲ ကြည့်မယ့် “ပြင်ပ ပညာရှင် အဖွဲ့ဝင်သစ် (Independent Board Members)” အနည်းဆုံး ၂ ယောက်ခန့်ကို စနစ်တကျ ဖိတ်ခေါ် ဖြည့်တင်းပါ။

ဒီအဖွဲ့ဝင်သစ်တွေက ဘုတ်အဖွဲ့ထဲမှာ “အားနာမှု” ဓလေ့ကို ကျော်လွန်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ (Objective ကျကျ) မေးခွန်းထုတ်နိုင်တဲ့အတွက် ဘုတ်အဖွဲ့ကို ပြန်လည် အသက်ဝင်လာစေမှာ ဖြစ်ပါတယ်။

💡 နိဂုံးချုပ် မက်ဆေ့ခ်ျ

“စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ အဖွဲ့အစည်းကို မိမိမရှိရင် မလည်ပတ်နိုင်အောင် လုပ်ခဲ့သူ မဟုတ်ပါဘူး။ မိမိမရှိရင်တောင် ရေရှည်လည်ပတ်နိုင်မယ့် “စနစ်” ကို သားသမီးလို ပျိုးထောင်ပေးခဲ့သူသာ ဖြစ်ပါတယ်။”

သင့် အဖွဲ့အစည်းမှာကော အခုလို တည်ထောင်သူရဲ့ အခန်းကဏ္ဍကြောင့်ဖြစ်စေ၊ BoD နဲ့ SMT ကြားက မရေရာတဲ့ လုပ်ပိုင်ခွင့်တွေကြောင့်ဖြစ်စေ အလုပ်လုပ်ရတာ လက်တွန့်နေရပါသလား။

ဒါဟာ အဖွဲ့အစည်း တော်တော်များများ လျှို့ဝှက်ကြုံတွေ့နေရတဲ့ အခက်အခဲမို့လို့ အားမနာတမ်း အောက်က Comment မှာဖြစ်စေ၊ ပိုမိုလုံခြုံစိတ်ချရတဲ့ Metta Aid Messenger မှာဖြစ်စေ သင့်ရဲ့ အတွေ့အကြုံတွေကို (အဖွဲ့အစည်းနာမည် မဖော်ပြဘဲ) အလွတ်သဘော လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။

မေတ္တာဖြင့်
Metta Aid

⏳ လူ့ဘဝဆိုတာ ခဏတာလေးပါ... ⏳​ဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ... ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ❌​🚶‍♂️ ခရီးလမ်းမှာ လဲကျသွာ...
08/06/2026

⏳ လူ့ဘဝဆိုတာ ခဏတာလေးပါ... ⏳

​ဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ... ဘယ်တော့မှ အရှုံးမပေးပါနဲ့။ ❌

​🚶‍♂️ ခရီးလမ်းမှာ လဲကျသွားဖူးလား။

အဆင်ပြေပါတယ်... လဲကျတိုင်း ပြန်ထပါ။ ကိုယ်ပေါ်က ဖုန်မှုန့်တွေကို ခါချလိုက်ပါ။ အသက်ကို ဝဝရှူပြီး ရှေ့ဆက်ဖို့ ခြေလှမ်းတွေကို ပြန်စပါ။

​🤝 ကိုယ်တိုင်ရုန်းကန်နေရသလိုပဲ... ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဘဝတူတွေကိုလည်း မြင်အောင်ကြည့်ပြီး လက်တွဲဖေးမပေးပါ။ လူသားချင်းစာနာစိတ်နဲ့ အချင်းချင်း နွေးထွေးမှုပေးခြင်းက လောကကြီးကို ပိုလှပစေပါတယ်။

✅ ဒါဟာ ကမ္ဘာကြီးကို အလှဆင်နေခြင်းပါ။

​⚠️ တစ်ခုတော့ သတိပြုပါ... သင့်ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေနဲ့ လက်ရှိကြုံနေရတဲ့ အခြေအနေဆိုးတွေက သင့်ဘဝရဲ့ ဖြစ်တည်မှုနဲ့ သင့်တန်ဖိုးကို အဆုံးအဖြတ် မပေးမိပါစေနဲ့။

✅သင့်ဘဝရဲ့ ကံကြမ္မာကို သင်ကိုယ်တိုင်ပဲ ထုဆစ်ခွင့်ရှိပါတယ်။

​🙏 မိမိကိုးကွယ်ရာ ဘုရားတရားအဆုံးအမကို မြဲမြံစွာ ကိုးစားယုံကြည်ပြီး စိတ်ဓာတ်ကို မြှင့်တင်ပါ။

✅ ​တစ်နေ့တာ ကုန်ဆုံးသွားတိုင်း "ငါ ဒီနေ့အတွက် အကောင်းဆုံး ကြိုးစားရှင်သန်ခဲ့တယ်" ဆိုတဲ့ စိတ်နဲ့အတူ ဒီလူ့ဘဝတိုတိုလေးကို တန်ဖိုးရှိရှိ၊ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းသွားပါ။ 💪💛

မေတ္တာဖြင့်
Metta Aid

​

ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၅) စာရွက်ပေါ်က တရားဝင်မှုထက် အရေးကြီးတဲ့ ဝန်...
07/06/2026

ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၅)

စာရွက်ပေါ်က တရားဝင်မှုထက် အရေးကြီးတဲ့ ဝန်ထမ်းများအပေါ် တာဝန်ခံမှု (Duty of Care) 🛡️❤️

ဒီအပိုင်းမှာတော့ အကျပ်အတည်းကာလမှာ ဒါရိုက်တာဘုတ်အဖွဲ့ (BoD) ရဲ အဓိကတာဝန်ဟာ စက္ကူပေါ်က စာရွက်စာတမ်းတွေ ပြည့်စုံဖို့ထက် မြေပြင်က ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ (Duty of Care) ပိုအရေးကြီးကြောင်းကို တင်ဆက်လိုက်ပါတယ်။

ကျွန်တော်တို့ ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်ရဲ့ နောက်ဆုံးပိတ် အပိုင်း (၅) ကို ရောက်ရှိလို့လာပါပြီ။ အခုနောက်ဆုံးပိုင်းမှာတော့ လက်ရှိ မြန်မာပြည်က အဲန်ဂျီအိုခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ခေါင်းခဲနေရတဲ့၊ ဒါပေမယ့် နိုင်ငံတကာအဆင့်မီ စာအုပ်ကြီးတွေမှာ လုံးဝအဖြေရှာမရတဲ့ “Legality vs. Legitimacy” (စာရွက်ပေါ်က တရားဝင်မှုနဲ့ မြေပြင်က အသိအမှတ်ပြုမှု) ပြဿနာအကြောင်းကို တင်ဆက် ဆွေးနွေးချင်ပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံတကာအဆင့်မီ စာအုပ်ကြီးတွေထဲမှာတော့ ဘုတ်အဖွဲ့ (BoD) ရဲ့ အဓိကတာဝန်ဟာ တရားဝင်မှတ်ပုံတင်သက်တမ်း တိုးဖို့၊ အခွန်စာရွက်စာတမ်းတွေ တင်ပြဖို့နဲ့ စာရင်းဇယားတွေ စနစ်တကျ ရှိဖို့ (တစ်နည်း Strategic Governance ပေးဖို့) လို့ပဲ အမြဲတမ်း တွေ့ရလေ့ရှိပါတယ်။

ဒါပေမယ့် နေ့ချင်းညချင်း အပြောင်းအလဲမြန်ပြီး စိန်ခေါ်မှုအသစ်သစ်တွေများတဲ့ လက်ရှိ ကျွန်တော်တို့ မြန်မာ့မြေပြင်ပကတိအခြေအနေမှာ “ဘုတ်အဖွဲ့တစ်ခုရဲ့ တကယ့်တာဝန်အစစ်အမှန်က ဘာတွေဖြစ်သင့်သလဲ” ဆိုတာ လေ့လာကြည့်ရအောင်ပါ။ 👇

၁။ စက္ကူပေါ်က Compliance ထက် ဝန်ထမ်းများအပေါ် တာဝန်ခံမှု (Duty of Care)

အကျပ်အတည်းကာလတစ်ခုမှာ အဖွဲ့အစည်းရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှု (Assets) ဟာ ရုံးခန်းအဆောက်အအုံတွေ ဒါမှမဟုတ် ဘဏ်ထဲက ငွေတွေ မဟုတ်ပါဘူး။ မြေပြင်မှာ အန္တရာယ်အမျိုးမျိုးကြားက လူထုကို တကယ်ကူညီပေးနေတဲ့ “ဝန်ထမ်းတွေ” သာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအချိန်မှာ ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ “အလှူရှင်ကြိုက် စာရွက်စာတမ်းတွေ ပြည့်စုံဖို့” တစ်ခုတည်းကိုပဲ ဇွတ်အတင်းတောင်းဆိုပြီး ဝန်ထမ်းတွေကို ဘေးကျပ်နံကျပ် မဖြစ်စေသင့်ပါဘူး။ ဘုတ်အဖွဲ့ရဲ့ ပထမဆုံးနဲ့ အဓိကအကျဆုံး တာဝန်ဟာ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး (Duty of Care) ကို ဦးစားပေးတဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ ချမှတ်ပေးဖို့ ဖြစ်ပါတယ်။

၂။ မီးခိုးရောင်နယ်ပယ်ထဲက ငွေကြေးပွင့်လင်းမြင်သာမှု (Alternative Transparency)

လမ်းညွှန်မှုတွေအတိုင်း ဘဏ်ကနေပဲ စနစ်တကျ လွှဲရမယ်၊ တရားဝင် ပြေစာအစစ်အမှန်တွေ (Official Receipts) ရှိမှရမယ်ဆိုတဲ့ စည်းကမ်းတွေကို ဇွတ်ကိုင်စွဲထားမယ်ဆိုရင် မြေပြင်က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ လုံးဝရပ်ဆိုင်းသွားနိုင်ပါတယ်။

ဒီလို မီးခိုးရောင်နယ်ပယ် (Grey Areas) တွေထဲမှာ လိမ္မာပါးနပ်တဲ့ ဘုတ်အဖွဲ့ (An Agile Board) ဟာ စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့ ငွေကြေးစီးဆင်းမှုကို ဘယ်လိုထိန်းကျောင်းမလဲဆိုတာ SMT နဲ့အတူတူ အဖြေရှာပေးရပါမယ်။ ဥပဒေကြောင်းအရ လိုက်နာမှုထက် “နက်ရှိုင်းသော ကျင့်ဝတ်ဆိုင်ရာ စီမံအုပ်ချုပ်မှု (Deep Ethical Governance)” ကို သုံးပြီး၊ အလှူရှင်လည်း လက်ခံနိုင်၊ မြေပြင်မှာလည်း တကယ်အလုပ်ဖြစ်မယ့် အစားထိုး အတည်ပြုခြင်းနည်းလမ်း (Alternative Verification Methods) တွေကို ပုံဖော်ပေးရမယ့် တာဝန်ရှိပါတယ်။

၃။ စာရွက်ပေါ်က သစ္စာစောင့်သိမှုထက် လူထုအပေါ် သစ္စာစောင့်သိခြင်း

ဒေသခံ အဲန်ဂျီအိုတစ်ခုရဲ့ စစ်မှန်တဲ့ တန်ဖိုးဟာ စာရွက်ပေါ်က မှတ်ပုံတင်ရှိခြင်း/မရှိခြင်းထက် သူတို့ကူညီနေတဲ့ “လူထုရဲ့ ယုံကြည်မှု” အပေါ်မှာပဲ မူတည်ပါတယ်။

ဘုတ်အဖွဲ့ဟာ ဥပဒေကြောင်းအရ အကျပ်အတည်းဖြစ်နေတဲ့ အချိန်မျိုးမှာတောင် အဖွဲ့အစည်းရဲ့ အဓိက မစ်ရှင် (Mission) မပျောက်ပျက်သွားအောင်၊ အဖွဲ့အစည်းရဲ့ ရန်ပုံငွေနဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ဘယ်လိုခွဲဝေ ထိန်းသိမ်းမလဲဆိုတာကို SMT ထက် ပိုပြီး အမြော်အမြင်ရှိရှိ ကြိုတင်တွေးတော ကာကွယ်ပေးထားရမှာ ဖြစ်ပါတယ်။ ဒါဟာ အကျပ်အတည်းကာလ ဘုတ်အဖွဲ့တစ်ခုရဲ့ တကယ့် အခန်းကဏ္ဍအစစ်အမှန် ဖြစ်ပါတယ်။

💡 တည်ထောင်သူတွေနှင့် ခေါင်းဆောင်တွေအတွက် နောက်ဆုံးပိတ် မက်ဆေ့ခ်ျ

“ဘုတ်အဖွဲ့ (BoD) ဆိုတာ အေးချမ်းချိန်မှာ လက်မှတ်ထိုးပေးဖို့သက်သက် မဟုတ်ပါဘူး။ မုန်တိုင်းထန်ချိန်မှာ အဖွဲ့အစည်းတစ်ခုလုံး ပြိုလဲမသွားအောင် ကာကွယ်ပေးရမယ့် ဒိုင်းလွှာ (Shield) ဖြစ်ပါတယ်။”

ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် အုပ်ချုပ်မှုလမ်းညွှန်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အပိုင်း (၁) ကနေ အပိုင်း (၅) အထိ ကျွန်တော် တင်ဆက်ဆွေးနွေးခဲ့တဲ့ အ‌ကြောင်းအရာတွေကတော့
အပိုင်း (၁) ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း တည်ထောင်သူအချို့၏ သေးငယ်သော အမှားမှ ကြီးမားသော ထိခိုက်နစ်နာမှု
အပိုင်း (၂) တည်ထောင်သူနဲ့ ဘုတ်အဖွဲ့ကြားက လုပ်ပိုင်ခွင့် ချိန်ညှိခြင်း
အပိုင်း (၃) အနည်းဆုံးနဲ့ အထိရောက်ဆုံး မူဝါဒစနစ် (MVP Policy)၊
အပိုင်း (၄) “အားနာမှု” ကို ကျော်လွန်တဲ့ Culturally Intelligent Governance နှင့်
အပိုင်း (၅) ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး (Duty of Care) စတဲ့ အကြောင်းအရာတွေဟာ ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မြေပြင်မှာ ရေရှည်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ “လက်တွေ့ကျသော စီမံအုပ်ချုပ်မှုစနစ်”တွေ ဖြစ်ပါတယ်။

🤝 Metta Aid က သင့်အဖွဲ့အစည်းနဲ့အတူ ရှိနေပါတယ်။

သင့် အဲန်ဂျီအိုရဲ့ ဘုတ်အဖွဲ့ (BoD) နဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ (SMT) ကြားမှာ လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ မြန်မာ့မြေပြင် ပကတိအခြေအနေနဲ့ ကိုက်ညီအောင် ပြန်လည် ပြုပြင်မွမ်းမံချင်ပါသလား။

Metta Aid က သင့်အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်များကို အပြည့်အဝ ထိန်းသိမ်းပေးရင်း၊ သင့်အဖွဲ့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် Governance Guide တွေ၊ SMT Restructuring တွေကို အတူတူ ပုံဖော်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။
ဆွေးနွေးတိုင်ပင်လိုပါက Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ မိမိတို့ ကြုံတွေ့နေရတဲ့ အခက်အခဲများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။

မေတ္တာဖြင့်
Metta Aid

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၄) “အားနာမှု” ကို ကျော်လွန်ပြီး ဘုတ်အဖွဲ့တွင...
06/06/2026

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၄)

“အားနာမှု” ကို ကျော်လွန်ပြီး ဘုတ်အဖွဲ့တွင်း ကျန်းမာတဲ့ ဆွေးနွေးမှု ဘယ်လိုလုပ်မလဲ? (Cultural Intelligence) 👥💬

ဒီအပိုင်းမှာတော့ မြန်မာ့လူအဖွဲ့အစည်းကြားထဲမှာ အမြဲရှိနေတဲ့ "အားနာမှု" ဓလေ့ကြောင့် ဘုတ်အဖွဲ့ (BoD) တွေ အသက်မဲ့ပြီး အဖွဲ့အစည်းတွင်း ပြဿနာတွေ ဖုံးကွယ်သွားတတ်ပုံနဲ့၊ ဒါကို ကျော်လွန်ဖို့ Culturally Intelligent Governance (ယဉ်ကျေးမှုအရ အမြော်အမြင်ရှိသော စီမံအုပ်ချုပ်မှု) နည်းလမ်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းမှာ အလွန်လှပပြီး အမြဲတမ်း တွေ့ရလေ့ရှိတဲ့ ဓလေ့တစ်ခု ရှိပါတယ်။ အဲဒါကတော့ “အားနာမှု” (အားနာမှု - သူတစ်ပါး စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်စိတ်) နဲ့ Social Harmony ခေါ် ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေတတ်တဲ့ စိတ်နေစိတ်ထားပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အဖွဲ့အစည်းတစ်ခုကို စနစ်တကျ အပြန်အလှန် ထိန်းကျောင်းရမယ့် ဒါရိုက်တာဘုတ်အဖွဲ့ (BoD) စားပွဲဝိုင်းထဲကို ဒီ “အားနာမှု” တွေ အတိုင်းအတာထက်ကျော်လွန်ပြီး ဝင်လာတဲ့အခါမှာတော့ အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်လာပါတော့တယ်။

နိုင်ငံတကာအဆင့်မီ စီမံအုပ်ချုပ်မှုတွေကတော့ စာအုပ်ကြီးအတိုင်း “ဘုတ်အဖွဲ့အစည်းအဝေးမှာ တိုက်ရိုက်ဝေဖန်ပါ၊ အငြင်းပွားပါ၊ မဲခွဲဆုံးဖြတ်ပါ” လို့ အလွယ်တကူ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ မြန်မာပြည်မှာ ဘာလို့ အလုပ်မဖြစ်ဘဲ အဖွဲ့အစည်းကို ပိုပြီး စိတ်ဝမ်းကွဲစေတာလဲ ဆိုတာ အသေးစိတ်လေ့လာကြည့်ရအောင်ပါ။ 👇

၁။ လူကြီးတွေကို အားနာလို့ အန္တရာယ်တွေကို မျက်ကွယ်ပြုမိခြင်း

မြန်မာပြည်က အဲန်ဂျီအိုဘုတ်အဖွဲ့တွေမှာ တည်ထောင်သူ (Founder) တွေ၊ ဒါမှမဟုတ် ဝါရင့်တဲ့ ပညာရှင်ကြီးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ ပါဝင်လေ့ရှိပါတယ်။ ဒီလိုအချိန်မှာ SMT အဖွဲ့ဝင်အငယ်ပိုင်းတွေ ဒါမှမဟုတ် ဘုတ်အဖွဲ့ဝင်အသစ်တွေအနေနဲ့ အဖွဲ့အစည်းရဲ့ မဟာဗျူဟာမြောက် အမှားတစ်ခု ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တစ်ခုခုကို မြင်နေရင်တောင်...
“လူကြီးတွေကို ထောက်ပြရင် စော်ကားရာ ရောက်မလား၊ ငါ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားမလား” ဆိုတဲ့ အားနာစိတ်ကြောင့် နှုတ်ဆိတ်နေမိတတ်ကြပါတယ်။ အစည်းအဝေးမှာတော့ အားလုံးက ပြုံးပြုံးလေးနဲ့ သဘောတူလိုက်ကြပေမယ့်၊ အတွင်းကြိတ် ပြဿနာတွေကတော့ ပိုပြီး ကြီးထွားလာရုံပဲ ရှိပါတယ်။

၂။ တိုက်ရိုက်ဝေဖန်ခြင်းမှသည် အဖွဲ့အစည်းတွင်း သဘောထားအမြင်အကွဲအပြဲများဆီသို့

နိုင်ငံတကာအဆင့်မီ စာအုပ်ကြီးတွေအတိုင်း အစည်းအဝေးစားပွဲဝိုင်းမှာ ပြဿနာတစ်ခုကို ဒေါ့ထွက်အောင် တိုက်ရိုက်ဝေဖန်၊ အပြစ်တင်တာမျိုး လုပ်လိုက်တဲ့အခါမှာလည်း မြန်မာ့ယဉ်ကျေးမှုအရ အဝေဖန်ခံရသူက (စနစ်ကို ဝေဖန်တာထက်) မိမိပုဂ္ဂိုလ်ကို တိုက်ခိုက်တယ်လို့ ခံစားရသွားတတ်ပါတယ်။

ဒါဟာ အစည်းအဝေးအပြီးမှာ အဆင်မပြေမှုတွေ၊ မကျေနပ်မှုတွေအဖြစ် ကျန်ခဲ့ပြီး ဘုတ်အဖွဲ့ဝင်တွေ ရုတ်တရက် နုတ်ထွက်တာ၊ ဒါမှမဟုတ် BoD နဲ့ SMT ကြားမှာ မယုံကြည်မှုတွေနဲ့ အဖွဲ့အစည်းတွင်း သဘောထားအမြင်တွေ ကွဲလွဲမှုဖြစ်လာပြီး အဖွဲ့အစည်းကို အကြီးအကျယ် နစ်နာစေပါတယ်။

၃။ Metta Aid ရဲ့ အဖြေ - Culturally Intelligent Governance

Metta Aid အနေနဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုလည်း မဖျက်ဆီးဘဲ၊ အဖွဲ့အစည်းကိုလည်း ထိရောက်စွာ ထိန်းကျောင်းနိုင်မယ့် “ယဉ်ကျေးမှုအရ အမြော်အမြင်ရှိသော စီမံအုပ်ချုပ်မှု နည်းလမ်း (၂)ခု ကို လမ်းညွှန်ပေးချင်ပါတယ်။

နည်းလမ်း (၁) အကြိုညှိနှိုင်းခြင်း (Consensus-Building before Meeting)

အရေးကြီးတဲ့ အလှည့်အပြောင်းတွေကို တရားဝင် အစည်းအဝေးထဲကျမှ ရုတ်တရက်ချပြပြီး မဲခွဲတာမျိုး မလုပ်ပါနဲ့။ အစည်းအဝေးမတိုင်ခင် အလွတ်သဘော ကြိုတင်ဆွေးနွေး အကြံဉာဏ်တောင်းခံခြင်းဖြင့် အားလုံးရဲ့ မျက်နှာကို ထောက်ထားပြီးသားဖြစ်သလို၊ တရားဝင် အစည်းအဝေးမှာလည်း အဆင်ပြေချောမွေ့စွာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

နည်းလမ်း (၂) ပုဂ္ဂိုလ်ရေးကိုဖယ်ပြီး စနစ်ကိုကြည့်မယ့် Risk-Scorecards များ သုံးခြင်း

“ဘယ်သူက မှားတာလဲ” လို့ အချင်းချင်း လက်ညှိုးထိုးမယ့်အစား “အဖွဲ့အစည်းရဲ့ စနစ်က ဘာလဲ” ဆိုတာကို အမှတ်ပေးစနစ် (Scorecard) တွေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ (Objective ကျကျ) ဆန်းစစ်ပါ။ ဒါမှ အဝေဖန်ခံရသူအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုမရှိဘဲ ပြဿနာကို အတူတူ ဝိုင်းဝန်းဖြေရှင်းလာမှာ ဖြစ်ပါတယ်။

💡 တည်ထောင်သူတွေနှင့် ခေါင်းဆောင်တွေအတွက် ပေးချင်တဲ့ မက်ဆေ့ခ်ျ

“ခေါင်းဆောင်မှုဆိုတာ အားနာတတ်တဲ့ အကျင့်ကို အလွဲသုံးစားလုပ်ဖို့ မဟုတ်သလို၊ အားနာခြင်းကြောင့် အဖွဲ့အစည်းရဲ့ အနာဂတ်ကို အဆုံးရှုံးခံဖို့လည်း မဟုတ်ပါဘူး။”

ကျန်းမာတဲ့ အဖွဲ့အစည်းတစ်ခုမှာ “အပြန်အလှန် လေးစားသမှုရှိတဲ့ ဝေဖန်ထောက်ပြခြင်း” ကို ကောင်းမွန်တဲ့ အလေ့အထတစ်ခုအဖြစ် စနစ်တကျ မွေးမြူပေးရပါမယ်။

သင့် အဲန်ဂျီအိုရဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ “အားနာမှု” တွေကြောင့် ဆုံးဖြတ်ချက်တွေ ကြန့်ကြာနေရပါသလား။ ဒါမှမဟုတ် ထောက်ပြဝေဖန်မှုတွေကြောင့် အချင်းချင်း စိတ်ဝမ်းကွဲမှာကို စိုးရိမ်နေရပါသလား။

မြန်မာ့ဓလေ့၊ ဒေသအခြေအနေနဲ့ ကိုက်ညီပြီး အလုပ်လည်းတကယ်ဖြစ်မယ့် Culturally Intelligent Governance ယန္တရားတွေကို Metta Aid အနေနဲ့ အတူတူ ပုံဖော်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။ အကယ်၍များ အေဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်ဆို Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။

မေတ္တဖြင့်
Metta Aid

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၃) စာရွက်ပေါ်က မူဝါဒထက် လက်တွေ့အသုံးတည့်မယ့်...
05/06/2026

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၃)

စာရွက်ပေါ်က မူဝါဒထက် လက်တွေ့အသုံးတည့်မယ့် မူဝါဒစနစ် (The MVP Policy) 🛠️

နိုင်ငံတကာအလှူရှင်တွေဆီက ရန်ပုံငွေ (Funding) လျှောက်တဲ့အခါဖြစ်စေ၊ အဖွဲ့အစည်းကို အဆင့်မြှင့်တင်ချင်တဲ့အခါဖြစ်စေ တည်ထောင်သူတွေနဲ့ SMT ခေါင်းဆောင်တွေ အမြဲတမ်း အကြံပြုခံရလေ့ရှိတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အဖွဲ့အစည်းမှာ HR Policy၊ Procurement Policy၊ Anti-Fraud Policy၊ Safeguarding Policy စတဲ့ မူဝါဒစာအုပ်ကြီးတွေ (တစ်နည်း SOPs လို့လည်း ခေါ်ပါတယ်။) စုံစုံလင်လင် ရှိရမယ်ဆိုတာပါပဲ။

ဒါကြောင့် ဒေသခံ NGO အများစုဟာ နိုင်ငံတကာအဖွဲ့ကြီးတွေဆီက မူဝါဒတွေကို ကော်ပီကူးချပြီး စာမျက်နှာ ရာနဲ့ချီတဲ့ စာအုပ်ကြီးတွေ အပြေးအလွှား ဆွဲကြရပါတော့တယ်။

ဒါပေမယ့် လက်တွေ့မြေပြင်မှာ ဝန်ထမ်း ၅ ယောက်၊ ၁၀ ယောက်ပဲရှိတဲ့ ဒေသခံအဖွဲ့လေးတွေမှာ ဒီလိုစာအုပ်ကြီးတွေ အတင်းလိုက်နာခိုင်းတာဟာ အဖွဲ့အစည်းကို တစ်ကယ်ကာကွယ်ပေးနိုင်ပါ့မလား။ ဒါမှမဟုတ် ဗျူရိုကရေစီ ဝန်ထုပ်ဝန်ပိုးတွေပဲ ဖြစ်လာစေပါမလား ဆိုတာ ကြည့်ရအောင်ပါ။👇

၁။ လက်တွေ့မကျတဲ့ စံနှုန်းများနဲ့ စက္ကူပေါ်က လိုက်နာမှု (Paper Compliance)

နိုင်ငံတကာလက်စွဲစာအုပ်(Operational Manual)တွေဟာ အဖွဲ့အစည်းတစ်ခုမှာ သီးသန့် HR ဌာန၊ ဘဏ္ဍာရေးဌာန၊ ဝယ်ယူရေး (Procurement) ဌာနနဲ့ သီးသန့်စာရင်းစစ် (Internal Auditor) တွေ အပြည့်အစုံရှိတယ်လို့ ယူဆပြီး ရေးထားကြတာပါ။
ဒါပေမယ့် ဒေသခံ အဲန်ဂျီအိုအများစုမှာတော့ ဘဏ္ဍာရေးမန်နေဂျာကပဲ HR ကော၊ Admin ကော အကုန်တွဲလုပ်နေရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းအနည်းငယ်နဲ့ လည်ပတ်နေရတဲ့ အဖွဲ့တစ်ခုကို စာမျက်နှာ ၁၅၀ စာလောက် ဝယ်ယူမှုလမ်းညွှန်ကြီးစာအုပ်အတိုင်း အဆင့်ဆင့် Quotation တောင်းခိုင်းတာ၊ အတည်ပြုချက်တွေ ယူခိုင်းတာဟာ “စာရွက်ပေါ်မှာပဲ အလှူရှင်ကြိုက် လိုက်နာပြရတဲ့စနစ်” ကို ဖြစ်စေပါတယ်။ တစ်ကယ်တော့ ဒါတွေဟာ စာရွက်ပေါ်မှာတော့ မူဝါဒတွေ ရှိနေပေမယ့်လည်း လက်တွေ့မြေပြင်မှာ ဝန်ထမ်းတွေ မလိုက်နာနိုင်တဲ့အတွက် အဖွဲ့အစည်းမှာ လျှို့ဝှက်အန္တရာယ် (Hidden Risks) တွေ ပိုများလာစေပါတယ်။

၂။ စင်ပေါ်မှာ စာအုပ်ကြီးတွေ ဖုန်တက်နေခြင်း (Sit on a shelf)

ဒေသခံ အဲန်ဂျီအိုတော်တော်များများရဲ့ ရုံးခန်းတွေမှာ နိုင်ငံတကာအဆင့်မီ ဖိုင်တွဲကြီးတွေ၊ မူဝါဒစာအုပ်ကြီးတွေ စီစီရီရီ ရှိနေတတ်ပါတယ်(မသိရင် ဓာတ်ပုံပြခန်းလိုလိုပေါ့လေ)။ ဒါပေမယ့် အဲဒီစာအုပ်ကြီးတွေကို ရေးဆွဲတုန်းကပဲ ကြည့်ဖြစ်ပြီး နောက်ပိုင်းမှာ ဘယ်သူမှ ပြန်မဖတ်ဖြစ်တော့ပါဘူး။
ဝန်ထမ်းအသစ်တွေ ဝင်လာရင်လည်း ဒီစာအုပ်ကြီးတွေကို နားလည်အောင် ဖတ်ရှုဖို့ အချိန်မပေးနိုင်ကြပါဘူး။ မူဝါဒတစ်ခုဟာ ဝန်ထမ်းတွေရဲ့ နှလုံးသားထဲမှာ၊ နေ့စဉ် အလုပ်လုပ်တဲ့ ပုံစံထဲမှာ အသက်မဝင်ဘဲ စင်ပေါ်မှာပဲ ဖုန်တက်နေမယ်ဆိုရင် ဒါဟာ စီမံအုပ်ချုပ်မှုစနစ် (Governance) အစစ်အမှန် မဟုတ်ပါဘူး။

၃။ Metta Aid ရဲ့ အယူအဆ - Minimum Viable Policies (MVP)

Metta Aid အနေနဲ့ အကြံပြုချင်တာကတော့ အဖွဲ့အစည်းရဲ့ အင်အား၊ အရင်းအမြစ်နဲ့ မျှတမှုရှိတဲ့ “မျှတရိုးရှင်းသော စီမံအုပ်ချုပ်မှု (Proportional Governance)” စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ဖြစ်ပါတယ်။
စာမျက်နှာ ၁၅၀စာလောက် ရှိပြီး ဘယ်သူမှ မဖတ်တဲ့ မူဝါဒစာအုပ်ကြီးထက်၊ ဝန်ထမ်းတွေ တကယ်နားလည်တဲ့၊ နေ့စဉ်လုပ်ငန်းခွင်မှာ တကယ်လိုက်နာရလွယ်ကူတဲ့၊ အဖွဲ့အစည်းရဲ့ အဓိက အန္တရာယ်တွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ စာမျက်နှာ (၁၀) မျက်နှာစာ အရိုးရှင်းဆုံး မူဝါဒလမ်းညွှန် (MVP) က အဆပေါင်းများစွာ ပိုပြီး အသုံးဝင်ပါတယ်။

💡 တည်ထောင်သူနှင့် ခေါင်းဆောင်တွေအတွက် မက်ဆေ့ခ်ျ

“ပေါ်လစီဆိုတာ အလှူရှင်ကို ပြဖို့သက်သက် မဟုတ်ပါဘူး။ သင့်အဖွဲ့အစည်းရဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေကို မြေပြင်မှာ တကယ်ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။”

သင့် အဲန်ဂျီအိုမှာ လက်ရှိ ရှိနေတဲ့ မူဝါဒတွေဟာ မြေပြင်က ဝန်ထမ်းတွေ တကယ် လိုက်နာရလွယ်ကူရဲ့လား။ အမှန်တကယ် အသုံးချရတာ လွယ်ကူရဲ့လား။ ဒါမှမဟုတ် အလှူရှင် စစ်ဆေးတဲ့အခါပြဖို့ စာရွက်စာတမ်းတွေ တောင်လိုပုံထားပြီး လုပ်ငန်းတွေက ကြန့်ကြာနေပါတုန်းပဲလား။

သင့်အဖွဲ့အစည်းရဲ့ အင်အားနဲ့ ကိုက်ညီမယ့် Minimum Viable Policies (MVP) တွေအဖြစ် ဘယ်လို ပြန်လည်ပြုပြင် မွမ်းမံရမလဲဆိုတာ Metta Aid က ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်။ အကယ်၍များ အေဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်ဆို Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။

မေတ္တဖြင့်
Metta Aid

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်အပိုင်း (၂) 📝 တည်ထောင်သူရဲ့ စေတနာနဲ့ ဘုတ်အဖွဲ့ရဲ့ အာဏ...
04/06/2026

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၂)

📝 တည်ထောင်သူရဲ့ စေတနာနဲ့ ဘုတ်အဖွဲ့ရဲ့ အာဏာကို ဘယ်လိုမျှဝေမလဲ။ (The Founder’s Dilemma) ⚖️🤝

မြန်မာပြည်က အဲန်ဂျီအိုတည်ထောင်သူတွေရဲ့ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု အပိုင်း (၁) ကို တင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခု အပိုင်း (၂) အနေနဲ့ အပိုင်း (၁) မှာ တင်ဆက်ထားတဲ့ အထဲက “အဖွဲ့အစည်းတည်ထောင်သူတွေရဲ့ အခန်းကဏ္ဍနဲ့ ဘုတ်အဖွဲ့၊ SMTအဖွဲ့ ကြားမှာ လုပ်ပိုင်ခွင့်ကို ဘယ်လိုချိန်ညှိရမလဲ” ဆိုတဲ့ တည်ထောင်သူတွေရဲ့ အခန်းကဏ္ဍကို အလေးပေးတင်ဆက်ပေးသွားမှာပါ။ အပိုင်း (၁) နှင့် (၂) အရေးအသားချင်းတူညီနေသယောင်လို့ ထင်ရပေမယ့် ရည်ရွယ်ချက်ဖြင့် ကွာခြားပါတယ်။ ဒါကို သတိချပ်စေချင်ပါတယ်။ ဆိုတော့ အပိုင်း (၂) ကို စရအောင်ပါ။

စေတနာနဲ့ တည်ထောင်ခဲ့ပေမယ့် အာဏာနဲ့ စနစ်ကြား ညှပ်နေတဲ့ မြန်မာပြည်က NGO Founders များ

မြန်မာပြည်က ဒေသခံအဲန်ဂျီအိုအများစုဟာ အဖွဲ့အစည်းကို ကြီးပြင်းလာအောင် ကိုယ်တိုင် သွေးချွေးစိုက်၊ ရုန်းကန်ပြီး ပျိုးထောင်ခဲ့ကြရတာပါ။ တည်ထောင်သူ (Founders) တွေဟာ အဖွဲ့အစည်းအပေါ် မိဘတစ်ယောက်လို သံယောဇဉ် ကြီးမားကြပါတယ်။

ဒါပေမယ့် အဖွဲ့အစည်း ကြီးထွားလာပြီး နိုင်ငံတကာ (သို့မဟုတ်) နိုင်ငံတော်အဆင့်မီ ဖောင်ဒေးရှင်းတစ်ခု ဖြစ်လာဖို့ ကြိုးစားတဲ့အခါ တည်ထောင်သူတိုင်း ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကျပ်အတည်းတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ “တည်ထောင်သူတို့၏ အခက်အခဲ” (The Founder's Dilemma) ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ စီမံအုပ်ချုပ်မှုစာအုပ်တွေကတော့ ပြောတာလွယ်ပါတယ်။ “တည်ထောင်သူက ဖယ်ပေးပါ၊ လုပ်ပိုင်ခွင့်ကို သီးသန့်လွတ်လပ်တဲ့ ဘုတ်အဖွဲ့ (BoD) ဆီ အကုန်လွှဲပေးပါ” တဲ့။ ဒါပေမယ့် လက်တွေ့ မြန်မာ့မြေပြင်မှာ ဒါဟာ ဘာကြောင့် အလုပ်မဖြစ်ရသလဲဆိုတာ ကြည့်ရအောင် 👇

၁။ သိကျွမ်းသူတွေနဲ့သာ ဖွဲ့စည်းမိတဲ့ “အမည်ခံ” ဘုတ်အဖွဲ့ (The Paper Board)

လုပ်ငန်းစတင်ချိန်မှာ လွယ်ကူမြန်ဆန်စေဖို့နဲ့ ယုံကြည်စိတ်ချရဖို့အတွက် မိမိနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ၊ လူမှုပတ်ဝန်းကျင်မှာ မျက်နှာပန်းလှသူတွေကိုပဲ ရွေးချယ်ပြီး BoD ဖွဲ့လိုက်မိတတ်ပါတယ်။
ရလဒ်ကတော့ အဲဒီဘုတ်အဖွဲ့ဝင်တွေဟာ အလှူရှင် (Donor) စာရွက်စာတမ်းပြဖို့သက်သက် “အမည်ခံ” သာဖြစ်သွားပြီး၊ အဓိက ဆုံးဖြတ်ချက်ကြီးတွေ ချမှတ်တဲ့နေရာမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ လုံးဝမရှိသလောက် ပျောက်ဆုံးသွားပါတယ်။ ဆုံးဖြတ်ချက်အားလုံးက တည်ထောင်သူတစ်ဦးတည်းအပေါ်မှာပဲ ဆက်ပြီး ဗဟိုပြုနေတာကြောင့် ဘုတ်အဖွဲ့ဟာ အသက်မဲ့တဲ့ စနစ်တစ်ခု ဖြစ်သွားရပါတယ်ဆိုတဲ့အကြောင်းကို အပိုင်း (၁) မှာ အကျယ်တဝံ့တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

၂။ စာရွက်ပေါ်က SMT နဲ့ လက်တွေ့မြေပြင် သြဇာလွှမ်းမိုးမှု

အဖွဲ့အစည်း ကြီးထွားလာလို့ Senior Management Team (SMT) ခေါ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး စာရွက်ပေါ်မှာ တာဝန်တွေ၊ လုပ်ပိုင်ခွင့် (ToR) တွေ အပြည့်အဝ ပေးထားတတ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဝန်ထမ်းတွေအပေါ် အပြည့်အဝ မယုံကြည်နိုင်သေးတာကြောင့် ဖြစ်စေ၊ စိုးရိမ်စိတ်ကြောင့် ဖြစ်စေ ကိစ္စအသေးအဖွဲကအစ တည်ထောင်သူရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ဆုံးဖြတ်ချက်တွေက နောက်ကွယ်ကနေ အမြဲ သက်ရောက်နေတတ်ပါတယ်။ ဒါဟာ SMT ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရဲစွမ်းနဲ့ ခေါင်းဆောင်မှုတာဝန်ယူစိတ် (Leadership Ownership) ကို တဖြည်းဖြည်း သတ်ပစ်လိုက်သလို ဖြစ်စေပါတယ်။

၃။ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု (Macro-Impact)

“ငါ့အဖွဲ့ပဲ၊ ငါပဲ ဆုံးဖြတ်မယ်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်း (Micro-management) လုပ်မိတဲ့ သေးငယ်တဲ့အမှားဟာ ရေရှည်မှာ အဖွဲ့အစည်းကို ကြီးမားစွာ ထိခိုက်စေပါတယ်။

၁။ Institutional Trust ကျဆင်းခြင်း

အလှူရှင်တွေဟာ တစ်ဦးတစ်ယောက်တည်းကပဲ အာဏာချုပ်ကိုင်ထားတဲ့အဖွဲ့တွေကို ရေရှည်ရန်ပုံငွေအကြီးကြီးတွေ ပေးဖို့ လက်တွန့်တတ်ကြပါတယ်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (Checks & Balances) မရှိလို့ ဖြစ်ပါတယ်။

၂။ မျိုးဆက်ပြတ်တောက်ခြင်း

ဆုံးဖြတ်ချက်မှန်သမျှကို တည်ထောင်သူတစ်ဦးတည်းကပဲ လုပ်နေရင်၊ တစ်နေ့နေ့မှာ တည်ထောင်သူ မဦးဆောင်နိုင်တော့တဲ့အခါ အဖွဲ့အစည်းပါ တစ်ပါတည်း ပြိုလဲသွားနိုင်ပါတယ်။

💡 Metta Aid ရဲ့ အကြံပြုချက်

“စေတနာ” ကို “စနစ်” ဖြစ်အောင် ပြောင်းလဲပါ။

တည်ထောင်သူတွေရဲ့ ဖြူစင်တဲ့ စေတနာကို Metta Aid က အပြည့်အဝ တန်ဖိုးထားပါတယ်။ ဒါပေမယ့် သင့်အဖွဲ့အစည်း ရေရှည်တည်တံ့ပြီး ပြည်သူလူထုကို အမှန်တစ်ကယ် အကျိုးပြုတဲ့ အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် အနောက်တိုင်းလာစာအုပ်ကြီးတွေအတိုင်း အာဏာကို ချက်ချင်းလွှဲခိုင်းတာမျိုး မဟုတ်ဘဲ “ယဉ်ကျေးမှုအရ အသွင်ကူးပြောင်းမယ့် လမ်းကြောင်း” (Transition Runway)" တစ်ခုကို တည်ဆောက်ရပါမယ်။

အဆင့် (၁)
BoD အဖွဲ့ဝင်တွေကို ရိုးရိုးအမည်ခံသက်သက်ကနေ အဖွဲ့အစည်းရဲ့ အန္တရာယ်တွေကို အတူတူရင်ဆိုင်ပေးမယ့် Strategic Engine တွေအဖြစ် ပြောင်းလဲပါ။

အဆင့် (၂)
SMT အဖွဲ့ကို စာရွက်ပေါ်မှာတင်မဟုတ်ဘဲ လက်တွေ့မှာပါ အမှားခံပြီး ဆုံးဖြတ်ပိုင်ခွင့်ပေးထားတဲ့ စစ်မှန်တဲ့ လုပ်ပိုင်ခွင့်ခွဲဝေမှု (Empowerment) ကို စတင်လေ့ကျင့်ပေးပါ။

“တည်ထောင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူထုကို ရေရှည်အကျိုးပြုနိုင်မယ့် အင်စတီကျူးရှင်း (Institution) တစ်ခု ဖြစ်လာဖို့ဆိုရင် “စေတနာ” ထဲမှာ “စနစ်” ကို ထည့်သွင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။”

သင့် အဖွဲ့အစည်းမှာကော တည်ထောင်သူရဲ့ အခန်းကဏ္ဍနဲ့ ဘုတ်အဖွဲ့၊ SMTအဖွဲ့ ကြားမှာ လုပ်ပိုင်ခွင့် ချိန်ညှိရခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသလား။ အကယ်၍များ အေဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်ဆို Metta Aid ရဲ့ Messenger ကနေ ဖြစ်စေ၊ အီးမဲလ်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသေးစိတ် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အားလုံးအဆင်ပြေကြပါစေ။

မေတ္တာဖြင့်
Metta Aid

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန် အပိုင်း (၁) မြန်မာပြည်က အဲန်ဂျီအိုတည်ထောင်သူအချို့ရဲ...
03/06/2026

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် စီမံအုပ်ချုပ်မှုလမ်းညွှန်

အပိုင်း (၁)

မြန်မာပြည်က အဲန်ဂျီအိုတည်ထောင်သူအချို့ရဲ့ သေးငယ်သော အမှားမှ အကြီးမားဆုံး ထိခိုက်နစ်နာမှု (The Micro-Mistake with Macro-Impact)

မြန်မာနိုင်ငံက ဒေသခံ အဲန်ဂျီအိုတည်ထောင်သူအများစုဟာ လူသားအကျိုးပြုလုပ်ငန်းတွေကို ထိထိမိမိ ကူညီချင်ကြတဲ့ ဖြူစင်တဲ့ စေတနာကိုယ်စီနဲ့ စတင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တည်ထောင်သူအချို့ဟာ အဲန်ဂျီအိုလုပ်ငန်း (တစ်နည်း အဲန်ဂျီအိုလောက)အကြောင်း၊ စီမံခန့်ခွဲမှုအကြောင်း ကောင်းစွာသိနားလည်တဲ့ ပညာရှင်တွေ ဖြစ်ကြသလို၊ အချို့မှာမူ အဲန်ဂျီအိုလုပ်ငန်းသဘောသဘာဝကို လုံးဝမသိနားမလည်သော်လည်း ခိုင်မာထက်သန်တဲ့ ကူညီလိုစိတ် (Passion) တစ်ခုတည်းနဲ့ စတင်လာကြသူများ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ချင်း တူညီကြသော်လည်း လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ “သေးငယ်တယ်လို့ ထင်ရတဲ့ စီမံခန့်ခွဲမှု အမှားအယွင်းလေးတွေ” ကြောင့် အဖွဲ့အစည်း အကြီးအကျယ် နစ်နာဆုံးရှုံးရတတ်ပါတယ်။

အဲဒီအချက်တွေကို စနစ်တကျ သုံးသပ်ကြည့်တဲ့အခါ

၁။ အမည်ခံ ဘုတ်အဖွဲ့ (The Paper Board) နှင့် အာဏာဗဟိုပြုမှု

လုပ်ငန်းစတင်ချိန်မှာ လွယ်ကူမြန်ဆန်စေရန်အတွက် မိမိနှင့် ရင်းနှီးကျွမ်းဝင်သူတွေ၊ လူမှုပတ်ဝန်းကျင်တွင် မျက်နှာပန်းလှသူတွေကိုသာ ရွေးချယ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ (BoD) ကို ဖွဲ့စည်းလေ့ရှိပါတယ်။ (အချို့က အမျိုးတွေစု ဖွဲ့စည်းကြတာတွေလည်း ရှိသေး။ 🤔🤔🤣) ရလဒ်အနေနဲ့ ဘုတ်အဖွဲ့ဝင်များဟာ အလှူရှင် (Donor) လိုအပ်ချက်အရ “စာရွက်ပေါ်တွင် နာမည်ခံသက်သက်” ဖြစ်သွားပြီး၊ အဓိက ဆုံးဖြတ်ချက် (Major Decisions) တွေ ချမှတ်တဲ့အခါ သူတို့ရဲ့ အခန်းကဏ္ဍဟာ လုံးဝမရှိသလောက် ပျောက်ဆုံးသွားတတ်ပါတယ်။ ထို့ကြောင့် ဆုံးဖြတ်ချက်အားလုံးသည် တည်ထောင်သူတစ်ဦးတည်းအပေါ်၌သာ ဗဟိုပြုနေတတ်ပါတယ်။

ဥပမာအနေနဲ့ အစည်းအဝေး (Board Meeting) ပြုလုပ်ကြသည်၊ ဆွေးနွေးကြသည်၊ ဆုံးဖြတ်ကြသည်(မသိရင် အတူတူဆွေးနွေးဆုံဖြတ်ကြတယ်ပေါ့လေ။ 🤣🤣 ) ဟုဆိုသော်လည်းပဲ အစည်းအဝေးမှတ်တမ်း (Meeting Minutes) တင်မထားခြင်း၊ မရှိခြင်း ဖြစ်သည်။ အစည်းအဝေးမှတ်တမ်း မရှိခြင်းကြောင့်၊

⚠️ ဘုတ်အဖွဲ့ဥက္ကဋ္ဌ (Chairman of the Board/Founder) အနေဖြင့် အမှုဆောင်ဒါရိုက်တာ (Executive Director) ကို အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခြင်း မရှိတော့ပါ။ ထို့ကြောင့် မိမိဆုံးဖြတ်ထားသည့်အတိုင်းသာ လမ်းညွှန်မှုပြုလုပ်တတ်တဲ့ အလေ့အထ ဖြစ်သွားတတ်ပါတယ်။

⚠️ အမှုဆောင်ဒါရိုက်တာ (Founder/Chairman of the Board/Executive Director) ဟာ ဘုတ်အဖွဲ့ရဲ့ ထိန်းကျောင်းမှု ကင်းမဲ့သွားသည့်အတွက် မိမိစိတ်ကြိုက် ဆုံးဖြတ်ချက်တွေကိုသာ ဦးစားပေး လုပ်ဆောင်တတ်ပါတယ်။

⚠️ အကယ်၍ ဘုတ်အဖွဲ့က အတည်ပြုချက်မှတ်တမ်း (Approved Meeting Decisions) တစ်စုံတစ်ရာပေးထားလျှင်ပင် မှတ်တမ်းအထောက်အထား ခိုင်လုံမှုမရှိခြင်း သို့မဟုတ် စနစ်တကျ မရှိခြင်းတို့ကြောင့် Founder & Executive Director များဟာ လုပ်ငန်းခွင်မှာ မိမိတို့လုပ်ချင်ရာကိုသာ လုပ်ဆောင်သွားတတ်တဲ့ အလေ့အထများ ဖြစ်ပေါ်တတ်ပါတယ်။

👉 ဒီအချက်တွေဟာ အဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု (Accountability) ကို လျော့နည်းစေပြီးတော့ ရေရှည်မှာ အဖွဲ့အစည်းရဲ့ ရပ်တည်မှုကို ထိခိုက်စေနိုင်တဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။

၂။ စာရွက်ပေါ်က အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ (SMT) နှင့် လက်တွေ့မြေပြင် ဩဇာလွှမ်းမိုးမှု

Senior Management Team (SMT) ခေါ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး စာရွက်ပေါ်မှာ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရား (ToR)တွေ အပြည့်အဝ ပေးထားသော်လည်းပဲ၊ လက်တွေ့မြေပြင်မှာ တည်ထောင်သူရဲ့ ဩဇာလွှမ်းမိုးမှုနှင့် စွက်ဖက်မှုတွေဟာ အတိုင်းအတာတစ်ခုအထိ အမြဲရှိနေတတ်ပါတယ်။ အေတာဟာ SMT အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရဲစွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေး (Leadership Ownership) ကို တဖြည်းဖြည်း မှေးမှိန်သွားစေပါတယ်။

၃။ ဝန်ထမ်းများအပေါ် မယုံကြည်မှုနှင့် အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်း

တည်ထောင်သူအများစုဟာ မိမိတို့ သွေးချွေးစိုက်ပြီး တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့်မို့ စိုးရိမ်စိတ်လွန်ကဲပြီးတော့ ဝန်ထမ်းတွေကို အပြည့်အဝ မယုံကြည်ကြဘဲ “ကိစ္စအသေးအဖွဲလေးကအစ မိမိကိုယ်တိုင် သိမှ၊ မိမိကိုယ်တိုင် ဆုံးဖြတ်မှ စိတ်ချရတယ်။”လို့ ယူဆတတ်ကြပါတယ်။ ဒီလိုမျိုး အသေးစိတ်လိုက်လံချုပ်ကိုင်ခြင်းဟာ ဝန်ထမ်းတွေကို စိတ်ပျက်အားလျော့စေပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေကို မိမိအဖွဲ့အစည်းကနေ ထွက်ခွာသွားရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်လာပါတယ်။

⚠️ ဒီလို အသေးအဖွဲလို့ ထင်ရတဲ့ အမှားလေးတွေကြောင့် ကြုံတွေ့ရမယ့် “အကြီးမားဆုံး ထိခိုက်နစ်နာမှုများ” (The Macro-Impact) 💥💥

သင် ထုတ်မပြောသည့်တိုင် “ငါတည်ထောင်တာပဲ၊ ငါ့အဖွဲ့ပဲ ငါပဲ ဆုံးဖြတ်မယ်၊ ငါ သိတယ်” ဆိုတဲ့ သေးငယ်တဲ့ အယူအဆအမှားတွေဟာ ရေရှည်မှာ သင်တည်ထောင်တဲ့ အဖွဲ့အစည်းကို အောက်ပါအတိုင်း အကြီးအကျယ် ထိခိုက်စေပါတယ်။

၁။ အလှူရှင်တွေရဲ့ ယုံကြည်မှုကျဆင်းခြင်း

နိုင်ငံတကာအလှူရှင်များဟာ တစ်ဦးတစ်ယောက်တည်းကသာ အာဏာချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ (Founder-dominated NGOs) ကို ရေရှည်ရန်ပုံငွေ ပေးအပ်ဖို့ လက်တွန့်လေ့ရှိကြပါတယ်။ ခိုင်မာပြီးတော့ လွတ်လပ်တဲ့ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (Checks and Balances) မရှိခြင်းဟာ Financial and Operational Risks တွေကို မြင့်တက်စေတာကြောင့် ဖြစ်ပါတယ်။

၂။ ခေါင်းဆောင်မှု မျိုးဆက်ပြတ်တောက်ခြင်း

ဆုံးဖြတ်ချက်အားလုံးကို တည်ထောင်သူကပဲ လုပ်နေတယ်ဆိုရင်၊ တစ်နေ့နေ့တစ်ချိန်ချိန် တည်ထောင်သူအနေဖြင့် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြေအနေတစ်ခုခုကြောင့်ဖြစ်စေ အဖွဲ့ကို မဦးဆောင်နိုင်တော့တဲ့အခါ အဖွဲ့အစည်းဟာ တစ်ပါတည်း ပြိုလဲသွားနိုင်သည့် အမြင့်ဆုံးအန္တရာယ် (Institutional Collapse) ရှိပါတယ်။

၃။ မဟာဗျူဟာမြောက် မတွေးခေါ်နိုင်ခြင်း

အရာရာကို တစ်ယောက်တည်း လိုက်လုပ်နေရသည့်အတွက် တည်ထောင်သူဟာ နေ့စဉ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စအသေးအဖွဲတွေ (Day-to-day operations) ကြားထဲမှာ နစ်မြုပ်နေပြီးတော့၊ အဖွဲ့အစည်း ရေရှည်ရပ်တည်ရေးအတွက် အရေးကြီးတဲ့ မဟာဗျူဟာမြောက် တွေးခေါ်မှုတွေ (Strategic Thinking) ကို မလုပ်ဆောင်နိုင်တော့ပါဘူး။

💡 Metta Aid မှ အကြံပြုချက်

“စေတနာနှင့် စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခုဟာ စနစ်မရှိဘူးဆိုရင် ရေရှည်မခံနိုင်ပါဘူး။”

ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း တည်ထောင်သူတွေအနေနဲ့ အရင်ဦးဆုံး မိမိတို့ရဲ့ “စေတနာ” ကို “စနစ်” အဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ BoD အဖွဲ့ဝင်တွေကို တကယ်အလုပ်လုပ်တဲ့ Strategic Engine တွေအဖြစ် ပြောင်းလဲခြင်း၊ SMT အဖွဲ့ကို စာရွက်ပေါ်မှာ မဟုတ်ဘဲ၊ လက်တွေ့ စစ်မှန်တဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲအပ်ခြင်း (Empowerment) တို့ကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင့် အဖွဲ့အစည်းဟာ တည်ထောင်သူ “သင်” ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ လူထုကို ရေရှည်အကျိုးပြုနိုင်မယ့် အင်စတီကျူးရှင်း (Institution) တစ်ခုအဖြစ် ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။

လိုရင်းတိုရှင်းပြောရရင်

သင်ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း တည်ထောင်သူတစ်ယောက်ဖြစ်တယ်၊ သင့်အဖွဲ့အစည်းကို အထက်က တင်ပြထားတဲ့ အချက် နံပါတ် (၁)အတိုင်း မောင်းနှင်နေတယ်ဆိုရင် “ကျွန်တော်ရဲရဲကြီးပြောရဲတယ်၊ သင်ဟာ လူမှုရေးလုပ်ငန်းကို အသုံးချပြီးတော့ ကိုယ်ကျိုးစီးပွားရှာဖွေနေသူတစ်ယောက်သာ ဖြစ်ပါတယ်။ အတိုင်းအတာ တစ်ခုအထိကိုပဲ သင်သွားလို့ရမှာ ဖြစ်ပါတယ်။”

မိမိတို့ရဲ့ အမြင်တွေကိုလည်း လွတ်လပ်စွာ မျှ‌ဝေဆွေးနွေးကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

✅✅✅✅✅✅✅✅✅✅✅✅✅

Metta Aid နှင့်အတူ သင့်အဖွဲ့အစည်း၏ အုပ်ချုပ်မှုစနစ်ကို အဆင့်မြှင့်တင်လိုက်ပါ။

ပြည်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs/NGOs) တည်ထောင်သူများ၊ သို့မဟုတ် အဖွဲ့အစည်းသစ်များ စတင်တည်ထောင်ရန် ပြင်ဆင်နေသူများအနေဖြင့် Comprehensive Governance Guide for Local NGOs (ဒေသခံ NGO များအတွက် အလုံးစုံသော အုပ်ချုပ်မှုဆိုင်ရာ လမ်းညွှန်ချက်) ကို ရယူလိုပါက Metta Aid ကို ချိတ်ဆက်နိုင်ပါသည်။

Metta Aid သည် အဖွဲ့အစည်းများအတွက် ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှု (Accountability)၊ ကျင့်ဝတ်နှင့်အညီ ဦးဆောင်မှု (Ethical Leadership) နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု (Organizational Sustainability) တို့ကို မြှင့်တင်ပေးနိုင်မည့် ထိရောက်သော အုပ်ချုပ်မှုစနစ်များ ထူထောင်နိုင်ရန်အတွက် အထူးအတိုင်ပင်ခံ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။

ဘာကြောင့် Metta Aid ကို ရွေးချယ်သင့်သနည်း။

Metta Aid ကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများကို လူမှုအသိုင်းအဝိုင်းများ၏ အားကိုးယုံကြည်မှုရရှိသည့်၊ ရေရှည်တည်တံ့သော အဖွဲ့အစည်းများဖြစ်လာစေရန် ကူညီပေးလျက်ရှိသည်။

ကျွန်ုပ်တို့၏ ထူးခြားချက်များမှာ

(၁) အတွေ့အကြုံရှိခြင်း - ၆ နှစ်တာကာလအတွင်း ပြည်တွင်း အရပ်ဖက်လူမှုအဖွဲ့အစည်း (၃၀) ကျော်အား အုပ်ချုပ်မှုစနစ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးထားပြီးဖြစ်သည်။

(၂) လက်တွေ့ကျသော ပံ့ပိုးမှု - အဖွဲ့အစည်းတိုင်း၏ လိုအပ်ချက်နှင့်အညီ ဖြစ်မြောက်နိုင်မည့် စနစ်များကို အကြံပေးခြင်း၊ စီမံခန့်ခွဲမှုပိုင်းတွင် ကြုံတွေ့နေရသော အခက်အခဲများကို လက်တွေ့ဖြေရှင်းပေးခြင်း။

(၃) ရည်မှန်းချက် ခိုင်မာခြင်း - အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာမှုနှင့် ကျင့်ဝတ်သိက္ခာကို အဓိကထား၍ ရေရှည်တည်တံ့သော အုပ်ချုပ်မှုစနစ်များ ဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ခြင်း။

သင်၏ အဖွဲ့အစည်းကို ပိုမိုခိုင်မာပြီး ပရော်ဖက်ရှင်နယ်ကျသော အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်အတွက် Metta Aid ကို အတိုင်ပင်ခံဆွေးနွေးမှုများ စတင်ပြုလုပ်နိုင်ပါသည်။

အားလုံးအဆင်ပြေကြပါစေ။

မေတ္တာဖြင့်
Metta Aid

Address

10 Narani Cl
Coffs Harbour, NSW
2450

Opening Hours

Monday 9am - 5pm
Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm

Telephone

+959761700777

Website

Alerts

Be the first to know and let us send you an email when Metta Aid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share