10/09/2026
ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေက အမှားတစ်ခုထဲကိုဘဲ ထပ်ခါထပ်ခါ မှားနေရင် ဘယ်လိုဖြေရှင်းမလဲ❓
💢လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ ဝန်ထမ်းတွေက အမှားတွေကို ထပ်ခါထပ်ခါ လုပ်တယ်။
💢အမှားတွေ ဖြစ်တဲ့အခါမှာလည်း ဆူလိုက်တယ်၊ ဒဏ်ရိုက်တယ်၊ ဒါမျိုးတွေ လုပ်ပေမယ့် အမှားတွေက ရပ်မသွားဘူး။
ထပ်တူညီတဲ့ အမှားတွေက ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုတဲ့ လုပ်ငန်းရှင်တွေ ရှိကြလား❓
❓ဒီလိုပြဿနာတွေကို ဆက်တိုက်ဖြစ်နေပြီးတော့ အမှားတွေကို လျော့ကျအောင် ဘယ်လိုလုပ်ရမလဲ။
🤔လုပ်ငန်းခွင်ထဲမှာ အမှားတွေ ထပ်ခါထပ်ခါ မဖြစ်အောင် ဘယ်လိုနည်းလမ်းမျိုးတွေ သုံးရမလဲဆိုပြီးတော့ စဉ်းစားနေတယ်ဆိုရင်တော့
🤷🏻♀️ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ ပြဿနာဖြစ်လာတိုင်း ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ Root cause analysis ပြဿနာရဲ့အရင်းအမြစ်ကို စစ်ဆေးတဲ့ Culture ကောင်းအနေနဲ့ ပြဿနာဖြစ်လာတဲ့အချိန်မှာ ဒီပြဿနာပေါ်ကနေ အဖြေရှာပြီးတော့ နောင်တစ်ချိန်မှာ ဒီပြဿနာမျိုးတွေ ထပ်မဖြစ်အောင် ပြဿနာတွေ လျော့ပါးအောင် ဒီပေါ်ကနေ သင်ခန်းစာယူတတ်တဲ့ Culture ကောင်းလေးတွေ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
❌ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ ဝန်ထမ်းတွေက ဆူလည်းဒီတိုင်းပဲ၊ ဒဏ်ရိုက်လည်းဒီတိုင်းပဲ ပြောင်းလဲမသွားဘူးဆိုတာ ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ Culture ကောင်းတွေ တည်ဆောက်မထားလို့ပါ။
🤷🏻♀️ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ ကိုယ့်ဝန်ထမ်းတွေကို အမှားတွေ ထပ်ခါထပ်ခါ မလုပ်စေချင်ဘူး။
📌အမှားတွေကို အများကြီး လျှော့ချချင်တယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းခွင်ထဲမှာ ပြဿနာဖြစ်တိုင်း ပြဿနာတွေကို အဖြေရှာတတ်တဲ့ Culture ကောင်းလေးတွေ တည်ဆောက်ပါလို့ အကြံပေးချင်ပါတယ်။