ကြိုက်မိသော စာစုလေး များ စုစည်းမှု့

ကြိုက်မိသော စာစုလေး များ စုစည်းမှု့ ဖုန်း,PC နဲ့ပတ်သက်လို့ ဘာလိုလို အဆင်ေ?

ကူညီတာများရင် ဝတ္တရားဖြစ်တက်တယ်တဲ့ဒီစကားက အလကားမဟုတ်ဘူး။...တန်ဖိုးမထားတက်တဲ့လူတစ်ယောက်ကို တစ်ခါ နှစ်ခါကူညီဲကြည့်ကျေးဇူးတ...
10/02/2025

ကူညီတာများရင်
ဝတ္တရားဖြစ်တက်တယ်တဲ့
ဒီစကားက အလကားမဟုတ်ဘူး။...

တန်ဖိုးမထားတက်တဲ့
လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီဲကြည့်
ကျေးဇူးတင်လိမ့်မယ်...

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတခုလိုဖြစ်လာလိမ့်မယ်...

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ
လုံးဝ မေ့သွားလိမ့်မယ်...

လောကမှာ ဘယ်သူ့ကမှ
ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်
ကူညီတယ်ဆိုတာ
ဝတ္တရားမဟုတ်ဘူး။...

ငွေကြေးကူညီခဲ့ဖူးတာ
လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့် လူအားဖြင့်
စိတ်ခွန်အားစသဖြင့် ကူညီခံခဲ့ရဖူးရင်
မမေ့တက်ခြင်းကလူပီသခြင်းတမျိုးပါဘဲ...။
💅🍀🙏
uploader.
💐🕊☘🌿

မိသားစုတွင် အကြောက်ဆုံးအရာမှာ ဆင်းရဲခြင်းမဟုတ်ပါ။ အကြောက်ဆုံးအရာက မင်းကို အသက်ရှူကျပ်စေမယ့် စကားပြောနည်းတစ်ခုပါပဲ။ဂရုစို...
09/01/2025

မိသားစုတွင် အကြောက်ဆုံးအရာမှာ
ဆင်းရဲခြင်းမဟုတ်ပါ။

အကြောက်ဆုံးအရာက မင်းကို
အသက်ရှူကျပ်စေမယ့် စကားပြောနည်းတစ်ခုပါပဲ။

ဂရုစိုက်မူပြချင်သော်လည်း
ဆူပူကြိမ်းမောင်းခြင်းဖြစ်သွားတယ်။

ပြဿနာကို ဖြေရှင်းချင်ပေမယ့်လည်း
အဲဒါက ပဋိပက္ခဖြစ်စေတယ်။

အချိန်အတော်ကြာ တည်ရှိနေ
သော ဖုန်မှုန့်များသည် ပိုမိုပြင်းထန်စွာ
ပေါက်ကွဲထွက်လာသည်။

ဘယ်လိုပြောရမှန်းမသိ၊ စကားကောင်းကောင်း
မပြောတတ်ဘူး။

ဒီလို မိသားစုမျိုးက ပျော်ရွှင်မှုကို ရှာလို့ မရဘူး။
စကားပြောတိုင်းအချင်းချင်း အော်ဟစ်ပြောဆိုခြင်းဖြင့် အပြစ်ရှာခြင်းသည် ဆက်ဆံရေးမတည်မြဲနိုင်ပါဘူး။

မခံနိုင်တဲ့အဆုံး အဲဒီနေရာကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားလာလိမ့်မယ်။

စကားနှစ်လုံးထက် ပိုမပြောဘဲ
စကားများရန်ဖြစ်တတ်သည်။
အိမ်သည် အချစ်အကြောင်းပြောရန်
နေရာတစ်ခုဖြစ်သည်။

မလိုလားအပ်တဲ့ အကြောင်းတွေ
ပြဿနာဖြစ်စေမယ့် အရာတွေ
ဆွေးနွေးဖို့ နေရာမဟုတ်ဘူး။

ဆက်ဆံရေးက ဘယ်လောက်ပဲ နက်နဲနေပါစေ
ဆိုးတဲ့စကားတွေကို ဆိုးတဲ့စကားတွေအမြဲပြောရင် ဆက်ဆံရေးပျက်သွားနိုင်ပါတယ်။

အထပ်ထပ်အခါခါ နှုတ်ဖြင့်ကြမ်းတမ်းသောမိသားစု သည် မည်မျှချမ်းသာသည်ဖြစ်စေ
လူတွေက အဲလို နေရာကနေ လွတ်မြောက်ချင် ကြတယ်။

ပျော်ရွှင်မှုအပြည့်ရှိတဲ့ အိမ်လေးဟာ ဘယ်လောက်ပဲပင်ပန်းနွမ်းနယ်နေပါစေ ချစ်ရသူတွေကို လွမ်းဆွတ်နေစေမှာပါ။ချစ်ခြင်းမေတ္တာရှိတဲ့ အိမ်ဆိုတာ လူတိုင်းလိုချင်တဲ့ ဆန္ဒတစ်ခုဖြစ်သည်။

သင်ဟာ သင့်အိမ်ကို တကယ်ချစ်တဲ့သူဆိုရင် သင့်မိသားစုကို ကောင်းမွန်စွာ စီမံခန့်ခွဲဖို့ စဉ်းစားပါ။
စကားလုံးကြမ်းတွေ ပြောတာထက် နှုတ်ချိုစေမယ့် စကားလုံးတွေကို အမြဲပြောပါ။

ဒီနေ့မှစပြီး သင်ချစ်မြတ်နိုးတဲ့အရာတွေကို လုပ်ပါ။

နှစ်သိမ့်စရာ စကားတွေ ပြောပါ။

ပျော်ရွှင်သော အိမ်၊ မိသားစု ပိုင်ဆိုင်နိုင်ကြပါစေ🙏

crd_to_owner_with_respect

 # ရွှေတွက်နည်းလေးပါကျနော်ဟိုးးးအရင်က ရွှေတွက်နည်းများထဲမှ အလွယ်ကူဆုံးရွှေတွက်နည်းလေးကို Liveရော postပါတင်ပီ Sharingလုပ်...
08/08/2024

# ရွှေတွက်နည်းလေးပါ

ကျနော်ဟိုးးးအရင်က ရွှေတွက်နည်းများထဲမှ အလွယ်ကူဆုံးရွှေတွက်နည်းလေးကို Liveရော postပါတင်ပီ Sharingလုပ်ပေးထားပါတယ် ...
မသိသေးတဲ့သူများအတွက် ရွှေအလွယ်ကူဆုံးတွက်လေးကို ကျနော်ခု ပြန်တင်ပေးပါမရ်...ရွှေစျေးတွေမတည်မငြိမ်ဖြစ် နေတဲ့ခုလိုအချိန်မျိုးမှာ လူတိုင်းးတွက်တက်ရအောင်ရည်ရွယ်ပါသည်။

ဥပမာ။ ရွှေစျေးက 45သိန်း​ ရွှေချိန်က 11ပဲ 5ရွေးထားပါစို့

ရွှေ1ကျပ်သားမှာ 16ပဲရှိတယ်။
ရွှေပေါက်စျေးကိုတည် 16ပဲနဲ့(÷)စား
4500000÷16=(281250)👈တစ်ပဲစျေး

ရွှေချိန်11ပဲမို့ 1ပဲစျေးကိုတည် 11နဲ့(×)မြှောက် (တစ်ပဲစျေး)👉281250×11ပဲ=👉3093750(11ပဲစျေး)

1ပဲမှာ8ရွေးရှိတယ်။
1ပဲစျေးကိုတည် 8ရွေးနဲ့(÷)စား
(တစ်ပဲစျေး)👉281250÷8= 👉(35156.25) /1ရွေးစျေး)

5ရွေးမို့ 1ရွေးစျေးကိုတည် 5နဲ့ (×)မြှောက်
(1ရွေးစျေး)👉35156.25×5=175781.25👈(5ရွေးစျေး)

ရွှေချိန်က 11ပဲ5ရွေးမို့
11ပဲသားစျေးနဲ့ 5ရွေးသားစျေးကို(+)ပေါင်းမရ်
(11ပဲ)3093750+(5ရွေး)175781.25=3269531.25

ရွှေစျေး45သိန်းနဲ့ ရွှေချိန်11ပဲ5ရွေးသားကို
3269531.25 သိန်း
3ဆယ်2သိန်း6သောင်း9ထောင့်5ရာ3ဆယ့်1ကျပ်နဲ့မှ 25ပြားပဲကျမယ် အတိအကျပဲ
ရွှေထည်တိုင်းမှာ အလျော့တွက်ပါတာထုံးစံပဲ ဒါပေမဲ့ လွန်ရောကျွံရောမှ လေးငါးသိန်းထက်ပိုတင်လို့မရဘူး 1ကျပ်မပြည့်တဲ့ရွှေထည်ကို သိန်းဆယ်နဲ့ချီကွာနေရင် ထည့်ခံရပီသာ မှတ်လိုက်တော့...

အဲ့တာကိုမှ 45သိန်းကျော် 50နီးပါးရှိနေရင် အလျော့တွက်မှာ သိန်း20လောက်တင်ထားပီးး ပြန်ရောင်းတဲ့အခါ သေချာပေါက်ရှုံးပီးးး ရွှေဆိုင်က ပြန်နှုတ်ယူထားမဲ့ငွေပါ။
ဂျင်းထည့်ချင်းကင်းဝေးကြပါစေ🙏
နောက်ကြုံရင် စိန်ရတီ ပတ္တမြားကလပ် မြကာရက် တွက်နည်းလေးတွေ Sharingပေးဦးမရ်...

မှတ်ချက်👉(ရွှေစျေးဘယ်စျေးနဲ့ပဲပေါက်ပေါက်..
ပေါက်တဲ့စျေးကိုတည် ပြီး အခုအတိုင်းပဲတွက်ပါ)

Sai Bone Khant.

အရက်ရောင်းသူက ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။ကြေးမုံပြင်က မှန်တယ် ကိုယ်ငိုရင်...
31/07/2024

အရက်ရောင်းသူက ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ် ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။

ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ
စွပ်ကြတယ်။
ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့
ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။

ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ
လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့
လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့က
နေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်
ကြတဲ့ သင်ခန်းစာကို
ယူမိတယ်။

မွေးမယ် သေမယ်
ဖြစ်နေကြအုံးမယ်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင်
အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။

လေးစားလျှက်🙏
မေတ္တာဖြင့်...

နွမ်းပါးသူတစ်ဦးကို ငွေ ၁၀၀ အမြဲပေးနေကြဖြစ်ပေမဲ့ တစ်နေ့တော့ ငွေ ၂၀၀ ပေးဖြစ်လိုက်တယ်။ သူတော်တော်ပျော်သွားတယ်။ နောက်နေ့တွေ ...
14/06/2024

နွမ်းပါးသူတစ်ဦးကို ငွေ ၁၀၀ အမြဲပေးနေကြဖြစ်ပေမဲ့
တစ်နေ့တော့ ငွေ ၂၀၀ ပေးဖြစ်လိုက်တယ်။
သူတော်တော်ပျော်သွားတယ်။
နောက်နေ့တွေ ငွေ ၁၀၀ ပဲ ပုံမှန်ပေးဖြစ်ခဲ့ပေမဲ့
သူ့မျက်နှာမှာ အရင်က ငွေ ၁၀၀ ရာပေးခဲ့တဲ့အချိန်တိုင်း
ကြည်လင်ပြုံးရွှင်တဲ့မျက်နှာမျိုး မမြင်ရတော့ဘူး။

သိကျွမ်းသူတစ်ဦးရဲ့ဆိုင်မှာ
အလုပ်သမားအခက်အခဲကြောင့် အခမဲ့ဝင်ကူပေးပြီး
နေ့လည်ပိုင်း ဆိုင်ကူထိုင်ပေးဖြစ်တယ်။
သူတော်တော်ပျော်သွားတယ်။
တနေ့တော့ အားလည်းအား ပျင်းလည်းပျင်းနေတာနဲ့
မနက်ကနေ ညအထိ ဆိုင်ကူထိုင်ပေးလိုက်တယ်။
ထိုအတိုင်း မနက်ကနေ ညအထိ
တပတ်ကျော်ဆက်တိုက် ဝိုင်းကူညီပေးလိုက်တော့
ကျေးဇူးတင်တဲ့ကြောင်းပြောရှာတယ်။
နောက်ရက်တွေကစပြီး အချိန်လည်းသိပ်မရလို့
အရင်ကလို နေ့လည်ခင်းလောက်သာ
ဝိုင်းကူပေးနိုင်တော့တယ်။
သူ့မျက်နှာမှာတော့ တချိန်က
ကိုယ်နေ့လည်ခင်းပိုင်း စကူညီထိုင်ပေးတုန်းကလို
ပျော်ရွှင်မှုမျိုး မတွေ့ရတော့ဘူး။

" ခင်များတို့အနေနဲ့ ဘဝမှာ အရှုပ်အထွေးကင်းချင်ရင်
အငြိုငြင်မခင်ချင်ရင်၊ လူမုန်းမခံချင်ရင်
ဘယ်သူ့ကိုမဆို ဘယ်ကိစ္စရပ်မှာမဆို အတိုင်းအတာတခုထက်ပိုပြီး မဆက်ဆံတာ မပတ်သက်တာ မကူညီတာ
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်။”

လောကမှာအမြတ်မထုတ်သင့်ဘူးဆိုတဲ့လူသပ်သပ်ရှိတယ်ဒီလူ့ကိုငါကူညီပေးရမယ်မဖြစ်မနေလုပ်ပေးရမယ် (လုပ်ကိုလုပ်ပေးရမယ်)ဒါမျိုးလူဆိုတာသ...
20/05/2024

လောကမှာ
အမြတ်မထုတ်သင့်ဘူးဆိုတဲ့လူသပ်သပ်ရှိတယ်

ဒီလူ့ကိုငါကူညီပေးရမယ်
မဖြစ်မနေလုပ်ပေးရမယ် (လုပ်ကိုလုပ်ပေးရမယ်)
ဒါမျိုးလူဆိုတာသပ်သပ်ရှိတယ်

လူအပေါ်မှာလည်းမူတည်တယ်
ခင်မင်ခဲ့တဲ့သက်တမ်းအပေါ်မှာလည်းမူတည်သလို
သူကိုယ့်အပေါ်ပြုခဲ့ဖူးတဲ့ကျေးဇူးအပေါ်မှာလည်းမူတည်တယ်
တခြားသောပတ်သတ်ဆက်နွယ်မှုတွေနဲ့လည်း
သက်ဆိုင်သေးတယ်

အဲဒါတွေအပေါ်မူတည်ပြီး
အလကားကူညီသင့်ရင်ကူညီရတယ်
အချိန်ပေးသင့်ပေးရတယ်
အကြံပေးသင့်ရင်ပေးရတယ်
လူအင်အားစိုက်သင့်ရင် စိုက်ရတယ်

အဲလိုမှမဟုတ်ဘဲ
ဘယ်လိုလူမျိုးကိုမဆို
ပိုက်ဆံမရရင် မလုပ်ပေးနိုင်ဘူး
ကိုယ့်အိတ်ထဲကမစိုက်နိုင်ဘူး အချိန်မပေးနိုင်ဘူး
ဘာအကျိုးအမြတ်မှမရဘဲ မလုပ်ပေးနိုင်ဘူးဆိုတဲ့
လူတန်းစားတစ်မျိုးလည်း ရှိသေးတယ်။

ချိန်ခွင်ကိုင်ထားသလိုပေါ့
"ငါ့ဘက်ကိုသာမှ ငါလုပ်ပေးနိုင်မယ်"ဆိုတဲ့အတွေးနဲ့
အသက်ရှင်နေတဲ့သူတွေလည်း ရှိတယ်။

ဒီလိုလူမျိုးအတွက်
အပေါင်းအသင်းမိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်း နဲ့ ရင်းနှီးရတဲ့လူရင်းဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး

ဘာဖြစ်လို့လဲဆိုတော့
တစ်ခုခုရမှလုပ်တတ်တဲ့ "ကြေးစား" မို့လို့ပဲ။

Min Yel Kyaw Swar

မှတ်ပုံတင်မှာ  (နိုင်) ဆိုရင် အင်္ဂလိပ်လို (N)✖️ လို့ မရေးပဲ အင်္ဂလိပ်လို  (C) ✔️ လို့ ရေးရမယ် လို့ (Citizen)ဒီနေ့ မှတ်သ...
21/03/2024

မှတ်ပုံတင်မှာ (နိုင်) ဆိုရင်
အင်္ဂလိပ်လို (N)✖️ လို့ မရေးပဲ
အင်္ဂလိပ်လို (C) ✔️ လို့ ရေးရမယ် လို့ (Citizen)
ဒီနေ့ မှတ်သားစရာ အဖြစ် သိရလို့ တဆင့် ပြန်ရှယ် ပေးပါတယ်...
(N)ဆိုတာ သီလရှင် ဖြစ်ပါတယ်တဲ့ရှင်.

ကိုယ့်မှတ်ပုံအမှတ် ၉/မရမ(နိုင်) ကို 9/MaRaMa (C)လို့ ရေးရပါမယ်။

✖️✔️✖️✔️✖️✔️✖️✔️✖️

9/PaMaNa (N)လို့ ရေးရင် သီလရှင် ဖြစ်ပါလိမ့်မယ်။

နိုင် (နိုင်ငံသား) = C (Citizen)
ဧည့် (ဧည့်နိုင်ငံသား) = AC (Associate Citizen)
ပြု (နိုင်ငံသားပြုခွင့်ရသူ) = NC (Naturalized Citizen)
စ (နိုင်ငံသားစိစစ်ခံမည့်သူ) = V (National Verification)
သ (သာသနာဝင်) = M (Monk)
သီ (သာသနာနွယ်ဝင်) = N (Nun)

သီလရှင်ဘဝမှ လွတ်မြောက်ကြစေကုန်သတည်း။

နောက်တစ်ခု ထပ်ထည့်ပေးလိုက်ပါတယ်။ ကကြီးကနေ အ အထိ အင်္ဂလိပ်လို အတိုကောက် ရေးရမယ့် ပုံစံပါ။

ဌာနဆိုင်ရာက မိတ်ဆွေများ ကိုယ့်ဌာနမှာ အမှားပြင်ပေးကြပါ။

Wunna Soe

တဆက်တည်း....
မှတ်ပုံတင်၏ရှေ့နံပါတ်/အက္ခရာများအကြောင်း
**********************
မြန်မာနိုင်ငံသားတိုင်းသိထားသင့်ပါတယ်။
မှတ်ပုံတင်၏ရှေ့နံပါတ်များသည် သင်သည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့) ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို ကိုယ်စားပြုပါသည်။ နံပါတ်နောက်မှ အက္ခရာသည် မြို့နယ်ကို ကိုယ်စားပြုပါသည်။
ဂဏန်းတွေဟာ ပြည်နယ်နှင့်တိုင်းအလိုက် အလျဉ်းသင့်သလို ပေးထားခြင်းမဟုတ်ပဲ အက္ခရာစဉ်သဘောတရားအရ ပေးထားခြင်းပါ။
အမှားပါလျှင် ဝေဖန်အကြံပြုကြပါ
Crd

ငွေးရေး ကြေးရေး နဲ့ပတ်သက်ပြီး ကျွန်တော် ဆို ဒီနေ့လွဲမယ်ပြောပြီးရင် ဒီနေ့လွဲတယ် မနက်ဖြန်လွဲမယ်ပြောပြီးရင်လည်း မနက်ဖြန်လွဲ...
26/12/2023

ငွေးရေး ကြေးရေး နဲ့ပတ်သက်ပြီး ကျွန်တော် ဆို ဒီနေ့လွဲမယ်ပြောပြီးရင် ဒီနေ့လွဲတယ် မနက်ဖြန်လွဲမယ်ပြောပြီးရင်လည်း မနက်ဖြန်လွဲတယ်

ကျွန်တော်နဲ့ အလုပ်လုပ်ဖူးတဲ့သူတိုင်းသိပါတယ် ငွေနဲ့ပတ်သက်လာရင် ကျွန်တော် စကားကို တိတိကျကျပဲပြောတယ်

ငွေနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့သူဌေးတိုင်းကလည်း တိကျတယ် ပြောပြီးသားစကားတခွန်းကို တန်ဖိုထားတယ် အလေးအနက်ထားတယ်

ကျွန်တော်ဆို ၁၇ နှစ်ထဲကအလုပ်လုပ်လာတာ ငွေနဲ့ပတ်သက်လာရင် စကားကို တခွန်းပဲ တိတိကျကျပြောတယ် နောက်တခွန်းဆိုတာမျိုး မပြောဖူးဘူး

ငွေနဲ့ပတ်သက်ပြီး တဖက်လူအထင်သေးမှာအရမ်းကြောက်လို့ အယုံအကြည်မရှိတော့မှာလည်းကြောက်လို့

တချိုလူတွေကို ငွေနဲ့ ဆက်ဆံကြည်တဲ့အခါ ကတိမတည်တာတွေ တော်တော်လေးတွေရတယ် ဗျ

ငွေကို ဒီနေ့ပေးမယ် မနက်ဖြန်ပေးမယ် သဘက်ခါပေးမယ် ပေါ့ သူတိုကတော့ လွယ်လွယ်လေးပြောလိုက်တယ်

စကားတခွန်းကို လွယ်လွယ်လေးပြောပြီး ၁ ခါ ကတိမတည်ဘူး ၂ ခါကတိမတည်ဘူးဆိုရင်

ကျွန်တော်ဆို အဲလူကို အထင်မကြီးတော့ဘူး မလေးစားတော့ဘူး

လူတယောက်ကို အထင်မကြီးတော့ပါဘူးဆိုမှတော့ အယုံအကြည်လည်း မရှိတော့ဘူးပေါ့ ✅

လူတိုင်းငွေလိုချင်လို့ အလုပ်လုပ်တာတော့မှန်ပါတယ် တချိုလူတွေက ငွေနဲ့ပတ်သက်လာရင် ဂုဏ်သိက္ခာဆိုတဲ့အရာမပြောနဲ့ အရှက်တရားပါ မရှိတော့ဘူး ✅

အဲတော့ ငွေနဲ့ပတ်သက်လာရင် တိတိကျကျပဲအလုပ်လုပ်ပါ စကားကိုပြတ်ပြတ်သားသားပြောပါ ဘယ်သူကိုမှ မယုံပါနဲ့ …

ထပ်ပြောပါမယ် ငွေနဲ့ပတ်သက်လာရင်ဘယ်သူမှ မယုံပါနဲ့ မိတ်ဆွေ 😊

တချို့လူတွေကဒီတိုင်းပေါင်းရင်တော့ကောင်းသလိုလိုနဲ့ ငွေနဲ့ပေါင်းကြည့်တော့မှ စိတ်ရင်းအမှန်ကိုသိရတာဗျ ✅

ဘဝမှာ မတန်တာတွေရှိတယ် ရန်ဖြစ်ဖို့ မတန်တာတွေ...ရှင်းပြဖို့ မတန်တာတွေ...ပြုံးပြဖို့ မတန်တာတွေ...ပေးဆပ်ဖို့ မတန်တာတွေ...ခင်...
24/02/2023

ဘဝမှာ မတန်တာတွေရှိတယ်

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)🚧 ၈၃မိ...
11/02/2023

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ
🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)
🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)
🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)
🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)
🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)
🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)
🚧 ၁၄၅မိုင် (ခပေါင်းတံတား)
🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)
🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)
🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)
🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)
🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)
🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)
🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)
🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)
မှတ်ချက်။ ။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။
Credit
ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်

အဆင်ပြေလား
16/11/2022

အဆင်ပြေလား

သတိမူစေဘို့
16/11/2022

သတိမူစေဘို့

Address

Chittagong Division

Alerts

Be the first to know and let us send you an email when ကြိုက်မိသော စာစုလေး များ စုစည်းမှု့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share