04/02/2023
ဒီနေ့တော့ ကနေဒါမှာကျောင်းတက်ရင် ဘယ်လောက်ကုန်ကျနိုင်လည်း ကြည့်ကြရအောင်.....
🍁College တက်မယ်ဆိုရင် တနှစ်ကို ပျှမ်းမျှကျောင်းလခ CAD 15,000 – CAD 20,000 (USD 11,000 – USD 15,000) ထိကျနိုင်တယ်... College Diploma တွေကတော့ ၁ - ၃ နှစ်ထိကြာနိုင်တယ်....
🍁 Bachelor Degree အတွက်ဆိုရင်တော့ တစ်နှစ်ကို ပျှမ်းမျ ကျောင်းလခ CAD 35,000 – CAD 40,000 (USD 25,000 – USD 30,000) ထိကျနိုင်ပြီး ၄ နှစ်တက်ရတယ်
🍁 Master ဆိုရင် တနှစ်ကို CAD 20,000 ကနေ CAD 50,000 (USD 15,000 – USD 37,000) အထိကုန်ကျနိုင် ပြီး ၁ - ၂ နှစ်လောက်ကြာနိုင်ပါတယ်
🍁 နေထိုင်စရိတ်ကတော့ မိမိနေတဲ့နေရာပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်.. Toronto / Vancouver လိုမြို့ကြီးတွေမှာနေမယ်ဆိုရင် မြို့ငယ်တွေထက် နေထိုင်စရိတ် စားစရိတ်ပိုများပါတယ်... အောက်မှာ တွက်ပြထားတာတွေကတော့ တိုရန်တိုလိုမြို့မှာနေရင် အနည်းဆုံး ခန့်မှန်းချေကုန်ကျစရိတ်ဖြစ်ပါတယ်...
- Shared apartment (တစ်ယောက်ခန်း) အခန်းခ - CAD 750 (USD 550)
- စားစရိတ် - CAD 600 (USD 450)
- အင်တာနက် နဲ့ ဖုန်းဘေလ် - CAD 50 – CAD 100 (USD 35- USD 75)
- ရထား/ကားခ - CAD 160 (USD 120)
ကျောင်း / PR Pathways နဲ့ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုတယ်ဆိုရင် EduXpress Canada ကိုဆက်သွယ်နိုင်ပါတယ်...