𝑭𝒐𝒓𝒆𝒙 𝑻𝒓𝒂𝒅𝒆𝒓 𝑳𝒊𝒇𝒆

𝑭𝒐𝒓𝒆𝒙 𝑻𝒓𝒂𝒅𝒆𝒓 𝑳𝒊𝒇𝒆 You always have to try

ဝင်းဝါနေသော မန္တလာမြေ အမြဲသာယာတဲ့ နန်းတော်ရှေ့မခွဲနိုင်တော့ဘူး မပြန်ချင်တော့ဘူး ဟင်္သာရေ 💛မန္တလေးမြို့လို့ပြောလိုက်တာနဲ့...
03/26/2022

ဝင်းဝါနေသော မန္တလာမြေ အမြဲသာယာတဲ့ နန်းတော်ရှေ့
မခွဲနိုင်တော့ဘူး မပြန်ချင်တော့ဘူး ဟင်္သာရေ 💛

မန္တလေးမြို့လို့ပြောလိုက်တာနဲ့
အလှတရားများစွာရှိတဲ့မြို့
အစားအသောက်ပေါများတဲ့မြို့
ဖော်ရွေတဲ့မြို့လေးပါ 🥰

တန်ဖိုး_____*လူတိုင်းတန်ဖိုးရှိသောသူအဖြစ်မွေးဖွားလာကြပါတယ်။===========================မင်းငိုနေလို့ရတယ်မင်းကျရှုံးလို့ရတ...
03/23/2022

တန်ဖိုး
_____
*လူတိုင်းတန်ဖိုးရှိသောသူအဖြစ်မွေးဖွားလာကြပါတယ်။
===========================
မင်းငိုနေလို့ရတယ်
မင်းကျရှုံးလို့ရတယ်
မင်းလဲကျနေလို့ရတယ်
ဒါပေမဲ့ မင်းကတန်ဖိုးမဲ့တဲ့သူမဟုတ်ဘူး။
မင်းမှာတန်ဖိုးရှိတယ်
မင်းတန်ဖိုးက ဘယ်ဟာနဲ့မှလဲမရဘူး.
မင်းဟာတန်ဖိုးရှိတဲ့လူတစ်ယောက်
မင်းကိုဘယ်လိုပဲဆိုက်ခိုက်တိုက်ခိုက်
ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ။
မင်းမှာ အရည်ချင်းကောင်းတွေကှိတဲ့အတွက
မင်းကိုငါယုံကြည်တယ်။
-------------------

မျှတွေးပါ ═════❖ ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ…    သူ့မှာလည်း နားလည်ပေးရတာ များလာတော့    စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမ...
03/14/2022

မျှတွေးပါ
═════

❖ ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ…
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။

❖ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ…
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့
စိတ်ပျက်လာမှာပဲလေ။

❖ ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ…
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတလေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။

❖ ဘယ်လောက်ပဲ တော်နေတဲ့သူ ဖြစ်ပါစေ…
လောကဓံဖိအား ပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

❖ ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ…
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။

❖ ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ…
ကိုယ်ကပဲ အလိုက်တသိ လျော့ပေးနေရပြီး
မနိုင်ဝန်ထမ်းတာ များလာတော့
အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိုင်တာပဲလေ။

❖ ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ…
ဖြူ စင်မှုကို အသုံးချခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

❖ ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ…
အလိမ်ခံရတာ များလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိုင်တာပဲလေ။

❖ ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက် ကိုယ့်ဘက် မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာ မဖြစ်စေနဲ့နော်။
လူဆိုတာ ခံနိူင်ရည်ထက် ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။

❖ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမှ ကိုယ် တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

လွမ်းစရာကောင်းသော နွေဦးကိုတောင်မှ ရောက်တော့မှာပါလား🥺
02/17/2022

လွမ်းစရာကောင်းသော နွေဦးကိုတောင်မှ ရောက်တော့မှာပါလား🥺

 #ဒီနှစ်မှာရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတစ်ခုက #ဘဝမှာ ဘယ်ဟာကိုမှအတင်းလုပ်မယူဖို့ပဲအထူးသဖြင့် လူတစ်ယောက်ရဲ့ Attenti...
02/10/2022

#ဒီနှစ်မှာရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတစ်ခုက
#ဘဝမှာ ဘယ်ဟာကိုမှအတင်းလုပ်မယူဖို့ပဲ
အထူးသဖြင့် လူတစ်ယောက်ရဲ့ Attention/ အချစ်/သံယောဇဉ်/သစ္စာရှိမှု/သိတတ်မှုတွေပေါ့
#အဲ့ဒါတွေက အတင်းလုပ်ယူဖို့လည်း မတန်ဘူး
ို့forceလုပ်လို့ ရလာခဲ့ရင်လည်း ကြာကြာမခံဘူး
#မပေးရင်မယူနဲ့ ပေးရင်ယူလိုက်...မငြင်းနဲ့

#အဲ့လိုလေးနေတာပဲ အဆင်ပြေတယ်...

ဒဏ်ရာလေးတွေကို ဆေးထည့်ပါ မိတ်ဆွေ

writer -credit

ဒီကနေ့မှာတော့ မြန်မာ🇲🇲လူမျိုးတော်တော်များများအမှတ်မှားနေကြ💁‍♂️တဲ့ "ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်"ဆိုတဲ့တဘောင်ကို 🤔ရှင်းလ...
02/10/2022

ဒီကနေ့မှာတော့ မြန်မာ🇲🇲လူမျိုးတော်တော်များများအမှတ်မှားနေကြ💁‍♂️တဲ့ "ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်"ဆိုတဲ့တဘောင်ကို 🤔ရှင်းလင်းပြောပြပေးပါမယ်။ဦးကောင်းကဗြိတိသျှ💂🏻‍♀️လက်ထဲကို မြန်မာပြည်🇲🇲ကိုထိုးသိပ်လိုက်လို့ မြန်မာမင်းဆက်ပြုတ်တယ်ဆိုပြီး စာသားအရအဓိပ္ပာယ်ကောက်လိုက်ကြတာဖြစ်ပါတယ်။တဂယ်တော့ ကင်းဝန်မင်းကြီး ဦးကောင်းလုပ်လို့ မင်းဆက်ပြုတ်သွားတာမဟုတ်ပါ🙅‍♂️ဘူး။ကင်းဝန်မင်းကြီးနဲ့ ဒီတဘောင်ဟာဘာမှသက်ဆိုင်လျက်မရှိ🙅‍♂️ပါဘူး။ကင်းဝန်မင်းကြီးဦးကောင်းဆိုတာ ကုန်းဘောင်ခေတ်နောက်ပိုင်း🗿မှာ နောက်ကျကျန်ခဲ့တဲ့မြန်မာနိုင်ငံ🇲🇲ကိုခေတ်မှီတိုးတက်လျက်ရှိတဲ့တခြားနိုင်ငံ🗽🗺တွေနဲ့ရင်ဘောင်တန်းနိုင်အောင်စီမံအုပ်ချုပ်ရေး၊တရားစီရင်👨🏻‍⚖️ရေး၊နိုင်ငံခြားဆက်သွယ်ရေး၊ပြုပြင်ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်ဆိုတဲ့ စင်စစ်တဘောင်ရဲ့အဓိပ္ပာယ်ကတော့ ဦးဆိုတော့ တနင်္ဂနွေနံ ၁၊ကောင်းဆိုတော့ တနလာင်္နံ၂၊လိမ်ဆိုတော့ ဗုဒ္ဓဟူးနံ ၄၊ထုတ် ဆိုတာ စနေနံ၇ ဖြစ်ပါတယ်။မြန်မာသက္ကရာဇ် ၁၂၄၇မှာ သီပေါမင်းပါတော်မူပြီး မြန်မာမင်းဆက်ပြုတ်သွား😢တာကို အစွဲပြုလို့ ဤသို့တဘောင်ဖွဲ့ဆိုခဲ့တာပါ။🙆‍♂️🙆‍♂️
# မူရင်းရေးသားသူကို လေးစားလျှက်ပါ

📖📖—စာဖတ်ပါ—📖📖စိတ်ဓာတ်ကျနေရင်....စာဖတ်ပါအလုပ်အဆင်မပြေရင်....စာဖတ်ပါပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါပတ်ဝန်းက...
02/06/2022

📖📖—စာဖတ်ပါ—📖📖

စိတ်ဓာတ်ကျနေရင်....စာဖတ်ပါ

အလုပ်အဆင်မပြေရင်....စာဖတ်ပါ

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါ

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင် စာဖတ်ပါ

အသဲကွဲနေရင် .....စာဖတ်ပါ

အထီးကျန်သလို ခံစားရရင်....စာဖတ်ပါ

ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ

စာဖတ်ရင် အောင်မြင်မှု့တွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ
အရာရာပြည့်စုံအောင် ထားပေးတာ မဟုတ်ပေမယ့်..

စာဖတ်ရင်...

စိတ်ဓာက်ကျနေရင်
အားအင်ရှိစေတဲ့ စကားလုံးတွေကို တွေ့နိုင်တယ်။

အရှုံးပေးချင်နေရင် အောင်မြင်သူတိုင်း
ဘယ်နှစ်ခါ လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့
သင်ခန်းစာတွေကို သိနိူင်တယ်...

စိတ်ညစ်နေရင် အချိန်က ဒီမှာ မရပ်နားနေသလို
အရာအားလုံးလဲ ပြီးဆုံးသွားမယ်
ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်...

ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....

နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။

ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။

သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ😇

မေတ္တာ ဖြင့်

CRD..

# Htike ( Funny cool )💛
Original Writer Respectfully

ကံဇာတာတွေ ကောင်းချင်ရင်🙏🙏🙏🙏🙏🙏🙏🙏🙏ဖတ်ကြည့်နော်--------------------ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်၁။မနက် မျက်နှာသစ်တဲ့အခါသရဏဂု...
02/04/2022

ကံဇာတာတွေ ကောင်းချင်ရင်
🙏🙏🙏🙏🙏🙏🙏🙏🙏
ဖတ်ကြည့်နော်
--------------------
ဘဝမှာ
ကံဇာတာတွေ ကောင်းချင်ရင်

၁။မနက် မျက်နှာသစ်တဲ့အခါ
သရဏဂုံကို ရွတ်ဆိုပါ။

( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။

( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။

( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ်
အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။

( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ်
မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။

( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ်
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။

( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တဈနေ့ တစ်ကြိမ်
ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။

( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင်
အတတ်နိုင်ဆုံး စောင့်ထိန်းပါ။

( သီလအကျိုးကြောင့်
လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။

( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။

( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။

( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ
လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို
အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။


( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )
#မူရင်းရေးသားသူ လေးစွားလျက်

Nay Thu(Forex Advisor)
ကမ္ဘာ့ရွှေအကြံပေး
☎️ 09 775 755 706



Address

Mandalay West, MB
4802

Telephone

+959775755706

Website

Alerts

Be the first to know and let us send you an email when 𝑭𝒐𝒓𝒆𝒙 𝑻𝒓𝒂𝒅𝒆𝒓 𝑳𝒊𝒇𝒆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share