16/08/2026
ဒီနေ့မှာတော့ KHIA AI ကနေ Client တစ်ဦးရဲ့ လုပ်ငန်းအတွက် လက်တွေ့ တည်ဆောက်ပေးခဲ့တဲ့ "Form to Dashboard" Solution လေးအကြောင်းကို မျှဝေပေးချင်ပါတယ်။ 🌟
The Problem:
အရင်ကဆိုရင် Site In-charge က နေ့စဉ် Site အသုံးစာရင်းဘောင်ချာတွေ၊ Invoices တွေကို သိမ်းထားပြီး Finance ဆီကို ပြန်ပို့ရတယ်။ အဲဒီကနေမှ Finance က Excel ထဲမှာ စာရင်းတွေကို တစ်ကြောင်းချင်းစီ ပြန်ရိုက်ထည့်ပြီးမှ ပြန်ကြည့်ရတာပါ။ ဒီလိုလုပ်နေတာက လုပ်ငန်းရဲ့ ငွေကြေးအခြေအနေ (Financial Situation) ကို အချိန်မီ သိနိုင်ဖို့ နာရီပေါင်းများစွာ အချိန်ယူရသလို၊ တစ်ဖွဲ့လုံးအတွက်လည်း အချိန်ကုန် လူပန်းဖြစ်စေခဲ့ပါတယ်။ ⏳📉
The Solution:
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် KHIA AI team ကနေ ရိုးရှင်းပြီး ထိရောက်တဲ့ "Form to Dashboard" Solution ကို Client အတွက် ဖန်တီးပေးခဲ့ပါတယ်။ 💡
Result: အခုဆိုရင်တော့ Site In-charge အနေနဲ့ မိမိရဲ့ Mobile Phone ကနေတစ်ဆင့် Form လေးကိုဖွင့်ပြီး Real-time စာရင်းသွင်းလိုက်ရုံပါပဲ။ အဲဒီနောက်မှာတော့ ဘာမှထပ်လုပ်စရာမလိုတော့ဘဲ၊ Owner က လုပ်ငန်းရဲ့ Financial Data တွေကို Dashboard ကနေ အချိန်နဲ့တစ်ပြေးညီ ချက်ချင်း ကြည့်ရှုနိုင်သွားပါပြီ။ စာရင်း အသေးစိတ်နဲ့ ဘောင်ချာတွေကလည်း တခါတည်း မှတ်ပြီးသားမလို့ စစ်ဆေးရတာလဲ ပိုလွယ်ကူသွားပါပြီ။ 📊📱
Impact & Value: ဒီ Solution လေးက ရိုးရှင်းပေမယ့် လုပ်ငန်းအတွက် ရရှိလာတဲ့ Impact နဲ့ Value ကတော့ များပါတယ်။ ဘောင်ချာတွေ စုဆောင်းတာ၊ စာရင်းမှတ်တာတွေအတွက် နေ့စဉ် အချိန်အများကြီးပေးနေရတဲ့ SME လုပ်ငန်းရှင် တွေအတွက် အချိန်ကုန်သက်သာစေမယ့် solution လေးဖြစ်လို့ စိတ်၀င်စားရင် KHIA AI ကိုဆက်သွယ်လို့ရပါတယ်နော်...